Tuesday, October 30, 2007

တစ္ဆေခြောက်တဲ့ည

ကျွန်မကိုရန်အောင်ရဲ. ဘလော့ကို ရောက်သွားတော့ တစ္ဆေခြောက်တဲ့ည ဆိုတဲ့ပိုစ့်ကို ဖတ်မိပါတယ်။
ဖတ်တဲ့သူကို tag တယ်တဲ့ အစ်ကိုကြီးက ရေးထားတော့ ကျွန်မလဲတစ်ခါမှ tagကို မလုပ်ဖူးတာနဲ. ပျော်
ပျော်ကြီးရေးလိုက်တာပေါ့။
ကျွန်မကိုယ်တိုင်က သရဲတစ်ခါမှ အခြောက်မခံရဖူးပါဘူး။ အရမ်းသရဲ
ကြောက်တတ်လို. ထင်တယ်။ ခြောက်ခံထိခဲ့ရင်လဲ အသက်တောင်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့
သူငယ်ချင်းတွေက သူတို.သရဲခြောက်ခံထိတာကို လာပြောတာကိုတော့ စောင်ခြုံထဲကနေ နားထောင်
ဖူးပါတယ်။ ကျွန်မသူငယ်ချင်းမလေး တစ်ယောက်က မွတ်ဆလင်မလေးပါ။ သူတို.နေတဲ့တိုက်က ၎
ထပ်ရှိပါတယ်။ ဒါပေမဲ့ တစ်အိမ်ကို ၂ထပ်စီရကြတာပါ။
အဲတော့၎ထပ်ရှိပေမဲ့ အပေါ်အောက် ၂ခန်းပေါ့။
သူတို.အခန်းဘေးမှာလဲ မွတ်ဆလင်မလေး မိသားစုနေပါသတဲ့။
ကျွန်မသူငယ်ချင်းရဲ. အိပ်ခန်းနဲ. မွတ်ဆလင်မလေးရဲ. အိပ်ခန်းက ဘေးချင်းကပ်ဆိုတော့ ညတိုင်ကျရင် သူတို.
နှစ်ယောက်က နံရံကိုထုပြီးပြတင်းပေါက်ကိုဖွင့်ကာ စကားပြောပါတယ်။
လပြည့်ညတစ်ညမှာပေါ့။ စာမေးပွဲကြီးကနီးလေတော့ ကျွန်မသူငယ်ချင်းက ၁၂နာရီ၁ချက်မှ အိပ်ရာဝင်ပါတယ်။ သူ.ဘေးအိမ်က မွတ်ဆလင်မလေး ကလည်း
၁ချက်လောက်မှ အိပ်တတ်တယ်တဲ့။ အဲတော့ထုံးစံအတိုင်း သူတို.
စကားတွေ ပြောကြပါတယ်။ ပြောပြီးတော့ အိပ်ကြတော့မယ် ဆိုပြီးတော့ ပြတင်းပေါက်တွေကိုပိတ် လိုက်ကာတွေကို ဆွဲလိုက်ပါတယ်။ အဲဒီအချိန်မှာ မွတ်ဆလင်မလေးက အပြင်ဘက် ကိုတစ်အားပြန်ကြည့်ချင်စိတ် ဖြစ်တယ်တဲ့။ အဲဒါနဲ. သူလဲ လိုက်ကာလေးကို အသာမပြီးကြည့်လိုက်ရော ........ ဆံပင်ဖါးလျားကြီးနဲ. အင်္ကျီအဖြူရောင်ကြီးဝတ်ထားတဲ့ မိန်းမကြီးတစ်ယောက်က သူ.ကိုမော့ကြည့်နေတာကို တွေ.လိုက်တယ်။ သူလဲ တစ်အားကြောက် သွားပြီးခန်းဆီးကို ချပြီးနံရံကို တစ်အားထုပြီး ကျွန်မသူငယ်ချင်းကို အပြင်မှာ မိန်းမကြီးတစ်ယောက် ကြည့်နေတယ် ဆိုပြီးအော်ငိုပါတော့တယ်။ ကျွန်မသူငယ်ချင်းလဲ ခန်းဆီးကိုမကြည့်တော့ အပြင်မှာ ဘယ်သူမှရှိမနေပါဘူး။ မွတ်ဆလင်မလေးလဲ အကြောက်လွန်ပြီး ဖျားတောင်ဖျားဆိုပဲ။ သတ္တိခဲတွေပါပဲ။ နောက်ဖြစ်ရပ်တစ်ခုကတော့ ကျွန်မအဖိုးကိုတိုင် ကြုံတွေ. ခဲ့ရတာပါ။ အဖိုးက တိုက်ကြီးနယ်သား တစ်ဦးပါ။ ငယ်ငယ်တုံးက အင်းတွေဘာတွေချပြီး ဆေးထိုးထားပါတယ်။ သရဲတို. စုန်းတို.နိုင်တဲ့ ဆေးပေါ့။ လက်ထိပ်ဆယ်ချောင်း၊ ငယ်ထိပ်နဲ. လျှာပါမကျန် ခြေထောက်ထိ ထိုးရတယ်တဲ့။ ကျွန်မလဲ အဲဒီဆေးကို ဘာခေါ်လဲ မသိပါဘူးရှင်။ ဆေးနည်းမေးခြင်း၊ ဆေးဆရာလမ်းညွှန်ခြင်းများ မလုပ် ကြောင်းကြိုတင် အသိပေးပါတယ်။ အဖိုး၁၇နှစ်သားလောက်ကပေါ့။ အဖိုးတို.အိမ်က ဆန်စက်လုပ်ပါတယ်တဲ့။ သူတို.အိမ် နောက်ထဲမှာပဲ ဆန်စက်အလုပ်သမားများ အတွက် တန်းလျားတွေ ဆောက်ထားပေးတာပါ။ အဲဒီဆန်စက် အလုပ်သမားတွေထံမှာ ညားကာစ လင်မယားစုံတွဲ လဲနေပါတယ်။ တန်းလျားဆိုပေမဲ့ အိမ်တွေက တဲလုံးချင်းလေးတွေပါ။ တစ်လုံးနဲ.တစ်လုံး ကပ်ဆောက်ထားလို. တန်းလျားလို. လွယ်လွယ်ပြောလိုက်တာပါ။ တစ်နေ.တော့ ညားကာစလင်မယားမှာ ယောက်ျားလုပ်သူက ညဘက်အလုပ်ကနေ ပြန်လာပါတယ်။ မိန်းမလုပ်သူက အမည်းသားဟင်း ချက်စားမယ်ဆိုလို. အမည်းသား၅၀သား ကိုစက်ဘီးမှာ ချိတ်ပြီး လေလေးတချွန်ချွန်နဲ. ပြန်လာတာပေါ့။ သူတို.လင်မယားက လူကောင်သေးသေးလေးတွေပါ။ ဒီလိုနဲ. အိမ်ပြန်ရောက်တော့ အိမ်သူသက်ထားက ကိုကိုပြန်လာပြီဆိုပြီး သနပ်ခါးအဖွေးသားနဲ. ကြိုရှာတယ်။ အဲဒီအထိokပဲ။ ပြဿနာက အမဲသားကိုကိုင် မယ်ဆိုပြီး နောက်ဖေးကို ယူသွားတာမှာ စတာပဲ။ ကောင်မလေး မေ့လဲသွားတယ်တဲ့။ သူ.ယောကျာင်္းကလဲ ခုမှရတဲ့ မိန်းမဆိုတော့ ပျာယာခပ်နေတာပေါ့။ ၃၊၄မိနစ် လဲနေရော ကောင်မလေးက မျက်စိဖွင့်တယ်တဲ့ မျက်လုံးစိမ်းကြီးတွေနဲ.ပေါ့။ သူ.ယောက်ျားလဲလန်. ပါလေရော။ အဲတော့မှ ဘေးအိမ်က ဆန်စက်အလုပ်သမားကြီးတွေကို ခေါ်တာပေါ့။ ဆန်စက်အလုပ်သမားကြီးတွေဆိုတော့ သိတဲ့အတိုင်းဗလ တောင့်တောင့် အားကောင်းမောင်းသန်ကြီးတွေ ပေါ့နော်။ အဲဒီအချိန်မှာ ကောင်မလေးက တော်တော် သောင်းကျန်းနေပြီ။ အိမ်ပေါ်မှာထထခုန်တာ ဆိုရင်ဖြင့်တဲလေးတစ်ခုလုံး သိမ့်သိမ့်ခါနေတာပေါ့။ အဲဒီတုန်းက လျှပ်စစ်မီးမရှိတော့ ရေနံဆီမီးအိမ်လေးတွေ သုံးသတဲ့။ အိမ်ခေါင်ထုပ်တန်းမှာ ချိတ်ထားတဲ့ ရေနံဆီမီးအိမ်လေး ဟာဆိုရင်ဖြင့် ဘယ်ညာယိမ်းနေတာ ပြုတ်ကျတော့မလားတောင် ထင်ရပါရဲ.။ အဲဒါနဲ. ဆန်စက်အလုပ်သမားကြီး ၄ယောက်လောက်က ကောင်မလေး ကိုဝိုင်းချုပ်ထားတယ်တဲ့။ အဲဒီအချိန်မှာ အရပ်၅ပေလောက်သာရှည်ပြီး ကိုယ်အလေးချိန် ပေါင်၁၀၀လောက်ပဲရှိတဲ့ ကောင်မလေးက ဟိုက ဆန်စက်အလုပ်သမားကြီး တစ်ယောက်ကို ပေါင်၂၀၀လောင်လေးပြီး အရပ်၅ပေ ၈လက်မလောက် ရှိတဲ့ အလုပ်သမားကြီး လေးယောက်ဝိုင်းချုပ်တာတောင်မှ မနိုင်ပဲရှိနေပါတယ်။ ကောင်မလေး တစ်ချက်ထခုန်လိုက်ရင် အလုပ်သမားကြီး လေးယောက်က နောက်ကိုလန်လန်သွားတယ်။ ပြီးတော့မှ ပြန်ပြေးပြီးပြန်ချုပ်ရသတဲ့။ အဲတော့ တစ်ယောက်က ဟာဆရာလေးအပါ (ကျွန်မအဖိုးကိုအပါဟု ငယ်ငယ်ကခေါ်ကြပါတယ်) ကိုသွားခေါ်ချေပေါ့။ သူကဆေးထိုးထားတာ ဆိုပြီးလာခေါ်ပါတယ်။ အဖိုးကလည်း ၁၇နှစ်လောက်ပဲ ရှိသေးတယ်။ တစ်ခါမှလဲ သရဲကိုတွေ. ဘူးတာမဟုတ်တော့ ကြောက်နေရှာတာပေါ့။ ဒါပေမဲ့ ဆေးဆရာကြီး ထိုးပေးတဲ့ ဆေးတွေကို အားကိုပြီး စိတ်ကိုတင်းပြီး လိုက်လာခဲ့ပါတယ်။ ဆေးစွမ်းလား မစွမ်းလားဆိုတာကို အဖိုးလဲအဲဒီအိမ်ရောက် ရောစသိရပါတော့တယ်။ အရမ်းသောင်းကျန်းနေတဲ့ ကောင်မလေးက အဖိုးကိုလဲမြင်ရော ငြိမ်ကျ သွားပါတယ်တဲ့။ အဖိုးလဲ အဲဒီတော့မှ ကြောက်ကြောက် လန်.လန်.နဲ. ထူးတော့ထူးပြီ ဆိုပြီးသူ. ကိုဆေးဆရာကြီး ပြောပြထားတဲ့ အတိုင်း ကောင်မလေးကို "နင်ဘယ်သူလဲ" ဆိုပြီး အသံမာမာနဲ. မေးပါတယ်တဲ့။ (Don't try this at home) အဲတော့ ကောင်မလေးက ညီးသံကြီးနဲ. ကျွန်မကတံတားထိပ်နားက သရက်ပင်ကြီးမှာနေတဲ့ မဘယ်သူပါပေါ့။ အမဲသားစားချင်လို. လိုက်လာတာပါလို. ပြောသတဲ့။ အဲတော့အဖိုးက "နင့်ကိုအမဲသားကျွေးမယ် ဒါပေမဲ့ နင်ဒီအိမ်သားတွေကို မနှောက်ယှက်ပါဘူးလို. ကတိပေးရမယ်" ပေါ့။ အဲတော့သရဲမက ပေးပါတယ် လို.ပြောသတဲ့။ ဒါနဲ.အဖိုးတို.လဲ ဆန်ကောတစ်ချပ်ထဲမှာ ထမင်းတွေကို ဘေးပတ်ပတ်လည်မှာ တင် အမဲသားကို အလယ်မှာထားပြီး ဖယောင်းတိုင်တစ်ချောင်းကိုပါ ထွန်းလို.ခြံ ထောင့်မှာသွားထား ပါသတဲ့။ ပြီးတော့သရဲမကိုလဲ သွားတော့နောက်ပြန်မလာနဲ. ဆိုပြီးနှင်လွှတ် လိုက်ပါတယ်။ အဲတော့မှ ကောင်မလေးလဲ သမ်းဝေပြီးနိုးလာသတဲ့။ ကောင်မလေးက ဘာတွေဖြစ်နေကြတယ် ဆိုတာကိုမသိဘူးတဲ့။ သူ.အိမ်မှာ လူတွေအများကြီးဘာလို. ရောက်နေတာလဲလို. မေးတယ်တဲ့။ နောက်တော့ ကျွေးထားတဲ့ အစာတွေကို ခွေးနက်ကြီးတစ်ကောင် လာစားသွားတယ်တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ် နောက်မှသူများ တွေ သရဲအခြောက်ခံရတာတွေကို တင် ပေးမယ်နော်။ ညာဥ့်နက်ပြီ။ သရဲကြောက်နေပြီ အိပ်လို. ရမှာဟုတ်ဘူး။ ဟီး

ဒီ post ကို အစ်ကိုကြီး ငြိမ်းချမ်းအောင် ကိုဆက် tag လိုက်တယ်နော်။

ဘလော့ဆေးစွဲခြင်း

84%How Addicted to Blogging Are You?

Meet Georgia Singles



မီးလေးရဲ. ဘလော့မှာတွေ.မိလို.စမ်းကြည့်ဦးမယ်ဆိုပြီးလုပ်လိုက်တာပါ။ မီးလေးက ၈၇% တဲ့။သူတော်တော် ဘလော့ရောဂါရနေပြီ။ဟီးဟီး။မီးလေးထက်ဆိုးတဲ့သူက လင်း ။သူကတော့ ၉၄%တောင်မှပဲ။ရည်းစားကိုတောင်သတိမရနိုင်တော့ဘူး။ ဒါလဲကောင်းတာပဲ။ လင်းကတော့တော်တော်အစွဲအလမ်းကြီးတာ။ဒါနဲ.မရွှေဂျမ်းဆီကိုရောက်တော့ လဲသူလဲပဲဘလော့ဆေးစွဲနေပြီတဲ့။ ကြောက်နေရတယ် ရီးတီးယားတားလုပ်ရင်ဘလော့ထဲထည့်ပစ်မယ်ဆိုပဲ။ မရွှေဂျမ်းရေကျွန်မလိမ်မာတယ်နော်။ရီးတီးယားတားလဲလုပ်ဘူးနော်။ မဘလော့လိုက်ပါနဲ.နော်။ ပီတိ၃၁ ကတော့ ၆၅%တဲ့။ တော်သေးတာပေါ့ကုလို.ရသေးသည်ပဲ။ရောဂါမကျွမ်းသေးဘူး။
ရေခဲပြင်ထဲမှာပွင့်တဲ့ပန်းပွင့်လေးခွန်မြလှိုင်ကတော့ ၇၀%ပါတဲ့ရှင်။မိုးချစ်သူလေးကတော့ ၇၈%တဲ့။သူလဲအားကျမခံ ဆီဗုံးမှာလာအော်သွားတယ်။သူလဲရမှတ်ကမသေးဘူးနော်။ဒါနဲ.ရှာဖွေလေတွေ.ရှိလေဆိုသလို ဇီးကွက်တစ်ကောင်ရဲ.ဘလော့ကိုရောက်သွားတော့ သူလဲဘလော့စွဲနေရှာတာပဲ။သူက ၆၀%ပါတဲ့ရှင်။ကိုစိုးထက်ဆီကိုရောက်သွားပြန်တော့ လားလား သူ.မှာလဲ ရောဂါကြီးနဲ.ပဲ။သူက ၇၅%တဲ့။ကိုစိုးထက်က ကိုရဲမွန်ဘလော့ ကိုသွားလည်ရင်းကတွေ.မိလို.သူလဲစစ်ကြည့်လိုက်တာဆိုလို. ကိုရဲမွန်ဘလော့ကိုသွားကြည့်တော့ အားပါး သူကလဲဆေးစစ်ထားသတော့။ ၇၈%ပါတဲ့ရှင်။ကိုရဲမွန် ကမရွှေဂျမ်းဘလော့ကိုသွားလည်ရင်းက မရွှေဂျမ်း ရဲ.ဘလော့ရောဂါ ပိုစ့်လေးကိုဖတ်မိလို. ဆေးစစ်လိုက်တာ သူလဲ ရောဂါသည်ဖြစ်နေသည်ပဲ။အဲနောက်ကျမှရတဲ့သတင်းအရ ညီမလေးဝင်္ကပါ က၆၀%ပါတဲ့။ညီမ၀င်္ကပါရေ ရောဂါမကျွမ်းခင်မြန်မြန်ကုနော်။ပန်းကြိုက်တဲ့နှင်းပွင့်လေး ကတော့ ၇၄%နဲ.ကပ်ကျန်တယ်ဆိုပြီးမကျေမနပ်ဖြစ်နေလေရဲ.။ကိုမျှားပြာကကျွန်မနဲ.တူတူ ၈၄%ပါတဲ့ရှင်။(မှတ်ချက်.အတူတူဖြေတာဟုတ်ဘူးနော်)ဂုဏ်ထူးတန်းတွေချည်းပဲ။အားလုံးဂုဏ်ထူးတွေနဲ.ချည်းပဲနော်။ကဲ မိတ်ဆွေတို.လဲဘယ်လောက်တောင်မှ ဘလော့ဆေးစွဲနေပြီလဲဆိုတာစမ်းကြည့်ကြပါဦး။

နောက်ဆက်တွဲသတင်း

ကိုရန်ကင်းကြီးက ၈၅%ပါရှင်။ ကျန်နေခဲ့လို.။အဟီး စိတ်အချိုးနဲ.။
ကိုမာန်လှိုင်းငယ် ကဆေးစစ်နောက်ကျနေတာကိုး။ သူက ၈၁%ပါတဲ့ရှင်။

Sunday, October 28, 2007

အဆောင်မှာနေခဲ့တုန်းက.....(၂)


