Friday, November 30, 2007

မေတ္တာ၊ ဂရုဏာ

ရင်နာနာနဲ. စီစဉ်စရာရှိတာ များကိုမျက်ရည် တစ်ချက်မထွက်ပဲ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်သွားနိုင်လို. ခင်သက်ဝေ သူ.ကိုယ်သူ ဂုဏ်ယူမိသည်။ သို.သော် ပစ္စည်းများကို ခွဲဝေနေသည့် အချိန်က စိုးသီတာ၏ အငိုမျက်လုံးတွင် လောဘရောင်များ လက်သွားသည်ကိုတော့ ခင်သက်ဝေ သတိပြုမိဟန်မတူ။ စိုးသီတာတွင် ရနေသော ကလေးမှာ ကျော်စိုး၏ ကလေးမဟုတ်ကြောင်း ခင်သက်ဝေ သိသော်လည်း နှုတ်ဆိတ်နေလိုက်တော့ သည်။ ကလေး အရမ်းလိုချင်သော၊ အခုထဲက စိတ်ကူးယဉ် အိမ်မက်များဖြင့် ပျော်နေသော ကျော်စိုး၏ စိတ်အစဉ်လေးကို ခင်သက်ဝေ မဖျက်စီးချင်။ အမ အရင်းဖြစ်သော စိုးသီတာ အတွက်လဲ တစ်သက်လုံး ပျက်ခဲ့သမျှ နာမည်နှင့် ဘ၀ကို ကျော်စိုးက အဖတ်ဆည်ပေး နိုင်လိမ့်မည်၊ စိုးသီတာ ဘ၀အေးချမ်းလိမ့် မည်၊ ဟုသူတွေးမိလိုက်တိုင်း နာခဲ့သမျှရင် အစုံဟာ ခဏလေးတော့ အနာသက်သွာသွားသည်။ သို.သော်လည်း စိုးသီတာမှာ နောက်တမရပဲ ဆက်ကာ ဆက်ကာ အမှားများ ကိုအဖန်တလည်းလည်းပြုရင်း အနီးဆုံးမှ နေ၍စိုးသီတာကို ဂရုအစိုက်ဆုံးသော အချစ်ဆုံးသော လူများကို တစ်ယောက်ပြီးတစ်ယောက် နာကျင်စေအောင် ပြုလုပ်နေလေတော့ ခင်သက်ဝေ စိုးသီတာကို ရွှံမုန်းသွားခဲ့သည်။ ကျော်စိုးတွင် ပါလာသမျှ ပစ္စည်းများကို သုံးဖြုန်းပျော်ပါးပြီး သကာလ ကျော်စိုးရှာသမျှ မှာလဲဝင်ငွေနှင့် ထွက်ငွေမမျှတတော့၊ အိမ်ထောင်ရေးမှာ လဲအဆင်မပြေတော့။ အရက်အသောက်များပြီး စိတ်ဖိစီးမှုများလာသော ကျော်စိုး လေတော့သည်။ စိုးသီတာမှာ လူမမာယောက်ျားကို ပြုစုဖို.ငြူစူ လာလေတော့သည်။ ခင်သက်ဝေပဲ ကျော်စိုးကို ဆေးရုံတင်ပေးခြင်း၊ နာစ့်ငှားပေးခြင်းများ ကိုပြုလုပ်ခဲ့ရသည်။ ဆေးရုံအတွက် ကျသင့်ငွေမှန်သမျှကိုလည်း ခင်သက်ဝေပဲ တာဝန်ယူခဲ့သည်။ ကိုယ်ဝန်ကြီး နှင့်အမဆီမှ တစ်ပြားမှမယူခဲ့။

ကျော်စိုးဆေးရုံဆင်းပြီး ၂လလောက် ကြာတော့ စိုးသီတာ သန်.စင်ဝင်းလေးကို မွေးသည်။ ကျော်စိုးမှာ သမီးလေး သမီးလေးနှင့် ချစ်လို.မ၀တော့။ စိုးသီတာကတော့ တစ်သားမွေး တစ်သွေးလှနှင့် ပြန်ချင်သည့် အချိန်မှ အိမ်ပြန်သည်။ ယောက်ျားများနှင့် ထည်လဲတွဲ သည်။ အိမ်ရောက်တော့မှ အိပ်နေသော သမီးလေးကို တစ်ချက်လောက် နမ်းလိုက်လျှင် သူ.တာဝန်ကျေပြီ ဟုယူဆထားပုံ ရသည်။ ကျော်စိုးမှာ အလုပ်သွားလဲ သူ.သမီးလေးကို ကျောပိုးတောင်း လေးနှင့်လွယ်ယူ၊ ကလေး ပစ္စည်းတွေ ထည့်သောခြင်းနှင့် ရှုပ်ယှက်ခပ်နေ အောင်သယ်ရရှာသည်။ အိမ်ထောင်ရေးမှာလဲ အဆုံးစွန်ထိ တင်းမာနေလေတော့သည်။ တစ်နေ.တော့ စိုးသီတာ အိမ်ကို အရမ်းနောက်ကျ ပြီးမှပြန်ရောက်လာသည်။ အကောင်တစ်ကောင် ကကားနှင့်လိုက်ပို.သည်။ အိမ်ထဲမှ ချောင်းကြည့်နေသော ကျော်စိုးကို မမြင်ပဲ ကားထဲတွင် အလွမ်းသယ် နေကြတာကို မြင်တော့ ကျော်စိုး ဒေါသသူပုန်ထ လေတော့သည်။ ထိုညက စိုးသီတာနှင့် ကျော်စိုး အကြီးအကျယ်ရန်ဖြစ်သည်။ သမီးလေးမှာလဲ ငို၊ မိဘနှစ်ပါးက ကလေးကို မချော့အား။ ကျော်စိုး မူးလဲကျသွားသည်။ အဲတော့မှ စိုးသီတာမှာ ထိတ်ထိတ်ပြာပြာ နှင့်ဆေးရုံပို. တော့သိပ်နောက်ကျသွား လေပြီ။

ကျော်စိုးရှာ ထားဖွေထား သမျှကုန်လေ တော့တိုက်ခန်းကို ရောင်းချပြီး စိုးသီတာတို.ပြောင်း ရွှေ.သွားခဲ့သည်။

အတွေးများနှင့် ခင်သက်ဝေ အိပ်ပျော်သွားခဲ့သည်။ မနက်ခင်းမှာ ခင်သက်ဝေ ခေါင်းမကြည်မလင် နှင့်နိုးလာခဲ့သည်။ ဒီနေ.မနက် ခင်သက်ဝေတို. ဗိသုကာ အဖွဲ.၏ Presentation ရှိသည်။ ကုမ္ပဏီ တွေမှ သူတို.ဆွဲ ထားသော ဒီဇိုင်းများ ကိုလာ၍ ရွေးခြယ်ပြီးငှားရမ်း မည်ဖြစ်သည်။ ခင်သက်ဝေ အိပ်ရေးကလဲ မ၀၊ စိတ်ကလဲ မကြည်မလင် ဖြစ်နေတာကြောင့် ဘောစ့်က Presentation မစခင် ခေါ်ယူသတိပေးခြင်း ခံရသည်။

ဆက်ရန်

Thursday, November 29, 2007

မရွှေဂျမ်းရဲ. ပျော်စရာ မွေးနေ.မင်္ဂလာ




ဒီကနေ.မှာ ကျရောက်တာကတော့ မရွှေဂျမ်းရဲ. မွေးနေ.မင်္ဂလာပါ။ လင်းပြော တော့မှသိရပေမဲ့ အချိန်မှီလေး မှို.မွေးနေ့ကိတ်လေး တင်ပေးလိုက်ပါတယ်။ မရွှေဂျမ်း တစ်ယောက် မြန်မာအစား အစာများကို အဝေးက လွမ်းနေရခြင်း မှမြန်မြန် ကင်းဝေးပါစေ။ ရန်ကုန်ကနေ လူကြုံ စားစရာ အထုပ်ကြီးကြီး အမြန်ဆုံးရောက်ပါစေ။ လော်တိုတွေလဲ များများပေါက်ပါစေ။ ရန်ဘေးကင်းလို. အသက်၁၂၀ ရှည်ပါစေ။ ပျော်ပျော်ကြီး များများ ဘလော့နိုင်ပါစေ။

မေတ္တာ၊ ဂရုဏာ

"မမ အိမ်မပြန် သေးဘူးလား။"

ခင်သက်ဝေရဲ့ လက်ထောက် ရဲလင်း သတိပေးမှ အတွေးစများ ပြတ်တောက်သွား ခဲ့သည်။

"အေးအေး မင်းပြန်နှင့် မောင်ရဲလင်း။ မမလဲ အခုပဲပြန်မှာ။"

ခင်သက်ဝေ တစ်ယောက် လက်ဆွဲ အိတ်ကလေးကို ကိုင်ကာကားရှိရာ သို.လျောက်လာခဲ့သည်။ လူနှင့်စိတ် သိပ်မကပ်ချင်တော့ ကားကိုဖြေးဖြေးပဲ မောင်းလာခဲ့သည်။ တစ်နေရာ အရောက်တွင်တော့ ခုဏက သူ.ရုံးခန်းကို လာသွားသည့် ကောင်မလေး ခေါင်းလေးစိုက်တိုက် စိုက်တိုက်နှင့် လမ်းလျောက်နေသည်။ ဘယ်လောက်ပင် သူ.အမေကို နာကျည်းပါစေ ခင်သက်ဝေ စိတ်က ကလေးအပေါ်တွင်တော့ လက်လွတ်စပါယ် မထားရက်။

သက်ဝေ။ ။ ကလေး ဘာလို. အခုအချိန် အထိအိမ်မပြန်ပဲ လမ်းပေါ်မှာ လျောက်သွားနေရတာလဲ?
ကလေး။ ။ သမီး အရမ်းဗိုက်ဆာလို. ဗယာကျော်ဝယ် စားလိုက်လို့ပါ။
သက်ဝေ။ ။ ဗယာကျော် ၀ယ်စားတာနဲ. အိမ်မပြန်စရာ ရှိလို့လား။
ကလေး။ ။ သမီးမှာ ဘတ်စကား ခပဲပါတာပါ။ ဗယာကျော် ၀ယ်စားလိုက်တော့ ဘတ်စကားခ မကျန်တော့လို.ပါ ဒေါ်လေး။

ခင်သက်ဝေ ရင်ထဲအောင့်ကနဲ ဖြစ်သွားသည်။ ကလေးလေးကို ကြည့်ရင်းသူ. ရင်ထဲမှာ မချိ။ ထို.ကြောင့်ပင်ကား ပေါ်တက်ဖို. ပြောပြီး ကားကို စားသောက်ဆိုင် တစ်ဆိုင်ရှိရာ သို.မောင်းလာခဲ့သည်။ တစ်လမ်းလုံး ဘယ်သူမျှစကား မပြောဖြစ်။ စားသောက်ဆိုင် ရောက်တော့ ခေါက်ဆွဲကြော် ၂ပွဲမှာပြီး စားကြသည်။ စားနေရင်းက ခင်သက်ဝေ မော့ကြည့်လိုက်တော့ သူ.ကိုကြည့်ပြီး ခေါက်ဆွဲကြော်စားနေသော သန်.စင်ဝင်းလေးက သွားလေးတွေ ပေါ်အောင်ပြုံးပြသည်။ သွေးက စကားပြောသည် ပဲလားတော့မသိ ခင်သက်ဝေတစ်ယောက် သန်.စင်ဝင်းလေး နှင့် ခဏတာလေး အတွင်းရင်းနှီးသွား သလိုပင်။ စားသောက်ပြီး တော့ကလေးကို အိမ်ပြန်ပို.ပေးသည်။ စိုးသီတာ ၏အိမ်ထဲမှို. မ၀င်ချင်သော်လည်း သန်.စင်ဝင်း လေးကအတင်း ၀င်ဖို.ခေါ်၍ ကလေးစိတ်မကောင်း ဖြစ်မည်စိုးသော ကြောင့် ဒါမှမဟုတ် အတွင်းစိတ် တစ်ခုရဲ. အတင်းလှုံ. ဆော်မှုကြောင့် အိမ်ထဲဝင်ဖြစ်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဘယ်လောက်ပင် စိတ်နာပါတယ် စိတ်မာပါတယ် ဆိုတဲ့ ခင်သက်ဝေတစ်ယောက် ကျိတ်ပြီး စိတ်မကောင်းဖြစ်မိသည်။ စုတ်ပြတ်နေသည့် အိမ်လေးထဲမှာ အသုံးအဆောင်ဆို၍ ဖျာလိပ်လေး တစ်လိပ်နှင့် ဖုံအလိမ်းလိမ်း ပင့်ကူမျှင် အတန်းတန်းနှင့် ဘုရားစင်လေး ဒါလောက်ပင်ရှိသည်။ အတွင်းခန်း ထဲမှချောင်းဆိုးသံ တဟွတ်ဟွတ်ကြားလိုက်သည်။ ဒါ စိုးသီတာပဲ ဖြစ်ရမည်။ သူထွက် လာတာပဲဖြစ်မည်။ ခင်သက်ဝေ မှာစိုးသီတာကို သဘောထားကြီးကြီး နှင့်ခွင့်လွှတ်ပြီး အေးအေးလူလူ စကားပြော ဖို.အင်အားမရှိပါ။ ခင်သက်ဝေ အမုန်းတွေ မပြေနိုင်သေးပါ။ အိမ်ထဲမှ ပြေးဆင်းလာခဲ့သည်။ သန့်စင်ဝင်း ၏ "ဒေါ်လေး ရေနွေးလေးတောင် မသောက်တော့ဘူးလား" ဆိုတဲ့ အော်ခေါ်သံ သဲ့သဲ့ကြောင့် ခင်သက်ဝေ တစ်ချက်လှည့်ကြည့် လိုက်ပြီး သန်.စင်ဝင်းကို ခင်သက်ဝေ၏ လိပ်စာကဒ် ကလေးထုပ်ပေးရင်း "သမီးမှာ အရေးအကြောင်းရှိ ရင်ဒေါ်လေးကို အချိန်မရွေး ဖုံးဆက်လိုက်။ ဒေါ်လေးလာခဲ့မယ်။" လို.ပြောရင်း ကားမောင်းထွက် လာခဲ့သည်။ နောက်ကြည့်မှန် ထဲတွင် စိုးသီတာ နှင့် သန်.စင်ဝင်း တို.အိမ်တိုင် မှာမှီရပ်နေ ရင်း သူ့ကားနောက်မြီးကို ကြည့်ကျန်ရစ် သည်ကို ခင်သက်ဝေ မြင်လိုက်သည်။

အိမ်ရောက်တော့ အင်္ကျီ ပင်မလဲနိုင်။ ဆိုဖာပေါ်မှာ ထိုင်ရင်းအတွေးနယ် ချဲ့မိလေတော့သည်။

စိုးသီတာကို ခင်သက်ဝေ အိမ်ပေါ်ခေါ်တင်ထားခဲ့ ပြီးကတည်းက ကျော်စိုးနှင့် စိုးသီတာ၏ နေပုံထိုင်ပုံတွေကို ခင်သက်ဝေ သိပ်မကြိုက်လှ။ ဒါပေမဲ့ ချစ်လှစွာသော အမနဲ. ယောက်ျားမှို.လို. ခင်သက်ဝေ မမြင်ချင်ယောင်ဆောင် ပြီးမျက်စိမှိတ် ယုံကြည်ခဲ့သည်။ ခင်သက်ဝေမှာတော့ စိုးသီတာကို လိုသေးမရှိ တစ်ခုလပ်မ တစ်ယောက်အနေနှင့် အရပ်ထဲတွင် မျက်နှာမငယ်ရအောင် ခင်သက်ဝေ တတ်အားသမျှ အကုန်လုံးဖြင့် ကာကွယ်ပေးခဲ့သည်။ ငွေဆိုလျှင်လဲ အမလိုသလောက်၊ အင်္ကျီ၊ ထမီ၊ စားသောက်စရာ အစစ ကို မျက်နှာတစ်ချက် မညှိုးစေရထားပေးခဲ့ သည်။ ဟိုးအရင် မိဘတွေ ရှိစဉ်က ၀န်ထမ်းအငြိမ်းစား မိဘတွေနှင့် မှို.အရာရာကို စစ်စစ်စီစီ သုံးခဲ့ရသည်။ ခုတော့ ခင်သက်ဝေလဲ ရှာနိုင်ဖွေနိုင်၊ ကျော်စိုးကလဲ လခကောင်းလေးရ ဆိုတော့ ဟိုးအရင်က ခင်သက်ဝေတို. ညီအမ အရာရာကို ခြိုးခြံခဲ့ရသလို ခုအမကို မခံစားစေချင်တော့။ ခင်သက်ဝေ ဘက်က ဒီလောက် ပေးဆပ်ခဲ့ပေမဲ့ တစ်နေ.တော့.......

