Thursday, July 30, 2009

မာမီ အိုက်စခရင်!

ဆူရှီးလိပ်နေပါသည်။ တစ်နေ.တစ်နေ. လှုပ်ရှားရင်း ရုန်းကန်ရင်းနဲ. ဘ၀ အတွက်အမောပြေစရာ ဟာသလေးများလဲ မြင်ဖြစ်အောင် မြင်တတ်အောင်ကြည့်ရင်းက မှတ်မှတ်ရရ လေးများကို မှတ်တမ်းတင်ပေးလိုက်ပ်တယ်။ အလွမ်းအိမ်တို. ဆူရှီးလောကမှာ ၀ါဆာဘီး wasabi ဆိုတဲ့ အစိမ်းနုရောင် ပစ္စည်းတစ်ခု ရှိပါတယ်။ အဲဒီပစ္စည်းဟာ အလွန်တရာမှ မွှန်ပြီး ပူပါတယ်။ ဂျပန်တွေက ငါးစိမ်းတွေစားတဲ့ အခါပိုးသေအောင် ၀ါဆာဘီးလေး နဲနဲစားပေးတယ် လို.အလွမ်းအိမ်မှတ် ဖူးပါတယ်။
တစ်နေ.တော့ အလွမ်းအိမ်လဲ နေ.လည်စာစားချိန်မှီအောင် ဆူရှီးကို အပီအပြင်လိပ်နေတုန်း ၀ါစာဘီးကို ကိတ်မုန်.ပေါ် မှာခရင် အလှဆင်တဲ့ ပိုက်နဲ.ညှစ်ပြီး ဘူးထဲကိုထည့် နေတုန်း "မာမီ အိုက်စခရင်" ဆိုတဲ့အသံကို ကြားပါတယ်။ ၃နှစ်အရွယ်လောက် ရှိတဲ့ခလေးတစ်ယောက် သူ.မာမီကို အလွမ်းအိမ်ရဲ. အလွန်တရာမှ လှပတဲ့ ၀ါဆာဘီးကို အိုက်စခရင်အမှတ်နဲ. ၀ယ်ကျွေးခိုင်းနေပါတယ်။ မာမီက အဲဒါ အိုက်စခရင်မဟုတ်ဘူး လဲဆိုရော "ဗြဲ" တဲ့။ အလွမ်းအိမ်လဲ နဂိုကမှ အားနာတတ်ပါတယ်ဆို သူက ဗြဲ ဆိုတော့ ၀ါဆာဘီးအိတ်ပဲ ထိုးပေးရတော့မလို၊ ခွက်ထဲပဲခပ်ပေးရတော့မလို၊ ခလေးစားလို.မရဘူး ပူတယ် လို.ပဲ ထပြောရတော့မလို နဲ. အူကြောင်ကြောင်ရပ်နေမိပါတယ်။ တော်သေးဧ။် မာမီက ကလေး ကို အတင်းလက်ဆွဲခေါ်သွားပေလို. ။