ကျွန်မအဆောင်မှာနေတုန်းက pilot စာမေးပွဲဆိုပြီး ၁၀တန်းအတွက်အစမ်းစာမေးပွဲ၎ခုဖြေရပါတယ်။Pilot-4 ဖြေပြီးတာနဲ.out pass ရပါတယ်။
၁၀တန်းစာမေးပွဲမဖြေခင်နောက်ဆုံးထွက်ရတဲ့out passပါ။ကျွန်မရယ် ပေါင်မုန်.နဲ.သူ.အခန်းဖေါ်၃ယောက်ရယ်၊ထိုးမုန်.ရယ်out passတူတူထွက်ကြပါတယ်။ စုစုပေါင်း၆ယောက်ပေါ့။ အရင်က out pass ထွက်ရင်အများဆုံး ၃ယောက်ပဲထွက်ဖြစ်ပါတယ်။အခု ၆ယောက်ပေါင်း၊အုပ်စုကလဲတောင့်ဆိုတော့ ကန်တော်ကြီး(ရုက္ခဗေဒဥယာဉ်) ကိုသွားဖို.စဉ်းစားကြပါတယ်။ သွားမယ်သာပြောတာ ကန်တော်ကြီးကကျွန်မတို. ဘော်ဒါရဲ.တားမြစ်နယ်မြေပါ။ဒါပေမဲ့ လူတိုင်းလိုလိုကရောက်ဖူးနေပြီးသားပါ။ ကျွန်မတစ်ယောက်ပဲမရောက်ဖူးသေး။ သွားမယ်ဆိုတော့မေမြို.ဈေးထဲမှာကန်တော်ကြီးသွားမယ့်အဆောင်ကကောင်မလေးတွေကောင်လေးတွေကသူတို.နဲ.ကားကြုံလိုက်မလားတဲ့ သူတို.ကကားငှားထားပြီးသား။ကျွန်မတို.လဲမူပြီးမလိုက်တော့ဘူး ဘာညာနဲ. ပဲများလိုက်တာကားကြုံကမရှိတော့ပါဘူး။၆ယောက်လုံးပါလာသမျှပိုက်ပိုက်ကလဲမြို.ထဲမှာလှိမ့်စားသောက်လိုက်ကြတာ အပြန်အတွက်တောင်မြင်းလှည်းခတောင်မရှိတော့ပါဘူး။ဒါလဲကိစ္စမရှိ ခြေထောက်တွေပါတာအလကားမဟုတ်ဆိုပြီးလမ်းလျောက်ကြပါသည်။ရောက်ဖူးသည်ဆိုသူတွေကလဲစမ်းတ၀ါးဝါး ဟိုလူမေးဒီလူမေးနှင့်ကျွန်မတို. ကန်တော်ကြီးသွားဖို.လမ်းပေါ်ရောက်ပြီဟုယူဆရပါသည်။ လမ်းမှာလဲ ပါးစပ်ပါရွာရောက် ဟူသောစကားပုံအတိုင်းတရစပ်မေးသွားကြပါသည်။၁မိုင်တောင်ကျော်မလားမသိ ဟောဟဲတွေကိုလိုက်လို.။ ဒါနဲ.တစ်နေရာရောက်တော့လမ်းညွှန်တစ်ယောက်ကဒီလမ်းလေးထဲအတိုင်းတည့်တည့်ဝင်သွားရင် ကန်တော်လေးကိုရောက်ပြီတဲ့။ကျွန်မတို.လဲဝမ်းသာအားရ၀င်သွားကြတော့ ရေကန်ကြီးတစ်ကန်အပြင်ဘာမှမရှိ။ ရေကန်ကြီးကလဲရွှေတိဂုံဘုရား နားကသွေးဆေးကန်လောက်တော့ကျယ်သည်။ ကျွန်မတို.လဲ ကန်တော်ကြီးနှင့်ကန်တော်လေးကိုမှားလမ်းညွှန်လိုက်ကြပြီဆိုပြီး
စိတ်ပျက်လက်ပျက်နဲ.ကန်ဘောင်မှာထိုင်ကြတော့သည်။

သူငယ်ချင်းများကရေကူးတတ်သူတွေဆိုတော့ရေစပ်အထိဆင်းသွားကြသည်။
ကျွန်မမှာတော့ရေကြောက်တတ်သူပီပီကန်ဘောင်မှာပင်ကျန်နေရစ်သည်။
ကျွန်မတို.အုပ်စုနှင့်မလှမ်းမကမ်းမှာတော့ ကောင်လေးတစ်သိုက်စွန်လွှတ်သူကလွှတ်ဆော့သူကဆော့နေကြသည်။ ကျွန်မလဲသူငယ်ချင်းတွေဆော့နေသည်ကိုထိုင်ကြည့်ရင်းရေထဲတွင်ပွက်သွားသည်ကိုတွေ.လိုက်သည်။ ပွက်သွားသည်မှအကြီးကြီး။ ထိုအချိန်က Deep Rising တို. Deep Blue Sea တို.လိုမျိုးပင်လယ်ထဲမှအကောင်ကြီးများရုပ်ရှင်များကိုကြည့်ဖူးထားသည်မှာလဲမကြာသေးဆိုတော့ ရေစပ်မှသူငယ်ချင်းများကိုကျွန်မကုံးအော်ပါတော့သည် "ဟဲ့ရေထဲမှာအကောင်ကြီး၊ရေပွက်သွားတာမှအကြီးကြီးပဲမြန်မြန်ပြန်တက်ခဲ့ကြ" ဆိုပြီးအော်သည်။ သူငယ်ချင်းတွေလဲခဏတော့ကြောင်သွားသည်ပြီးတော့မှ ဘေးမှကောင်လေးအုပ်စုဆီမှဟီးဟီးဟားဟား
အသံကြားလို.လှည့်ကြည့်တော့မှသူတို.ကရေထဲကိုခဲနဲ.ပြစ်နေကြတာ။ သူတို.ပစ်လိုက်လို.ရေပွက်အကြီးကြီးထတာ။ကျွန်မကခဲကိုမမြင်ပဲရေပွက်ကိုမြင်ပြီးလန်.အော်တာ။ သူငယ်ချင်းတွေကကျွန်မကိုဝိုင်းဆဲပါတော့သည်။
အရှက်ကွဲပြီးအရီခံလိုက်ရတဲ့ကျွန်မလဲမျက်နှာငယ်လေးနှင့်ခေါင်းလေးငုံ.လို.သူငယ်ချင်းတွေလဲ
ကောင်လေးတွေကြားမှာရှက်လို.ဆက်မနေရဲတော့ပဲအားလုံးထွက်လာကြတော့သည်။ရယ်သံတွေက ခပ်ပြပြနဲ.နောက်မှာကျန်နေခဲ့တော့သည်။ကျွန်မတို.ကန်တော်ကြီးကိုရောက်အောင်သွားမယ်
ဆိုပြီးကန်တော်လေးကိုရောက်လာကြလို.မကျေမနပ်နဲ.ကန်တော်ကြီးရှာပုံတော်ကိုဆက်ဖွင့်ကြသည်။
နောက်ထပ်တော်တော်ဝေးဝေးကိုလမ်းလျောက်လိုက်သောအခါမေမြို.ဈေးတုန်းကလိုက်မလားလို.
ခေါ်တဲ့သူငယ်ချင်းများကကားနှင့်အပြန်ကိုသွားတွေ.ပါသည်။သူတို.ကကန်တော်ကြီးကတောင်ပြန်နေပြီ
ကျွန်မတို.ကရောက်တောင်မရောက်သေး။သိပ်မကြာလိုက်ပါကန်တော်ကြီးဆိုတာကြီးကိုရောက်ပါတော့သည်။
ကျွန်မတို.လဲနေ.၀က်လောက်လမ်းလျေက်လာရတာတော်တော်လေးကိုမောနေပြီဆိုတော့ခုံတန်းလေးတွေပေါ်မှာ၆ယောက်သားပိုးလိုးပက်လက်။
ကန်တော်ကြီးကိုရောက်တာနဲ.အဆောင်ပြန်ဝင်ချိန်ရောက်ပါတော့သည်။ကျွန်မတို.လဲကန်တော်ကြီးကိုအပင်ပန်းခံလာပြီးမှခုံပေါ်ထိုင်ပြီးပြန်ရသည်။
အပြန်မှာတော့ဘယ်သူမှလမ်းမလျောက်နိုင်တော့။လမ်းလျောက်ပြန်လျှင်လဲအဆောင်ဝင်ချိန်ဘယ်လိုမှမှီမှာကြောင့်အပြန်ကိုတော့
မြင်းလှည်းငှားဖြစ်သည်။မြင်းလှည်းသာငှားတာပိုက်ဆံမပါကြ။ကိစ္စမရှိအဆောင်ရောက်မှပေးမယ်ဆိုပြီးမြင်းလှည်းငှားကြသည်။အဆောင်ရောက်တာနဲ. အဆောင်မှူးဆရာမလေးထံမှာပိုက်ဆံသွားချေးပြီးမြင်းလှည်းခပေးလိုက်ရသည်။အဆောင်နေဘ၀ကတော်တော်ဆင်းရဲတာပါ။
ဒါတောင်၁ပတ်၁ခါမုန်.ဖို.ဆိုပြီးမိဘတွေပေးသွားတာကိုထုပ်ပေးသေးသည်။ဒါလဲမလောက်ပါဘူး။တစ်ခါတော့တန်ဆောင်မုန်းလပြည့်နေ.
ကိုရောက်လာပါတော့သည်။ကျွန်မတို.ကအဆောင်မှာဘရုပ်အကျဆုံးအုပ်စုဆိုတော့ပေါက်ကရလုပ်ဖို.စီစဉ်ပါတော့သည်။
အဆောင်က၂ထပ်ရှိသည်အပေါ်ထပ်တွင်နေသူများကဖိနပ်များကိုလှေကားရင်းတွင်ချွတ်ရပါသည်။
ကျွန်မတို.လဲဖိနပ်တွေမှတစ်ရံကိုတစ်ဖက်ဆီယူကာဖွက်ထားကြသည်။အဆောင်မှစိုက်ထားသည့်ပန်း၊သံပရာစတာတွေလဲအကုန်ခိုးခူးကြသည်။
မနက်ရောက်တော့ဖိနပ်ပျောက်သူများကိုအခန်းအမှတ်၁တွင်ပိုက်ဆံနှင့်လာရွေးယူနိုင်ကြောင်းကြေငြာကြပါသည်။ ပိုက်ဆံတော့မရလိုက်အဆောင်မှူးဖိနပ်၁ရံပါပါလာသောကြောင့်အဆောင်မှူးခေါ်အဆူခံရပါတော့သည်။
ဒါနဲ.ပဲဖိနပ်တွေကိုအလကားပဲလာရွေးယူခိုင်းရပါတော့သည်။အဆောင်မှာကျွန်မတို.၃ယောက်စုပြီးသီချင်းစပ်
ကြသေးသည်။ သီချင်းကိုတော့မမှတ်မိတော့ပါ။သို.သော် အက်ဆစ်၏သီချင်းများမှ chorous အားလုံးကိုယူဖျက်ထားကြတာတော့မှတ်မိသည်။ဆရာတိုင်းရဲ.ထူးခြားတဲ့ဝိသေသများနှင့်ကျွန်မတို.
အဆောင်နေဒုက္ခအမျိုးမျိုးကိုထည့်သွင်းစပ်ဆိုထားတာပါ။ ထိုသီိချင်းလေးပြီးသွားတော့ယောက်ျားလေးအဆောင်ကတောင်မှcopyတောင်းသည်အထိနံမယ်ကြီးသွားသည်။
တစ်ခါတော့ကျွန်မတို.ကိုအပ်ပေးထားသောကျောင်းက အမှတ်(၃) အ.ထ.က ပြင်ဦးလွင်ထင်သည်။ အဲဒီကျောင်းကိုတစ်ခါမှမရောက်ဖူးပါ။သို.သော်ပထမအစမ်းလာဖြေရမည်ဟု
ခေါ်သောကြောင့်သွားဖြေကြပါသည်။၂ရက်လောက်ဖြေအပြီးမှာကျွန်မတို.
အဆောင်ကကောင်လေးတစ်ယောက်ကိုတစ်ခြားအဆောင်မှ
ကောင်လေးတွေကလှေကားပေါ်ကတွန်းချပါသည်။အဲဒီမှာရန်တွေဖြစ်ကြသည်။
ဟိုဖက်အဆောင်မှကောင်လေးတွေနှင့်ကျွန်မတို.အဆောင်မှကောင်လေးတွေနှင့်တုတ်
တွေဘာတွေဆွဲသည်အထိဖြစ်ကြပြီဆိုတော့ဟိုဖက်အဆောင်မှမိန်းကလေး
တွေကထွက်ပြေးပါတော့သည်။ကျွန်မတို.အဆောင်ကမိန်းကလေးတွေရော
ယောက်ျားလေးတွေပါဟိုဖက်အဆောင်ကကောင်လေးတွေနောက်ကိုတုတ်တွေနှင့်လိုက်ကြပါသည်။
ဟိုကောင်လေးတွေလဲပြေးတာတန်းနေတာပဲ။ကျွန်မတို.အဆောင်ကမိန်းကလေးရော
ယောက်ျားလေးပါပေါင်းလိုက်တော့ လူ၁၀၀လောက်ဖြစ်သွားတာကိုး။ နောက်မှဆရာတွေရောက်လာပြီးဆွဲကြတာနဲ.ပြီးသွားတာပါ။နောက်တော့ဆရာတွေအတင်းကြပ်တာနဲ.
ရန်လဲဆက်မဖြစ်တော့ပါဘူး။ဒီနေ.တော့စဉ်းစားလို.ရသမျှလေးကဒါလေးပဲရှိလို.ပါနော်။

အလွမ်းကဗျာ


အခုရက်အတွင်း အဆီကျအောင်အပြင်းအထန်လေ့ကျင့်နေပါသောကြောင့် ကဗျာမတောက်တစ်ခေါက်လေးကိုပဲဖတ် ကြည့်ပေးထားနှင့်ပါဦးနော်။

Thursday, October 25, 2007

ကျွန်မနှင့် spelling test


Free Texas Dating



ကျွန်တော့ရဲ.ထွက်ပေါက် blog လေးကိုသွားလည်ရင်းသဘောကျမိတဲ့ testလေးတစ်ခုပါ။ အပျင်းလဲပြေ ဗဟုသုတလဲရအောင်ပါ။စမ်းကြည့်ကြပါဦး။