ကျော်စိုးက ခင်သက်ဝေ ကိုကွာရှင်းခွင့်တောင်းသည်။

ကျော်။ ။ သက် ကို ကိုယ် ပြော စရာ ရှိလို.။
သက်ဝေ။ ။ ပြောလေ ကိုယ်ရဲ. ဘာများလဲ။
ကျော်။ ။ ကိုယ်တို. ကွာရှင်းကြရအောင်။
သက်ဝေ။ ။ ဟင်....... နောက်နေတာလား။ အဲလို မျိုးလာမနောက်နဲ.နော်။
ကျော်။ ။ ကိုယ် အတည်ပြောတာ ပါသက်။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ.။ ကိုယ် စည်းဖေါက် ခဲ့မိလို. အခုဆိုရင် စိုးသီတာမှာ ကိုယ့်ရင်သွေးလေး ရှိနေပြီ။ ကိုယ် သက်ကို ကလေးမရ နိုင်လို့ ကွာရှင်းခွင့် တောင်းတာ မဟုတ်ပါဘူး။ ကိုယ်လုပ်ခဲ့ တဲ့ဟာကို ကိုယ်တာဝန် ယူချင်လို.ပါ။ သက်မှာက ကိုယ့်ဟာကိုယ် ရှာစားနိုင်တယ်။ ပညာအရလဲ နှိမ်မဲ့သူမရှိဘူး။ စိုးသီတာ ကတော့ ကလေးတစ်ယောက်နဲ. နောက်ပြီးတော့ အဲဒီကလေးကလဲ ကိုယ့်ရင်သွေးလေးလေ။ ဒုက္ခရောက်မှာ ကိုယ်မမြင်ရက်ဘူး သက်ရယ်။ ကိုယ်တောင်းပန်တာပါ။ ကိုယ့်ကို ရိုက်ပစ်လိုက်ပါ။

ခင်သက်ဝေ ဘာစကားမှ ပါးစပ်မှ ထွက်မလာခဲ့။ ရင်ထဲမှာတော့ ပြောနေမိသည်။ "ကိုယ်ရယ် ရှင်မြုံနေတာ လို.ကျွန်မ မပြောရက်လို. ကျွန်မ မြုံတာပါလို. ပြောခဲ့တာပါ။ စိုးသီတာ မှာလွယ်ထားရ တဲ့ကလေးက ရှင့်ရင်သွေး ဖြစ်နိုင်မတဲ့လား။" ခင်သက်ဝေ ရင်ထဲမှာ ငိုနေခဲ့သည်။ မျက်နှာမှာတော့ ဘာခံစားချက်မှ မထင်။ စိုးသီတာ မှာတရှုံ.ရှုံ. လာငိုပြနေသည်။ ကျော်စိုးမှာလဲ အံကျိတ်ပြီး မျက်ရည်တွေကျ နေသည်။ ခင်သက်ဝေ ချက်ခြင်းဆိုသလို ကွာရှင်းစာချုပ်ကို ထွက်ဝယ်ခဲ့သည်။ ခင်သက်ဝေ ချက်ချင်း လက်မှတ်ထိုးပေးလိုက်သည်။

သက်ဝေ။ ။ အတွင်းပစ္စည်း အကုန်လုံး နဲ. ကား၊ ဘဏ်ထဲမှာ ကျွန်မ တစ်လစာ စားဖို.ငွေ ၁သိန်းလောက်ချန်ပြီး ကျန်တဲ့ငွေ အားလုံးကို ရှင်တို.ထုပ် ယူသွားပါ။ တိုက်ခန်း ကိုလည်း ရှင်တို.ပဲ ယူလိုက်ပါ။ ကျွန်မဖို. အခုနေနေ တဲ့အိမ်က လွဲလို. ဘာမှမလိုချင်ဘူး။ ဒါဆို ကျေနပ်တယ် မဟုတ်လား။

ခင်သက်ဝေ အံကိုတင်းတင်း ကျိတ်ရင်း တည်တည်ငြိမ်ငြိမ် ခွဲဝေပေးခဲ့သည်။

ဆက်ရန်




Wednesday, November 28, 2007

မေတ္တာ၊ ဂရုဏာ

ညနေစောင်း အလုပ်ခန်းတွင်း ခင်သက်ဝေ အလုပ်ရှုပ်နေတုန်း အခန်းရှေ.မှာ ၁၂နှစ်အရွယ် ကလေးမလေး တစ်ယောက် လာချောင်းကြည့်နေသည်။ စာရွက်များကြားမှ ခင်သက်ဝေ မြင်လိုက်တော့ ခင်သက်ဝေ ထရပ်လိုက်ပြီး အခန်းရှေ.ကို ထွက်လိုက်သည်။ ဒီကလေးမလေး ကိုဘယ်မှာမြင် ဘူးပါလိမ့်.... ဒီမျက်နှာမျိုးကို ရင်းရင်းနှီးနှီး သိသယောင် ခံစားလိုက်ရသည်။
သက်ဝေ။ ။ ဘာကိစ္စရှိလို.လဲ သမီး။ ဘယ်သူနဲ. တွေ.ချင်လို.လဲ။
ကလေး။ ။ သမီးကို ဦးလွန်းမောင်က ဒေါ်လေး အကြောင်းပြော ပြလို.လာခဲ့တာပါ။
သက်ဝေ။ ။ဦးလွန်းမောင်..... သူကဘယ်သူလဲ သမီးရဲ.။ သမီးနာမည်ကကော?
ကလေး။ ။ဦးလွန်းမောင်ဆိုတာ မေမေ့ကို ဆေးခန်းလိုက်ပြပြ ပေးတဲ့ အိမ်နားကဦးလေးကြီးပါ ဒေါ်လေး သမီးနာမည်က သန်.စင်ဝင်းပါ။ ဒေါ်စိုးသီတာရဲ. သမီးပါ။

စိုးသီတာ...စိုးသီတာ ဒီနာမည်က ခင်သက်ဝေ မကြားချင်ဆုံး နာမည်ပဲ။ ခင်သက်ဝေ ဘ၀ကို မုန်တိုင်းထန်စေခဲ့တဲ့ ဒီစိုးသီတာကို မေ့ထားခဲ့တာ ၁၂ကျော်လာခဲ့ပြီ။ အရမ်းနာကျင် ခဲ့ရလို. ဘ၀မှာ တစ်ယောက်ထဲပဲ ရုံးကန်ခဲ့တာ ၁၂တောင်ကျော်ပါပေါ့လား။ ဒါဆိုရင် ဒီကလေးမလေးက သူ.ရဲ့.............

ကလေး။ ။ ဒေါ်လေး မေမေ အရမ်းနေမကောင်း ဖြစ်နေတယ်။ သူဒေါ်လေးကို လွမ်းနေတယ်။ ဒေါ်လေးဓါတ်ပုံကို ခေါင်းအုံးအောက်မှာ ထားအိပ်တယ်။ သမီး ဒေါ်လေးဆီက ပိုက်ဆံတောင်းဖို. လာတာမဟုတ်ပါဘူး။ ဒေါ်လေး ခဏလောက်လေးပဲ ဖြစ်ဖြစ် မေ့မေ့ကို သွားတွေ့.........

ကလေးမလေး စကားမဆုံးခင်ပဲ ခင်သက်သေ တံခါးကိုပိတ်ချ ပြစ်လိုက်သည်။ အလုပ်တွင် စိတ်ပြန်နှစ်ဖို. ကြိုးစားသော်လဲ စိတ်မ၀င်စားတော့။ အတွေးတွေက ဟိုးအရင် သူငယ်ငယ်က ဆီကိုပြန်ရောက်သွားသည်။

ခင်သက်ဝေ နှင့်သူ.အမ စိုးသီတာ တစ်အားချစ်ကြသည်။ သို.သော် စရိုက်ခြင်းက လားလားမှမတူ။ ခင်သက်ဝေက အေးသည်။ ရှက်တတ်သည်။ စာကြိုးစားသည်။ စိုးသီတာ ကတော့ အလှအပ မက်သည်။ ပွေသည်။ ရှုပ်သည်။ စိုးသီတာ က ၁နှစ်ကြီးသည် ဆိုသော်လည်း ၈တန်းကျ၍ ခင်သက်ဝေနှင့် အတန်းတူတူပင်။ အဖေ နှင့် အမေမှာ စိုးသီတာကို မနိုင်လွန်း၍ လွှတ်ထားရသည်။ ဒီလိုနှင့် ၁၀ တန်းရောက်သော နှစ်တွင် စိုးသီတာ ယောက်ျားနောက်လိုက် ပြေးသည်။ အဖေ နှင့် အမေ ကပြန်သိမ်းဖို. ကြိုးစားသော်လည်း ထပ်ပြီးထွက်ပြေးတာကြောင့် အမွေဖြတ်လိုက်သည်။ အဖေလည်း ဒီစိတ်နှင့် ဆုံးပါးသွားခဲ့သည်။ အမေလည်း ဆီးချိုရောဂါကြောင့် နဂိုထဲက တစ်ရှောင်ရှောင်ဖြစ် နေတဲ့အမေ လည်းသိပ်မကြာခင် ဆုံးပါးသွားခဲ့သည်။ ခင်သက်ဝေ တစ်ယောက် ဘ၀ကို တစ်ယောက်ထဲရုံးကန်ခဲ့ရသည်။ အဲဒီကတည်းက ခင်သက်ဝေနှင့် စိုးသီတာ အဆက် အသွယ် မရှိ။ စာကြိုးစားတဲ့ ခင်သက်ဝေ ၁၀တန်းကို ဂုဏ်ထူး ၃ခုဖြင့်အောင်သည်။ ငယ်ငယ်ထဲက အိမ်မက်မက် ခဲ့သည် ဗိသုကာ လိုင်းကိုလိုက်ခဲ့သည်။ ဘွဲ့ရပြီးလို. ၁နှစ်နေတော့ ခင်သက်ဝေ တက္ကသိုလ်ထဲက ချစ်သူတွေဖြစ်ခဲ့ သည့်ကိုကျော်စိုးနှင့် လက်ထပ်ခဲ့သည်။

ခင်သက်ဝေ ဘ၀ကပြည့်စုံ ပျော်ရွှင်သည်။ တစ်ခုပဲရှိသည် ခင်သက်ဝေတို. လက်ထပ်ပြီး ၂နှစ်လောက်ရှိသည် အထိ ကလေးမရ။ ကလေးလိုချင်သော ကျော်စိုးမှာ ထွန်.ထွန်.ကို လူးနေသည်။ စစ်ဆေးတာ တွေဘာတွေလဲ လုပ်သည်။ ခင်သက်ဝေ ဘက်က ချို.ယွင်းလို. ကလေးမရ နိုင်လို. ကျော်စိုးကို ပြောလိုက်သည့် နေ့တွင်တော့ ကျော်စိုးမျက်နှာ ဇီးရွက်လောက်သာ ရှိတော့သည်။ ခင်သက်ဝေ စိတ်မကောင်းဖြစ်ရုံက လွဲလို. ဘာမှမတတ်နိုင်။

ဒီလိုနှင့် တစ်နေ.တော့ ခင်သက်ဝေ ဘ၀တစ်ဆစ်ချိုးကို ရောက်လာခဲ့သည်။ စိုးသီတာ တစ်ယောက် ခင်သက်ဝေအိမ်ကို ရောက်လာခဲ့သည်။ ယောက်ျားနှင့် ကွဲခဲ့လေပြီ။ ခင်သက်ဝေလဲ တစ်ဦးတည်းသော သွေးရင်းသားရင်း ဆိုလို. လောကကြီးမှာ ဒီအမ တစ်ယောက်ထဲ ရှိတယ်ဆိုပြီး ၀မ်းသာအားရ ကြိုဆို၍ သူ.အိမ်မှာ ခေါ်တင်ထားခဲ့ သည်ကိုက ခင်သက်ဝေ၏ မဟာအမှား........

ဆက်ရန်

ဖြေရှင်းချက်

အလည်လာပြီး စိုးရိမ်တကြီး မေးမြန်းကြတဲ့ ဘလော့ဂါ ချစ်သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အလွမ်းအိမ် ပြောဖို.ကျန်ခဲ့တာပါ။ အလွမ်းအိမ် နေကောင်းပါတယ်။ အခုဆေးထိုးရတာက ကာကွယ်ဆေးထိုးရတာပါ။

အားလုံးကို အစဉ်အမြဲ ခင်မင်လေးစားလျက်
အလွမ်းအိမ်

Tuesday, November 27, 2007

အဖျား အ၀ါကြီး

အမေ သမီးမထိုးလို. မရဘူးလားဟင်။ အိမ်ရောက်မှ ထိုးမယ်လေ။
ထိုးလိုက်ပါ သမီးရယ် မနာပါဘူး။ ခဏလေးဆို ပြီးသွားမှာ။ ပုရွက်ဆိတ် ကိုက်သလောက် လေးပဲ။ တောင့်ခံထားလိုက်။ အမေ့ကို ကိုင်ထား။ နာစ့်မမ တွေကဆေးထိုး ကျွမ်းပါတယ်။ မနာအောင် ထိုးပေးလိမ့်မယ်။
အီး အဲ အင်း ပြီးသွားပြီ လားဟင်။ မြန်လိုက်တာ။ နဲနဲတော့ နာတယ်။
နာလို.လား ညီမရဲ့။ ပြီးပြီ ပြီးသွားပြီ။ ဒီဆေးထိုးပြီးရင် နောင်၁၀နှစ်ထိ ဒီဆေးကို ထပ်ထိုးစရာ မလိုတော့ဘူး။ ခရီးသွားလို. အာဖရိက ကလာတယ်ဆိုရင် ဟိုဘက်နိုင်ငံက လ၀က ကလူတွေက ဒီဆေးမထိုးထား ရင်ပြဿနာ လုပ်နိုင်လို.ကွဲ.။ အဲဒါကြောင့်။

အလွမ်းအိမ် ဒီနေ.မနက် ဆေးရုံသွားတော့ ဆေးထိုးရတဲ့ အသံတွေပါ။ ဆေးဆို အလုံးလိုက် အတောင့်လိုက် ဘယ်နှစ်လုံးပဲ လာပါစေ သောက်နိုင်ပေမဲ့ အပ်မြင်ရင်ကို အသက်ရှူမမှန် ချင်တဲ့ အလွမ်းအိမ်ရဲ့ ဗန္ဓုလ သွေးက ရဲရဲကိုတောက်လို.။ ဘာဆေးလဲ ဆိုတာ မသိချင်ကြ ဘူးလား။ အဟက်ဟက် အဖျား အ၀ါကြီး ဆေးတဲ့ တော်ရေ။ အဖျား အ၀ါကြီးတဲ့။ Yellow Fever ပါ။ ခုထက်ထိတောင် လက်မောင်းက အောင့်တောင့်တောင့်။ ဟွန့် ဆေးမထိုး ချင်တဲ့ လူမှပဲ အဖျား အ၀ါကြီး ဆေးထိုးဖို. ကလိုလာတယ်။ အိမ်ရောက်တော့ အဖျား အ၀ါကြီး ဆေးထိုးဆိုလို.သာ ထိုးလိုက်တဲ့ အလွမ်းအိမ်က အဖျား အ၀ါကြီး ဆိုတာ ဘာလဲဆိုတာ စပ်စုကြည့် ချင်လာတယ်။ အလွမ်းအိမ် တို.ဒါနဲ.ပဲ အင်တာနက် တစ်ခုနဲ. နပမ်းလုံးရင်း အဖျားအ၀ါကြီး လေ့လာရေးကို စတင်လိုက်ပါတယ်။

