skip to main |
skip to sidebar


ဆောင်းကိုမုန်းတယ်။ ဒါပေမဲ့ ဆောင်းရဲ.အလှကို မြတ်နိုးမိပါတယ်။ ကြည့်ပါဦး ရက်ရက်စက်စက် လှနိုင်လွန်းတဲ့ ဆောင်းကို။ အဲဒီနေ.က ICY snow တဲ့။ ကင်မရာမေ့မှာ စိုးလို. ကျောင်းနောက်ကျနေတဲ့ကြားက ဓါတ်ပုံတွေ အမှီရိုက်ခဲ့ပါတယ်။ ဒီလောက်လှတဲ့ ဆောင်းက လူသတ်ရတာ ၀န်မလေးဘူး ဆိုယုံကြမလား? လမ်းမတွေပေါ်မှာ ရေတွေခဲ ပြီးလမ်းတွေချော်လို. High Way ပေါ်သွားလာကြတဲ့ လူတွေ မတော်တစ်ဆမှုတွေ နဲ. ပျက်စီးကြရတယ် ဆိုတဲ့သတင်းတွေက TVပေါ်မှာပလူပျံလို.။ အလွမ်းအိမ်ကိုယ်တိုင် တောင်မသေကောင်း မပျောက်ကောင်း နှင်းပုံကို ၀င်ဝင်တိုးမိသေးတာ High Way ပေါ်မှာ အရှိန်နဲ.သွားလာနေရ တဲ့လူတွေခမျာ အသက်ကို ဖက်နဲ.ထုပ် ထားလို. ကြောက်ဒူးတွေတုန် နေမှာမလွဲပါ။ လှလွန်းတဲ့ အရာတွေမှာ မာယာတွေ ရှိတတ်သလား လို.အလွမ်းအိမ် တစ်ခါတစ်လေ မေးခွန်းထုပ်မိပါရဲ.။