အဆောင်မှာနေခဲ့တုန်းက

ကျွန်မ ၁၀တန်းတုန်းက မေမြို.မှာဘော်ဒါဆောင်နေပါတယ်။ အဲဒီတုံးက ညနေဘက် ၆နာရီ က နေပြီး ၁၀နာရီအထိ စာကျက်ချိန်ဝင်ရပါတယ်။ ကျွန်မတို.ခေါ်ကြတာက study ၀င်တယ်လို.။ ကျွန်မတို.ရဲ.အဆောင်မှူးဆရာမလေးက မေမြို.သူလေးပါ။ ပိန်ပိန်သေးသေး ကိုယ်လုံးလှလှ အရပ်ရှည်ရှည် အသားညိုညိုလေးနဲ.ပါ။ တစ်နေ.တော့ ကျွန်မတို. study၀င်နေရင်း သေနတ်သံလိုလို ကြားမိပါတယ်။ တစ်ချက်လဲမက ၃၊၄ ချက်ဆိုတော့ ကျွန်မတို. ကနယ်ခံဆရာမလေးရဲ.မျက်နှာကိုကြည့်မိပါတယ်။ ဆရာမလေးမှာလဲမျက်စိမျက်နှာတွေပျက်လို.။ မေမြို.ဆိုတာ တပ်မြို.ကိုး။ ရန်သူတွေ ဗကပ တွေဝင်နိုင်တာပေါ့တဲ့။ တော်ကြာ သူပုန်တွေဝင်စီးရင် ပြေးပေါက်ရအောင်ဆိုပြီး ည၈နာရီလောက်ပဲရှိသေးတယ် study ကိုသိမ်းလိုက်ပါတယ်။ ပြီးတာနဲ. ဆရာမလေးက ကိုယ့်အထုပ်လေးတွေကိုသေချာထုပ်ထားတဲ့။ အရေးကြီးတာတွေပဲ သေချာယူတဲ့။ စာအုပ်တွေပါအောင်ယူ။ အားလုံးသတိ ၀ိရိယနဲ.အိပ်ကြဆိုပြီး အိပ်ဆောင်ကိုပြန်ပါတယ်။ ယောက်ျားလေးတွေက မြို.ထဲက အိပ်ဆောင်မှာနေပါတယ်။ စာသင်ချိန်တွေရောက်မှ ကားကြီးနဲ.လာပြီးအတန်းလာတက်တာပါ။ တစ်နေကုန် စာသင်ဆောင်ထဲမှာနေပေါ့လေ။ ကျမတို.အိပ်ဆောင်နဲ.စာသင်ဆောင်ကတော့ မျက်နှာချင်းဆိုင်ပါ။ စာသင်ဆောင်ထဲမှာပဲညစာကျက်ရပါတယ်။ အဲဒါနဲ. ပဲကျွန်မတို.လဲ ရင်တထိတ်ထိတ်နဲ.အိပ်ပျော်သွားကြပါတယ်။ မနက်မိုးလင်းတော့ မှအဆောင်ကထမင်းချက်တွေက ဈေးသွားတော့ ဗိုလ်လောင်းတွေဒေါက်တင်ပွဲရှိလို.ဆိုလားဘာလား မသိပါဘူး ရွှေမန်းက ဇာတ်အဖွဲ.ဇာတ်လာကကြတာဆိုပဲ။ ဇာတ်ထဲမှာသေနတ်ပြစ်ခန်းတွေလဲပါတယ်တဲ့။ ကျွန်မတို.လဲ ဆရာမလေးကိုဝိုင်းကြည့်ကြတော့ သူကရှက်ပြုံးလေးနဲ.။ မှားတဲ့အခါလဲမှားပေမပေါ့။
ကျွန်မအဆောင်မှာနေတုန်းက အတွဲဖြစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကအိမ်မှာ ပေါင်မုန်.ဖိုရှိလို.ပေါင်မုန်. နောက်တစ်ယောက်ကရွှေမန်းသူဖြစ်လို. ထိုးမုန်. လို.ခေါ်ပါတယ်။ ကျွန်မမှာလဲရှိတယ် နာမည်ပြောင်။ ဟီးဟီးပြောပြရမှာလား? ကိတ်မုန်.တဲ့။ ကိတ်မုန်.အရမ်းကြိုက်လို.တဲ့။တစ်နေ.တော့ ခရုသင်းမှုတ်သံကြီးလိုမျိုးအသံကြီးကြားလိုက်ရပါတယ်။ အဲတော့ ဗဟုသုတတွေစုံတဲ့ ထိုးမုန်.က အဲဒါ ကန်အော်တာတဲ့။ ရေကန်ကြီးတွေဘာတွေအော်တာတဲ့။ ရေကန်ကြီးတွေကိုစောင့်တဲ့အစောင့်အရှောက်တွေက အစောင့်ဘ၀က ကျွတ်ချင်လို. နောက်ထပ်အစောင့် အရှောက်လုပ်ဖို. လူအသစ်တွေကိုလူလဲဖို.ရှာတာတဲ့။ နာမည်ထဲမှာ "သ" အက္ခရာပါတဲ့သူကို လိုက်ရှာပြီး လိပ်ပြာနှုတ်ပြီးခေါ်သွားတတ်ကြတယ်တဲ့။ အဲလိုလဲပြောရော ကျွန်မဒူးတုန်ပြီပေါ့။ ကျွန်မနာမည်မှာ "သ" ပါတယ်လေ။ ကျွန်မလဲ ငါ့ကိုတော့ လာပြီးလိပ်ပြာနှုတ်တော့မှာပဲ ဆိုပြီး အရမ်းကြောက်နေတာပေါ့။ သူတို.နယ်မဟုတ်လား သူတို.နယ်ဆိုတော့ ကျွန်မထက်တော့ ပိုပြီးအကြောင်းသိမှာပေါ့ဆိုပြီး ညလဲမအိပ်ရဲပါဘူး။ မနက်ကျရင်တော့ ငါရေကန်စောင့်ဖြစ်နေလောက်ပြီဆိုပြီး တွေးတွေးကြောက်နေတာပေါ့ရှင်။ကျွန်မလဲ ဘယ်လိုမှ မအိပ်ရဲတဲ့အဆုံး ထိုးမုန်းနဲ.သွားအိပ်ပါတယ်။ သူပြောပြတဲ့ဇာတ်လမ်းမဟုတ်လား။ ဒါနဲ. အိပ်ပျော်သွားတယ်။ မနက်မိုးလင်းတော့ ကျွန်မရေကန်စောင့်မဖြစ်ပါဘူး။ဝမ်းသာလိုက်သည်မှာ မပြောနှင့်တော့။ အခုပြန်စဉ်းစားကြည့်တော့ ကျွန်မက ငပေါပဲ။ ထိုးမုန်.ရေ နင်နောက်တာ ငါ့မှာ တစ်ညလုံးစိတ်ဆင်းရဲသွားရတယ် ဟ။ ခွေးမလေး တော်တော်အစ သန်တယ်။ တစ်ခါလဲ အဆောင်မှာ ညဘက်ခိုးထွက်ကြပါတယ်။ ပေါင်မုန်.တို.ပေါ့။ ကျွန်မရယ် ထိုးမုန်. ရယ်ပေါင်မုန်.ရယ် ကတစ်ခန်းစီနေကြတာပါ။ တစ်ခန်းကို ၄ယောက်နေရပါတယ်။ ပေါင်မုန်.တို. အခန်းက ညဘက်ခိုးထွက်ပါသတဲ့။ ၂ ခါလောက်ခိုးထွက်ကြည့်ပြီး ကျွန်မနဲ.ထိုးမုန်.ကို ခေါ်ပါတယ်။ ကျွန်မတို.လဲသွားမယ်ပေါ့။ပြီးတော့ပေါင်မုန်.တို.အခန်းမှာသွားပြီး၁၂နာရီထိုးတဲ့အထိစောင့်ကြပါတယ်။
သွားရတဲ့အကြောင်းအရင်းကအရေးကြီးတယ်။
ညလုံးပေါက်ဖွင့်တဲ့လဖ္ဘက်ရည်ဆိုင်မှာနံပြားနဲ.မလိုင်သွားစားကြဖို.ပါ။အရေးကြီးတယ်နော်။
ကျွန်မကအစားအသောက်သမားဆိုတော့သူတို.ကမုန်.ဆိုင်သွားမယ်ဆိုတာနဲ.၂ခါမခေါ်ရဘူး။
အင်္ကျီတွေဘာတွေလဲပြီးအိပ်စောင့်ကြတာပေါ့။အိပ်ရင်းကလုံးဝအိပ်ပျော်သွားလို. မနက်မိုးစင်စင်လင်းမှနိုးလာလို.ညဘက်မထွက်ဖြစ်လိုက်ပါဘူး။ ကျွန်မလဲညဘက်အပြင်ထွက်ခြင်းမလုပ်တော့ပဲကိုယ့်ဟာကိုယ်ပဲအေးဆေးအိပ်
ပါတော့တယ်။ကြောက်တာလဲပါတာပေါ့လေ။ပေါင်မုန်.တို.ကတော့ညဘက်ထွက်မြဲပဲ။ တစ်နေ.တော့သူတို.ညဘက်ထွက်တာကိုအဆောင်ကမိသွားပါတယ်။
မိဘတွေဘာတွေခေါ်နဲ.ပေါ့။ပေါင်မုန်.လဲသနားပါတယ်။မျက်နှာငယ်လေးနဲ.။
အဲဒီနောက်ပိုင်းကစပြီးအဆောင်ကိုသော့ခတ်ပါတော့တယ်။ ကျွန်မကအပေါ်ထပ်ဆိုတော့အပေါ်က၀ရန်တာကိုတော့သံဗန်းမကာထားပါဘူး
အောက်ထပ်ကိုပဲသံဗန်းတွေကာထားတာပါ။
ကျွန်မကညဘက်ဆိုရင်ရေချိုးခန်းထသွားတတ်တဲ့အကျင့်ရှိပါတယ်။
အဆောင်တံခါးကိုသော့ခတ်ပြီးသော့ကိုအဆောင်မှူးကသိမ်းထားလေတော့
ကျွန်မအတွက်ဒုက္ခရောက်တော့တာပေါ့။ဆရာမကိုပြောတော့လဲ ဆရာမကသော့ပေးမှာမဟုတ်ပါဘူး။ အဲတော့ ကျွန်မမှာညဘက်ဆိုရင်ဝရန်တာကနေဆင်းရပါတယ်။အဲလိုနဲ.
အဆင်ပြေနေတုန်းတစ်နေ.တော့ ကျွန်မတို.အဆောင်မှာမွေးထားတဲ့ရမ်ဘိုဆိုတဲ့ စစ်ခွေးကြီးကကျောင်းသူလေးတစ်ယောက်ကိုကိုက်လိုက်ပါတယ်။
ကောင်မလေးခမျာမှာဆေးတွေထိုးရတာပေါ့ခွေးကြီးရူးသွားပြီဆိုပြီး
တစ်ဆောင်လုံးကြောက်လိုက်ကြတာများတုန်နေတာပဲ။
ဘယ်သူမှတစ်ယောက်ထဲသွားရဲတဲ့သူမရှိဘူး။သွားရင်လဲတစ်ပြုံကြီးတုတ်
တွေကိုင်ပြီးသွားကြတဲ့အထိပဲ။ အာဂသတ္တိခဲတွေပါ။အဲကျွန်မလဲညရောက်တော့ထုံးစံအတိုင်း
ရေချိုးခန်းထသွားဖို.၀ရန်တာကနေတွယ်ဆင်းဖို.ထပါတယ်။ဒါပေမဲ့ခွေးကြောက်တော့ ခွေးကြီးကိုလဲသေချာကြည့်ရပပါသေးတယ်။
မတော်ရင်ကိုယ်ကတွယ်ဆင်းနေတုန်းခွေးကအောက်ကနေလှမ်းဟတ်မှ
ပြဿနာတက်မယ်ဆိုပြီးသေချာကြည့်ပြီးမှဆင်းရပါတယ်။ဆင်းပြီးတာနဲ.
အိမ်သာထဲကိုတန်းပြေးပြီးဂလန်.ချထားပါတယ်။အပြင်ထွက်တော့မယ်ဆိုရင်လဲ တံခါးကနေသေချာချောင်းကြည့်ရတယ်ပြီးတာနဲ. ပြေးပြီး အဆောင်ပေါ်ကိုတွယ်တက်ရပါတယ်။
ကျွန်မအတွက်တော့တော်တော်ခက်ခဲခဲ့ရတာပါရှင်။
ဒီလိုနဲ.ချစ်သူများနေ.ကိုရောက်လာခဲ့ရပါတယ်။အဲဒီမှာကျွန်မတို.၃ ယောက်အလောင်းအစားတစ်ခုလုပ်ပါတယ်။ ဘယ်သူကအရင်ဆုံး သကြားလုံးရမလဲပေါ့။ချော့ကလက်ကဈေးကြီးလို.သကြားလုံးနဲ.လောင်းတာပါ။
ကျွန်မတို. ဘော်ဒါမှာ ၉တန်းခလေးတွေလဲရှိပါတယ်။ အဲတော့ ကျွန်မတို.လဲ ၉တန်းက ကလေးတွေကို မောင်လေး အမကိုမနက်ဖြန်မင်းတို.စာသင်ဖို.လာတာနဲ. ဒီသကြားလုံးလေးကို ဟိုကောင်တွေဆီ သကြားလုံးတွေမရောက်ခင်အမြန်လာပေးဆိုပြီးမှာပါတယ်။ ထိုးမုန်.နဲ.ပေါင်မုန်.ကလဲသူတို.လူနဲ.သူတို.ပဲလေ။ ထိုးမုန်.မှာက မောင်လေးအရင်းတစ်ယောက်ရှိလေတော့ အဆင်ပြေတယ်။ ကျွန်မနဲ. ပေါင်မုန်. သာမကြီးမငယ်နဲ.ကလေးတွေကိုသွားအကူအညီတောင်းကြတယ်။ကလေးတွေကလဲ ကျွန်မတို.လောင်းထားတာကိုသိတော့စိတ်ချအမအမအရင်
ဆုံးသကြားလုံးရစေရမယ်ဆိုပဲ။ဒီလိုနဲ.နောက်နေ.မနက်မှာတော့ကျမတို.လဲ
စောင့်နေတာပေါ့။
ကားကြီးလဲဝင်လာရော ထိုးမုန်.မောင်လေးကလူကောင်ကြီးတယ်။အဲဒါအပြင်ကိုသူက လူကောင်ကြီးတဲ့သူငယ်ချင်းတွေနဲ.ပဲပေါင်းတာဆိုတော့ထိုးမုန်.
မောင်လေးရဲ.သူငယ်ချင်းတွေကကျွန်မတို.သကြားလုံးပေးခိုင်းတဲ.ခလေးတွေကိုအတင်းဆွဲထားတယ်။ အဲဒီမှာရန်တွေဖြစ်ကြပါလေရော။ထိုးမုန်.ကလဲပျော်ချင်လို.လောင်းတာအခုလိုမျိုး cheatလုပ်တာတော့ဘယ်ကောင်းမလဲပေါ့ဆိုပြီးဆူပါတော့တယ်။ ဟိုခလေးတွေမှာလဲငိုတဲ့လူကငိုနဲ.ကျမတို.မှာလဲထိုင်ပဲချော့ရတော့မလို
သကြားလုံးပဲပြန်ကျွေးရတော့မလိုနဲ. ကျွန်မတို.ရဲ.ချစ်သူများနေ.ကကံမကောင်းစွာနဲ.ပဲပြီးဆုံးသွားပါတယ်။
ကျွန်မလဲဒီလိုနဲ့ပဲ၁နှစ်ကိုချစ်သူငယ်ချင်းများနဲ.အတူကုန်ဆုံးစေခဲ့ပါတယ်။
ကျွန်မအဆောင်မှာနေတုန်းက မှတ်မှတ်ရရ ဧည့်သည်တစ်ဦးပဲလာခဲ့ဖူးပါသည်။ညနေခင်းနေ၀င်ချိန်ကြီးမှာပေါ့။ ၂ယောက်လာကြတာပါ။ကျွန်မအဖေရဲ.လုပ်ဖေါ်ကိုင်ဘက်တဲ့။ကျန်တစ်ဦးကတော့သူ. သူငယ်ချင်းပါတဲ့။ကျွန်မအဖေကစာပေးခိုင်းလိုက်လို.ဆိုပြီးစာပေးသွားကြပါသည်။ ကျွန်မလဲအဆောင်နေတုန်း အစားဆင်းရဲလေတော့မုန်.လေးတောင်မယူလာပဲစာချည်းယူလာပေးတဲ့သူတို.ကိုနည်းနည်းတော့တင်းပါသည်။ ကျွန်မနှင့်လဲစာလူကြုံလာပေးသူတို.နှင့်လုံးဝမသိပါ။သူ.နာမည်တောင်မသိပါ။ အခုတော့စာလာပေးသူဧ။်အဖေါ်လိုက်လာပေးသောသူငယ်ချင်းဆိုသူနှင့်online မှာပြန်ဆုံသည်။သူ.ကိုလဲကျွန်မမသိပါ။အခုစကားစပ်မိရင်း နှင့်မှသိရသည်။ လောကကြီးများဆန်းကြယ်လေစွ။ လွန်ခဲ့သော ၅နှစ်ကျော်ခန်.က တစ်ကြိမ်ဆုံဖူးပါလျက်နှင့်လုံးဝမသိခဲ့ကြ အခုသူနှင့် သိတာ ၁လကျော် လောက်ကြာမှ လွန်ခဲ့တဲ့ ၅နှစ်ကျော်ကတွေ.ခဲ့ဖူးကြောင်းသိရတယ်။ထူးဆန်းပါပေ့ကတွတ်ပီ။
နောက်အဆောင်တုန်းကအဖြစ်အပျက်များကို မှတ်မိရင်မှတ်မိသလိုတင်ပေးပါဦးမယ်။

ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေ။








သီတင်းကျွတ်ဆိုရင်ဖြင့်ဗုဒ္ဓဘာသာဝင်တိုင်းဟာ အိမ်တိုင်းအိမ်တိုင်းမှာ ဆီမီး၊ဖယောင်းတိုင်များ၊ မီးရှူးမီးပန်းများ၊ မီးပုံးပျံများ လွတ်တင်ခြင်းဖြင့် နတ်ပြည်မှ လူ.ပြည်သို. ပြန်ကြွလာသော ဗုဒ္ဓမြတ်စွာဘုရားကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုလိုက်ကြခြင်းပါ။ အနောက်နိုင်ငံများတွင် Thanks Giving Day လုပ်ကြသကဲ့သို. ကျွန်မတို.မြန်မာလူမျိုးများဧ။် မွန်မြတ်သော နေ.ထူးနေ.မြတ်လဲဖြစ်ပါသည်။ လူကြီးသူမ၊ မိဘ၊ ဆရာသမားများ ကို စားကောင်းသောက်ဖွယ်များဖြင့် ကန်တော့ခြင်း၊ ဘုရားကျောင်းကန်၊ဘုန်းကြီးကျောင်းများသို. လှူဖွယ် ၀တ္ထုများဖြင့်သွားရောက် လှူဒါန်း ကုသိုလ်ယူခြင်းများ သည်ယဉ်ကျေးသော ကျွန်မတို.မြန်မာလူမျိုးများဧ။် မြတ်သောဓလေ့မဟုတ်ပါလား။ ဒီနှစ်တော့ဖြင့် ကျွန်မတို. မြန်မာတွေ ဘုန်းကြီးကျောင်းတွေကို သွားရောက်လှူဖွယ် ပစ္စည်းများကို ဆက်ကပ်စရာ ကိုယ်တော်များကျန်ပါသေးရဲ.လားမသိ။ ရွှေတိဂုံစေတီတော်ကြီးမှာ ဟိုးအရင်နှစ်များ လိုဆီမီးများ ထိန်ထိန်ညီး နိုင်ပါတော့ မလားမသိ။ ကလေးငယ်များ ဗျောက်၊ မီးရှူးမီးပန်း တွေမှ လွှတ်နိုင်ကြသေးရဲ.လားမသိပါဘူး။ ကျွန်မစဉ်းစားရင်းနဲ. ၀မ်းနည်းစွာနဲ.ပဲ ကျွန်မရဲ. အလွမ်းအိမ်လေးမှာ ဆီမီးများ ထွန်းညှိပူဇော် လိုက်ပါတယ်။

အရှင်ဘုရား တပည့်တော် ပြုရပါသော ကုသိုလ်ကြောင့် မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ ပြည်သူများလဲ အေးချမ်းကြပါစေ။ ရန်သူမျိုး ၅ ပါးဘေးမှလွတ်ကင်းနိုင်ပါစေ။ ဆင်းရဲခြင်းအမျိုးမျိုးမှကင်းဝေးကြပါစေ။

လာရောက်ဖတ်ရှူကြပါသော blogger မိတ်ဆွေများသာဓုခေါ်ပေးကြပါ။ comment အဖြစ် သာဓုလေးများခေါ်ပေးခြင်းဖြင့် ကျွန်မတို.တူတူလက်တွဲ ဆုတောင်းပေးကြရအောင်ပါ။