တွေ.ရတဲ့ အဖျားအ၀ါကြီး က တော်တော် ကြောက်စရာပဲ။ သွေးကြောလေးတွေ ပေါက်ကွဲ ထွက်တတ်ပါသတဲ့။ အာဖရိက နဲ. တောင်အမေရိက မှာအတွေ.ရများတယ် ဆိုတော့ အာဖရိက အလွမ်းအိမ် ဆေးထိုးရတာ မဆန်းပါဘူးနော်။ ပြင်သစ်မှာလဲ တွေ.ရများတယ် ဆိုပဲ။ ဟိုးရှေးရှေးတုန်းက ၁၈၀၂ ခုနှစ်လောက် ကပေါ့ Haitian Revolution ကြီးဖြစ်တဲ့ အချိန်ကပေါ့ကွယ်။ ပြင်သစ်စစ်တပ် တစ်ဝက်ကျော်ကျော်ဟာ စစ်မတိုက်ရပါပဲ အဖျားအ၀ါကြီး ဖြစ်သေကုန်ကြပါသတဲ့။ အဲဒီလောက် ဆိုးတယ်နော်။

အရင်းစစ်တော့ ခြင်ဆိုတဲ့ အကောင်ပဲ။ ဒင်းက သယ်တာတဲ့။ အလွမ်းအိမ်တို. ကြောက်တဲ့ သတ္တ၀ါတွေ ကိုရေးကြတုန်းက ခြင်ဆိုတဲ့ သတ္တ၀ါကို ဘယ်သူမှ ဒီလောက်ဟုတ်တိပတ်တိ ကြောက်တာမတွေ. ခဲ့ရဘူးနော်။ ဒါပေမဲ့ ရောဂါတော်တော် များများကို ဒင်းကသယ်တဲ့ အကောင်ဆိုးပါ။ ငှက်ဖျားဆိုလဲ ဒင်းပဲ၊ သွေးလွန် တုပ်ကွေးဆိုလဲ ဒင်းက တရားခံ၊ ခု အဖျားအ၀ါကြီးမှာလဲ ဘယ်သူရှိ ရမလဲ ဒင်းပဲပေါ့။ တော်တော်ဆိုးတဲ့ ဟာတွေ။


အဖျား အ၀ါကြီး ဖြစ်လာရင် ဘာတွေဖြစ်တတ်လဲ။

အဟမ်းဟမ်း အဟွတ်ဟွတ်
အဖျား အ၀ါကြီး ဗိုင်းရပ်စ် ကကိုယ်ထဲမှာ ၃ရက် ကနေ ၆ရက်အထိ တိတ်တိတ်လေးဝင်နေ နိုင်ပါသတဲ့။ ဖျားမယ်၊ အကြောအခြင် တွေနာမယ်၊ ခေါင်းကိုက်မယ်၊ မူးမယ်၊ အန်မယ်၊ တုန်တုန်တက်မယ် စတဲ့လက္ခဏာတွေ ကတော့ အဖျားအ၀ါကြီးရဲ. အစရောဂါလက္ခဏာတွေပါ။ တစ်ခြား ရောဂါတွေနဲ. (တိုက်ဖွိုက်၊ ငှက်ဖျား) လက္ခဏာ ခြင်းဆင်ဆင် တူလို. အခွဲရခက်ပါတယ်။ ၃၊ ၄ ရက်နေရင်တော့ ရောဂါသက်သာ သွားတတ်ပါတယ်။

ဒါပေမဲ့လေ ဒါပေမဲ့ပေါ့ အဲဒီသက်သာခြင်း ရဲ.နောက်မှာ အသက်တွေ ပါပါလာတယ်။ ဝေဒနာခံစား နေရတဲ့ လူနာ ၁၅% ခန်.ဟာ အဖျားပြန်တက် လာတတ်ပါတယ်။ ကိုယ်ခန္ဓာရဲ. ဇီဝဖြစ်စဉ်တွေကို ထိခိုက်လာပါတယ်။ အသားတွေဝါလာ ပြီးဗိုက်နာ အော့အန်ပါတော့တယ်။ ပါးစပ်၊ နှာခေါင်း၊ မျက်စိ စတာတွေကနေ သွေးယိုပါတော့တယ်။ ဗိုက်အတွင်းမှာ လဲသွေးယိုမှူတွေ ရှိလာပါတယ်။ ကျောက်ကပ် ကလဲကောင်းကောင်း အလုပ်မလုပ်ပဲ ရှူးရှူးလဲပေါက်လို. မရတော့ပါဘူး။ ဒါဆိုရင်တော့ များသောအားဖြင့် သေဖို.ပဲရှိတော့တယ်။ အားရှိစရာပြောတာပါ။ ၁၄ ရက်အတွင်း သေနိုင်တယ်တဲ့။

အဖျား အ၀ါကြီးကို ကာကွယ်ကြမယ်။

ဒါအလွယ်ဆုံးပါပဲ။ ကာကွယ်ဆေး ထိုးထားလိုက်ပေါ့။ ၁၀နှစ်တောင် ခံတယ်ဆိုပဲ။ အဟက်ဟက် အလွမ်းအိမ် တော့ နောင်၁၀နှစ်လောက် အဖျား အ၀ါကြီးကြောင့် မသေတော့ဘူး။ ငါမသေဘူး ရေကူးတတ်တယ်ကွ။

အလွမ်းအိမ် မှာဆရာဝန် မဟုတ်သည့် အပြင် ဆေးပညာ အကြောင်းသိပ်နားမလည် ပါသဖြင့် အမှားပါက ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန် အပ်ပါသည်။ အမှားပါက ထောက်ပြသွား နိုင်ပါသည် အမ မိုးချစ်သူတို. ကိုစိုးထက် တို. နှင့်တကွ ဆရာဝန်ကြီးများနှင့် နားလည်တတ်ကျွမ်းသူများ ရှင့်။

Monday, November 26, 2007

မွေးနေ.ဆုတောင်း


မနေ.က ညီမလေး ၀င်္ကပါရဲ့မွေးနေ.ပေါ့။ နောက်ကျနေတဲ့ မွေးနေ.ဆုတောင်းလေးပါ။ ငါ့ညီမလေး ၁၈နှစ်ပြည့် မွေးနေ.မှ နောင် နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နဲ.ကိုယ်ချစ်တဲ့သူတွေ နဲ.အတူတူနေနိုင်ပါစေ။ ပညာတွေလဲ အများကြီးတတ်ပါစေ။

ခရီးသွားမှတ်တမ်း

အလွမ်းအိမ် ပြန်လာပါပြီ။ မနေ.က ပိုစ့်တင်မလို.ပါပဲ အိပ်ပျော်သွားလို့ ဂနေ.မှပဲ အသစ်တင်နိုင်တော့တယ်။ ခရီးသွားမှတ်တမ်းလေးပေါ့။ တကယ်တော့ ကျွန်မသွားတဲ့ မြို.လေးက ကျွန်မနေတဲ့ မြို.ကနေ ၁း၀၀ နာရီ လောက်ကားမောင်းချိန် ကြာပါတယ်။ အရမ်းမြန်မြန် မောင်းရင်တော့ ၄၅မိနစ် ပေါ့။ ဟိုဖက်မြို.က အိမ်ရှင်မြန်မာ အန်ကယ် တစ်ယောက် ရဲ.အလှူကို သွားကြတာပါ။ ဒီနိုင်ငံတွင်း ရှိသမျှ မြန်မာတွေ ကိုဖိတ်တဲ့ ထမင်းရည် ချောင်းစီး အလှူပေါ့နော်။ သူတို. နေတဲ့မြို.လေးမှာ မြန်မာ ၃ အိမ်ရှိပါတယ်။ အားလုံး အိမ်နီးနားချင်းတွေ ဆိုတော့ ကျွန်မတို. မြို.က မြန်မာတွေ ကညအိပ်သွားဖို. စီစဉ်ကြပါတယ်။ စနေတစ်ည အိပ်ပေါ့နော်။ ဧည့်သည် မြန်မာတွေက အိမ်ရှင်မြန်မာ တွေအိမ်တွေ မှာမျှအိပ်ကြပါတယ်။


ကဲကျွန်မတို. မြို.ထဲက စထွက်တယ် ဆိုရင်ပဲ ဘလော့ရေး ရအောင်ဆိုပြီး မှတ်တမ်းတင်ပါတော့တယ်။ မြို.ထဲက ထွက်ထွက်ခြင်းမှာ ယခုလို ချောင်းငယ်လေးတစ်ခု ပေါ်ကနေဖြတ်ရပါတယ်။ နောက်လာမယ့် မြင်ကွင်းတွေ ကတော့ လယ်ကွင်းပြင်ကြီးတွေ ကျောက်တောင်တွေပဲ ဖြစ်ပါတယ်။

အခုလို တစ်မျှော် တစ်ခေါ် လမ်းရှည်ကြီးကို သွားရပါတယ်။

လမ်းဘေးမြင်ကွင်းပါ။ မြက်ခင်းကြီး တွေအပြည့်ပါပဲ။ ကျွန်မတို. မြန်မာပြည် မှာသာဆိုရင် ရွှေဝါရောင် စပါးခင်းတွေ အပြည့်ဖြစ်နေမှာပေါ့။

ဒါကတော့ လမ်းခရီးက ကျောက်တောင်ကြီးတွေပါ။ မဆုံးနိုင်အောင် များလှတဲ့ ဒီကျောက်တောင်တန်း ကြီးတွေကို ကြည့်ရတာ အလွမ်းဓါတ်ခံ ရှိသူအဖို. ပိုလို.တောင် လွမ်းမိပါသေးတယ်။
ဒါကတော့ ကျွန်မပြောပြောနေတဲ့ တောင်ပြားပြားကြီးပါပဲ။ ဒီမှာက ဒီလိုတောင်မျိုးတွေ ချည်းပါပဲ။ ပြည်မြန်မာက တောင်ထိပ်ချွန်ချွန် လေးတွေမှာ ထုံးသုတ်ထားတဲ့ စေတီဖြူဖြူလေးတွေကို လွမ်းမိပါရဲ.။
လောကကြီးကို ခေါင်းပြူကြည့်နေတဲ့ ကျောက်တောင်ကြီးပါ။
သဘာဝ ဒါဏ်တွေကြောင့် ရေ၊လေ တို့ရဲ့တိုက်စားမှုဒါဏ်ကိုခံရပြီး တိတိရိရိ ပြတ်နေတဲ့တောင်ကြီးပါ။
ရောက်ပါပြီ။ ရောက်ပြီဆိုတော့ အလှူ.ရှင် အန်ကယ်ကျွေးတဲ့ အသားကင်ပါ။ ညရောက်မှ မီးဖိုပြီး ကင်ကြတဲ့ အသားကင် ကိုမုန်.မှာတဲ့ ဘလော့ဂါများ အတွက်လဲ သယ်လာရတာပေါ့။ ဘယ်မေ့လို. ဖြစ်ပါ့မလဲနော့်။ နွေရာသီ ရောက်ပြီဆိုပေမဲ့ ညရောက်တော့ အအေးဓါတ် တော်တော်လေး ရှိသေးတဲ့မြို.ပါ။ တောင်ပေါ်မှာ တည်ထားတာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အသားကင်လေး စားလိုက် မီးလေးလှုံ လိုက်နဲ. ပျော်စရာကောင်းပါတယ်။










လူကြီးတွေ အသားကင်ဖို. မီးမွှေးနေတုန်း အလွမ်းအိမ် တောင်ပေါ်ကနေ လှမ်းရိုက်ထားတာပါ။

နောက်နေ. နေ.လယ်မှာ အန်ကယ်က ဟော့ပေါ့ ထပ်လုပ်ကျွေးပါသေးတယ်။ ဟော့ပေါ့ အိုးကြီးကို ဓါတ်ပုံရိုက် ဖို.မေ့သွားလို. မပါလာပါဘူး။ အလွမ်းအိမ် လဲတစ်မနက်လုံး မြို.ထဲမှာ လျောက်လည်နေပြီး ပြန်လာတော့ ဆာဆာနဲ. ဟော့ပေါ့တွေ တစ်အားတွယ် ပြီးဗိုက်လေးနေတာနဲ. ထမင်းလုံးစီ နေတော့တာပေါ့။ ကဲ စားလို.လဲကောင်း ၀ါးလို.လဲကောင်း ကျေးဇူးတင်ပါတော့မယ်။

၁။ အလှူ.ရှင် အန်ကယ်စန်း နောင်လဲ အလွမ်းအိမ်လို အ၀အပြဲ တွယ်တတ်တဲ့ ဧည့်သည်ကို အ၀အပြဲ ကျွေးမွေးနိုင်ပါစေ။ ကျွေးမွေးနိုင်ဖို. လော်တို ဆုကြီးကြီး များလဲ ထပ်ခါ ထပ်ခါ ထိုးတိုင်းပေါက်ပါစေ။ ကြံတိုင်းအောင်လို. ဆောင်တိုင်းမြောက်ပါစေ။

၂။ ချက်ပြုတ်ရေးတာဝန်ခံများဖြစ်တဲ့ အန်တီအေး၊ အန်တီစု၊ အန်တီမြ တို.လဲ ဟင်းချက်တိုင်းမှာ စားတဲ့သူတိုင်း လျှာလည်ပြီး နောင်အမြဲတမ်းစွဲတဲ့ လက်ရာပိုင်ရှင်များ ဖြစ်ပါစေ။ ထမင်းဆိုင်ကြီးများ ဖွင့်ခဲ့ရင်လဲ ၀က်ဝက်ကွဲ ရောင်းရပါစေ။ ထမင်းဆိုင် မဖွင့်ခဲ့ရင်လဲ အိမ်အကြီးကြီး မှာမီးဖိုချောင် အကြီးကြီးနဲ. နေရပါစေ။

၃။ အလွမ်းအိမ် လမ်းမှာ ဓါတ်ပုံရိုက်ဖို. ကားကို ဖြေးဖြေးမောင်းပေးသော အန်တီဌေး နဲ. အန်ကယ်လင်း တို.လဲ ကားအကောင်းစားကြီး များ ၁၀စီးမက ပိုင်ပါစေ။

၎။ မြို.ထဲမှာ လျောက်လည်ဖို. ကားနဲ.လိုက်ပို.ပေးတဲ့ အမ၀ိုင်းနဲ. အန်ကယ်ထွန်း တို့လဲ လက်ဖျားငွေသီးပါစေ။ စီးတော်ယာဉ်များလဲ ထည်လဲစီးနိုင်ပါစေ။ ကားတွေ အများကြီးဝယ်နိုင်ပါစေ။

၅။ လည်လည်လာတဲ့ သယ်ရင်းများ အားလုံးလဲ အစားကောင်း အသောက်ကောင်းများ အများကြီးစားရပါစေ။ စားချင်တဲ့ အရာကို စားချင်တဲ့ အချိန်မှာ အချိန် မဆိုင်းပဲစားရပါစေ။


Saturday, November 24, 2007

ခရီး

အလွမ်းအိမ် လည်လည်သွား မလို.ပါ။ နယ်မြို.လေးတစ် မြို.ကိုပေါ့။ ၂ရက်ပဲ ကြာမှာပါ။ မနက်ဖြန် ညနေစောင်း ပြန်ရောက်မယ်။ အဲတော့မှ ခရီးသွား အတွေ.အကြုံလေးတွေ တင်ပေးမယ်နော်။

