Monday, October 22, 2007

အီကြာကွေးလား..တော်ပါပြီ

Internet က မနေ.ကမိုးတွေအတော်ရွာလိုက်တာနဲ. ပျက်သွားတယ်။ ဒါနဲ.တင်ဖို.လုပ်ထားတဲ့ post လေးကိုဝမ်းပန်းတနည်းထိုင်ကြည့်ရင်း မတင်ဖြစ်လိုက်ရဘူး။ ဒီနေ.တော့ internet company ကိုဖုန်းတဂွမ်ဂွမ်ဆက်ပြီး အတင်းလာပြင်ခိုင်းရတယ်။ သူတို.ကလဲ လာမယ်ဆိုပြီးတော်တော်နဲ. လာတဲ့ဟာတွေမဟုတ်တော့ ကျမလည်း လယ်ပင်းတရှည်ရှည်နဲ.စောင့်ရတာပေါ့။
ကျမဒီနေ.တရုပ်ဆိုင်တစ်ဆိုင်ကိုရောက်တော့ အီကြာကွေးပုံလေးနဲ.အဖြူမှုန်.ထုပ်လေးကိုတွေ.တော့ အီကြာကွေး ရယ်ဒီမိတ်လုပ်ဖို. အထုပ်လေး ပဲဆိုပြီး ၀မ်းသာအားရ၀ယ်လာပါတယ်။ ကျမက လုပ်လိုက်တိုင်း တလွဲဆိုတော့ ဒီတစ်ခါသေချာအောင်ဆိုပြီး ဘေးအိမ်ကတရုပ်မကို တရုပ်စာတွေချည်းပဲရေးထားတဲ့ အထုပ်ကလေးကိုကိုင်ပြီး ကျမဘာသာသွားပြန်ခိုင်းပါတယ်။သူက ရေနဲ.ဖျော်လိုက်တဲ့ ဂျုံမှုန်.တွေတဲ့။ ပြီးရင်တစ်နာရီလောက်နှပ်ထားတဲ့။ ပြီးရင်ဆီများများနဲ.ကျော်တဲ့။ ကျမလဲ အိမ်ပြန်လာပြီးတာနဲ. အမှုန်.တွေကို ဇလုံကြီးထဲဖေါက်ထည့်လိုက်ပါတယ်။ အမှုန်.တွေက များတော့ ဇလုံတောင်ခပ်ကြီးကြီးလေးနဲ.ထည့်ရပါတယ်။ ပြီးတော့ ရေလည်းထည့်လိုက်ရော ရှဲရှဲ ရှဲရှဲ ဆိုပြီးမြည်ပါတယ်။ ကျမလဲ အီကြာကွေးလုပ်တဲ့ ဂျုံမှုန်.မို.နေမှာဆိုပြီးရေတွေထပ်ထည့်ပါတယ်။ ဒါပေမဲ့ dough ကဖြစ်မလာပါဘူး။ကျမလဲ တစ်ခုခုတော့မှားနေပြီဆိုပြီး ခုနက တရုပ်မကို သွားပြန်ခေါ်ပါတယ်။ ဒီတော့မှ တရုပ်မလဲ မျက်ကလူးဆန်ပြာနဲ. အထုပ်ပေါ်က အညွှန်းကိုသေချာပြန်ဖတ်ပါတော့တယ်။ ပြီးမှ ဟိုက်ရော ဒါတွေက ဆိုဒါမှုန်.တွေတဲ့။ နည်းနည်းလေးပဲထည့်ရမှာတဲ့ ၈ချိုး၁ချိုး ဂျုံနဲ.ရောရမှာတဲ့ ဆိုပြီး မမ ကသူဘာမှ မသိသလိုမျိုးပုံစံနဲ. ကျမနဲ. ဆိုဒါတစ်ဇလုံကြီးကိုထားပြီးထွက်သွားပါတယ်။ အပြန်မှာ ကျေးဇူးရှင်က သူ.အိမ်မှာကြက်ဥကုန်နေလို.ဆိုပြီးကျမရဲ. ကြက်ဥတွေတောင်ယူသွားလိုက်သေးတယ်။ ကျမမှာတော့ ဒီဆိုတာ ဇလုံကြီးကို လွှင့်ပဲပြစ် ရမလို သိမ်းပဲထားရတော့မလို။ လွှင့်ပစ်ရအောင်ကလဲ နှမြော သိမ်းလို.လဲ မကောင်းဆိုတော့ ဂျုံမှုန်. ၂ကီလိုလောက် ဆိုဒါတွေထဲကို ဖေါက်ထည့်ပြီး သေချာနယ် ပြီးနှပ်ထားလိုက်ပါတယ်။ ၁နာရီလောက်ကြာတော့ ဆီအိုးကြီးနဲ. ကျမအီကြာကွေးကျော်တဲ့ လုပ်ငန်းကိုစတင်လိုက်ပါတယ်။
၁ခုကျော်ပြီးမြည်းကြည့်တော့ ဘယ်လိုမှစားလို.မရအောင် ခါးတူးနေတဲ့ အတွက် အကုန်လွှင့်ပစ်လိုက်ရပါတယ်။ ဆိုဒါကို နှမြောမိလို. ဂျုံပါဆုံးရတဲ့ အဖြစ်ပါ။ လူပေါင်းမှားပြီး မတတ်တဲ့သူကို ဆရာတင်မိတဲ့ ကိုယ့်အဖြစ်ရယ် နောက်ဆို အီကြာကွေးလား ......တော်ပါပြီ...၀ယ်ပဲစားလိုက်ပါတော့။

4 comments:

Anonymous said...

ဘယ်နှစ်ကြိမ်မြောက်လွဲတာတုန်း .. လာလာဖတ်နေရ တယ်။ လွဲလည်းလွဲတတ်လွန်းတဲ့ .. မမ လွဲ ရယ် .....

This is about... said...

ပြောလည်းပြောချင်စရာပဲ။ ကျမကိုက အသုံးမကျတာပါ။ နမော်နမဲ့နိုင်နေသမျှတော့ လွဲနေဦးတော့မှာပါပဲ။

Anonymous said...

နောက်တီခါဆို .. ၀ကြော်ပီးမယ်.. အီကြားကွီးစား ချင်လယ်ဆို ... ၀ ကိုအရင်မီး နော် .. ဟား ဟား ဟား ..

Chaos said...

အဟတ်ဟတ်
အခုကော ၀နေသေးလား
ဟုတ်တယ် အင်တာနက်တွေပျက်သွားတုန်းက
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်
ကယောင်ချောက်ချားဖြစ်ခဲ့ရပါတယ်