Wednesday, October 24, 2007

ကျွန်မနှင့် ဒဂုံတက္ကသိုလ်

ကျမတက္ကသိုလ်ပထမနှစ်တက်တုန်းကပေါ့။ အဝေးသင်ပါ။ ဒဂုံမှာတက်ရပါတယ်။ ကျောင်းသွားအပ်ကြတယ်။ သွားတုန်းကတော့ အိမ်ကလိုက်ပို.တာပါ။ ဒါပေမဲ့ လမ်းမှာ ကားကပျက်ပါလေရော။ ဒါလဲ ကိစ္စမရှိကားပျက်တာ က busကားဂိတ်ရှေ.တည့်တည့်ကြီးဆိုတော့ ကားမောင်းတဲ့ဦးလေးကြီးက ကားပြင်ရင်းကျန်နေရစ်တယ်။ ကျွန်မနဲ. အမေက busကားလေးတက်စီးပြီး အပြန်ကျရင် ဒီမှတ်တိုင်မှာ ပြန်ဆင်းရမယ်ဆိုပြီး မှတ်တိုင် နာမည်ကိုသေချာမှတ်လာပါတယ်။ အားလုံးအဆင်ကိုချောလို.။ ကျောင်းအပ်ပြီးတော့ ကျောင်းက ဖတ်စာအုပ်တွေပေးလိုက်ပါတယ်။ ဒါနဲ. ဖတ်စာအုပ်အထုပ်လေးကိုပိုက်ပြီး အင်္ဂလိပ်စာ department ရှေ. က ကားဂိတ်လေးမှာ သားအမိ နှစ်ယောက်သား ပေစောင်းစောင်းလေးရပ်လို. ကားစောင့်ပါတော့တယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ အရပ်ဆိုတော့ ဟိုကြည့်ဒီကြည့်ပေါ့။ အမယ် ကျွန်မက အစားအသောက်သမားဆိုတော့ canteen ဘယ်နားမှာဆိုတာပါတစ်ခါထဲလေ့လာထားတယ်။ ရန်ကုန်နေရဲ.အပူနဲ. ကျွန်မတို.သားအမိချွေးတွေရွှဲနစ်နေကြတယ်။ အဲဒီမှာပဲ ဟီးနိုးကားကြီးတစ်စင်း အိပဲ့အိပဲ့နဲ. ကျွန်မတို.ရပ်နေတဲ့ ကားဂိတ်ကိုလာဆိုက်ပါတယ်။ ကျောင်းတွေက မဖွင့်သေးတော့ တက္ကသိုလ်ကြီးဟာ ခြောက်ကပ်လို.နေပါတယ်။ ကျမတို.လဲ ကားပေါ်မှာ အကျအနနေရာယူပြီးသကာလမှာကားကြီးကိုအိပဲ့အိပဲ့စီးရင်း သြော် ဒါငါတက်ရမဲ့ကျောင်းတော်ကြီးပဲ လို.စိတ်ထဲကတွေးနေမိပါတယ်။ တက္ကသိုလ်ကျောင်းသူကြီးဖြစ်ပြီကွလို.လဲ မဆီမဆိုင်စဉ်းစားမိသေးတယ်။ ဒီလိုနဲ. ကိုစပါယ်ယာ ရဲ.မှတ်တိုင်အော်သံလေးတွေကိုသေချာနားထောင်လာခဲ့ပါတယ်။ ဒီအထိအားလုံးအဆင်ကိုချောလို.။ ကျွန်မတို.နှစ်ယောက်လဲ ကိုဆင်းရမဲ့မှတ်တိုင်ရောက်တော့ ဆင်းကြတာပေါ့။ အဲဒီမှာပြဿနာကစပါတော့တယ်။ မှတ်တိုင်နံမယ်က တူပြီးတော့ နေရာကမတူပါဘူး။ ကျမတို.တက်ခဲ့တဲ့မှတ်တိုင်က ရှေ.မှာ ကွင်းပြင်ကြီးနဲ. လမ်းတစ်ဖက်မှာပဲဆိုင်တွေရှိတာလေ။ အခုဆင်းလိုက်တဲ့မှတ်တိုင်က ရပ်ကွက်တစ်ခုထဲမှာ။ ဈေးလေးရယ်၊ဆိုက်ကားဂိတ်လေးတောင်ရှိသေး။ကျွန်မတို.သားအမိလည်း ဘယ်ရောက်နေမှန်းမသိတော့ဘူး။ ကားဆီကိုဘယ်လိုပြန်သွားရမှန်းလဲမသိပါဘူး။ ထိုင်ငိုချင်သွားတာပေါ့။ကားပျက်နေတဲ့နေရာက ဘယ်လိုခေါ်မှန်းလဲမသိဘူးလေ။ ဒါနဲ.ဆိုက်ကားတစ်စင်းပေါ်ခပ်တည်တည်တက်ထိုင်လိုက်တယ်။ ဆိုက်ကားဆရာက အမတို.ဘယ်သွားမှာလဲဆိုတော့ ဂွတော့ကျကုန်ပြီ။ ဘယ်ကိုနင်းခိုင်းရမှန်းလဲမသိဘူး။ ပြောပြတာပေါ့ဆိုက်ကားဆရာကို ကွင်းပြင်ကြီးတွေ လဖက်ရည်ဆိုင်တွေရှိတဲ့နေရာကိုနင်းလို.။ ဆိုက်ကားဆရာက ဒဂုံမြို.နယ်ထဲမှာ အဲလိုနေရာတွေ အများကြီးပဲဆိုပြီးခေါင်းကုပ်ပါတော့တယ်။ ကျမတို.လဲ နင်းသာနင်း ပါရောက်ရင်ပြောပါ့မယ်ဆိုပြီး နင်းခိုင်းရတယ်။ ဆိုက်ကားဆရာလေးခမျာမှာ ဟောဟဲတွေကိုလိုက်လို.။ ဟိုနင်းလဲမဟုတ်ဒီနင်းလဲမရောက်နဲ.ခမျာမှာ တော်တော်စိတ်ရှုပ်နေရှာတယ်။ ဒီလိုနဲ.နေပူပူကိုလသာသလိုမှတ်လို. ခရီးဆက်ကြရင်းနဲ.တွေ.ပါပြီ ကားစုတ်လေးကို။ လမ်းဘေးလေးမှာ အရိပ်ထဲမှာ အမြိုင့်သား။ ဒင်းကတော့အေးအေးဆေးဆေးလေးငြိမ့်နေတယ်။ ဆိုက်ကားသမားလေးလဲ တော်တော်ပျော်သွားပုံရတယ်။ ကျွန်မတို.ထက်တောင်ပိုပျော်နေသလိုပဲ ဟဲဟဲ။ ဆိုက်ကားခတွေတော်တော်ရှင်းလိုက်ရတယ်။ တန်ပါတယ်။ ဒဂုံမြို.နယ်ကိုဆိုက်ကားနဲ.ပတ် လျောက်လည်လိုက်ရတာပေါ့လေ။ နောက်ကျွန်မ အနီးကပ်တွေတက်တော့မှသိရတာက bus ကားတွေက အသွားလမ်းနဲ.အပြန်လမ်းနဲ.ရယ်ဆိုပြီးရှိပါသတဲ့။ ကျောင်းတွင်းကိုဝင်တော့ အ၀င်ပေါက်ကနေ၀င်လာပြီးကျောင်းတွင်းကပြန်ထွက်တော့အထွက်ပေါက်ကနေထွက်
သွားတာကို မသိလိုက်တဲ့ ကျွန်မ တက္ကသိုလ်ကျောင်းသူကြီးရဲ.တော်လိုက်ပုံများ စာဖွဲ.ရလောက်ပါရဲ.။

Tuesday, October 23, 2007

မရှိမဖြစ်internet

အခုတစ်လော internet ကလည်းပျက်နေတော့ ကျမမှာလည်း တစ်နေ.တစ်နေ. ရောင်လည်လည်နဲ. ဖြစ်နေတယ်။ အလုပ်ကလည်းထွက်လိုက်၊ အိမ်ကလူတွေကလည်း မိုးလင်းတာနဲ. အလျှိုအလျှိုထွက်သွားကြ တော့ကျမတစ်ယောက်ထဲ ပဲရောင်လည်လည်နဲ. ကျန်ရစ်ဖြစ်နေရတယ်။ Internet ရနေတုန်းကတော့ သိပ်မသိသာဘူးပေါ့။ internet လဲပျက်ရော ကျမလဲ ခိုးလိုးခုလု ဖြစ်ကျန်ရစ်တာပေါ့။ အရင်က တော့ internet ကလေးရနေတုန်းကတော့ Blog လေးရေးလိုက် chat တက်လိုက်နဲ. ဟန်ကိုကျနေတာပဲ။ ပျင်းချိန်ကိုမရဘူး လေ။ နေ.လည် ၁၁ နာရီလောက်မှ ဟင်းလေးထချက် လိုက် ၁၂ နာရီဆို ရင် ရုံးသွားတဲ့သူတွေက ထမင်းစား ပြန်လာရော။ အဲတော့မှ ပူပူနွေးနွေး နဲ.အဆင်ပြေသတဲ့။ ခုတော့လဲ သီချင်းလေးနားထောင်လိုက်၊ ကြည့်ပြီးသား ရုပ်ရှင်တွေကိုပြန်ကြည့်လိုက်နဲ. တော်တော်ပျင်းဖို. ကောင်းတယ်။ အပြင်သိပ်မထွက်တတ်တဲ့ ကျမက အိမ်တွင်းပုန်းကုလားမ လုပ်နေပြီပေါ့။ဝိတ်တွေတက်လာတော့ မှငါတော့ တစ်ခုခု လုပ်ရတော့မယ်ဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။ ဒါပေမဲ့ လည်းအစားအသောက်လဲ မလျော့နိုင် exercise လဲမလုပ်နိုင်ဆိုတော့ ၀ ပြီးရင်း ၀နေတော့တာပါပဲ။ အိမ်ဘေးက construction ဆိုက်ထဲက ရေဆွဲတာတစ်အား များတော့အိမ်မှာရေမလာတော့ဘူး။ အိမ်သန်.ရှင်းရေးလုပ်ပြန်တော့လဲ ရေကပြတ်ပြတ်သွားတော့ ကြမ်းတိုက်နေရင်းတန်းလန်း ဆပ်ပြာရည်တွေ နဲ.ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ ဆိုးလိုက်တဲ့ကိုယ့်ဘ၀ ရယ်။ တော်ပါသေးရဲ.မီးမပျက်တတ်ပေလို.ပဲ။ မိုးတွေတစ် အားရွာလေတော့ မိုဒမ် လေးကျွမ်းသွားရှာတယ်။ ဒါနဲ.ပဲ internet မရတော့တာ။ ၅ရက်လောက်ကြာသွားတယ်။ company ကို ဖုန်းဆက်တော့လဲ လာမယ် လာမယ်နဲ. မလာပါဘူး။ မောပါရဲ.။ တစ်နေ.ကို ၁၀ ခေါက်လောက်ဆက်ခေါ်တော့လဲ မလာ။ ဘယ်လိုဟာတွေမှန်းကိုမသိပါဘူး။ အခုမှပဲ ပြန်ရလို. စိတ်ချမ်းသာ သွားရတော့တယ်။ခုမှပဲ blog မှာရေးချင်သလိုပြန်ရေးလိုက်ရတယ်။

Monday, October 22, 2007

အီကြာကွေးလား..တော်ပါပြီ

Internet က မနေ.ကမိုးတွေအတော်ရွာလိုက်တာနဲ. ပျက်သွားတယ်။ ဒါနဲ.တင်ဖို.လုပ်ထားတဲ့ post လေးကိုဝမ်းပန်းတနည်းထိုင်ကြည့်ရင်း မတင်ဖြစ်လိုက်ရဘူး။ ဒီနေ.တော့ internet company ကိုဖုန်းတဂွမ်ဂွမ်ဆက်ပြီး အတင်းလာပြင်ခိုင်းရတယ်။ သူတို.ကလဲ လာမယ်ဆိုပြီးတော်တော်နဲ. လာတဲ့ဟာတွေမဟုတ်တော့ ကျမလည်း လယ်ပင်းတရှည်ရှည်နဲ.စောင့်ရတာပေါ့။
ကျမဒီနေ.တရုပ်ဆိုင်တစ်ဆိုင်ကိုရောက်တော့ အီကြာကွေးပုံလေးနဲ.အဖြူမှုန်.ထုပ်လေးကိုတွေ.တော့ အီကြာကွေး ရယ်ဒီမိတ်လုပ်ဖို. အထုပ်လေး ပဲဆိုပြီး ၀မ်းသာအားရ၀ယ်လာပါတယ်။ ကျမက လုပ်လိုက်တိုင်း တလွဲဆိုတော့ ဒီတစ်ခါသေချာအောင်ဆိုပြီး ဘေးအိမ်ကတရုပ်မကို တရုပ်စာတွေချည်းပဲရေးထားတဲ့ အထုပ်ကလေးကိုကိုင်ပြီး ကျမဘာသာသွားပြန်ခိုင်းပါတယ်။သူက ရေနဲ.ဖျော်လိုက်တဲ့ ဂျုံမှုန်.တွေတဲ့။ ပြီးရင်တစ်နာရီလောက်နှပ်ထားတဲ့။ ပြီးရင်ဆီများများနဲ.ကျော်တဲ့။ ကျမလဲ အိမ်ပြန်လာပြီးတာနဲ. အမှုန်.တွေကို ဇလုံကြီးထဲဖေါက်ထည့်လိုက်ပါတယ်။ အမှုန်.တွေက များတော့ ဇလုံတောင်ခပ်ကြီးကြီးလေးနဲ.ထည့်ရပါတယ်။ ပြီးတော့ ရေလည်းထည့်လိုက်ရော ရှဲရှဲ ရှဲရှဲ ဆိုပြီးမြည်ပါတယ်။ ကျမလဲ အီကြာကွေးလုပ်တဲ့ ဂျုံမှုန်.မို.နေမှာဆိုပြီးရေတွေထပ်ထည့်ပါတယ်။ ဒါပေမဲ့ dough ကဖြစ်မလာပါဘူး။ကျမလဲ တစ်ခုခုတော့မှားနေပြီဆိုပြီး ခုနက တရုပ်မကို သွားပြန်ခေါ်ပါတယ်။ ဒီတော့မှ တရုပ်မလဲ မျက်ကလူးဆန်ပြာနဲ. အထုပ်ပေါ်က အညွှန်းကိုသေချာပြန်ဖတ်ပါတော့တယ်။ ပြီးမှ ဟိုက်ရော ဒါတွေက ဆိုဒါမှုန်.တွေတဲ့။ နည်းနည်းလေးပဲထည့်ရမှာတဲ့ ၈ချိုး၁ချိုး ဂျုံနဲ.ရောရမှာတဲ့ ဆိုပြီး မမ ကသူဘာမှ မသိသလိုမျိုးပုံစံနဲ. ကျမနဲ. ဆိုဒါတစ်ဇလုံကြီးကိုထားပြီးထွက်သွားပါတယ်။ အပြန်မှာ ကျေးဇူးရှင်က သူ.အိမ်မှာကြက်ဥကုန်နေလို.ဆိုပြီးကျမရဲ. ကြက်ဥတွေတောင်ယူသွားလိုက်သေးတယ်။ ကျမမှာတော့ ဒီဆိုတာ ဇလုံကြီးကို လွှင့်ပဲပြစ် ရမလို သိမ်းပဲထားရတော့မလို။ လွှင့်ပစ်ရအောင်ကလဲ နှမြော သိမ်းလို.လဲ မကောင်းဆိုတော့ ဂျုံမှုန်. ၂ကီလိုလောက် ဆိုဒါတွေထဲကို ဖေါက်ထည့်ပြီး သေချာနယ် ပြီးနှပ်ထားလိုက်ပါတယ်။ ၁နာရီလောက်ကြာတော့ ဆီအိုးကြီးနဲ. ကျမအီကြာကွေးကျော်တဲ့ လုပ်ငန်းကိုစတင်လိုက်ပါတယ်။
၁ခုကျော်ပြီးမြည်းကြည့်တော့ ဘယ်လိုမှစားလို.မရအောင် ခါးတူးနေတဲ့ အတွက် အကုန်လွှင့်ပစ်လိုက်ရပါတယ်။ ဆိုဒါကို နှမြောမိလို. ဂျုံပါဆုံးရတဲ့ အဖြစ်ပါ။ လူပေါင်းမှားပြီး မတတ်တဲ့သူကို ဆရာတင်မိတဲ့ ကိုယ့်အဖြစ်ရယ် နောက်ဆို အီကြာကွေးလား ......တော်ပါပြီ...၀ယ်ပဲစားလိုက်ပါတော့။

Wednesday, October 17, 2007

ကျမနှင့် ဓါတ်ပုံမရိုက်ရ။




ဒါလေးကတော့လှတယ်ထင်ပါတယ်။ ပိန်းပန်းကြိုက်တဲ့ အဖွားကိုသွားသတိရမိတယ်။

ကျမနှင့်ဓါတ်ပုံမရိုက်ရဆိုလို.ကျမနဲ.တွဲပြီးဓါတ်ပုံမရိုက်ရတာကိုပြောတာမဟုတ်ပါဘူး။ ကျမနဲ.ဓါတ်ပုံမရိုက်ရအမိန်.ကိုပြောတာပါ။
ကျမတို.တစ်လောက mall တစ်ခုကိုသွားလည်ရင်းနဲ. ပန်းအလှပြင်ပြပွဲနဲ.သွားကြုံပါတယ်။ ဘယ်သူကများ ကြောင်တောင်တောင်နဲ. ဓါတ်ပုံမရိုက်ရအမိန်.ထုပ်ထားလဲမသိဘူး။ ဓါတ်ပုံရိုက်တဲ့
သူတွေကိုလုံခြုံရေးတွေက မရိုက်ရဘူးဆိုပြီး လိုက်မောင်းထုပ်ပါတယ်။ ကျုပ်တို.ရွာက သူတွေကို ပြေးပြီးသတိရမိသေးတယ်။ ဘယ်လောက်ပဲလာပြောပြော ကျမတို.က တော့ လုံခြုံရေးဟိုဖက်ကိုသွားပြောနေတုန်း ဒီဖက်ကရိုက်ကြတယ်။ ဒီဖက်ပြန်လာရင်ဟိုဖက်ကလူတွေက ရိုက်ကြတယ်။ ဒီလိုနဲ. ကျမရိုက်လို.ရသမျှပုံလေးတွေကိုတင်ပေးလိုက်ပါတယ်။