Friday, November 23, 2007

မိသားစု

အလွမ်းအိမ် တစ်ယောက်လဲ အမြဲတမ်း ပျော်မနေ နိုင်ပါဘူး။ ခုတစ်လော အိမ်မှာ စားလိုက် သောက်လိုက် နဲ.ဇိမ်ကျလှပြီ မှတ်တာ။ အခုတော့ အဝေးကြီးလို. ထင်ထားခဲ့ တဲ့နေ.က ရောက်တော့မယ်။ အာဖရိက ကိုစွန်.လို. ရေကြည်ရာ မြက်နုရာ ကိုသွားရပြန်ဦး တော့မယ်။ အမေ နဲ. ၁၀တန်း ဘော်ဒါ တက်တုန်းကပဲ ခဏခွဲဘူး တာကလား။ အဲဒါတောင် အမေက လာတွေ.တာရယ် တန်ဆောင်တိုင် အိမ်ပြန်ရတာ တွေရယ်ရှိသေးတယ်။ ပြီးတော့ မောင်လေး။ မောင်လေးနဲ. ကျွန်မဟာ ခွဲထားလို. သိပ်မရပါဘူး။ ၄နှစ်ကွာတယ် ဆိုပေမဲ့ ဘာလုပ်လုပ် အတူတူလုပ် တာပါ။ ကျွန်မက စိတ်ထဲမှာ တစ်ခုခု ဆိုသူက သိနေပြီ။ ကျွန်မ နားထောင်ချင်နေ တဲ့သီချင်းဆို ပါးစပ်က မပြောရပါပဲ သူကသွားဖွင့်လိုက်ပြီ။ အဲလောက်ထိ ရင်းနှီးတာပါ။ အမေကို အကုန်လုံး ပြန်မပြောတတ် ပေမဲ့ မောင်နှမချင်း တော့အကုန် ဖွင့်ဟ တိုင်ပင်ပါတယ်။ အဖေကတော့ ငယ်ငယ်ထဲက ခဏခဏ ခွဲဘူးနေတာပါ။ အခုတော့ အလွမ်းအိမ် အိမ်နဲ.ခွဲပြီး မိုင်ထောင်ချီဝေး၊ ပင်လယ်တွေခြား နေတဲ့ နေရာမှာ၊ မိဘနဲ.လည်းဝေး၊ မိသားစုနဲ.ဝေး၊ ဆွေမျိုး အသိမိတ်ဆွေမရှိ တဲ့နေရာတစ်ခုကို စွန့်စွန့်စားစား ရွေးချယ်ခဲ့မိပြီ။ မှားပြီလားလို. တစ်ခါတစ်လေမှာ တွေးမိတယ်။ ငါတစ်ယောက်ထဲ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ကြောက်စိတ်တွေ ၀င်မိတယ်။ ဒါပေမဲ့ ပြုတ်ကျသွားတဲ့ စိတ်ဓါတ်ကို ပြန်ကောက်တပ်ရင်း တစ်ချိန်မှာ ငါဟာငါ့မိသားစု အားကိုးရတဲ့ သူဖြစ်ရမယ် လို.စိတ်တွေကိုပြန်တင်း ရတယ်။ မဖြစ်ဖြစ်အောင် လုပ်ရမယ်။ မိသားစုကို မခွဲရက်ပေမဲ့ ရအောင်ခွဲနေ ရမယ် လို့စိတ်ထဲမှာ အကြိမ်ကြိမ် ပြောနေမိပေမဲ့လည်း ခွဲရမယ်ဆိုတာကို စဉ်းစားမိတိုင်း မျက်ရည်က လည်ချင်တယ်။ ကိစ္စမရှိဘူး ငါ့ထက်အသက် ငယ်တဲ့သူတွေတောင်၊ မိသားစုနဲ. ခွဲပြီး အဝေးမှာ နေနေကြတာပဲ။ ငါကဘာသရဲဘောကြောင် တာလဲ လို.ကိုယ့်ဟာကို ပိတ်ပိတ် ဟောက်ရတာတွေလဲ များပြီ။ ဘာပဲပြောပြော အိမ်နဲ.ဘယ်သူမှ ဘယ်ခွဲချင်ပါ့မလဲ နော်။ အားလုံးဟာလဲ အိမ်မှာပဲ အမေချက်ကျွေးတဲ့ ဟင်းလေးကိုစားပြီး မောင်နှမချင်း ရန်ဖြစ်လိုက်ကြ၊ အဖေရေ အပြင်သွားမလို. မုန့်ဖိုးလေး ဆိုပြီးတောင်းလိုက်ကြ နဲ.ကိုယ့်မိသားစု လေးနဲ.ကိုယ် ပျော်ပျော်ရွှင်ရွှင် နေချင်ကြတာ ချည်းပဲပေါ့။ မတတ်သာလို. အခုလို ခဏခွဲ လာရတဲ့ အချိန်မှာ နောင်ပြန်တွေ့ တဲ့အချိန်ကျရင် ပိုကောင်းတဲ့ ငါ၊ ပိုကောင်းတဲ့ နေရာမှာ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးကို မြင်ရအောင်လုပ်ချင်တယ် ဆိုတဲ့စိတ်ကလေးလဲ လူတိုင်းမှာရှိနေမှာပါ။ အဲလိုပြောလို. အလွမ်းအိမ် သိပ်ပြီးများ အတ္တကြီးသွားပြီလား မသိဘူးနော်။ အတ္တကြီးတယ် ဆိုလဲ ကျေကျေနပ်နပ် ကြီးခံလိုက်ပါ့မယ်။ အချိန်တန်တော့လဲ အိမ်ပြန်မယ့် သူတွေများပါတယ်။ အဲဒီအထဲမှာ အလွမ်းအိမ်လဲ ပါတာပေါ့။

Thursday, November 22, 2007

အာဖရိက












အာဖရိက အာဖရိက။ လူတွေက အာဖရိက ဆိုရင် လူရိုင်းတွေ၊ ဆင်းရဲ ငတ်ပြတ် နေကြတယ် လို.ထင်ကြတယ်။ အလွမ်းအိမ် ကိုယ်တိုင်လဲ အဲလို ထင်တာပါပဲ။ ခုတော့ ကြည့်ပါဦး ဓါတ်ပုံတွေကို။ ဆင်းရဲ ငတ်ပြတ်မှုတွေ အာဖရိကမှာ မရှိဘူးလားဆိုတော့ ရှိတာပေါ့။ နေရာတိုင်းမှာ တချို.က ဆင်းရဲတယ်၊ တစ်ချို.က ချမ်းသာတာပဲ မဟုတ်လား။ ခုလဲအဲလို နေမှာပေါ့ နော့်။ ပုံတွေကတော့ အာဖရိက ရဲ.မြို.တစ်ချို.ပုံတွေပါ။ အလွမ်းအိမ် လဲအစက အာဖရိက လူရိုင်းတွေ ရှိမှာပဲ ဆိုပြီးတော့ ထင်ထားတာ။ God must be crazy ရုပ်ရှင်ကို ကြည့်ပြီးတော့ နောက်လဲ ရုပ်ရှင်တွေ တော်တော်များများ မှာအာဖရိက ကိုရောက်လာရင် တိရိစ္ဆာန် အရိုင်းတွေပြေး နေတာရယ်၊ လူရိုင်းတွေ ကလူသားစား ဖို.အိုးကြီးတွေ နဲ.ရေနွေးကြိုတာတွေ ဘာတွေတွေ.တွေ. နေတာဆိုတော့ ခပ်လန်.လန်.ပေါ့ နော်။ ရောက်လာတော့လဲ အဲလိုမျိုး မဟုတ်ကြောင်း တဖြည်းဖြည်း သိသွားတာပေါ့။ ကဲ မိတ်ဆွေတို.ရေ အာဖရိက ဆိုရင် မကြောက်ကြနဲ. တော့နော်။ ဟဲဟဲ လူသားစား လူရိုင်းတွေ မရှိပါဘူး။ ပူလောင် အိုက်စပ်တဲ့ ရာသီကလဲ တစ်နှစ်မှာ ၃လ ၄လ လောက်ပဲ။ ကျန်တဲ့ လတွေက အေးမှ အေး။ အရိုးတောင် ကွဲတော့မယ်။ အဲလို အဲလို ပါလို...........

Tuesday, November 20, 2007

မိုးရွာတဲ့ နေ့လေးတစ်နေ.

မနေ့က အလွမ်းအိမ် ပက်လက်ကုလားထိုင် တစ်လုံးနဲ. ဇိမ်ကျနေတာ။ မှန်ပြတင်းပေါက်လေး ကိုအသာဖွင့်လို. လေအေးအေး လေးတွေက ပြတင်းပေါက်ကြားကနေ ၀င်လာပြီး ပူလောင်နေတဲ့ နေ.ကိုအပူ သက်သာအောင် ကူညီပေးတယ်။ ခဏနေတော့ အလွမ်းအိမ်လဲ မှေးကနဲ အိပ်ပျော်သွားတာပေါ့။ အဲဒီအချိန်မှာပဲ ဖတ်ကနဲ ထောက်ခနဲ မိုးစက်လေးတွေ ၀င်လာတယ်။ ပြတင်းပေါက် ကိုကျော်ပြီးတော့ အလွမ်းအိမ် မျက်နှာကို လာစင်တယ်။ အေးခနဲ အေးခနဲ ဖြစ်ဖြစ်သွားတာပေါ့။ အလွမ်းအိမ် လဲပြတင်းပေါက်ကို မပိတ်ပဲ မိုးနံ့ လေနံ့ လေးကိုရှူ မိုးစက်ကလေး တွေကျလာတာကို ကြည့်နေရင်း ဘလော့ရေးဖို့ စဉ်းစားတာပေါ့။ အလွမ်းအိမ် နေနေတဲ့ နေရာပေါ်မှာ ကယူကလစ်ပင်ကြီး ရှိတယ်။ အဲဒီအောက်မှာ အိပ်ပျော်နေတာ ဆိုတော့ မိုးရေစက်တွေက ယူကလစ်ရွက် ချွန်ချွန်လေးတွေ ပေါ်မှာ ဟီးလေးခိုပြီးမှ အောက်ကို ဒိုင်ဘင် ထိုးထိုးချတာ ကိုမော့ကြည့်နေဖြစ်တယ်။ အမှန်တော့ မော့စရာ မလိုပါဘူးလေ။ ပလက်ကုလားထိုင် မှာထိုင်နေတာပဲ။ မိုးက ၀ုန်းဒိုင်းကျဲ မရွာပဲ ခပ်ဖျောက်ဖျောက် ကျနေတယ်။ နေအရမ်း ပူနေရာက အခုလို မိုးလေးတွေရွာတော့ မိုးနံ့လေးဆိုတာ သင်းနေတာများ ပြောမနေပါနဲ.တော့။ နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုတာ နိုင်ငံ အတော်များများမှာ ဆောင်းဝင်ပြီပေါ့။ ဒါပေမဲ့ အာဖရိကတိုက်မှာတော့ အရိုးကွဲလု မတတ်အေးနေတဲ့ ဆောင်းက လွတ်မြောက်ပြီး နွေရာသီကို ၀င်ခဲ့ပြီပေါ့။ ဆောင်းတွင်းတတွင်းလုံး ပုန်းနေတဲ့ သစ်ရွက်ကလေးတွေလဲ ပြန်ထွက်ကြပြီ။ ပန်းတွေလဲ ပွင့်နေကြတဲ့ အချိန်ပေါ့။ နှင်းဆီ ဆိုတာ နေရာတကာမှာ အရောင်စုံပွင့်နေ လိုက်ကြတာ။ ခူးချင်တာ လက်ကိုယားနေတာပဲ။ ဒါပေမဲ့ ဒီမှာ လူတွေက ပန်းတွေ တအားပွင့်ပါရက်နဲ. ဘယ်သူမှ မခူးကြဘူး။ သူတို.က ဘုရားတင်ဖို. ဆိုပြီးလဲ မခူးဘူး။ ပန်ဖို.ဆိုတာ ဝေးရောပဲ။ ပန်းဆိုင်တွေ မှာဝယ်တော့လဲ ပန်းတွေဒီလောက် ပွင့်ပါရက်နဲ. ဈေးတွေက ခေါင်ခိုက်နေတာပဲ။ အဲဘယ်တွေရောက် ကုန်ပါလိမ့်။ ပြောနေတာက မိုးရွာတဲ့ ကိစ္စပါ။ အဲအဲ အဲဒါနဲ. ခဏနေတော့ မိုးတိတ်သွားတာပေါ့။ မိုးရွာပြီးစ ကောင်းကင်ကြီးက အုံ့မိုင်းမိုင်းပဲ။ သူငိုလို. မ၀သေးဘူးလို့ ပြောနေသယောင်။ အရာအားလုံး ဟာလဲ ရေထိထားလို. လန်းနေတယ်။ လူတွေကလဲ အပူလျော့သွားလို. ပြုံးနေကြတယ်။ မိုးရွာတဲ့ နေ့လေးတစ်နေ.ကို ဒီမှာပဲ အဆုံးသတ်လိုက် မယ်နော်။

Monday, November 19, 2007

သွားခဲ့တဲ့ အသုဘ

ဒီနေ. အသုဘ တစ်ခုကိုသွားတယ်။ မနေ.ကတော့ ပျော်ရွှင်တဲ့ မင်္ဂလာဆောင် ကိုတွေ.ရတယ်။ ကနေ.တော့ အချစ်ဆုံး သူငယ်ချင်း ကိုရီးယားမလေးရဲ. အဖေ ဆုံးသွားလို. အသုဘ။ ကြည့်ပါဦး ဘ၀ဆိုတာ ကြောက်စရာ။ အမြဲတော့ မင်္ဂလာချည်းပဲ ရှိမနေနိုင်ဘူးလေ နော်။ သူငယ်ချင်း ကိုရီးယားမလေး ရဲ.နာမည်က ကင်မ် တဲ့။ သူ.အဖေက လွန်ခဲ့တဲ့ အပတ်က အစာအိမ်ပေါက်ကာ အရေးပေါ်ဆေးရုံတင်ရပြီး ဆုံးပါးသွားပါတယ်။ ကင်မ်တို.က တော်တော် လေးကိုဆင်းရဲပါတယ်။ ကိုယ့်နိုင်ငံမဟုတ်တဲ့ အတွက်လဲ ပိုအားငယ်စရာ ကောင်းပါတယ်။ ဒီနိုင်ငံကို ရောက်စက ဒီလောက်မဆင်းရဲ ပါဘူး။ ကိုရီးယား အချင်းချင်း လိမ်ပြီးတော့ သူတို.မှာ ရှိသမျှပိုက်ဆံတွေ ကိုလူလိမ်ခံရအပြီးမှာ ကုန်းကောက်စရာ မရှိအောင်ကို ဆင်းရဲသွားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ. သူတို. ဘ၀ကြီးကို ပြန်ပြီးကြိုးစား တည်ဆောက်နေဆဲမှာ မမျှော်လင့်ပဲ သူ.အဖေက အခုလို ဆုံးပါးသွားခဲ့ပါတယ်။ ကင်မ်နဲ. ကျွန်မက ကျောင်းနေဘက်တွေပါ။ ကျောင်းမှာ ဆိုလဲ ကျောင်းလခ မပေးနိုင်လို. ခဏခဏ ကျောင်းဝိုင်းထဲက နေဆွဲထုပ်ခံရ ရှာတယ်။ ဒါပေမဲ့ သူဇွဲမလျော့ဘူး။ စိတ်ဓါတ်ကလဲ မာသလားမမေးနဲ. အဲလိုဖြစ်တာတောင်မှ လောကကြီးကို ပြုံးပြီး နှုတ်ဆက်တယ်။ ဘ၀နာတယ် စိတ်မာတဲ့ ကောင်မလေးပါ။ ဆရာတွေကလဲ ချစ်တော့ ကျောင်းပြီးမှ ကျောင်းလခ အကြွေးတွေကို အလုပ်လုပ်ပြီး ဆပ်ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ စာမေးပွဲကြေး မသွင်းနိုင်လို. အမှတ်စာရင်းကို ကျောင်းကထုပ်မပေးဘူးလို. ကြေညာခဲ့ပါတယ်။

အခုလို အဖေကဆုံး ကိုရီးယားပြန်ဖို.တောင် ပိုက်ဆံမရှိ။ ပြီးတော့လဲ အသုဘကိုတောင်မှ တခြားကိုရီးယား တွေအကူအညီ၊ အကူငွေတွေ နဲ.အကျဉ်းရုံးလိုက်ရပါတယ်။ အဲတော့ ကျောင်းက ဆရာတွေက အရမ်းသနားသွားပြီး အမှတ်စာရင်းတွေကို ထုပ်ပေးလိုက်ပါတယ်။ မာစီးဒီး ကားတစ်စီးစာ တင်နေတဲ့ ကျောင်းလခ အကြွေးတွေကို လဲလျှော်ပစ်လိုက်ပါတယ်။ ပိုက်ဆံရှိလာရင်တော့ ပြန်ဆပ်ပေါ့လေ။ အတင်း ကြီးဆပ်ရမယ် တော့မဟုတ်တော့ပါဘူး။ သူ.မှာ လူမမယ် အရွယ် မောင်လေးတစ်ယောက်နဲ. အင်္ဂလိပ်လို လုံးဝမတတ်တဲ့ အမေရှိပါတယ်။ အခုလို သူ.အဖေ ရုတ်တရက်ဆုံးပါးသွား တဲ့အခါမှာ အိမ်မှာ ဦးစီးဦးဆောင် လယ်လယ်ဝယ်ဝယ် နဲ့ပြောတတ်ဆိုတတ် တာဆိုလို. သူတစ်ယောက်ပဲ ရှိပါတော့တယ်။ သူ.အဖေ မဆုံးခင် ညရောက်တော့ မှခရီးလွန် နေတဲ့ သူတို.သားအမိတွေ သူ.အဖေအသက် မှီရုံလေးရောက်သွားပေမဲ့ သူ.အဖေကို နောက်ဆုံး ပိတ်ဖြူကြီး အုပ်ပြီးထုပ် လာတော့မှ သာတွေ.ခွင့်ရခဲ့ လို.ဖြေမဆည်နိုင်ဖြစ်နေတဲ့ သူငယ်ချင်းကိုကြည့်ပြီး အလွမ်းအိမ် စိတ်အရမ်းထိခိုက်သွားတယ်။ အမေကလဲ အိမ်ရှင်မ အလုပ်ကလွဲလို. ဘာမှမလုပ်တတ်၊ မောင်လေးကလဲ ၅နှစ်လောက်ပဲ ရှိသေးတယ် ဆိုတော့ သမီးအကြီးဆုံးဖြစ်တဲ့ ကင်မ်ဟာ သူ့ရဲ့ ၀မ်းနည်းကြေကွဲတာတွေကို လက်ထဲက လက်ကိုင်ပ၀ါ အဖြူလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးတော့ အမေ နဲ. မောင်လေး ပိုကြေကွဲရမှာ စိုးလို. ငါမငိုဖူးလို. အံကိုကြိတ်ရင်း ပြောရှာတယ်။ အလွမ်းအိမ် ကတော့ ရုပ်ရှင်ကြည့်ရင်တောင် မင်းသမီးက မငိုရသေးဘူး အရင်ဦးအောင် ငိုတတ်တာ ကလား။ အဲတော့ သူမငိုတော့ အလွမ်းအိမ်ငိုတာပေါ့။ အီးအဲ ရွတ်ရွတ် တောင်ဖြစ်နေပြီ။ နောက်အခေါင်းကို ပိတ်ပြီး ကားပေါ် အတင်မှာတော့ တင်းထားတဲ့ ကင်မ်လဲ မနေနိုင်တော့ပါဘူး။ ငိုပြီလေ။ သူ့လက်ထဲကို သူ့အဖေက ဒီမိသားစုကြီးကို ပုံအပ်သွားခဲ့ ပါပြီ။ ကင်မ်လဲငို၊ သူ.အမေလဲ ငို၊ သူ.မောင်လေးကိုတော့ အရမ်းငယ်သေးလို. တစ်နေရာကို ပို.ထားပါတယ်။ သားအမိနှစ်ယောက် ဖက်ငိုကြတော့ အလွမ်းအိမ်လဲ ငိုတာပေါ့။ အလွမ်းအိမ် အမေက ဆွဲဆိတ်ကော။ အသုဘရှင်တွေ ငိုပါစေဦးပေါ့။ အဲဒါနဲ. အလွမ်းအိမ်လဲ အစ်အစ်အစ် ဆိုပြီး ကြိတ်ရှိုက်ရတယ်။ နောက်တော့ အသုဘကားတွေ ထွက်သွားပြီး အသုဘလဲ ပြီးသွားပါတော့တယ်။ အလွမ်းအိမ်တို.ပြန်လာတော့ ကင်မ်က ကနေ.ညနေ အလွမ်းအိမ် ဆီလာခဲ့မယ် လို.ပြောလိုက်ပါသေးတယ်။ သူ့မှာ သတ္တိတွေ အပြည့်ရှိတယ်။ သူ.မှာ မလဲကျနိုင်တဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ရှိတယ်။ သူဟာ ဘာပဲဖြစ်လာ ဖြစ်လာ လောကကြီးကို ပြုံးပြုံးကြီး ရင်ဆိုင်ရဲတယ်။ အခါခါ လဲပြိုကျတဲ့ သူ့ဘ၀ကြီးကို ဖုန်ခါပြီး ပြန်လည်ရပ်တည်ဖို. သူကြိုးစားတယ်။ အားမာန်တွေဟာ အရှိန်ပြင်းတဲ့ မီးတောက်တွေလို သူ.ဆီမှာ တောက်လောင်နေတယ်။ ကင်မ်ရေ နင့်ဘ၀ကြီးကို နင့်အဖေ မရှိတော့ပေမဲ့ နင်ပြန်လည်တည်ဆောက်နိုင်တယ် ဆိုတာ ငါယုံကြည်တယ်။
ချစ်သူငယ်ချင်းလေးရဲ. အဖေ (အသက် ၄၉နှစ်) သည် ကောင်းရာသုဂတိ လားပါစေ။

Sunday, November 18, 2007

ချစ်သူငယ်ချင်းလေး မင်္ဂလာဆောင်


ကနေ.ကွယ် အိမ်ဘေးက တရုတ်မလေး မင်္ဂဆောင်တယ်။ အလွမ်းအိမ် ကိုလဲ မင်္ဂဆောင်ကို လိုက်ခဲ့ပါတဲ့။ အလွမ်းအိမ်က မျက်နှာတောင် မသစ်ရသေးဘူး။ အဲတော့ မလိုက်တော့ ပါဘူးပေါ့။ သတို.သမီးနဲ. ကလဲသူငယ်ချင်းဆိုတော့ သွားတော့နှုတ်ဆက်လိုက် ဦးမယ်ဆိုပြီး ကမန်းကတန်း မျက်နှာတွေဘာတွေသစ် ပြီးသွားနှုတ်ဆက်လိုက်တယ်။ သူငယ်ချင်းက တကိုယ်လုံး အဖြူရောင် ဂါဝန်ရှည်ကြီး ကိုဝတ်ထားတယ်။ ခေါင်းမှာလဲ အနီရောင် နှင်းဆီပန်းလေးနှစ်ပွင့် ပန်ထားတယ်။ ရင်ပတ်မှာတော့ အနီရောင် ပန်းတုလေးနဲ. မင်္ဂလာ သတို.သမီးလို. အဓိပ္ပါယ် ရတဲ့စာတမ်း လေးကိုချိတ်ထားတယ်။ လှလိုက်တာဆိုတာ ပြောမနေနဲ.တော့။ သူကလဲ မိသားစုနဲ. ဝေးမြေခြားမှာ လာနေတဲ့သူလေးပေါ့။ သူက သူ.အစ်ကိုဝမ်းကွဲ လင်မယားနဲ. အတူနေတာပေါ့။ အဲတော့ အခုမင်္ဂလာဆောင်တော့ မိဝေးဖဝေးနဲ. သနားစရာပါ။ တော်သေးတာက သူ.အစ်ကိုဝမ်းကွဲ လင်မယားက အကုန်လုပ်ပေးရှာတယ်။ ဝေးမြေခြားမှာ ဆွေမျိုးဆိုလို. ဒါတွေပဲရှိကြတာလေ။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း လို.အဆိုရှိတယ် မှတ်လား။ နှုတ်ဆက်ပြီးတော့ ပြန်တော့မယ်နော် ဆိုတော့ သူက မပြန်ပါနဲ့ဦး ဆိုပြီးမျက်နှာငယ်လေးနဲ. ပြောရှာတယ်။ အလွမ်းအိမ်လဲ အရမ်းပဲ သနားသွားတယ်။ သူ.ခမျာ ပျော်လဲပျော် အားလဲငယ်နေရှာမှာ။ မကြာခင်မှာပဲ သတို.သားရောက်လာတယ်။ အမယ် သွားကြီးကိုဖြီး နေတာပဲ။ သူလဲပျော်ရှာမှာ။ အလွမ်းအိမ်လဲ ကင်မရာမေ့ကျန်ခဲ့လို. သူတို.ကားကို ပဲဓါတ်ပုံရိုက်ဖို. မှီလိုက်တယ်။ သူငယ်ချင်းကတော့ အခုလို အလွမ်းအိမ် အမှတ်တရနဲ့ သူ.အတွက် ဘလော့ရေးတင်ပေး တယ်ဆိုတာ သိမှာမဟုတ်တော့ဘူး။ မြန်မာလို သူမဖတ်တတ်တာ တကြောင်း၊ အလွမ်းအိမ် ဘလော့လေး ကိုသူမသိတာ တကြောင်းပေါ့.။ အလွမ်းအိမ် ကိုသူငယ်ချင်းက နင်ရော ဘယ်တော့လောက် ဆောင်မလဲတဲ့။ ဟဲဟဲ နောက် ၁၀နှစ်စောင့်လိုက် ဦးလို.။ ကဲ သူငယ်ချင်းရေ ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေနော်။
ပျော်ပျော်ရွှင်ရွှင် နဲ.သားကောင်း သမီးရတနာ များလဲ ရကြပါစေ။ စီးပွားလာဘ်လာဘ ဒီရေအလား တိုးပွားနိုင်ပါစေ။

Friday, November 16, 2007

မုန်.ပျားသလက်စားမယ်။

ဂျေရေ ကျွန်မက မုန်.ပျားသလက် သိပ်မလုပ်တတ်ဘူးနော်။ ကြိုပြောထားတာ။ အဟီး ပျက်သွားရင် တာဝန်မယူပါ။ မုန့်များသလက်ကို ရေမုန်.လုပ်သလိုပဲ ဆန်မှုန်.နဲ. လုပ်ပါ။ ဆား၊ အချိုမှုန်. သင့်တော်သလို ထည့်ပါ။ ရေကိုပျစ်ပျစ်လေး ဖျော်ပေါ့နော်။ ရေမုန်.လိုတော့ ရေကျဲကြီး မဖျော်နဲ.ပေါ့။ ဆိုဒါလဲ နည်းနည်းထည့်။ ပြီးတော့ non stick ဒယ်အိုးမှာပဲ ဆီသုတ်ပြီး မုန်.နှစ် ခပ်များများလေး ထည့်ပေးပေါ့နော်။ ပြီးရင် အဖုံးလေး အုပ်ထားပေးပါ။ မုန်.ပျားသလက်ရဲ. မျက်နှာပြင်လေးတွေ အရေတင်းလာ၊ ကျက်လာပြီဆိုတဲ့ အထိ တည်ပေးပါနော်။ မုန်.ပျားသလက်ရဲ. မျက်နှာပြင်လေး ကိုလဲဆီလေး သုတ်သုတ်ပေးပါနော်။ အဲဒါဆို မုန်.ပျားသလက် ရပါပြီ။

ကြားဖူး၊ကြုံဖူး အူကြောင်ကြောင် အဖြစ်အပျက်များ

အလွမ်းအိမ် ငယ်ငယ်က ကျောင်းကားစီးပါတယ်။ အလွမ်းအိမ် ၇တန်းလောက် ကပေါ့။ အဲဒီ အမကြီးက ၉တန်း။ သူက အလွမ်းအိမ်တို. ကျောင်းကားမှာ တူတူစီးတာ။ သူက အရမ်း ရီစရာတွေ ပြောပြတတ်တယ်။ သူတို.အိမ်နားမှာ ကောင်မလေးတယောက် ရှိတယ်တဲ့။ အဲဒီကောင်မလေးက တနေ.တော့ အပြင်က ပြန်အလာမှာ ကောင်လေးတစ်ယောက် ကစာလိုက်ပေးတယ်တဲ့။ ကောင်မလေးလဲ ရှက်ကလဲရှက် ပဲကလဲနည်းနည်း လေးတော့ပေးလိုက်တာပေါ့။ ခေါင်းလေးငုံ. လို.။ မိန်းမတို. အိန္ဒြရေ ရွှေပေးလို.မရ ဆိုတဲ့ပုံနဲ. ငိုက်စိုက် ငိုက်စိုက် လျောက်လာတာပေါ့။ ကောင်လေးကလဲ ထုံးစံအတိုင်း ဒီစာလေး ယူသွားပေးပါ ဆိုပြီးနောက် ကနေ တတွတ်တွတ် လိုက်ပြောတယ်။ အဲဒီမှာ မထင်မှတ်တဲ့ အဖြစ် အပျက်တခု ကြုံလိုက်ရတယ်။ ကောင်မလေးက အောက်တအားငုံ့ သွားနေတော့ ရှေ့က ဓါတ်တိုင် ကိုမမြင်ပဲ နဖူးနဲ့ ၀င်တိုက်လိုက်တာ ဖင်ထိုင်ရက်လဲ ရော။ ကောင်လေးလဲ အံအားသင့် ပြီးတောင့်မခံနိုင်ပဲ ခွီးခွီးခွီး ဆိုပြီး ရီပြီး တချက်ထဲနောက်လှည့်ပြေးရော။ နောက်ဘယ်တော့ မှအဲဒီကောင်မလေးကို စာလိုက်မပေးတော့ ဘူးဆိုပဲ။

နောက်တခါ အလွမ်းအိမ်တို. ကျောင်းကားက မိန်းကလေးတွေ ချည်းပါပဲ။ အဲတော့ တနေ.မှာ စက်ဘီးစီးလာတဲ့ ကောင်လေးတယောက်က အလွမ်းအိမ်တို. မိန်းကလေးတွေ ချည်းကားပေါ်ပါ တာကို တွေ.တော့ ပဲပေးပြီး လက်တွေဘာတွေ လွှတ်ပြီး စက်ဘီးကို စတိုင်နဲ. စီးပြပါတယ်။ ကားကလဲ လမ်းသွယ်လေးထဲ သွားနေတာ ဆိုတော့ ဖြေးဖြေးသွားတာပေါ့။ အဲဒီမှာ ဖွင့်ထားတဲ့ ခြံတံခါး တခုထဲက ခွေးက စက်ဘီးစီး နေတဲ့ ကောင်လေးနောက်ကို တအားလိုက်တာ။ သူလဲ တချိုးထဲနင်းပြေးတာ အလွမ်းအိမ်တို. ကျောင်းကားထက်တောင် အရှေ့ရောက်သွားသေးတယ်။ ပါးစပ်ကလဲ ဟဲ့ခွေး ဟဲ့ခွေး ဆိုပြီး အော်သေးတယ်။ ရီလိုက်ရတာဆိုတာ။ သူ.ကိုလှောင်ချင် လို.တော့မဟုတ်ပါဘူး ဖြစ်သွားပုံလေးက ရီစရာကောင်းလို.ပါ။