Tuesday, October 16, 2007

field trip ထွက်ခဲ့တုန်းက


ချောက်ထဲကနေပြန်တက်နေကြတာပါ။
တက်ရတာမလွယ်လို.ကူညီဆွဲတင်နေကြရတာပါ။
လယ်ကွင်းတွေကိုဖြတ်ရပါတယ်။

post အသစ်မတင်တာနှစ်ရက်ရှိသွားပြီ။ ဘာ post တင်ရင်ကောင်းမလဲမသိဘူး။ ကျမ field trip ထွက်ခဲ့ရတဲ့အကြောင်းကိုရေး ရင်ကောင်းမယ်ထင်တယ်။ ကျမတို. ကျောင်းမှာ ပတ်ဝန်းကျင်လေ့လာပြီး စာတမ်းတင်ရပါတယ်။ Quadrant study လုပ်တာပေါ့။ Quadrant study ဆိုတာက ၄ထောင့်ကွင်းကြီးကို ခေါင်းပေါ်ကနေကျော်ပြီးနောက်ပြန်ပစ်လိုက်လို. ကျတဲ့နေရာက အပင်၊ပိုးကောင်စတာတွေကိုလေ့လာတာတစ်ခုပေါ့။ ကျမတို. မနက်စောစောထပြီးကျောင်းကိုလာခဲ့ကြတယ်။ ကျမတို. ရဲ.အဖွဲ.မှာ လူ ၁၀ ယောက် ၁၁ ယောက်လောက်ရှိမယ်ထင်တယ်။ town ace လိုကားနဲ. ထွက်လာကြပါတယ်။ ဆူညံ နေကြတာပေါ့။ လမ်းမှာ ကောင်လေးတစ်ယောက် ကဗိုက်နာပါတယ်။ သွားနေတဲ့လမ်းကတောလမ်းဖြစ်နေတာကတစ်ကြောင်း ခြုံထူထပ်တဲ့နေရာဖြစ်နေတာကြောင့်သူလဲ ခြုံတောတိုးပါတော့တယ်။ ကျမတို. အဖွဲ.ကလူနောက် ကောင်လေးတွေ ကကင်မရာတွေနဲ. သူခြုံတောတိုး ပြီး အီးအီးပါနေတာကို သွားခိုးရိုက်ပါတယ်။ မကောင်းမှုက ချက်ချင်းပဲ အကျိုးပေးပါတော့တယ်။ဗီဒီယို ရိုက်တဲ့ကောင်လေးရဲ. phone ဟာခြုံတောတိုးရင်းနဲ.ဘယ်နားမှာပြုတ်ကျသွားလဲမသိပါဘူး။ ရှာလို.ကိုမတွေ.တော့ဘူး။ ဗီဒီယို အရိုက်ခံရတဲ့ကောင်လေး ကတော့ ကောင်းတယ်သူများ ကိုချောက်ချချင်ဦး တဲ့။ ဒီလိုနဲ. ကျမတို.ကွင်းဆင်းရတဲ့မြက်ထူထူလယ်ကွင်းပြင်ကြီးဆီကိုရောက်လာပါတော့တယ်။ မြက်တွေက တော်တော်ထူပါတယ်။ ဒီကြားထဲ မြွေနဲ.ကျွတ်ကလဲပေါလိုက်သေးတယ်။ ကျမတို.လဲတစ်နေရာထဲမှာကြာကြာမရပ်ရဲပါဘူး။ ကျွတ်ကြောက်တဲ့အပြင် ခြွတ်ခြွတ်သံကြားတာနဲ.ထွက်ပြေးကြပါတယ်။ မြက်တွေရဲ.အောက်တစ်ချို.နေရာတွေမှာ ဘာကောင်တွေတူးထားမှန်းမသိတဲ့တွင်းနက်ကြီးတွေရှိပါသေးတယ်။ တွင်းထဲမကျအောင်လဲဂရုစိုက်ရပါသေးတယ်။ ပထမနေ.က မြေပြန်.မှာ လေ့လာရသည်။ ကွင်းပြင်ကျယ်ကြီးများကိုဖြတ်ပြီး အဝေးကြီးလမ်းလျောက်ရတာလဲမသက်သာလှပေ။
ပထမနေ.ကတော့ အေးအေးဆေးဆေးပြီးသွားသည်။ လိုချင်သော အပင် sample တွေကို ညှပ်ယူ၊ဓါတ်ပုံ ရိုက်စရာရှိတာတွေကိုရိုက်နဲ. ညနေ ၃နာရီလောက်မှာ အိမ်ပြန်ခဲ့ကြသည်။
နောက်နေ.မှာတော့ ခရီးကနည်းနည်းကြမ်း သည်။ တောင်တွေပေါ်မှာ ရေညှိ sample ယူရမည်။ချောက်တွေထဲမှာပေါက်တဲ့အပင်တွေကိုချောက်ရဲ. အနက်ပေါ်မှာမူတည်ပြီး ခွဲခြမ်းလေ့လာရတာပါ။ အဲဒီအတွက်လဲချောက်အနက်ကြီးတွေထဲကိုဆင်းရပါတယ်။ အဲလိုဆင်းတာကလဲလေးဖက်ထောက်ဆင်းတဲ့အခါလဲဆင်းရပါတယ်။ လက်တွေချိတ်ဆက်ပြီးဆင်းတဲ့အခါလဲဆင်းရပါတယ်။ မြေကြီးတွေ ဖုတ်တွေပေကျန်ကုန်တာပေါ့။
ဒါပေမဲ့ပျော်ပျော်ကြီးပါပဲ။ ချောက်ထဲမှာစိမ့်ရေတွေကြောင့်လဲ ဗွက်တွေထနေပါတယ်။ ကျမတို.က
ဟိုဖက်ချောက်ထိပ်နဲ.ဒီဖက်ချောက်ထိပ်မှာကြိုးတန်းပြီး ကြိုးအောက်ကအပင် sample တွေကိုယူပါတယ်။ ချောက်ထဲမှာလေ့လာပြီးတော့ ကျောက်တောင်ကြီးတွေပေါ်ကိုတက်ရပါတယ်။
ကျောက်တောင်တွေပေါ်မှာတော့ရေညှိတွေကလွဲလို. ဘာသစ်ပင်မှသိပ်မပေါက်ပါဘူး။ ကျမတို.လဲ ကျောက်သားတွေကိုဖက်တွယ်တက်ရလို. ဖိနပ်ပြဲတဲ့သူ နဲ.ဒူးပွန်းတဲ့သူနဲ.ပါပဲ။ ကျမတို.လိုအပ်သမျှအပင် sample တွေရတာနဲ. ကျမတို.လဲ ကျောင်း lab ထဲကိုပြန်လာကြပါတော့တယ်။ ကျောင်း lab ထဲမှာ တွက်ချက်လေ့လာပြီး စာတမ်းတွေပြုစုရတာပေါ့။ သေလောက်အောင်တွက်လဲ ဒီ value တွေနဲ.လုံးလည်ချာလည်လိုက်တဲ့ t-test ဆိုတာကြီးကို စတွေ.ပြီး ကျမလဲခေါင်းတွေတောင်ဖြူလာပြီ ထင်ပါတယ်။ ကျမကလဲမကျွမ်းကျင်တာပါမှာပေါ့လေ။ ဒီလောက်ရိုးရှင်းတာလေး တောင်မတွက်တတ်တော့လဲ စိတ်ကုန်စရာပဲပေါ့။ တော်ပါပြီ t-test အကြောင်းကို တွေးမိတာနဲ. ခေါင်းတွေတောင်ဖြူလာပြီထင်တယ်။

Sunday, October 14, 2007

ရုံးခန်းထဲမှအလွဲများ

ကျမအလုပ်စလုပ်တာမကြာပါသေးပါဘူး။ ကျောင်းအားရက်မှာ university တက်ဖို.စောင့်ရင်းနဲ. သူငယ်ချင်းတစ်ယောက်ကပြောပေးလို. company တစ်ခုမှာအလုပ်ဝင်လုပ်ဖြစ်ပါတယ်။ computer အရောင်းပြခန်း၊ service center တစ်ခုပေါ့။ ကျမက အတွင်းရေးမှူး လုပ်ရပါတယ်။ နဂိုကမှ တစ်ချိန်လုံးလွဲနေတတ်တဲ့သူဆိုတော့ လွဲခြင်းတွေကမပြီးနိုင်မစီးနိုင်ပေါ့။ ကျမနဲ. သူဌေး နဲ.ကရုံးခန်းတစ်ခုထဲပါ။ သူဌေးက ပန်းပင်တွေကိုအရမ်းကြိုက်တဲ့တရုပ်လူမျိုးတစ်ဦးပါ။ သူ.ရုံးခန်းထဲမှာ ဂျပန်မြက်ပင်ဖွားဖွားကြီးတစ်ပင်ရှိပါတယ်။ သူဌေးက အရမ်းသဘောကျတာပါ။ သူကိုယ်တိုင်ရေလောင်းပြီး တယုတယနဲ. ထားတာပါ။ ကျမရောက်တော့သူဌေးက ကျမကိုသေချာရေလောင်းပြီးဂရုစိုက်ဖို.မှာပါတယ်။ ကျမလဲရေလောင်းရင်းက ဒီအပင်ဟာ အရွက်တွေက ဖွားဖွားကျနေတော့ အ၀င်အထွက်ရှုပ်နေတယ်ဆိုပြီး သားရေပင်နဲ.စည်းထားလိုက်ပါတယ်။ သူဌေးကလဲ သတိမထားမိပါဘူး။ ၂ရက်လောက်နေတော့ အပင်က အမြစ်တွေထွက်လာပြီး ခြောက်လိုက်လာပါတော့တယ်။ သူဌေးလဲအဲတော့မှ တွေ.ပြီး ငါ့အပင်ကို သားရေပင်နဲ.ဘယ်သူချည်လဲ တဲ့။ ကျမလဲကုပ်ကုပ်ကုပ်ကုပ်နဲ. ကျမချည်တာပါပေါ့။အဲတော့မှ ညည်းကို အပင်ကိုသားရေပင်နဲ.ချည်ရတယ်လို.ဘယ်သူသင်ထားပေးလဲ ဆိုပြီးအဆူခံရပါတော့တယ်။ ပြီးသွားပြီပေါ့တစ်ခါ။ နောက်တစ်ခါ အစိုးရက tender တွေခေါ်ပါတော့တယ်။ ကျမကလဲတစ်ခါမှလုပ်ဖူးတဲ့သူမဟုတ်တော့ company ရဲ. trader's licence expire ဖြစ်နေတာကြီးကို ထည့်ပြီးလျှောက်လိုက်ပါတယ်။ အဲတော့ လေလံ ကရှုံးပါတော့တယ်။ ရှုံးတော့ကျမမှာ အဆူခံရပြန်ရော။ နောက်တစ်ခါသူဌေးဆီကို အရေးကြီးတဲ့ fax ၀င်ပါတယ်။ သူဌေးကအပြင်သွားတုန်းဆိုတော့ ကျမသိမ်းထားလိုက်ပါတယ်။ သိမ်းထားပြီး ပေးဖို.မေ့ပါတယ်။ သူဌေးကနေ.တိုင်း ငါစောင့်နေတဲ့ fax လာပြီလားလို.မေးပါတယ်။ ကျမက မေ့နေတော့လဲ မလာဘူးပေါ့။ ၃ရက်လောက်နေတော့ ကျမရဲ. file ကြီးကိုပြန်လှန်ကြည့်တော့မှသူဌေး စောင့်နေတဲ့ fax က ကျမဆီမှာ။ ကျမလဲမပေးရဲတော့တာနဲ. fax ကိုအစဖျောက်ပြစ်လိုက်ပါတယ်။ သူဌေးကတော့ ဟိုဖက်က company အလုပ်လုပ်တာ စနစ်ကိုမကျဘူးတဲ့။ ကျမလဲ ဟုတ်တာပေါ့သူဌေးရယ်။ အလုပ်မှကောင်းကောင်းမလုပ်ကြ တာလို.ထောက်ခံပေးလိုက်တယ်။ တစ်ကယ်တော့ ကျမက အသုံးမကျတာ။ တစ်ခါလဲ သူဌေးက သူ. ဖုန်းကိုအားသွားသွင်းခိုင်းပါတယ်။ ကျမလဲ တစ်လွဲကဖြစ်နေကျဆိုတော့ charger ကြီးကျိုးသွားပြန်ပါတယ်။ သူဌေး ခရီးသွားတုန်း ပစ္စည်းအသစ်များလာချလို.ကတော့ ကျမက အရောင်းကောင်တာကို ပေးချင်တဲ့ဈေးနဲ.ပေးပစ်လိုက်တာပါပဲ။ သူဌေးပြန်လာလို. သူ.ရောင်းအားတွေကျနေရင် ကျမကအမြဲတရားခံ။ သူဌေးက ကျမသည်းညီး တော်တော်ခံရှာသည်။ ကျမဘာလုပ်လုပ် နားပွင့်အောင်အဆူခံရသည်မှအပ အလုပ်ထုပ်မခံရပါ။ ကျမလဲ ၁လခွဲလောက်လုပ်ပြီးသည့်အချိန်တွင်တော့ ထွက်လိုက်ပါတော့သည်။ သူဌေးကတော့မထွက်စေချင် သူအော်တာကို နားထဲဂွမ်းဆို. ခံတဲ့သူတစ်ယောက်မို. မသွားစေချင်တာလဲဖြစ်နိုင်သည်။ ကျမလဲတစ်ခါတစ်လေတော့ သူဌေးကိုသတိရပါသည်။ သူဌေးကတော့ ခုချိန်ထိ ဖုန်းဆက်ပြီး နေကောင်းလားမေးတတ်သည်။ တပတ်တခါတော့ ဆက်တတ်စမြဲ။ သူဌေးကို ကျေးဇူးလဲတင်ပါသည်။ ဆရာသမားကောင်းတစ်ဦး လိုမျိုးသွန်သင်ခဲ့တာတွေ အတွက်ပါ။ သို.သော် လေးချင်နေသည့်နား ကတော့သူဌေး လက်ချက်ဖြစ်မည်။ သူ.အာဗြဲသံကြီးကိုနေ.တိုင်းနားထောင်ခဲ့ရလို.နေမှာပေါ့။