နောက်အဖြစ်အပျက် တခုကတော့ အလွမ်းအိမ် သူငယ်ချင်းတယောက် ပြောပြတာပါ။ ကာယကံရှင်ကို ထိခိုက်နစ်နာ စေလိုတဲ့ ဆန္ဒ အလွမ်းအိမ်မှာ မရှိပါဘူး။ အကယ်၍ ကာယကံရှင်က ဒီပိုစ့်ကို ဖျက်ပေးပါဆိုပါက ချက်ချင်းဖျက်ပေးမည် ဖြစ်ပါတယ်။ အမကြီးတယောက် ရှိပါတယ်တဲ့။ သူက ဘတ်စကားပေါ်မှာ မိန်းကလေးတွေကို ခဏခဏ ထိပါး စော်ကားတဲ့ ကိစ္စတွေကို ကြားဖူးနေပါသတဲ့။ အဲတော့ သူလဲကြောက်ပြီး တွယ်ချိတ်အကြီးကြီးကို ဆောင်ထားပါတယ်တဲ့။ တနေ.တော့ ဘတ်စကား ပေါ်မှာ သူ.ကျောဘက်ကနေ ကုလားကြီးလာရပ်ပြီး တင်ပါးမှာ ပူပူနွေးနွေးကြီး လာထိပါတယ်တဲ့။ အဲတော့ အမကြီးလဲ ကဲငါတော့ ခံရလို. မဖြစ်ဘူးပေါ့။ ဒီလိုမျိုး လာစော်ကားရင် ငြိမ်တော့ မခံနိုင်ဘူး ဆိုပြီး သူ.တွယ်ချိတ်ကြီးနဲ. ပူပူကြီးကို ထိုးလိုက်ပါတယ်တဲ့။ ထိုးလိုက်တာနဲ. ဗွမ်းဆို ...................... မုန်.ဟင်းခါး အရည်တွေ ......။ ကုလားကြီးလဲ နာ့မုန်.ဟင်းခါးရည် တွေကုန်ပြီ ဆိုပြီးထအော်ပါတော့တယ်။ အမကြီးလဲ ခြေမကိုင်မိလက်မကိုင်မိ နဲ. မုန်.ဟင်းခါး အလျော်ပေးလိုက် ရလား မပေးလိုက်ရဘူးလား ဆိုတာတော့ အလွမ်းအိမ် လဲမသိပါဘူးရှင်။

ကဲအဲဒီ အဖြစ်အပျက်လေးတွေက တော့ တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ အဖြစ်အပျက်လေးတွေပါ။ အလွမ်းအိမ်လဲ ရီစရာကောင်းလို. ပြောပြတာပါ။ ဘယ်သူ.ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။
ငယ်ငယ်က ဂျောက်ဂျက် ကာတွန်းတွေ ထဲကလို တချက်ပြုံးရင် တရက်အသက် ပိုရှည်မှာပါ။

Thursday, November 15, 2007

ချစ်တဲ့သူ

သူမရှိတဲ့ ဘ၀ဟာ အလွမ်းအိမ် အတွက် မှောင်မိုက်နေတယ်။ သူသာပါနေရင် အလွမ်းအိမ်လဲ ဘယ်မဆိုသွား နိုင်တယ်။ သူသာ အလွမ်းအိမ် အနားမှာရှိနေရင် အရာအားလုံးဟာ လှပနေတာပေါ့။ သူနဲ.အလွမ်းအိမ် လက်တွဲခဲ့တာ ဇန်န၀ါရီလ ၂၀၀၇ လောက်ထဲက ဆိုတော့ ခုဆိုရင် ၁နှစ်နီးပါးရှိပြီ။ သူက အလွမ်းအိမ် နဲ.ခွဲပြီး ဘယ်တော့မှ အဝေးကို ထွက်သွားဘူးတာမဟုတ်ဘူး။ အလွမ်းအိမ် ကမခွဲနိုင်တာ တကြောင်း သူကအလွမ်းအိမ် ကိုစိတ်မချတာက တစ်ကြောင်းပေါ့။ ညနေခင်းဆို ရုပ်ရှင်အတူတူ ကြည့်ကြတယ်။ အလွမ်းအိမ် ဟင်းချက်ရင် သူပါတယ်။ အလွမ်းအိမ် ဘလော့ရေးရင် သူက အကူအညီဆုံးပေါ့။ အလွမ်းအိမ် စာမေးပွဲတွေ အောင်လာရတာလဲ သူ့ရဲ့အားပေး ကူညီမှုတွေ ကြောင့်ပါပဲ။ သူမရှိရင် အလွမ်းအိမ်တို့ နေလို.မရဘူးကွယ်။ သူနဲ.မှ အရာအားလုံး ကအဆင်ပြေသလိုပဲ။ သူမရှိရင် အလွမ်းအိမ် စိတ်တွေ ထိုင်းမှိုင်းနေတယ်။ လွန်ခဲ့တဲ့ တပတ်ကပေါ့။ အရေးပေါ် ကိစ္စနဲ့ သူခဏ အဝေးကိုထွက်သွားတယ်။ အလွမ်းအိမ် ဘာလုပ်လုပ် အဆင်မပြေတော့ ဘူး။ သူ့ကို လွမ်းတယ်။ နောက်တစ် ခါသူ.ကို ဘယ်တော့မှ အလွမ်းအိမ် နဲ.ခွဲပြီး အဝေးကိုထွက် မသွားဖို. ပြောထားရဦးမယ်။ ခုတော့ အလွမ်းအိမ် မှာသူ.ကိုယ်ပွားလေးကို သယ်ထားရပြီ။ သူလေ ပြန်လာထဲက အချိုးတွေ ပြောင်းနေတယ်။ သူ.ကြောင့်အလွမ်းအိမ် မှာမျက်ရည်ကျ ရတယ်။ ခေါင်းတွေလဲ ပေါက်ကွဲထွက် ကုန်တော့မတတ် ကိုက်ရတယ်။ သူလုပ်ရက်တယ်။ အလွမ်းအိမ် မှာတော့ သူ.ကိုစွဲလမ်းလွန်းလို. စပြီး လက်တွဲကြ ကတည်းက တစ်ခါမှ သူ.ကိုပြစ်မသွားခဲ့ ဘူး။ ခုတော့အလွမ်းအိမ် ဘယ်လိုလုပ် ရမလဲဟင်။ လုပ်ကြပါဦး။ သူကတော့ တခြားသူမဟုတ်ပါဘူး။ အလွမ်းအိမ်နဲ. မခွဲအတူတူ အမြဲတမ်း အတူရှိနေတတ်တဲ့ အလွမ်းအိမ်ရဲ. ချစ်မျက်မှန်လေးပါ။ အလွမ်းအိမ် ပါဝါတွေ တိုးလို. ဟိုတပတ်က အလွမ်းအိမ် မျက်မှန်လေးကို ဆိုင်ပို.ထားရတယ်။ မျက်မှန် ဆိုတာကလဲ သုံးနေကျ ပါဝါမဟုတ်ရင် ခေါင်းကိုက်တယ်။ ခရီးသွားခါနီး ဆိုတော့ အမေက မျက်မှန် ၂လက် လိုလိုမယ်မယ် လုပ်ပေးတယ်။ အဲတော့ အလွမ်းအိမ်မှာ သုံးနေကျ မျက်မှန်လေး အပြင် သူ.ကိုပွား မျက်မှန်လေးကိုလဲ ဆောင်ထားနေရပြီလေ။ ပါဝါကတိုးတော့ ခုတပ်နေကျ မျက်မှန်လေး တောင်တပ်ရတာ ခေါင်းတွေကိုက်၊ မျက်ရည်တွေကျတယ်။ အလွမ်းအိမ်တော့ မျက်မှန် မရှိလို.ကိုမရ တော့ပါဘူး။ အမြဲဘယ်တော့မှ ချစ်မျက်မှန်လေးနဲ. မခွဲတော့ဘူးလို. ကနေ.ပဲ ဆုံးဖြတ်လိုက်တယ်။ သူမရှိရင် အဆင်မပြေတဲ့ ဘ၀မှို.လို.ပါ။

Wednesday, November 14, 2007

မိသက်ဖြစ်ပုံအကြောင်းစုံ

ငါနော် မပြောချင်ဘူး။ ဟွန်. မိန်းကလေးဆို ပြီးအိန္ဒြရေ လေးနဲ.နေပါလို. ပြောတာ ခုလုပ်ချလိုက်ပြန်ပြီ။ ဒီဒေါက်ဖိနပ် တွေကို မစီးပါနဲ. ညည်းအရပ်က နဂိုကမှ ဂလန်ဂလားကို မိုးထိုးပြီး ကြည့်ရဆိုးလွန်းလို့ပါ။ ညည်းပုံစံက ဟိုမော်ဒယ်ရှည်ရှည်ပိန်ပိန်လေးတွေ ဒေါက်စီးသလိုများလှမယ် လို့ထင်နေလား။ မစီးပါနဲ. မစီးပါနဲ. ဆိုတာကို အတင်းဇွတ် မစီးရရင်ပဲ သေတော့မတတ်ပူဆာပြီး ခုတော့ငါ့ကို လူလယ်ကောင်မှာ အရှက်ခွဲလိုက် တာပေါ့လေ ဟင်။ မိသက် နင်ဟာလေ ငါ့မျက်နှာကြီးခု ဘယ်နားသွားထားရတော့မလဲ။ ရှက်စရာကောင်းလိုက်တာ။ တယ် ငါလုပ်လိုက်ရ။ သွားစမ်းခု အဲဒီ ဖိနပ်ကို ခုချက်ချင်း လွှင့်ပစ်လိုက် ငါမမြင်ချင်ဘူး။

ဘကြီးက ဗျစ်တောက် ဗျစ်တောက် ပြော၍မဆုံးတော့။ မိသက် လဲမျက်နှာငယ်လေး နှင့် ကြောက်ကြောက် ရွံရွံ။ အမေ့မှာ နဂိုကမှ သူ့အကိုကြီးကို ကြောက်ရသည့်အထဲ ခုတော့အသံ ပင်မထွက်ဝံ့။ သမီးကို သာကြည့်ပြီး သက်ပြင်းခိုးချ ရသည်။ ဘကြီး ဆူမည်ဆိုက ဆူချင်စရာ။ ဒီကနေ. မနက် ရပ်ကွက်ထဲ ဘကြီးသူငယ်ချင်း အရင်းခေါက်ခေါက် တယောက်၏ သမီးမင်္ဂလာဆောင်။ ဆောင်သည့်နေရာကလဲ မျက်နှာကြီးတို. မင်္ဂလာဆောင်ရာ ထုံးစံအတိုင်း ဆီဒိုးနားမှာ။ လူဂုဏ်ထန် အသိုင်းအ၀ိုင်းဆိုတော့ ဧည့်တွေက များမှများ။ ဒေါ်မိသက် တို.ပဲပေးချင် လွန်းလို. အမေနှင့်ဘကြီး အတင်းတား သည့်ကြားမှ ၀ယ်ထားသော ဒေါက်မြင့်ဖိနပ် ကိုပွဲထုပ်ဖို. အခွင့်သင့် လိုက်လေခြင်း။ ဒေါက်ဖိနပ် လေးတဂွပ်ဂွပ် စီးပြီးထွက်လာ သောမိသက် ကိုဘကြီး ကမျက်စောင်းတချက် ထိုးပြီး ကားထဲဝင်ထိုင်သည်။ အမေကတော့ နဂိုထဲက ခပ်အေးအေးဆိုတော့ မိသက်ကိုကားထဲ ၀င်ဖို.အချက်ပေးပြီး သူလဲဝင်ထိုင်သည်။ အားလုံးရှိုးစမိုး အပြည့်။ ဘကြီးကတော့ သူ.ပိုးလုံခြည် ရွှေရောင်ကြီး တရွှမ်းရွှမ်းနှင့် အမေကတော့ ပ၀ါနှစ်စ အသာချလို.။ မိသက် ကတော့ လူငယ်ထုံးစံအတိုင်း စကပ်အရှည်ကြီး ကိုဝတ်လို.၊ ဒေါက်ဖိနပ်လေး တဂွပ်ဂွပ်နှင့် မိတ်ကပ်အဖွေးသား နှင့်။ ရောက်ပါပြီ ဆီအိုးနား ဆိုလား ဆီဒိုးနား ဆိုလား ဆိုဒါကြီးကို။ ကားပေါ်က ဆင်းတော့ စကပ်က နည်းနည်းတုပ်နေသည်၊ စီးနေကျမဟုတ်တဲ့ ဒေါက်ဖိနပ် ကနည်းနည်း အစွမ်းပြချင်သည်။ ခြေထိပ်လေးတွေ နာလာသည်။ ကိစ္စမရှိ။ ရှိုးမပဲ့ဖို. ကအဓိက။ နာတာလောက်တော့ မိသက် အောင့်ခံနိုင်သည်။ အဲဒီမှာ ပြဿနာက စတာပဲ။ ဆီဒိုးနား အ၀င်က လှေကားလေး ၂ထစ် ၃ထစ် တက်ရသည့် နေရာလေးမှာပေါ့။ ဘကြီးက ရှေ့ကနေပြုံးပြုံး ပြုံးပြုံး နှင့်သွားနေသည်။ မိသက်နှင့် အမေက နောက်မှခပ် ကုတ်ကုတ်ပါ လာသည်။ စကပ်ကလဲ တုပ်တာ လွန်ပါလေရော။ လှေကား အတက်တွင်တော့ မိသက် စကပ်တုပ်သည်ကို မေ့ပြီး ခြေလှမ်း အကျယ်ကြီးလှမ်း လိုက်သည်။ ကြမ်းကချောချော ဒေါက်ဖိနပ် စီးထားလို. ယိုင်နဲ.နဲ. ဖြစ်နေတဲ့ ခြေထောက်က ဟတ်ထိုး ဟတ်ထိုး ရှေ.ကို မှောက်ရက်ကြီး အကျ၊ ရှေ့မှ ကားယား ကားယား သွားနေတဲ့ ဘကြီးက လှည့်အကြည့်၊ သူ.ပိုးပုဆိုး ခပုံစရှည်ရှည် ကြီးကို မိသက်တို့ ဆွဲပြီး မှောက်ရက်ကြီးကျ၊ ဘကြီးပိုးပုဆိုး ကချောနေတော့ ဘကြီး ပုဆိုးကြီးက မိသက်နဲ. အတူမှောက်ခုံကြီးကျ။ ဘကြီးမှာ ဘောင်းဘီတိုလေး နှင့်။ အားလုံးမှာ အကြောင်သား။ ဘကြီးလဲ စိတ်တွေတို၊ မျက်နှာကြီးနီလို. သူ.ပုဆိုးကြီး သူပြန်ဆွဲလို. ကားရှိရာကို ခေါင်းမဖေါ်တမ်း ပြေးပြီး အိမ်ကိုတန်းပြန် သွားရော။ မိသက်တို.မှာ တက္ကစီ ငှားပြန်လာရတယ်။ အမေကတော့ အိမ်မှာ မိုးမီးလောင်နေပြီ ဆိုတာသိတော့ ဘုရားစာတွေကို တက္ကစီ ပေါ်ထဲက တတွတ်တွတ်။ မိသက် လဲကြောက်လိုက်တာ တုန်လို.။ အဲဒါနဲ. အခုတော့ အခုလို အခုလို...........


ဝန်ခံချက်။ ။ စိတ်ကူးယဉ် ထားခြင်းမျှသာ။ မည်သူ တဦးတယောက်ကို မျှမရည်ရွယ်ပါ။

အိမ်မက်

အိမ်မက် ဆိုတာတွေ ကလဲ အဆန်းသားလား။ ဘာပဲပြောပြော အိမ်မက်ဆို အရမ်းငိုရတဲ့ အိမ်မက်တွေ ကလွဲလို. အိမ်မက်တော်တော် များများကို နှစ်သက်မိပါတယ်။ မနေ.ညက ထူးထူးခြားခြား အိမ်မက်ထဲမှာ ယမမင်းနဲ.တွေ.တယ်။ ယမမင်းကြီးက အလွမ်းအိမ် ကိုငရဲပြည်ကို လည်လည်ခေါ်တယ်။ ယမမင်းကြီးက ပုံပြင်တွေထဲမှာလို ရုပ်ဆိုးဆိုးကြီး မဟုတ်ရှာဘူး။ အသားဖြူဖြူ ခပ်ပိန်ပိန် အသက် ၄၅-၅၀ ၀န်းကျင်ရှိပြီ။ ယမမင်းတို. ထုံးစံ အင်္ကျီ အနက်ရောင် ဖားဖားကြီးကို ၀တ်လို.။ အမယ် ငရဲပြည်ကြီးက ပုံပြင်တွေထဲကလို မီးတွေလောင် နေတဲ့ ခပ်မှောင်မှောင် တိုင်းပြည်တော့ မဟုတ်ဘူး။ မြက်ခင်းစိမ်းစိုစို တွေနဲ. ရေကန်တွေ နေရာမှာတော့ ငရဲမီး ကန်ကြီးတွေနဲ.ပေါ့။ ငရဲသားတွေကလဲ လူလိုပဲ ဒါပေမဲ့ အသားအရေက အပြာရောင်ကြီးတွေ။ လူဆိုးတွေ ငရဲခံနေရတာလဲ မြင်ခဲ့တာပေါ့။ တချို.နေရာတွေမှာ ငရဲကန်တွေ ထဲမှာ ငရဲခံနေရတဲ့ လူတွေ အပေါ်ကို ကျောက်တုံး ကျောက်ခဲကြီးတွေ ကျကျလာတယ်။ တချို.နေရာတွေမှာတော့ ငရဲခံနေရတဲ့ သူတွေကို ဆွဲဆန်.လိုက်တာ ပီကေလို (ဘလော့ဂါ ကိုပီကေ မဟုတ်) အရှည်ကြီး ဆန်.လိုက်လာတယ်။ အော်နေကြတဲ့ လူတွေများမှများပေါ့။ တစ်နေရာရောက်တော့ ငရဲသားပြာပြာကြီး တစ်ယောက်က လမ်းဘေးအိမ်သာထဲက ထွက်လာပြီး အလွမ်းအိမ်ကို ဘာလာလုပ်တာလဲတဲ့။ အလွမ်းအိမ်လဲ ဟယ်တော့ ငရဲသားက အိမ်သာလဲ တက်တတ်လား ဆိုတော့ ငရဲသားကြီးက အန္တရာယ် ဆိုတာ လွယ်မထားကောင်းဘူးတဲ့။ ကဲမှတ်သားစရာပဲ။ ငရဲပြည်ကြီးမှာ ညကျရင်တော့ အိပ်စက်အနားယူကြ သတဲ့။ ယမမင်းကြီးက အလွမ်းအိမ် ကို သူ.ငရဲပြည်ကြီး ဘယ်လောက်တိုးတက်နေကြောင်း၊ လမ်းတွေတံတားတွေ ဘယ်နှစ်ခုဆောက်ပြီးကြောင်း၊ အရိပ်ရပင်တွေနဲ့ကြက်ဆူ အဲမှားလို. ဗွာတေး အရိပ်ရအပင်တွေနဲ. ပန်းပင်တွေလဲ စိုက်ထားကြောင်း၊ နယူးကလီးယား ကိုသုံးပြီး ၂၄နာရီ မီးပေးစနစ်ကို အသုံးပြုထားတယ်တဲ့။ အကယ်၍ မီးပြတ်ရင် အပူပေးထားတဲ့ ငရဲမီးတွေက မပူတော့ဘူး မို့လို့ ငရဲပြည်မှာ လျှပ်စစ်ဓါတ်အား ကအရေးကြီးပါသတဲ့။ ပြီးတော့ ကောင်းကင်ကနေ ငရဲပြည်ကြီးကို ပြမယ်ဆိုပြီး ဟတ်စကီးနဲ. ခေါ်သွားသေးတယ်။ လေထီးလေးတွေ ကိုယ်စီနဲ. ယမမင်းနဲ. လေထီးတူတူ ခုန်လိုက်သေးတယ်။ ငရဲပြည်ကြီးမှာ ငရဲအဆင့်မြင့်အိမ်ယာ၊ ငရဲဥယာဉ်မြို.တော် စတာတွေကို လဲအပေါ်စီးကနေ မြင်ခဲ့သေးတယ်။ အလွမ်းအိမ်ပြန်ခါနီးကျတော့ ခုအလွမ်းအိမ်လာ လည်တဲ့ငရဲက အဆင့်အမြင့်ဆုံး ခောတ်အမှီဆုံး ငရဲဖြစ်တယ်လို. ယမမင်းကြီးက ပြောတယ်။ အလွမ်းအိမ်ကိုလဲ ဗေဒင်ဟောလိုက်သေးတယ်။ "ညည်းက အသက် --- ရောက်ရင် သေတော့မယ်။ ဒီကိုမလာချင်ရင် ကောင်းမှုကုသိုလ် များများလုပ်" လို.မှာလိုက်တယ်။ ပြီးတော့ အလွမ်းအိမ်ကို ဟိုတစ်လောကမှ အသစ်ဝယ်ထားတဲ့ (ဘယ်က၀ယ်လဲ မမေးနဲ.ကွယ်) လေယာဉ်ပျံကြီး နဲ.လူ.ပြည်ကို ပြန်ပို.လိုက်တယ်။ ဒါနဲ.ပဲ အလွမ်းအိမ်လဲ အိပ်ရာကနေ နိုးလာတော့တယ်ကွယ်။


ဝန်ခံချက်။ ။ တကယ့် အိမ်မက်ကို စိတ်ကူးလေး နဲနဲယဉ်ပြီး ပြန်ပြင်ထားတာပါ။ ပြောဖို.မေ့နေလို.။ အိမ်မက်မက်တာ နော်။ ဘယ်သူ.ကိုမှ မရည်ရွယ်ဘူးနော်။ ဟီ

Tuesday, November 13, 2007

တောင်ရောက်မြောက်ရောက်

အင်း ... အလွမ်းအိမ် လဲအားနေတာ ကြာပေါ့။ စာမေးပွဲဖြေ ပြီးသွားတော့ မေလ။ ဂျွန်လ လယ်လောက် နဲ. ဂျူလိုင်က လယ်လောက် အထိအလုပ် ၀င်လုပ်လိုက်သေး တယ်။ အဲ အလုပ်က ထွက်ပြီးထဲက စားလိုက် သောက်လိုက် လုပ်နေတာ။ ပြီးတော့ နောက်ကျောင်း အသစ်ကိုတက် ရဖို. လုံးပမ်းရသေးတယ်လေ။ ခုတော့ အားလုံးပြီးသင့် သလောက်ပြီးသွားပြီပေါ့။ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုသလို အလွမ်းအိမ် တို.လဲ ပြောင်းတော့မယ်ကွယ်။ ဘလော့ပြောင်း မှာမဟုတ်ဘူးနော်။ လူပြောင်းမှာ။ တယောက်ထဲ ရုံးကန်ဖို. စရတော့မယ်။ ကြောက်တော့ကြောက်သား။ ကိစ္စမရှိ အလွမ်းအိမ်ရဲ. လက်သုံးစကား ဒါအစပဲရှိသေးတယ် နောက်ဆို အဆင်ပြေသွားမှာ ဆိုတာကို အခါ ၁သောင်းလောက် ရွတ် ကိုယ့်ဟာ ကိုအားတွေပေး။ အမယ် မနေ.က ရေသွားကူးတယ်။ အမေက ရေကူးသင်ပေးတယ်လေ။ ဘောင်လေးကို ကိုင်လို. ခြေခပ်ရတယ်။ ခပ်တယ် နစ်တယ်။ နောက်တော့ ဘေးကလူတွေက မကြည့်ရက်တော့ ဘူးထင်ပါရဲ. ခြေခပ်တဲ့ ဖိနပ်လေးတွေပေးပြီးခပ် ခိုင်းတယ်။ ၁၀ နှစ် ၁၁ နှစ် ကလေးတွေ ကိုင်တဲ့ ဖော့ပြားလေးတွေ ဖော့တုံးလေးတွေ လာပေးတယ်။ အသက်ကလဲ အကြီးဆုံး၊ အဖြစ်က လဲမရှိ၊ နစ်ပဲနစ် နေတယ်။ ခဏနေတော့ ဖော့ပြားလေးနဲ. ဟိုဖက် ဘောင်အထိ ကူးသွားလိုက်နိုင်တယ်။ Gym တစ်ခုလုံးကို တိတ်လို.။ ဘယ်အချိန်နစ် လို.ထအော်မလဲ စောင့်နေကြတယ်။ ရောက်လဲ ရောက်သွားရော အားလုံးက ကျွန်မကို လက်မတွေဘာတွေ ထောင်ပြလို. "ခုတော့ ရောက်သွားပြီပေါ့" တဲ့။ ရှက်စရာ။ အလွမ်းအိမ် ရေတခါ ကူးတာ အရပ်ကူပါ လူဝိုင်းပါ နဲ. သိပ်မလွယ်။ ညအိပ်တော့ လဲယောင် ယောင်ပြီး ခြေခပ်မိနေလို. ဖိထားရတယ်။ အကြောဆွဲတာလေ။ ကနေ.မနက် နိုးလာတော့ ၀ရန်တာမှာ ဟိုလျောက် ဒီလျောက် လုပ်ရင်းက ဟိုဖက်ခြံက construction ဆိုက်ထဲ ကိုကျောက်လာပို.တဲ့ ကားကြီးချော်လဲသွားတယ်။ ခါးကြီးကို လိမ်လို.။ ကျွန်မတို. တိုက်တွေဘက် ကကားတွေလဲ အပြင်ထွက်လို.မရ အထဲလဲဝင်လို.မရ။ ဒင်းကခြံတံခါးဝမှာ ဆန်.ဆန်.ကြီးလဲလို.။ သူ့ကိုသူ လဲမနိုင်တော့ ထလို.လဲမရရှာဘူး။ သနားတော့လဲ သနားသား။ သူ.ကိုကူပြီး ထူပေးဖို. အဖေါ်တွေလဲ မလာကြသေးဘူး။ သြော်ခမျာ ဆိုးရှာတဲ့ ဘ၀။




Sunday, November 11, 2007

ရေကြောက်တဲ့ ကျွန်မ

အလွမ်းအိမ်တို. အစားအသောက်တွေနဲ. နပန်းလုံးနေတာ တော်တော်ကြာပေါ့။ ဘလော့မွေးနေ.ထဲကပဲ။ ဘာပိုစ့် တင်ရမလဲလဲ မသိဘူး။ ခုတစ်လောကလဲ ရေကူးလဲသင်ရဦးမယ်။ ကားမောင်းလဲသင်နေပါတယ်။ ကားဝယ်တော့မယ် ပေါ့ဆိုပြီးအထင်ကြီး မသွားနဲ.ဦးနော်။ ဟဲဟဲ အမောင်းသာသင်တာ ကားဝယ်စီးဖို့ ပိုက်ပိုက်က ဘယ်ဆီများရောက်နေပါလိမ့်။ လေးဘီးကားတောင် မ၀ယ်နိုင်သေးတဲ့ ဘ၀။ အမယ် လေးဘီးကားက ဝေးလို. ဆိုက်ကားလေး ၀ယ်နိုင်ရင်တောင် မပြောပါဘူး။ ခုတော့ ပိုက်ဆံက ကွင်းကွင်းသွားတယ်။ ကဲ ရေကူးတာကလဲ အသက်ကဖြင့်ကြီး လှပြီ ရေကခုထိမကူးတတ်သေးဘူး။ အဖြစ်ကသိပ်မရှိဘူး ရေထဲများပြစ်ချလိုက် ပလုံဆို တစ်ချက်ပဲ၊ မြုတ်သွားတာကို ပြောတာပါ။ မြန်မာပြည်မှာ တုန်းကဆို ပင်လယ်ကမ်းစပ် တောင်ရောက်ဖူးတာ မဟုတ်ဘူးရယ်။ ကြွားတာ ကြွားတာ။ ရေဘ၀ဲ ကြောက်တာရော၊ ရေကြောက်တာရော ပေါင်းတော့ ရေကူးတတ်ဖို.ဝေးလို. ရေတောင်မှန်မှန်ချိုးတာ မဟုတ်ဘူး။ ဂျီးကလဲထူပါ့။ ကိုယ့်ဂုဏ်တွေကို ဖေါ်နေတာ။ ရေဆိုလို.ပြောရဦးမယ် ငယ်ငယ်ကပေါ့ ရွှေစက်တော် သွားကြတယ်။ ရေမကူးတတ်တဲ့ အလွမ်းအိမ်လဲ ရေစပ်မှာ ယက်ကန်ယက်ကန်နဲ.ပေါ့။ မန်းချောင်းဆိုတာ သိတဲ့အတိုင်း တိမ်တိမ်လေးရယ်။ ဒါတောင် ရေစပ်က မတက်ရဲဘူး။ အဲလိုယက်ကန် ယက်ကန်ဖြစ်နေတုန်း ဗြုံးဆို ၀ါးလုံးစိမ်းလေးမျောလာတယ်။ ရေလယ် ကိုဆင်းချင်လို. ခွင်စောင့်နေတဲ့ အလွမ်းအိမ်လဲ ပျော်သွားတာပေါ့။ ၀ါးလုံးလေးကို ထောက်ကာထောက်ကာ နဲ.ရေလယ်ကိုဆင်းလို.ရပြီကိုး။ အဲလိုနဲ. ထောက်ထောက်သွားတာ ရေစီးက လဲသန်တော့ ၀ါးလုံးကို အားနဲ.ဖိထောက်ချ လိုက်မှ ချောင်းအောက်ကို မိမိရရ ထောက်မိပြီး ရေထဲကို ရေစီးနဲ. မျောမျောမပါတာလေ။ အဲတော့ အားရပါးရထောက်တာပေါ့။ ကြောက်ကလဲကြောက်သေးတယ်လေ။ အဲလို ထောက်ထောက်သွားတာ အဆင်ပြေနေတုန်းရှိသေးတယ် တစ်ချက် ထောက်ချလိုက်တာ ရေစီးနဲ.၀ါးလုံးက ကိုယ်ထောက်ချင်တဲ့ နေရာကိုမရောက် ပဲကိုယ့်ခြေမကိုထောက်မိလို. ခြေမကြီးကွဲ ပါလေရောလား။ အမလေးလေး နာလိုက်တာဆိုတာ။ နာသွားတော့ ရေထဲမှာဆိုတာကို မေ့ပြီး ဆောင့်ကြောင့်ထိုင်ချ လိုက်တာ ရေမွန်းပြီး နစ်ပါတော့တယ်။ တော်ပါသေးရဲ. ဘေးနားမှာ ရှိတဲ့ အမ ၀မ်းကွဲရဲ. ထမီကို အတင်းဆွဲတာ။ သူကလဲ ရေအောက်က ဆွဲတယ်ဆိုပြီး ပြန်ဆွဲနဲ. တော်တော်ရုံးရင်းဆန်ခတ် ဖြစ်ပြီးမှ ရေပေါ်ပြန်ပေါ်တယ်။ အမ၀မ်းကွဲလဲ ကြောက်ပြီးနောက်ဆို ဒေါ်အလွမ်းအိမ်နား ရေလာမကူးတော့ဘူး။ မမရေ မမထမီကို ဆွဲချင်လို. ဆွဲတာ မဟုတ်ဘူးနော် ဟီး ရေနစ်သူ အတွက် မြက်ပင်လေးတစ်ပင် ဆိုလဲဆွဲမှာ ပဲလေ။ ဟီးဟီး စိတ်မဆိုးပါနဲ.လို.။

တော်သေးပြီ။

Saturday, November 10, 2007

ဟ လာပြန်ပြီ အစားအသောက်။

သူငယ်ချင်းတို.ရေ အလွမ်းအိမ် ကိုစိတ်တော့ မဆိုးကြနဲ.ဦး။ ပွဲတွေကဆက်နေတာ ဒီနေ.လေ ဒီက မြန်မာတွေ စုပြီး မုန်.လုပ်စားကြတယ်။ စနေနေ.ဆိုတော့လေ အဲဒါ ဓါတ်ပုံတွေ တင်ပေးလိုက်တယ်။ မုန်.တွေချည်းတင် နေရတာအားတောင်နာလာပြီ။ မုန်.ပျားသလက် စားချင်နေတဲ့ အလွမ်းအိမ် အတွက် ဒီက ချစ်အန်တီတွေ နဲ. အမေက အာသာပြေဆိုပြီး မုန်.ပျားသလက် လုပ်ပေးပါတယ်။ တစ်ယောက်ထဲ စားရတာ မျိုမကျ လို.ဘလော့မိသားစုလေး နဲ.ဝေစားလိုက်ပါတယ်။ အားရပါးရစားနော်။