ဤ post ဖြင့်သူဌေးအား ဂါရ၀ပြုပါသည်။

နိုင်ငံခြားသွားအလွဲများ

ဒီနေ. ဘာ post တင်ရမလဲလို. စဉ်းစားလိုက်တော့ မိတ်ဆွေတစ်ယောက်က နိုင်ငံခြားရောက် အတွေ.အကြုံ တွေတင်ပေးပါတဲ့။ စာဖတ်သူတို. အားလုံးလဲ နိုင်ငံခြားရောက်နေတဲ့ သူတွေက များမှာပါ။ ကျမကတော့ နိုင်ငံခြားအသွား အလွဲများကို တင်ချင်ပါတယ်။ အခု ပြန်စဉ်းစားကြည့် တော့ ကျမတော်တော် အခဲ့တာပါ။ ကျမဒီကိုထွက်လာတော့ အသက်၁၇ နှစ်ပါ။ ကျမက အညာမြို.လေး တစ်မြို.မှာ မွေးခဲ့တဲ့ အညာသူစစ်စစ်ပါ။ ဘယ် Hotel ကိုမှလဲ မသွားဖူးဘူး၊ ဘယ်အရာမဆို မိဘကို အားကိုး နေခဲ့တာပါ။ ခပ်တုံးတုံးခပ်အအ ကောင်မလေး
တစ်ယောက်ပေါ့။ ရန်ကုန်မှာတုန်းကလဲ အပြင်ကို တစ်ယောက်ထဲ သိပ်သွားခဲ့တဲ့ သူမဟုတ်တော့ လေယာဉ် စီးရတာကိုက ကျမအတွက် အရမ်းထူးဆန်း နေခဲ့ပါတယ်။ ကျမအဒေါ်လုပ်သူက မှာလိုက်ပါတယ် မိတ်ဆွေဖွဲ.ထားတဲ့ မသိတာရှိရင် သူများလုပ်တာကို သေချာကြည့်ပြီး မှတ်ထားတဲ.။ နောက်ပြီး ကျမအဒေါ်က စာရွက်နဲ. ဘယ်သွား ဘာလုပ် ဆိုတာကို သေချာရေးပေးထား ပါတယ်။ ကျမက အဒေါ်ရှိတဲ့ နိုင်ငံကိုသွားရမှာပါ။ လူက ခပ်အအဆိုတော့ အဒေါ်ရေးပေးထားတဲ့ စာရွက်လေးကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး ရန်ကုန်လေဆိပ်ကနေ ရှိုးစမိုး အပြည့်နဲ. ခပ်တည်တည် ထွက်ခဲ့ပါတယ်။ လိုက်ပို.တဲ့ လူတွေကိုတောင် ရုပ်ရှင်ထဲကလို လေယာဉ် လှေကားထစ်တွေပေါ်က နောက်ပြန်လှည့်ပြီး တာ့တာ ပြခဲ့ပါသေးတယ်။ ကျမရဲ. မကောင်းချက်က တော့ ကျမက ကားပဲစီးစီး၊ သင်္ဘောပဲစီးစီး မူးဝေ အော့အန် တတ်ခြင်းပါ။ ကိုယ့်အကြောင်းကို သိလေတော့ ရှောက်သီးဆေးပြားတွေ၊ ရှူဆေး၊ ပရုပ်ဆီ စတာတွေကို အများကြီး ၀ယ်လာပါတယ်။ cargo ဘောင်းဘီရဲ. အိပ်ကပ်တိုင်းမှာ ရှောက်သီးဆေးပြားဗူးတွေက အပြည့်ပေါ့။ transit နှစ်ခါယူရတဲ့ ကျမရဲ. ပထမဆုံး ခရီးရှည်ကြီးအတွက် ကြိုတင်ပြင်ဆင် လာခဲ့ခြင်းပေါ့။ ရန်ကုန်ကနေ လေယာဉ်ကြီးစီး၊ လေယာဉ်ပေါ်က ကျွေးတာတွေစား၊ အိမ်လွမ်းလို.လဲ ငိုရသေး နဲ. ကျမအတွက် လေယာဉ်မူးချိန်တောင် မရလိုက်ပါဘူး။ ဒီလိုနဲ. စင်ကာပူရဲ. ချန်ဂီလေဆိပ် ဆိုတာကြီးကိုရောက်လာတာပါပေါ့လား။ အကြီးကြီး ဖြစ်နေတာပေါ့။ ကျမအတွက်တော့ မျက်စိသူငယ် နားသူငယ်နဲ. ကျီးကြည့် ကြောင်ကြည့်နဲ. နောက်ပြောင်းမဲ့ လေယာဉ်ကို စောင့်ရပါတယ်။ စင်ကာပူမှာ ညနေ ၅နာရီ လောက်ကနေ မနက် ၂း၄၀ လောက်ထိ နေခဲ့ရပါတယ်။ အကြာကြီးပေါ့။ ကြောက်တောက်တောက် ကြောင်တောင်တောင်နဲ. ဘယ်မှလဲမသွားရဲ၊ ဘာမှလဲ ၀ယ်မစားရဲ ဘူး။ boarding pass ကအချိန်လိုသေးတော့ တော်တော်နဲ. ဖြတ်လို. မရပါဘူး။ စောင့်ရ ပါသေးတယ်။ boarding pass ဖြတ်လို. ပြီးတာနဲ. ကိုယ်သွားရမဲ့ gate ရှေ.မှာပဲ ထိုင်စောင့် နေပါတော့တယ်။ အိပ်လို.လဲ မပျော်ပါဘူး။ boarding pass ဖြတ်ပြီးတော့မှပဲ အေးအေးဆေးဆေး နေရပါတော့တယ်။ အဲလိုနဲ. ကိုယ်တက်ရမဲ့ လေယာဉ် gate ဖွင့်တာကို ထိုင်စောင့် နေရပါသေးတယ်။ စောင့်နေရင်းက အဖြူအဖိုးကြီးနဲ. အဖွားကြီး နှစ်ယောက်က ကျမဘေးမှာ လာထိုင်ပါတယ်။ ထိုင်နေရင်းက သူတို.က Do u speak English? တဲ့ အဲတော့ english လိုတစ်ခါမှ နိုင်ငံခြားသားနဲ. စကားမပြောဘူးတဲ့ ကျမလဲ ၀မ်းသာအားရနဲ. ခေါင်းကို အချက် ၂၀ လောက်ညှိမ့် ပြလိုက်ပါတယ်။
သူတို.ကလဲ စကားပြောဖို. လူရှာနေတော့ ၊ကျမခေါင်းညှိမ့်လိုက်တာနဲ. စကားတွေ စွတ်ပြော ပါတော့တယ်။ အဲတော့မှ ကျမလဲ ပြဿနာတက် ပါတော့တယ်။ တစ်လုံးမှ နားမလည်ပါဘူး။ ဘာတွေပြောနေမှန်းကို မသိပါဘူး။ သူတို.လဲ စိတ်ပျက်ပြီး ဆက်မပြောနေတော့ပါဘူး။ ကျမလဲ တော်တော်ရှက် သွားတာပေါ့။ ကိစ္စမရှိ၊ ဒါပထမဆုံး အတွေ.အကြုံ စိတ်မပျက်နဲ. ဆိုပြီး ကိုယ့်ဟာကို အားပေးပြီး ခပ်တည်တည် ဆက်ထိုင် နေပါတော့တယ်။ Gate ဖွင့်ပြီ။ ဖွင့်တော့ ကျမတို.ကို custom ကစစစ်ပါတော့တယ်။ ကျမလဲ x-ray စက်ထဲဝင်ရော အသံတွေက မြည်ပါတော့တယ်။ အဲတော့ custom ကမမ တစ်ယောက်က ကျမကိုခေါ်ပြီး (metal detector) တုတ်လိုဟာကြီးနဲ. စစ်ပါတယ်။ ပြီးတော့ ကျမအိပ်ကပ်ထဲက ရှိသမျှကို ထုပ်ခိုင်းပါတော့တယ်။ အဲတော့မှ ဟာ ရှောက်သီးဆေးပြားဗူးတွေ။ မမက ဒါကဘာတွေလဲ ဆိုပြီး ဟောက်ပါတော့တယ်။ ကျမမှာလဲ ကြောက်ကလဲကြောက် ရှောက်သီးဆေးပြားကို အင်္ဂလိပ်လို ဘယ်လိုခေါ်ရမှန်း မသိလေတော့ ဇောချွေးတွေကို ပြန်နေတာပေါ့။ ပြီးတော့မှ ရှောက်သီးဆေးပြားဗူးပေါ်က သံပရာသီးပုံလေးကိုလက်ညှိုးထိုးပြပြီး အဲဒါလို. ပြောလိုက်ပါတယ်။ အီးအဲ လုပ်နေတဲ့ ကျမကို သူသနားသွားလားတော့ မသိပါဘူး။ ရှောက်သီးဆေးပြားဗူး တွေကိုပြန်ပေးပြီး go တဲ့။ Go ဆိုတာနဲ. ကျမလဲ ကုပ်ကုပ် ကုပ်ကုပ် နဲ.ကိုယ့်အထုပ်လေးကို ဆွဲ ရှောက်သီးဆေးပြားဗူးလေးတွေ ပြန်ပြီး အိပ်ကပ်ထဲထည့်ပြီး ထွက်လာပါတော့တယ်။ လေယာဉ်ပေါ်ရောက် တော့မှ သက်ပြင်းရှည်ကြီး ချနိုင်ပါတော့တယ်။ လေယာဉ်ပေါ် ရောက်တော့ ၃ ယောက်ခုံတွေပါ။ ကျမဘေးမှာ ဘိုကြီးတစ်ယောက်ပါ။ ဘိုကြီးက window ခုံပေါ့။ ကျမရဲ. မူးဝေခြင်း ဇာတ်လမ်းက ဒီမှာစ ပါတော့တယ်။ ကျမလဲ အခုမှ ပြဿနာတွေ ပေးခဲ့တဲ့ ရှောက်သီးဆေးပြားကို စ စားပါတော့တယ်။ ဘိုကြီးက ကျမစားတာကို စိတ်ဝင်တစား သေချာ ကြည့်နေပါတယ်။ ဒါနဲ. ကျမလဲ ရှောက်သီးဆေးပြားဗူးကို
ထိုးပေးလိုက်တော့ ၀မ်းသာအားရနဲ. အများကြီးနှိုက်ပြီး ပါးစပ်ထဲကို တစ်ပြုံလုံး ပစ်ထဲ့လိုက်ပါတယ်။ ကျမလဲ ဒီဘိုကတော့ အချဉ် တော်တော်ကြိုက်တယ် ထင်တယ်ဆိုပြီး ထင်လိုက်ပါတယ်။ မကြာပါဘူး အဲဒီဘိုကြီး tissue ရှာပြီး ရှောက်သီးဆေးပြားတွေကို ထွေးထုတ် ပါတော့တယ်။ ပြီးတာနဲ. ကျမကို ကျောပေးပြီး အိပ်ပါတော့တယ်။ သူကတော့သူ. ကိုချောက်ချတယ် ထင်ချင်ထင်မှာပေါ့။ ကျမကတော့ စေတနာနဲ. ကျွေးတာပါ။ မုန်.တွေစကျွေးပါပြီ။ twister ဆိုတာမျိုးကို မှာမိပါတယ်။ twister ဆိုတာ နံပြားလိုအပြားထဲမှာ ကြက်သားကြော် တို.ဆလတ်ရွက်တို. mayonnaise တို.ကိုအထဲမှာ လိပ်ထည့်ထားတာပါ။ အဲဒီတုန်းကတော့ twister မှန်းမသိဘူးပေါ့။ လေယာဉ်မယ်လေးက မုန်.ဗန်းလာ ချပေးပါတယ်။ coffee အတွက် သကြားထုပ်လေးတွေ နို.မှုန်.ထုပ်လေးတွေ၊ ထောပတ်ဗူးသေးသေးလေးတွေ၊ jamဗူးလေးတွေနဲ.၊ နောက်ဖြူဖြူ အရည်လေး တစ်ဗူးပါပါတယ်။ ကျမနမ်းကြည့်ပါတယ်။ ဖြူဖြူ အရည်တွေက ဘာတွေလဲလို.။ ကျမလဲ ဒါကတော့ twister နဲ.တွဲစားရတဲ့ sauce ဖြစ်မှာပဲဆိုပြီး twister ပေါ်ကနေအားရပါးရ လောင်းချလိုက်ပါတယ်။ အပေါ်ကလောင်း လိုက်တော့ အောက်ကနေ
တောက်တောက် တောက်တောက်နဲ. ပြန်ထွက်ကျကုန်ပါတယ်။
ကျမလဲ အောက်မှာပဲ ပါးစပ်ဟခံရတော့မလိုလို၊ tissue နဲ.ပဲသုတ်ရတော့မလိုလိုနဲ. ဖြစ်နေပါတော့တယ်။ ပြီးတော့ဘေးက ဘိုကြီးဆီကို မျက်စိရောက်သွားပါတော့တယ်။ သြော် ခုတော့ကျမသိပြီ .... ဖြူဖြူ အရည်က နွားနို.တွေပါလား။ ကော်ဖီထဲ ကိုဟန်ပါပါနဲ. ကျမကိုမမြင်မြင်အောင် ထည့်ပြနေတဲ့ဘိုကြီးက ပြုံးစိစိ နဲ.။ ကွဲပြန်ပြီ အရှက်။ လက်စားချေတာပေါ့နော်။ သူ.ကို ချဉ်တယ်လို. သတိမပေးပဲ ရှောက်သီးဆေးပြားဗူးကို ဒီအတိုင်းထိုးကျွေးမိတဲ့ ဟာကို
လက်စားချေ လိုက်တာပေါ့လေ။ ရပါတယ် ရပါတယ်။ ဒါအတွေ.အကြုံပဲမှတ်ထား ပါ့မယ်။ဒီလိုနဲ. ၁၀နာရီလောက်စီး ပြီးတော့ နောက်ထပ် transit ကိုရောက်တော့ အနောက်တိုင်းဖက်ကို ရောက်လာတာနဲ. အားလျော်စွာ လူကြီးကြီးကြီးတွေ ဖြူဖြူကြီးတွေ မဲမဲကြီးတွေ ဖြူဖြူမလေးတွေ အစုံအစုံကို စတွေ.ရတာပေါ့။ ကျမကလဲ ခပ်ကြောက်ကြောက်ရယ်။ လူဖြူ ကလေးလေးတွေက ပိုက်ဆံထည့်ပြီး အအေးဗူးတွေ ကျလာတဲ့စက်ထဲက အအေးဗူးတွေ သောက်တော့ ကျမလဲ အရမ်းစမ်း ကြည့်ချင်စိတ် ဖြစ်မိပါတယ်။ ဒါပေမဲ့သူတို. နိုင်ငံရဲ. ပိုက်ဆံကို သွားမလဲရဲတာ တစ်ကြောင်း၊ စက်ကြီးကို မနှိပ်ရဲတာ တစ်ကြောင်းမို. မသောက်ဖြစ်လိုက်ပါဘူး။ ဒီ transit ကတော့ ၂နာရီပဲ လေဆိပ်ထဲမှာ ကြာတာမို. ကျမအတွက် အလွဲတွေ သိပ်မဖြစ်လိုက်ပါဘူး။ boarding pass ကလဲ စင်ကာပူထဲကဖြတ်ပေး လိုက်လေတော့ ကျမ အေးအေးဆေးဆေး ဟိုတွေးဒီတွေးပေါ့။ လေယာဉ်ကြီး ထွက်ပါပြီ။ ၁နာရီလောက်သာ ပျံသန်းချိန်ကြာ လိုက်တာပါ။ ကျမအဒေါ်ရှိတဲ့မြို. လေးကိုရောက်တော့မှ သက်ပြင်းတွေ အခါခါ ချနိုင်ပါတော့တယ်။ ဒါတောင် arrival form ဖြည့်တာကို ဘေးကလူဆီက ခိုးချရေးတာပါ။ လေဆိပ်မှာ လာကြိုနေတဲ့ အဒေါ့်မျက်နှာ ဟာဆိုရင်ဖြင့် လပြည့်ညရဲ. လ၀န်းကြီးလို ကျမအတွက် ထိန်ထိန်သာ နေခဲ့ပါတော့တယ်။ ကျမဘ၀ရဲ. ပထမဦးဆုံးသော ခြေလှမ်းတစ်လှမ်းကို စတင်လိုက်ခြင်းပါ။ အခုတော့ဖြင့် ကျမဟာ လေယာဉ်စီးရမဲ့အတွေ. အကြုံကိုလဲ မကြောက်တော့ပါဘူး။ လူကြီးကြီးတွေ၊ ကပလီတွေကိုလဲ မလန်.တော့ပါဘူး။ လူဖြူတွေကိုလဲ ရှောက်သီးဆေးပြား မကျွေးတော့ပါဘူး။ အအေးစက်တွေကိုလဲ ရဲရဲဝံ၀ံ ကိုင်ရဲ သုံးရဲနေပါပြီ။ အရင်ကလောက် မတုံးတော့ပါဘူးလေ။ အင်္ဂလိပ်လိုလဲ အတန်အသင့် ပြောနိုင်နေပါပြီ၊ အရင်ကလို အင်္ဂလိပ်လို လာပြောတဲ့သူတွေကို ပြူးတူပြဲတဲကြည့်ပြီး ခွေးအကြီးလှည်းနင်းသလိုတော့ မဟုတ်တော့လောက်ပါဘူး။ ကျမရဲ. အလွဲများကို internet မှာတင်ရတာ ရှက်သလိုလိုရှိပေမဲ့ ကျမလိုပဲ လွဲခဲ့ကြတဲ့သူများရှိရင် သူတို.တစ်ယောက်ထဲလွဲခဲ့တာမ ဟုတ်ကြောင်း ပြောပြချင်လို.ပါ ဆိုတဲ့အကြောင်း..............

Saturday, October 13, 2007

ကျမနေထိုင်ရာ







အထက်ပါပုံလေးတွေကတော့ကျမနေတဲ့နိုင်ငံလေးက ရှုမျှော်ခင်းပုံအချို.ပါ။ အမြဲပဲလွမ်းဆွေးနေတတ်တဲ့ ကျမအတွက်တော့ အခုလိုရှုခင်းမျိုးကိုတွေ.ရတော့ ပိုလွမ်းပါတော့တယ်။ ရာသီဥတုအေးအေးရယ် တိုက်လေအေးအေးလေးရယ် ကြောင့်
မြင်သူတိုင်းလွမ်းမိကြမှာပါပဲ။ခံစားကြည့်ပါဦး။

Thursday, October 11, 2007

ကျမချစ်သော အဖေ

အဖေဟာကျမမွေးကျမမွေးတော့ ၁ရက်သာအနားမှာနေခွင့်ရပြီး ခရီးရှည်ကြီးကိုတာဝန်နဲ.ထွက်သွား ခဲ့ပါတယ်။ ကျမ၆လသမီးအရွယ်ရောက်မှ ပြန်လာခဲ့ပါတယ်။
မေမေ ကအမြဲပြောပါတယ် ဖေဖေ ကသူ.သမီးကိုတွေ.တော့ သူ.ကိုယ် ဖေဖေ လို.ပြောရမှာကို နည်းနည်းရှက်နေတယ်တဲ့။ ကျမ ဖေဖေ နဲ.မေမေ ဟာအစိုးရ၀န်ထမ်းတွေဖြစ်တဲ့ အလျောက် အမြဲပြောင်းရွေ.ခရီးထွက် နေရပါတယ်။ ဒါပေမဲ့ အဖေဟာ အချိန်ရတိုင်းမိသားစုဆီကိုသာအပြေးအလွှားပြန်လာလေ့ရှိပါတယ်။ သတင်းကျွတ်ရင်ကျမ အတွက်မီးပုံးလေး တွေတွန်းဖို. ပြေးဝယ်ပေးတတ်ပါတယ်။ ကျမလိုချင်သမျှ မီးရှူးမီးပန်း အားလုံးကို ၀ယ်ပေးတတ်ပါသေးသည်။ အမေက ဈေးကြီးပြီး မီးရှို.ကုန်သွားသော မီးရှူးမီးပန်း များကို အများကြီးဝယ်မပေးစေလို။ သို.သော် အဖေ သည်ကျမ ပူစာသမျှကိုအမေမသိအောင် ၀ယ်ပေးတတ်သေးသည်။ ထိုသို. အလိုလိုက်သော အဖေ သည် သင်္ကြန်ဆိုလျှင်တော့ လုံးဝအပြင်ပေးမထွက်တတ်ပေ။ အိမ်ထဲမှာပဲ မုန်.လုံးရေပေါ်လုံးခိုင်းတတ်သည်။ အဖေ သည် hiphop သီချင်းများကိုမကြိုက်ပါ။ hiphop သီချင်းကိုသူရှိတုံးဖွင့်ထားမိလျှင် တရားခွေကိုမပြော မဆိုသွားလဲ၍ဖွင့်တတ်သည်။ ကျမနှင့် အဖေသည်မတည့်အတူနေဆိုသလိုမတည့်ပါ။ တကျက်ကျက်ရန်ဖြစ်တတ်သည်။ ကျမသည် လက်တွင်လက်ပတ်မျိုးစုံဝတ်စုံဝတ်တတ်သည်။ ဤသည်ကိုလည်းကြည့်မရတတ်ပါ။ တစ်ခါတစ်လေ အဖေစိတ်ဆိုးလျှင် ထိုလက်ကောက်များလက်ကောက်များကိုလွှင့်ပစ်တတ်သေးသည်။ ကျမလဲစိတ်ကောက်ပြီး အဖေ့ကို စကားမပြောတော့ပေ။ သို.သော် နာရီဝက်ပင်မခံပါ အဖေက "သမီးလေးအဖေ့ကိုစိတ်ကောက်တုန်းလား။သမီးကလဲ အဖေကချစ်လို.ဆူတာပဲ" လို.နှစ်ချက် လောက်ချော့လိုက် လျှင် ကျမနှင့် အဖေသည် ဘယ်တုန်းကမှရန်မဖြစ်ဖူး "စိတ်မကောက်ဖူးသလိုပင်။ အမေကတော့ ဒီသားအဖတွေဟာလေ...တတ်လဲတတ်နိုင်ကြတယ်" ဆိုပြီး ပြုံးစိစိကြည့်တတ်သည်။ ထိုသို.စိတ်ကောက်ပြီး လျှင်မုန်.တစ်ခုခုတော့ထွက်စားတတ်ကြစမြဲ ပင်။ များသောအားဖြင့် ကျမအလွန်ကြိုက်သောကြေးအိုးကိုလိုက်ကြွေးတတ်သည်။
သနပ်ခါးလူးရမှာတစ်အားပျင်းသောကျမကို သူကိုယ်တိုင်သွေးပေးတတ်သည်။သွေးပေးရင်းက ပြောတတ်သေးသည် "သမီးရယ် သနပ်ခါးမလူးတော့ငါ့သမီးအသားတွေကမဲတူးနေတာပဲ။သနပ်ခါးလာလူးစမ်းပါ။" ဆိုပြီးတစ်ခါတစ်လေသူကိုယ်တိုင်ပဲကြီးအိုးထဲကျသောသနပ်ခါးလူးသော စတိုင်ဖြင့်လာလူးပေး တတ်သေးသည်။ အဖေ ထိုသို.လူးပေးသောသနပ်ခါးများဖြင့် ဆွေမျိုးများအိမ် သို.သွားလည်ကြသည်။ အဖိုးအဖွားများ ကျမအဒေါ် ဦးလေး များက ကျမမျက်နှာကိုမြင်လျှင် "ဘယ် လိုဖြစ်လာတာလဲ မင့်အဖေ လက်ချက်မှတ်လား" ဟုတန်းမေးတတ်သည်။ ထိုအခါရှက်ပြုံးပြုံးနေသောအဖေ့မျက်နှာကို ရီမောပြီးကျမကြည့်နေခဲ့ဘူးသည်။ ကျမတို.သားအဖသည် အမေနှင့်ကျမနီးစပ်တာထက်ပို၍နီးစပ်ခဲ့မည်ထင်ပါသည်။ ကျမငယ်ငယ် လေးတုန်းက မြို.ထဲမှာ မိသားစုလျောက်လည်ကြရင်း ဗိုက်နာခဲ့ဖူးသည်။ ထိုအခါအဖေသည် ကျမလက်ကိုဆွဲကာ အိမ်သာရှာပုံတော်ဖွင့်ခဲ့ရဘူးသည်။ ထိုအကြောင်းကို အမှတ်တရနှင့် ကျမအဖေ အမြဲပြန်ပြောင်းပြောလေ့ရှိသည်။
ကျမဘော်ဒါဆောင်တွင်နေတော့ အဖေလာလည်သောအခါတွင် မုန်.သေတ္တာဗုံးများ အချိုရေဗူးများအပြည့်ပါသော မြွေရေခွံအိပ်ကြီးကိုထမ်းကာကျမနေသောအဆောင်သို.လာခဲ့ဖူးသည်။ မိုးချုပ်ပြီဖြစ်သောကြောင့်မြင်းလှည်းငှားမရပါ။ မနက်မိုးလင်းမှလာရင်ဖြစ်ပါလျက်နဲ. သမီးလေးဒီညပဲစားရအောင်လာပို.ပေးရှာပါတယ်။ အဆောင်နှင့်တည်းခိုခန်းမှာအတော်အတန်ဝေးပါသည်။ ထိုသို.အလေးကြီးကိုထမ်းပြီးအဝေကြီးကိုလျောက်ခဲ့သောအဖေမှာ ထိုအချိန်မှစ၍ခါးနာတတ်လာပါ သည်။ အဖေထိုသို.ထမ်းလာသည်ကိုအမေပြောပြမှသိခဲ့ရသည်။အဖေကကျမကိုမပြောပြခဲ့။
ကျမ ၁၀တန်းဖြေတော့အဖေသည် ဘုရားမှာသာသနာ့အလံပေါင်းများစွာသွားလွင့်နေပေးခဲ့သည်။ နေ.စဉ်အဆောင်သို.လာကာ ကျမစားချင်တာများကိုဝယ်ကြွေးခဲ့သည်။
ကျမ၁၀တန်းဖြေပြီးသောအချိန်တွင် ကျမတက်သောသင်တန်းပေါင်း သောင်းခြောက်ထောင်ကို မညီးမညူလိုက်ပို.၍ထိုင်စောင့်ခဲ့သည်။ ထိုအချိန်ကတော့ကျမ မပျော်ခဲ့ပါ။ သူငယ်ချင်းများနှင့်အတူ ဘစ်ကားတိုးစီးချင်သည်။ လျောက်လည်ချင်သည်။နောက်ကတစ်ကောက်ကောက်လိုက်စောင့်နေသော အဖေ့ကို စိတ်တိုမိသည်။ ယခုတော့ ကျမတစ်ယောက်ထဲသွားလာရတိုင်း အဖေ့ကိုသတိရမိသည်။ လွမ်းမျက်ရည်များကျခဲ့သည်။ ကျမ နိုင်ငံခြားသို.ထွက်လာခါနီးညက အဖေ ကျမအိပ်ပျော်နေသည်ကိုကြည့်၍ ကျိတ်မျက်ရည်ကျသံကိုကျမကြားသည်။ သို.သော်ဆက်၍သာအိပ်ချင်ယောင်ဆောင်ခဲ့သည်။ ကျမကိုယ်တိုင်ငိုမည့်မှာကိုစိုးရိမ်မိသောကြောင့်ပါ။ ကျမကိုချစ်သော အဖေသည် ကျမဆံပင်ရှည်ထားခြင်းကိုမလိုလားပါ။ ကျမမြန်မာပြည်တွင်ရှိခဲ့စဉ်က အမြဲဆံပင်တိုသာ ညှပ်ရလေ့ရှိပါသည်။ ဆံပင်အရှည် အလွန်ထားချင်သောကျမက ဆံပင်ညှပ်ဆိုင်သွားတိုင်းငိုခဲ့ပါသည်။ တစ်ခါတွင်မတော့ ကျမညှပ်လာသောဆံပင်ကို အဖေကသူ ညှပ်ခိုင်းသလောက်မတိုဟုဆိုကာ ဆူပါတော့သည်။ ကျမက စိတ်လက်တစ်ဆစ် ဆိုတော့ အိမ်ရောက်သည်နှင့် ဆံပင်တွေကိုကြွက်ကိုက်သလိုညှပ်ပြစ်ပါတော့သည်။ ကျမစိတ်ကောက်သွားပြီဆိုတာကိုသိသော အဖေ က ထုံးစံအတိုင်း သမီးလေး နှင့်ချော့ရပါတော့သည်။ ဆံပင်ညှပ်ဆိုင် ကိုသူကိုယ်တိုင်ပြန်လိုက်ပို.ပြီး ကျမလက်သ ရမ်းလိုက်တဲ့ကြွက်ကိုက်ကေ ကိုအဖတ်ဆည်ဖို.ကြိုးစားပါတော့သည်။ ဆံပင်ညှပ်ပေးသော အမကြီးက ကျမတို.သားအဖအကြောင်းကို သိပါသည်။ သို.သော် ကြွက်ကိုက်ကေ ကိုမြင်တော့ ရုံ.မဲ့ပြီး "ငါကဘယ်လိုလုပ်ရတော့မတုန်းဒီပုံကို။ ခေါင်းတုံးသာရိတ်လိုက်တော့။" လို.ပြောပါတော့သည်။ ကျမလဲကြွက်ကိုက်ကေမှာပြင်မရသည့်အဆုံး ကြွက်ကိုက်အတိုင်းသာနေလိုက်ရပါသည်။ သူငယ်ချင်းတွေကိုတော့ နောက်ဆုံးပေါ် ကိုရီးယား stepကေ ဖြစ်ကြောင်း အရှက်ပြေ ရွှီးရပါသည်။ ရိုးလှသောကျမ သူငယ်ချင်းမလေးက ဒီ ကိုရီးယားကေ ကသိပ်မလှဘူးနော် တဲ့။ ကျမ အဖေ့ကိုအရမ်းသတိရပါသည်။ မျက်ရည်ကျမိသည် အထိ သတိရပါသည်။ မြန်မာပြည်ပြန်.တွေ.ဖို. ပိုက်ဆံစုနေပါသေးသည်။ ထိုကဲ့သို.လွမ်းမိသည်ကို ဖုန်းထဲမှလဲမပြောဖြစ်ပါ။ ခုတော့ကျမ အဖေ့ကို အရမ်းသတိရ အရမ်းချစ်တဲ့အကြောင်းကို တင်လိုက်ပါသည်။ အမှတ်တမဲ့လေးပဲဖြစ်ဖြစ်အဖေ ဒီ post လေးကိုတွေ.ဖြစ်ခဲမယ်ဆိုရင် ကမ္ဘာကြီးတစ်နေရာ က အဖေချစ်တဲ့ အဖေ့ကိုချစ်တဲ့သမီးလေး တစ်ယောက်က အဖေ့အရိပ်ကို တမ်းတနေတဲ့အကြောင်း သိနိုင်ပါစေ။

Wednesday, October 10, 2007

နှင်းကျသောနေ.တစ်နေ.



နှင်းတွေကျတဲ့ နေ.တစ်နေ.ပါ။ တစ်ခါမှနှင်းကျတာကိုမမြင်ဖူးတဲ့ကျမအတွက်တော့ အထူးအဆန်းပါပဲ။ မနက်မိုးလင်း ကတည်းကမိုးတွေအုံ.နေတာပါ။ ကျမ အဲဒီတုန်းက အလုပ်လုပ်နေတုန်းပါ။ ဆိုင်မှာထိုင်နေရင်းနဲ. နှင်းတွေကျနေတယ်လို. technician အစ်ကိုကြီးတစ်ယောက် ကလာပြောတယ်။ ဆိုင်မှာက နှင်းတစ်ခါမှမမြင်ဘူးတဲ့ လူတွေများတယ်။ ငွေကိုင် ကောင်မလေးက လဲနှင်းမမြင်ဖူးဘူး။ သူက ဖိလစ်ပိုင်ကလာတာပါ။ technician ကလဲ ကုလားပြည်ကလာတာဆိုတော့နှင်းမမြင်ဖူးပါဘူး။ အားလုံးက အလုပ်မလုပ်ကြတော့ပဲနှင်းတွေကိုသာထွက်ကြည့်ပြီးဆော့နေကြတော့တာပါပဲ။ သူဌေးကလဲ လွှတ်ပေးထားလိုက်ပါတယ်။ သူကိုယ်တိုင်ကလဲ တရုပ်ပြည်ကလာခဲ့တာပါ။ သူကနှင်းကိုတစ်ခါမြင်ဖူးပါသတဲ့။ ညနေ ပြန်ခါနီးမှာ ၀န်ထမ်းတွေအားလုံးနှင်းနဲ.ပေါက်တမ်းဆော့ကြပါတယ်။ အရမ်းပျော်ဖို.ကောင်းတဲ.ညနေခင်းလေးပါ။ ညနေရောက်တော့ နှင်းတွေက ၅လက်မ လောက်ရှိနေပါပြီ။ အရင်ကတော့ ဘယ်လောက်အေးအေး နှင်းတစ်ခါမှမကျဖူးပါဘူး။ ကျမပြန်ရောက်တော့ အိမ်ပေါ်အတက်မှာခြေချော်လဲပါတော့တယ်။ နှင်းတွေကချော နေတာကြောင့်ပါ။ ကျမရဲ.ခြစ်ကုပ်ပြီးဝယ်ထားတဲ. phone လေးကျသွားတာမသိလိုက်ပါဘူး။ အိမ်ထဲရောက်မှ လိုက်ရှာတော့ ဘယ်မှာမှရှာလို.မတွေ.ပါဘူး။ နောက်မှနှင်းတွေကြားထဲမှာသွားပြန်ရှာတော့မှ နှင်းဖုံးနေတဲ့ phoneလေးကိုပြန်ရလိုက်ပါတယ်။ ၀မ်းသာလိုက်ပုံများပြောမပြတတ်အောင်ပါပဲ။ နှင်းတွေကနှစ်ရက်ဆက်တိုက်ကျနေတာပါ။ နှင်းတွေကျနေတဲ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေရိုက်ပေးတဲ့ အန်ကယ်နေ ကိုကျေးဇူးတင်ပါကြောင်း........

Tuesday, October 9, 2007

အစားအသောက်






















မနေ.ကထည်းက ကျမချက်သောဟင်းများအကြောင်းကိုတင်ပေးချင်တာပါ။ connection ကမကောင်းတော့ ဘယ်လိုမှ ပုံတွေကို upload လုပ်လို.မရတာနဲ.လက်လျော့လိုက်တာ။ ဒီနေ.တော့ connection ကနဲနဲလေးပိုကောင်းလာတုန်း မြန်မြန်လေးတင်လိုက်တာပါ။ ပထမ ဟင်းကတော့ ချိုချဉ်ကြော်ပါ။ ၀က်သားနဲ.ချက်ပါတယ်။ ဒုတိယ ပုံကတော့ ရှားရှားပါးပါးလေး ပုဇွန်ပါ။ ကျမ ပထမဆုံးရတဲ့ လခလေးနဲ.စားချင်လွန်းလို. မျက်စိမှိတ်ဝယ်လိုက်တာပါ။ ဈေးတွေခေါင်ခိုက်နေတာ မို.လို.ခုတော့ မစားနိုင်တော့ပါဘူး။
ကျမစားချင်လွန်းပေမဲ့မစားရတဲ့ မြန်မာမုန်.တွေကိုပါတင်ပေးထားပါတယ်။အပေါ်ဆုံးမှာတင်ထားတာပါ။ အောက်ဆုံးက နှစ်ပုံကတော့ကိုယ်တိုင်ချက်တာပါ။အထက်ကပုံတွေကတော့ အရင်က Blog သူငယ်ချင်းများဆီက ကူးယူပြီးဗိုက်ဆာတိုင်းထိုင်ကြည့်ဖြစ်တဲ့ မြန်မာစာတွေပါ။ Multiply မှသူငယ်ချင်းများအားယခုကဲ့သို.မျှဝေပေးလို.ကျေးဇူးအထူးတင်မိပါကြောင်း.........

Monday, October 8, 2007

ဟိုတွေးဒီတွေး

အားရင်အစားအသောက်တွေအကြောင်းပဲ တစ်ချိန်လုံးစဉ်းစားနေတတ်တဲ့ကျမဟာ ဟင်းချက်ရတာကိုငယ်ငယ်ထဲက ၀ါသနာ အလွန်ပါခဲ့ပါတယ်။ ငယ်ငယ် က တော့ အိုးပုတ်ခွက် ဒယ်အိုးလေးထဲမှာ
မီးဖိုချောင်က အတင်းသွားတောင်းလို.ရလာတဲ့ ကန်စွန်းရွက် ကလေးတစ်ရွက်နှစ်ရွက်ရယ် အိမ်မှာပေါက်နေတဲ့ ဆူးပုတ်ပင်အိုကြီး ကနေ ခူးထားတဲ့ဆူးပုတ်ရွက်ကြမ်းကြမ်းတွေရယ်ကို မီးဖိုချောင် ကနေသွားခိုးလာတဲ့ ဆီနည်းနည်းလေးထဲ မှာကြော်စားခဲ့ကြတာပေါ့။ အိုးပုတ်မှာအလှသုပ်ထားတဲ့ဆေးနီနီတွေက ကျမရဲ. ဟင်းရွက်ကြော်ထဲမှာနီနီရဲရဲ နဲ.။ ဒါကိုလဲမက်မက်မောမော စားပစ်ခဲ့ပါတယ်။ အဲဒီတုန်းကပျော်ရွှင်မှုဆိုတာ တကယ့်ကို ပူပင်သောကမရှိခဲ့တာသေချာပါတယ်။
အခုတော့ငယ်ငယ်တုန်းကထက် အများကြီးသာအောင်ချက်တတ်နေသလိုပဲ အပူအပင်တွေကလဲငယ်ငယ်ကထက်ပိုများလာတာသေချာပါတယ်။
တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်မှု၊ စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားရ မှု၊ ပညာရေးအတွက် ပူပင်စိတ်.............ငယ်ငယ်ကဒါမျိုးတွေ မပူပင်မိဘူးထင်ပါတယ်။
ဆရာတော်ဘုရားတွေအတွက် ၀မ်းနည်းမိ ရင်နာမိပါတယ်။ ပြည်တွင်းပြည်ပ က အာဇာနည်တွေ အတွက်လဲ ဂုဏ်ယူမိပါတယ်။ ငရဲမကြောက် ၀ဋ်မကြောက်သူတွေ ကိုတော့ ရွံ.ရှာ မိပါတယ်။
သြော်.....စကားတွေက တောင်ရောက်မြောက်ရောက်ပါပဲ။ စဉ်းစားမိတာတွေကို ချရေးထားတော့လဲ အစီအစဉ် ကမကျနိုင်ဘူးပေါ့။နောက်တော့မှ ပဲထပ်တင်တော့မယ်။ ဒီနေ. တင်ထားတဲ့ post တွေက အရင် ကဖျက်လိုက်တဲ့ site တစ်ခုမှာ အရင် ကတင်ဖူးတဲ့ post လေးတွေပါ။

ကျမဧ။်မကောင်းချက် ၁ဒါဇင်

blogတွေမှာ 10 weird things about me ဆိုပြီးရေးကြတယ်။ ဒါနဲ.idea လေးယူပြီး 1dozen bad things about me ဆိုပြီးလုပ်လိုက်တာပါ။

၁။အတွေးချော်တတ်ပါတယ်။တစ်ခါတုန်းက အတွေးတစ်ခုရပါတယ်။သွားခေါတဲ့သူနဲ.သွားမခေါတဲ့သူမှာ ဘယ်သူ ကသွားပိုကျိုးနိုင်လဲပေါ့။ သွားဆရာဝန်ကိုသွားမေးဘူးပါတယ်။ ဆရာဝန်က မဆိုင်ဘူးလို.ဖြေတော့ နှာခေါင်းဆိုရင်တော့ နှာခေါင်းရှည်တဲ့လူကပိုကျိုးနိုင်မယ်ထင်ပြီး နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်ဆီ သွားမေးပြန်ပါတယ်။ ဆရာဝန်တွေ စိတ်ရှုပ်ပြီး ရိုက်မထုပ်လိုက်တာ ကံကောင်းတယ်။

၂။ရေကြောက်ပါတယ်။ ablutophobia ရှိတဲ့လူလိုပါပဲ။ ရေချိုးရမှာ တော်တော်ကြောက်ပါတယ်။အမေ ကရေချိုးခန်းထဲအတင်းတွန်းထည့်မှချိုးဖြစ်ပါတယ်။ ဟီးဟီး
မယ်ညစ်ပတ်လေ။

၃။အမြင့်ကြိုက်ပါတယ်။ သစ်ပင်တက်တာ၊ တိုက်အမြင့်ကြီးတွေပေါ်တက်တာ ကြိုက်ပါတယ်။ လူကြီးတွေက မိန်းကလေးလုပ်နေပြီးတော့ ပေါက်ကျော်မလုပ်တတ်တဲ့ ရည်မွန်.ကိုခဏခဏဆူ
ပါတယ်။ အဆူခံရပေမဲ့လဲမမှတ်ပါဘူး။

၎။မုန်.အမြဲစားပါတယ်။ ၂နာရီခြားတစ်ခါစားနေတော့ နဲနဲတော့လွန်ပါတယ်။ အမေတို.ကတော့ စပရိန်ဗိုက် လို.ခေါ်ပါတယ်။

၅။သရဲကားကြည့်ပြီးအိပ်လိုက်တိုင်း သရဲအိမ်မက် မက်ပါတယ်။ သရဲအလွန်ကြောက်တတ်ပါတယ်။ သရဲကားထဲကသရဲကိုတောင်မကြည့်ရဲဘူး။ သရဲအခန်းလာတိုင်းမျက်စိမှိတ်ထားပြီးဘေးကလူကို
ဘာဖြစ်နေပြီလဲ၊ဘာဖြစ်နေပြီလဲ မေးလွန်းလို.ရည်မွန်နဲ. ဘယ်သူမှရုပ်ရှင်တူတူမကြည့်ချင်ပါဘူး။

၆။မုန်.ခဏခဏ ဖုတ်တတ်ပါတယ်။ ဖုတ်လိုက်တိုင်းလဲပျက်ပါတယ်။ မလွှင့်ပစ်ရတာတစ်ခါမှမရှိသေးဘူး။

၇။အရမ်းမေ့တတ်ပါတယ်။ အခုထမင်းစားပြီးလို. လူတစ်ယောက်ကထမင်းစားပြီးပြီလားမေးရင် "မသိဘူး"လို.ဖြေပါတယ်။ အမေ့ဆီလှည့်ပြီးတော့ "အမေ၊ သမီးတို.ထမင်းစားပြီးပြလား"လို.မေးပြီး
အမေက"စားပြီးပြီလေ"လို.ဖြေတော့မှ "စားပြီးပြီတဲ့" လို.ဖြေတတ်ပါတယ်။မေးတဲ့လူက အူကြောင်ကြောင်နဲ. ဆိုပြီး ကြည့်တဲ့အကြည့်ကို အမြဲအကြည့်ခံရပါတယ်။

၈။အရမ်းအားနာတတ်ပါတယ်။ သူငယ်ချင်းတွေက ထမင်းဘူးလာတောင်းစားရင် အကုန်လုံးပေးပစ်တတ်ပါတယ်။ သူတို.က နင်ရောမစားဘူးလားဆိုရင်ငါမဆာဘူးလို. ပြောတတ်ပါတယ်။ နေ.လည်စာငတ်တဲ့နေ.တွေအများကြီးပါ။ အမေသိရင် အဆူခံရရော။ အမေက တော့စောကြီးထပြီးလုပ်ထားရတာ ဟင် မင်းကဝေသန္တရာ လုပ်တယ်ဆိုပြီးတော့။

၉။စိတ်တိုရင်လက်ပါတတ်တယ်။ မနိုင်နိုင်တဲ့လူဆိုရင် ကိုယ့်ဟာကိုယ်ပဲဆွဲဆိတ်တယ်။ စိတ်ခဏခဏတိုပေမဲ့ ရန်ဖြစ်ရမှာတော့ကြောက်တယ်။ အရမ်းစိတ်တိုလာရင်တော့ တမျိုးပေါ့။

၁၀။ကြည့်မရတဲ့လူဆိုရင် မကြည့်ပါဘူး။ ဟန်လုပ်ပြီးတောင် မပြုံးပြပါဘူး။ဝေးဝေးရှောင်ပါတယ်။

၁၁။ပြူးသလောက်ကန်းတယ်ဆိုတာရည်မွန်.ကိုပြောတာပါ။ ပြူးပေမဲ့ မမြင်ပါဘူး။ ဘယ်လောက်တောင်လဲဆို တစ်ခါတုန်းက မီးပွိုင့်မှာချထားတဲ့ stop sign ကိုဝင်တိုက်ပါတယ်။ ဒေါင်ဆိုမှ ဟာငါတော့ချ လိုက်ပြီဆိုပြီး သတိရပါတယ်။ တစ်ခါလဲ မီးပွိုင့်မှာ ရပ်ထားတဲ့ကားကိုဝင်တိုက်ပါတယ်။ ကား ကား ချင်းတော့ မဟုတ်ဘူး။ ဒီကသတ္တိ ပိုရှိတယ်။လူနဲ.၀င်တိုက်တာ။ အဲဒီနေ.ကရည်မွန်.မှာ ပစ္စည်းတွေအများကြီးပဲ။ ချိုင့်တွေ၊တောင်းတွေ၊အိတ်တွေ၊စာအုပ်တွေ နဲ.ပါ။ ကားဆရာက ရပ်ထားတဲ့ကားတောင်ဝင်တိုက်တဲ့ရည်မွန်.ကို တော်တော်ချဉ်သွားပုံရပါတယ်။ သူ.ကားပွန်းသွားရင်အလျော်ပေးရမယ်တဲ့။ မပွန်းပါဘူး။လျော်လဲမပေးခဲ့ရဘူး။ ဒါပေမဲ့ ဒူးနာသွားလို.ဆရာခိုတော့လိမ်းလိုက်ရတယ်။အဲဒီအချိန် ကစပြီး အကြောင်းသိတွေက လမ်းသွားရင် အမြဲသတိပေးပါတယ်။ ရှေ.မှာ အပေါက်ကြီး တို.ခေါင်းငုံ. တို.ပေါ့။

၁၂။နံရံမှာလျောက်ကပ်တတ်ခြင်း။ နံရံမှာရှိသမျှစာရွက်တွေအကုန်လိုက်ကပ်တတ်ပါတယ်။ ပေပွနေအောင်ကပ်ပါတယ်။ အမေက တော့သည်းမခံနိုင်တော့လို.နဲ.တူတယ် နံရံတစ်ခုအပိုင်စားပေးထားလိုက်တယ်။တခြားနေရာတွေမှာလာမကပ်နဲတဲ့။ ပေးထားတဲ့နေရာမှာပဲကပ်တဲ့။နံရံတခုလုံးပြည့်အောင်ကပ်ထားပါတယ်။အတည့်ရော၊အစောင်းရော၊ဘေးတိုက် ဇောက်ထိုးစုံနေတာပဲ။ ပွစိညစ်ပတ်နေပေမဲ့လဲကြိုက်တယ်။

မြန်မာပြည်အပြင်ဘက်မှကျမဘဝ

စာမေးပွဲဖြေပြီးသွားတော့လဲ ပေါ့ပါးသွားတာပေါ့ ။ ပြီးသွားတော့လဲ ကျောင်းတက်စရာမလိုဘူးပေါ့။ ကျွန်မက ဒီနှစ်နောက်ဆုံးဆိုတော့ ကျောင်းကိုတော့ နဲနဲလွမ်းတာပေါ့။ အခုတက်တဲ့ကျောင်းက တောကျောင်းလေးဆိုတော့ ဆရာ၊ဆရာမ တွေနဲ.ရော၊ ကျောင်းသား/သူ အချင်းချင်း ပါ မိသားစုတွေလိုဖြစ်နေကြတာ။ ဒီနေ.တင်မဲ့ post ကတော့ ဒီမြို.အကြောင်းလေး ကိုပြောပြမလားလို.ကျွန်မစိတ်ကူးမိတယ်။

ဒီမြို.လေးကို ၂၀၀၄ခုနှစ် နှစ်ကုန်ပိုင်းလောက်ကရောက်တယ်။ ရောက်တာနဲ.လေယာဉ်ပေါ်ကဆင်းဆင်းချင်းတော်တော် စိတ်ပျက်သွားမိတယ်။မြေစိုက် လေယာဉ်ကွင်းလေးသေးသေးလေးကိုစတွေ.ရ တာပေါ့။ကျွန်မ မကြီးကျယ်တတ်ပါဘူး။လေယာဉ်ကွင်းလေးက ကျွန်မထင်ထားတာထက်တော်တော်လေးသေးနေလို. နဲနဲလောက်တော့စိတ်ပျက်မိတာ ကိုတော့ မညာတိုင်းဝန်ခံရပါမယ်။ဒါပေမဲ့ ရှုခင်းတွေကတော့ စပါယ်ရှယ်လှတယ်။ မြင်ကွင်းတွေကမြန်မာပြည်နဲ.လုံးဝမတူတော့ဘူး။ တောင်ကတုံးပြားပြားကြီးတွေပြည့်နေတဲ့တောင်ပေါ်မြို.လေးကို ကျွန်မ တော်တော်လေးချစ်သွားတယ်။ ရာသီဥတုလေးကလဲသာသာယာယာရှိတယ်။ အေးတယ်လေ။တော်တော်လေးအေးတယ်။ နွေရာသီမှာတော့ မြန်မာပြည်လောက်နီးပါးပေါ့။ မြန်မာပြည်ထက်တော့နဲနဲပိုအေးတယ်။ september ကနေ march အထိက နွေရာသီ၊ ကျန်တဲ့တစ်နှစ်လုံးက ဆောင်းရာသီပေါ့။ ဆောင်းတွင်းကအသဲခိုက်အောင်အေးတယ်။ minus အောက်ကမတက်ဘူး။ အင်္ကျီ အထူကြီးတွေဝတ်ရတာ လှုပ်တောင်မလှုပ်နိုင်ဘူး။ တစ်မြို.လုံးပတ်ကြည့် ရင်တောင် ၁ နာရီအတွင်းပြီးတယ်။အဲလောက်ထိမြို.ကသေးတယ်။ နှင်းဆီပင်၊ စိန်ချယ်ပင်၊နေကြာပင် စတဲ့ပန်းတွေအပြင် ၁၂ရာသီပွင့်တဲ့ ပန်းတွေနဲ. ရောင်စုံပန်းပေါတဲ့ မြို.လေးပေါ့။ ဒါပေမဲ့ ပန်းခူးမဲ့သူမရှိဘူး။ ရှင်ဘုရင်အုပ်စိုးတဲ့နိုင်ငံတစ်နိုင်ငံလဲဖြစ်တယ်။ ကျောက်တောင်ပြားပြားကြီးတွေကတော်တော်လေးလှတယ်။ တစ်ချို.တောင်တွေပေါ်မှာ ထင်းရှုးပင်အစီအရီရှိတဲ့ဟာလဲရှိတယ်။

peachတွေပေါ်တဲ့ရာသီဆိုရင် တော်တော်လေးစားရတယ်။ နေရာတော်တော်များများမှာ peach အပင်တွေရှိတယ်။ လက်လှမ်းမှီတဲ့နေရာကခူးစားလိုက်ရုံပဲ။ ကျွန်မကတော့အစိမ်း ကို ကြွပ်ကြွပ်နဲ.ကိုက်စားရတာကိုကြိုက်တယ်။ သူတို.က ဗိုက်နာတတ်တယ်မစားနဲ.တဲ့။ စားတာပါပဲ၊ တစ်ခါမှတော့ဗိုက်မနာသေးဘူး။ဒီမှာရှိတဲ့မြန်မာတွေကတော်တော်လေးမိသား
စုဆန်တယ်ပြောရမလားပဲ။ အိမ်နီးနားချင်းတွေလဲဖြစ်လေတော့တစ်ခုခုဆိုရင်ပြေးလာကြတာပဲ။
စနေ၊တနင်္ဂနွေဆိုရင် စုပြီး မြန်မာမုန်.တစ်ခုခုလုပ်စားကြတယ်။ ပျော်ဖို.ကောင်းတယ်။ ကျွန်မလဲဒီလိုနဲ.နေလာလိုက်တာ ၂နှစ်ခွဲဆိုတဲ့အချိန်ကိုအသာလေးကျော်လာခဲ့ပါတော့တယ်။

ကျမဧ။်ခွေးလေး


စာရေးသူတို.မိသားစုတစ်စုလုံးက တိရိစ္ဆာန်ချစ်တတ်ပါတယ်။ စာရေးသူအမေနဲ.စာရေးသူကတော့နဲနဲပိုချစ်တတ်ပါတယ်။
စာရေးသူ ၁၀တန်းကျောင်းသူဘ၀တုန်းက မေမြို. မှာဘော်ဒါ နေပါတယ်။
၁၀ တန်းဖြေတော့ အဆောင်မှာမွေးထားတဲ့ခွေးမကြီးမှာခွေးလေးတွေပေါက်နေပါတယ်။
တစ်ဆောင်လုံးရဲ.အသည်းကျော်လေးတွေပေါ့။ခွေးမကြီးနာမည်က နက်နက်တဲ.။တစ်ကိုယ်လုံးမဲနက်နေလို.ပါ။ အဆောင်မှာ အဲဒီခွေးမကြီးအပြင် နောက်ခွေးထီးတစ်ကောင်နဲ.ခွေးမတစ်ကောင်ရှိသေးတယ်။ ခွေးထီးကတော့ခွေးပေါက်ကလေးတွေရဲ့အဖေပေါ့။ခွေးထီးနာမည်က ရမ်ဘို ဆိုလား အာနိုးဆိုလားသိပ်မမှတ်မိတော့ဘူး။ နောက်ခွေးမ နာမည်က ထက်ထက် တဲ့။
ထက်ထက်လို.ဘာလို.ခေါ်တာလဲဆိုတော့ အရင်က အဲဒီခွေးမကအရမ်းလှသတဲ့။အဲတာကြောင့်ချစ်စနိုးနဲ. ထက်ထက်မိုးဦး လို.ခေါ်ရာကနေထက်ထက် ဖြစ်သွားတာ တဲ့။ဒါပေမဲ့ဝမ်းနဲစရာကောင်းတာက ထက်ထက်ကကားတိုက်ခံရပြီးဗိုက်အောက်ပိုင်းသိမ်နေရှာပါတယ်။ကလေးလဲမမွေးနိုင်တော့ပါဘူး။ စာရေးသူမှတ်မိသလောက် ဆိုရင်ဖြင့် နက်နက်နဲ.ထက်ထက်ကညီအမတော်ပါတယ်။ ဟုတ်ကဲ့ ခွေးအမျိုးစပ်တာ ပြီးသလောက်ရှိပါပြီ။ နက်နက်ခွေးလေးတွေမွေးတော့ ထက်ထက် က ပထမတော့ နို.သွားသွားခိုးတိုက်ပါတယ်။ ခွေးမအေ မဟုတ်ပေမဲ့ပြင်းထန်လှတဲ့မိခင်စိတ်ကြောင့်ထက်ထက်နို.ထွက်ပါတယ်။ ဒါပေမဲ့ ခွေးသအုတ်မဖြစ်နေရှာတဲ့နက်နက်ကနားလည်မပေးနိုင်ပါဘူး။ သူ.ကလေးတွေကိုလာပြီးရန်မူတယ်ထင်ပြီးခဏခဏ ကိုက်ပါတယ်။ ညီအမနှစ်ယောက် ကလေးလုတဲ့ရန်ပွဲပါ။ နောက်တော့ နို.ခိုးတိုက်လို.မရတော့တဲ့ထက်ထက်ဟာ ခွေးပေါက်လေးတွေကို သူ.ညီမဆီကနေခိုးပါတယ်။ ၂ကောင်ရသွားပါတယ်။ အဲဒီအချိန်ကနေစပြီးနက်နက်ဘယ်ကိုမှမသွားတော့ပါဘူး။ထမင်းတောင်သွားမစားတော့ဘူး။တဖြည်းဖြည်းပိန်ကပ်လာပါတယ်။
ဟားဟား အဲဒီတော့စာရေးသူကကယ်တင်ရှင်လုပ်ပါတော့တယ်။စာရေးသူအဖေ နဲ. အမေ က မနက်ဆိုရင်နွားနို.လာပို.ပေးပါတယ်။သမီးလေးစာမေးပွဲဖြေရတာ အားရှိအောင်သောက်တဲ့။ အမေတို.ပို.ပေးတဲ့နွားနို.တွေကိုခွေးမကြီးကိုတိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲတိုက်တိုက် ခွေးမကြီးက နို.မထွက်တော့ပါဘူး။ခွေးလေးတွေခမျှာဗိုက်ဆာလို.တအီအီငိုရှာပါတယ်။(ဟုတ်ကဲ. ခွေးစကားပြန်လဲလုပ်ပါတယ်။) အဲဒီအခါမှာတော့ စာရေးသူအမေတို.ပို.ပေးတဲ့နွားနို.တစ်ခွက်ကမလောက်တော့ပါဘူး။ခွေးလေး၆ကောင်နဲ.ခွေးမကြီးတစ်ကောင်အတွက် အာတောင်မဆွတ်တော့ပါဘူး။ နောက်နေ.တွေနွားနို.ပို.ရင်၂ခွက်ပို.ပါမေမေ၊သမီးမ၀ ဘူးလို.မှာတာပေါ့ အမေ့ဆီ။ အမေက သောက်လို.ကောင်းလားသမီးတဲ့"အေးအေးမေမေများများပို.ပေးမယ်"တဲ့။အမှန်က တစ်ခါမှတောင်မြည်းမကြည်.မိဘူး။ခွေးမကြီးကလဲ စာရေးသူကိုသူ.ကလေးတွေကိုပေးကိုင်လာတယ်။ဂီးဂီး မလုပ်တော့ဘူး။ဒီလိုနဲ.စာမေးပွဲနောက်ဆုံးနေ.ဖြေပြီးလို. အိမ်ပြန်ရတော့မယ်ဆိုတော့စာရေးသူကခွေးလေးတွေကိုမခွဲနိုင်ပါဘူး။ အဲဒါနဲ. စာရေးသူအချစ်ဆုံးခွေးလေးတစ်ကောင်ကိုအိတ်ထဲကောက်ထည့်လာပါတယ်။ အမေ့ကိုတောင်မပြောဘူး။ပြောရင်မမွေးရဘူးလုပ်ရင်စာရေးသူစိတ်ကောင်းမှာမဟုတ်ဘူး။ နောက်ပြီးစာရေးသူတို.မရှိရင်သူတို.ကိုဘယ်သူလာကျွေးမွေးမလဲ။လူတိုင်းအိမ်ပြန်ကြမှာ။
ထမင်းချက်ကအစ။မ န္တ လေးဘူတာကြီးရောက်တော့မှ.........ခွေးလေးကိုချပြလိုက်တယ်။ ပထမတော့နဲနဲအဆူခံရတယ်။ နောက်တော့ခွေးလေးကိုချစ်လိုက်ကြတာသူတို.အပြင်မရှိဘူး။..................
ရထားပေါ်ကတိရစ္ဆာန်မတင်ရဘူးလေ။တင်ချင်ရင်လက်မှတ်ဝယ်ရတယ်။လက်မှတ်ကလဲ
မ၀ယ်ထားဘူးဆိုတော့ခိုးသယ်လာကြတာပေါ့။ ခွေးလေးကလဲသေးသေးလေးရယ်။အိပ်ကပ်ထဲထည့်လာတာ။ဘယ်သူမှမတွေ.ဘူး။အိပ်စင်ဆိုတော့ပိုအဆင်ပြေသွားတယ်။ ခွေးလေးကဆော့သလားမမေးနဲ.မျောက်တောင်သူဆော့တာမြင်ရတာနဲ.မူးလဲနိုင်တယ်။
ရုပ်ရှင်မင်းသား၊မင်းသမီး နာမည်တွေပေးထားတဲ့မျိုးရိုးကလဲရှိပြန်(အဖေ အမည် အာနိုး)(အဒေါ်အမည် ထက်ထက်မိုးဦး)၊သွက်လက်လိုက်တာကလဲလွန်တယ် ဒါနဲ.ပဲ သူ.နာမည်ကို ဂျက်ကီချန်း လို.ပေးလိုက်တယ်။
ဂျက်ကီ ကလေးက တစ်လမ်းလုံးအလွန်ဆော့ပါတယ်။ ပေါင်မုန်.ချပ်တွေချထားရင်ပေါင်မုန်.ချပ်တွေပေါ်တက်ဆော့ပါတယ်။ဘယ်လောက်သေးတဲ့အရွယ်ထဲကသူ.ကိုခေါ်လာတာလဲဆိုရင် ပေါင်မုန်.ချပ်ပေါ်တက်ဆော့ရင်သူနဲ. အနေတော်ပဲ။ဂျက်ကီလေးက ရထားသွားနေရင်သူ.ဟာသူနေတယ်ရထားရပ်ရင်အော်တော့တာပဲ။ ရထားလှုပ်တာကိုသူ.အတွက်ပခက်လွှဲပေးတယ်များအောက်မေ့လို.လားတော့မသိဘူး။ အဲတော့လဲတွဲထိန်းကခဏခဏလာကြည့်တယ်။ ဒီနားကခွေးအော်သံများကြားမိသလားလို.ပါတဲ့။ အဲတော့လဲ ညာရတော့တာပေါ့။ ဘူတာကခွေးကအော်တာနေမှာပါပေါ့။ နောက်ဘူတာရောက်လို.ရထားရပ်ရင်အော်ပြန်ရော။ တွဲထိန်းကလာပြန်ရော။ဒါနဲ.ပဲ ရန်ကုန်ပြန်ရောက်လာရော။ ခွေးလေးကိုလဲမွေးဖြစ်သွားရော။

eblogger နှင့် blog အသစ်စတင်ခြင်း

ကျမရဲ. ပထမဆုံး post အဖြစ်နဲ.တင်လိုက်တာပါ။ eblogger နဲ.ပထမဆုံးစမ်းရေးကြည့်တဲ့blog လဲဖြစ်ပါတယ်။ post လေးတွေကိုကြိုးစားပြီးတင်သွားပေးပါမယ်။ ရေးအားလဲ ကောင်း၊ အရေးအသားလဲညက်ညောကြတဲ့ မြန်မာ blogger တွေကြားထဲမှာ ကျမရဲ.blog လေးတော့အားငယ်နေရှာ တော့မယ်ထင်ပါတယ် :)