မုန်.ပျားသလက်နဲ. ကြက်သွန်ကြော်။ ခရမ်းချဉ်သီး အချဉ်။
ပဲပြုတ်နဲ. ထမင်းကြော်။ သယ်ရင်း တစ်ယောက်နဲ. online မှာတွေ.တော့ သူက ပဲပြုတ်နဲ.ထမင်း စားချင်တယ်တဲ့။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ လူတော်တော်များများ ကပဲပြုတ် စားရဖို.ဆိုတာ မလွယ်ဘူးဆိုတာ သိလို.ပါ။ ဒီမှာတော့ ငှက်စာဆိုင်တွေ မှာဝယ်လို.ရတယ်။ ကောင်းမှကောင်းပဲ။ ကျွန်မတို.မြို.မှာ တော့မဟုတ်ဘူး။ နဲနဲဝေးတယ်။ ရှိတာလေးကို ချွေတာစားရတယ်။ သယ်ရင်းတို. ကိုကျွေးချင်လို.။ စားသွားကြပါနော်။

ဒါကတော့ ဟိုနေ.ကလုပ်စားတဲ့ ကြေးအိုးဆီချက်။

Friday, November 9, 2007

လွမ်းသောအရာ


လင်းက လွမ်းသောအရာတဲ့ တက်တယ်။ ဟီး ဒီမှာလဲ လွမ်းတတ်လွန်း လို. အလွမ်းအိမ် ဖြစ်နေတာပါလင်း ရေ။ ဟီးဟီး။ ပြောပြချင်လွန်းလို.။ ပြောပြချင်လွန်းလို.။ ပထမဆုံးလွမ်းတာက လင်း လိုပဲ ၀က်သားဒုတ်ထိုး။ လင်းလိုပဲ အူပိတ်ကြိုက်တာ တစ်အားပဲ။ ၀က်သားဒုတ်ထိုးဆိုင် သွားရင်အူပိတ်ပဲ စားတယ်။ တစ်ခြားဘာမှ မစားဘူး။ ဟိုးအရင်က မိန်းထဲမှာ IT တက်တုန်းက ရာမညဆောင် နားမှာ ၀က်သားဒုတ်ထိုးဆိုင် တစ်ဆိုင်ရှိပါတယ်။ အပင်ကြီးအောက်မှာပါ။ သူ.ဘေးနားမှာ ကုက္ကိုပင်ကြီးတွေ အောက်မှာ ဆိုင်းထမ်းနဲ.ရောင်းတဲ့ မန်ကျီးဖျော်ရည်ဆိုင် နဲ. အကြော်စုံဆိုင်ရှိပါတယ်။ အဲဒီ အပင်ကြီးတွေအောက်မှာ လေလေးတစ်ဖြူးဖြူးနဲ. မန်ကျီးရည်လေးသောက် လိုက် ၀က်သားဒုတ်ထိုးလေးစား လိုက် အလွမ်းအိမ်တို. ဇိမ်ကျခဲ့တာပေါ့။ မိုးရွာရင်လဲ အပင်ကြီးတွေက အရမ်းကြီးပြီးအုပ်နေတော့ မိုးက တော်တော်နဲ. မဖေါက်နိုင်ဘူးလေ။ မိုးရွာလဲ မိုးရည်တွေ တစ်စက်စက်ကျနေ တဲ့အပင်ကြီးတွေအောက် မှာဆက်စားတာပဲ။ ငြိမ်းချမ်းလိုက်တာ။ စဉ်းစားရင်းနဲ.တောင် ပြန်ရောက်သွားသလိုပဲ။ နောက်တစ်ခုက တော့မုန်.ပစ်သလက်။ အရမ်းစားချင်တာပဲ။ ရေမုန်.လုပ်စားဖြစ်သွား တာကလေ မုန်.ပစ်သလက်စမ်း လုပ်တာ၊ ရေမုန်.ထွက် လာလို. ဟီး အဲလောက်ထိတော်တာ။ နောက်စားချင်တာက နန်းကြီးသုတ်။ နန်းကြီး အကြီးကြီးတွေနဲ. ပဲမှုန်.များများ နဲ. ငါးဖယ်ကြော်လေးရယ်။ အိုးစားချင် လိုက်တာနော်။ ရှမ်းခေါက်ဆွဲလဲ စားချင်တာပဲ။ ပဲပလာတာလဲ စားချင်တယ်။ ညနေခင်း ၇ နာရီလောက်ဆို အဖေ တို. ဦးလေးတို. မောင်တွေ နဲ. မိန်းကလေးတန်မဲ့ လဘက်ရည် ဆိုင်လိုက်စားတာ။ အတင်းပဲ။ ဟီး ငတ်လိုက်တာ လို.မပြောနဲ.ဦး။ စောသေးတယ်။ လာဦးမှာ။ အလွမ်းအိမ် တို.က အားရင် အစားအသောက် ပဲထိုင်ထိုင်လွမ်းတာ။ ရန်ကုန် မှာချစ်ရတဲ့ သူမကျန်ဘူးဆိုတော့ လွမ်းစရာဆိုလို. ဒီမုန်.လေးတွေပဲ ရှိတာ ပေးလွမ်းကြပါနော်။ အင်း ချစ်သူကို လွမ်းတာမှ တော်သေးတယ် မုန်.ကိုလွမ်းတော့ ဗိုက်ဆာလာတယ်။ ပြီးတော့ ထန်းလျက်လေးနဲ. မုန်.လုံးရေပေါ်။ စားချင်လိုက်တာနော်။ သင်္ကြန်ကိုတောင် သတိရလာပြီ။ ပြောရင်နဲ. လွမ်းတာတွေက များလာပြီ။ ဒွတ်ခ ပဲ။ ညတောင်အိပ်လို. ပျော်မှာ မဟုတ်တော့ဘူး။ ဟီး။ ကန်ဘောင်ကိုလဲ သတိရတယ်။ မနက်ခင်းကျောင်းသွားရင် ကန်ဘောင်မှာ ဆင်းပြီး အဖေါ်မပါ တစ်ယောက်ထဲ သွားသွားထိုင်တတ် တဲ့ကန်ဘောင်က ခုံလေးတွေကို လွမ်းတယ်။ ငါ့နှယ်နော် ဆိုးလိုက်တဲ့ ဘ၀။ ခုံကိုပဲ လွမ်းရတယ်။ ကြိုက်မဲ့သူမရှိလို. ဟီးဟီး။ အဲဒါလဲခပ်ကောင်းကောင်းပဲ။ ပြောပြရဦးမယ်။ တစ်နေ.တော့ မနက်စောစော ခါတိုင်းလိုပဲ ကျောင်းကိုအလာ ကန်ဘောင်မှာ ထိုင်ပြီး ကျောင်းကိုသွားတော့ ဘယ်သူ.ကို တွေ.တယ်မှတ်လဲ။ အောင်အောင်ဦး ကိုတွေ.တယ်။ သိတယ်ဟုတ်။ ဂိုးသမား အောင်အောင်ဦး ဟီးဟီး ဘယ်ရ မလဲ အပြတ်ငမ်း အဲလေ ယောင်လို. အပြတ်ကြည့်ပစ် လိုက်တာပေါ့။ ဟီးဟီး အဲဒီတစ်ခါ ပဲမြင်ဖူးတာကိုး။သူတို.က အပြေးလာကျင့်ကြတာ ထင်တယ်။ အားကစား သမားတွေ အများကြီးပဲ။ တော်ပုံက အောင်အောင်ဦး တစ်ယောက်ပဲ သိတယ်။ ကဲကဲ ပြောရင်းနဲ. တော်တော်ရှည်သွားပြီ။ အမလေး မေ့တော့မလို. တော်ပါသေးရဲ. လွမ်းတဲ့ အထဲမှာ အဖေ့ကို အလွမ်းဆုံးပါပဲ။ (တော်ကြာ သူ.ကိုမလွမ်းဘူး ဆိုပြီး အလွမ်းအိမ် ကိုထောက်ပံ့ကြေး ပေးဘူးကွာ ဆိုမှ ပြဿနာ တက်မယ်။ ကျန်ခဲ့တာ သွားမပြောနဲ.နော်။ တိတ်တိတ်နေ။ ဟီးဟီး) ဆက်တက်ရရင်ကောင်း မလား။ ကောင်းပါတယ်။ တက်မယ်နော်။

၁။ လွမ်းသောအရာ ကိုတက်ပါမယ်ဆိုမှ အမိမြေကို လွမ်းနေတဲ့ ကိုလွမ်းစေ
၂။ ရေမုန်.လုပ် စားဖို. နပန်းလုံးနေတဲ့ J
၃။ သေတ္တာတွေ တစ်လုံးပြီး တစ်လုံးဖွင့်နေတဲ့ မPandora Box

ရေမုန်.လုပ်စားကြမယ်။

j ကရေမုန်.လုပ်နည်းပြောပြပါဆိုလို.။ ကဲ ဂျေရေ ဟောဒီမှာ ရေမုန်.။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ---
၁။ဆန်မှုန်.
၂။ပဲပြုတ်
၃။ကြက်သွန်မြိတ် (သို.) နံနံပင်
၎။ဆား
၅။အချိုမှုန်.

ဆန်မှုန်.ကို ရေကျဲကျဲဖျော်။အင်း ဆန်မှုန်. တဆဆို ရေ၂ဆ လောက်ပေါ့။ ပြီးရင်ဆား၊ အချိုမှုန်.ထည့်၊ ကြက်သွန်မြိတ်ကို ပါးပါးလှီးထည့်။ ပဲပြုတ်ကိုပါထည့် ပြီးတော့ non stick ဒယ်အိုးပေါ်မှာ ဆီသုတ်
ရွှဲရွှဲလေးသုတ်ပေါ့။ ပြီးတော့ ဆီပူပြီဆိုတာနဲ. ယောက်ချို တစ်ဇွန်းစာ မုန်.နှစ်ထည့် ပြီးရင်ဒယ်အိုးကို လှည့်လိုက်။ အရည်တွေကို တစ်နေရာထဲ မှာစုမနေရအောင်လို.ပါ။ ပြီးတော့ရွှေအိုရောင် လေးသန်းလာရင်၊ ဘေးသားလေးတွေက လဲဒယ်အိုးကနေကွာ လာရင် ဆီလေးတွေကို ဘေးနားလေးတွေ ကိုသုတ်ပေးပါနော်။ ပြီးတော့မှ ဒယ်ဂေါ်နဲ. ထိုးပြီးခွာလိုက်ရင် ရေမုန်.ကြွပ်ကြွပ်လေး ရပါလိမ့်မယ်နော်။ စိတ်တော့ရှည်ရတယ်။ ကြွပ်လာအောင် အချိန်တော့ နည်းနည်းစောင့်ရတယ်။

ကြောက်စရာသတ္တ၀ါများ


ချစ်မ မီးလေး က Tag ထာတယ်။ ကြောက်စရာသတ္တ၀ါတွေတဲ့။ ကြောက်တဲ့သတ္တ၀ါ ဆိုတော့ တီကောင်ကိုအရင်ပြေးမြင်တယ်။ တီကောင်ဆို အသေကြောက်တာ။ ဘာကြောင့်မှန်းတော့မသိပါဘူး။ ငယ်ငယ်က ကျွန်မကိုထိန်းတဲ့ အန်တီကြီးဆို အဆော့အရမ်းသန်တဲ့ ကျွန်မကို မနိုင်တိုင်း တီကောင်နဲ.တို.မှာ လို.ပြောလိုက် တန်းငြိမ်သွားတာ။ ပန်းပင်စိုက်ရတာ ၀ါသနာပါတဲ့ ကျွန်မက မြေကြီးတူးရင်း တီကောင်နဲ.တွေ.လို. ကတော့တန်းပြေးတာ။ မြေကြီးကို သူများတွေတူးပေးရတယ်။ ပြီးမှရေလောင်း တဲ့တာဝန်ကိုယူတယ်။ အဆောင်မှာနေခဲ့ တုန်းကပေါ့။ မိုးတွင်းကြီးမှာ မေမြို.က တီကောင်တွေ အပြင်ထွက် ကြတယ်ထင်ပါတယ်။ တီကောင်ကြီးတွေက တစ်တောင်တောင်ကျော်မယ်။ အရှည်ကြီးတွေ။ ကျွန်မတို. စာသင်ဆောင်ကနေ အိပ်ဆောင်ကို ကူးရင် ခြံထဲက သံမာန်တလင်း ပေါ်မှာ အမလေး အများကြီးပဲ။ ကျွန်မမှာ ထမင်းလဲဆင်းမစား ရဲ၊ အိမ်သာတောင်ဆင်း မသွားရဲဘူး။ သူငယ်ချင်း ပေါင်မုန်.က တီကောင်လုံးဝ မကြောက်ဘူး။ တစ်နေ.တော့ ရေချိုးနေကြ ရင်းက သူဘယ်ကနေ ဘယ်လိုဖမ်း လာတဲ့တီကောင်လဲ မသိပါဘူး အဲဒါကိုပြ ပြီး "ဟိတ်ကောင် ကိတ်မုန်.ရေ ဒီမှာကြည့်စမ်း" ဆိုပြီးလိုက်တို.တာ ပြေးလိုက်ရတာဆိုတာ။ အခန်းတံခါးပိတ်ထားတယ်။ မဖွင့်ပေးဘူး။ မှတ်ကရော။ ကျောင်းမှ Bio သင်တော့လဲ တီကောင်အကြောင်းပါတယ်။ ဆရာက လက်တွေ.ဆင်းမယ်ဆို ဒေါ်အလွမ်းအိမ်တို. ကျောင်းပျက်ပြီသာ မှတ်ကရော့ပဲ။ တီကောင်တင်မဟုတ်ဘူး တွားသွားတဲ့ သတ္တ၀ါတွေ တော်တော်များများကို ကြောက်တယ်။ မြွေဆိုလဲ ကြောက်တယ်။ တီကောင်လောက် မကြောက်ပေမဲ့ နည်းနည်းတော့ ကြောက်တယ်။ ငယ်ငယ်က ပုလိပ်မြွေဘုရား ကိုသွားကြတော့ အားလုံးက ဘုရားမြွေတွေ ကိုင်ရင် ကျန်းမာတယ် အန္တရာယ်ကင်းတယ် ဘာညာဆိုပြီး ကိုင်ခိုင်းတာတောင် မကိုင်ခဲ့ဘူး။ ကြောက်လို.။ ခူကောင်၊ ရထားကောင် အဲလိုအကောင်တွေဆို အသေကြောက်။ ဒါပေမဲ့ ကြွက်တော့ လုံးဝမကြောက်ဘူး။ ချစ်တောင်ချစ်သေး တယ်။ တစ်ခါအိမ်မှာ ကြွက်သိုက်တွေ.တယ် ဆိုပြီး အိမ်မှာ အဖိုးနဲ.အဖွားမွေးစား ထားတဲ့ ကောင်လေးက ပြောတယ်။ ကောင်လေးဆိုပေ မဲ့ကျွန်မနဲ. ရွယ်တူဆိုတော့ ဆော့ဖေါ်ဆော့ဖက်ပေါ့။ ငယ်ငယ်ထဲက အကုန်ဆော့ လာကြတာ။ သူက တီကောင်လဲလုံးဝ မကြောက်ဘူး။ ပါးစပ်ထဲတောင် ထည့်ပြတယ်။ အမလေး ကြောက်လိုက်တာ ပြောရင်းနဲ.။ အဲဒီကောင်လေးက ကြွက်သိုက်ထဲမှာ ကြွက်နီတာရဲလေးတွေ ရှိတယ်တဲ့။ ကျွန်မလဲ ကြည့်ချင်တယ်ယူ လာပြဆိုပြီး အဲဒီသူငယ်ချင်းကို ပြောပါတယ်။ သူလဲယူလာပြတယ်။ ကြွက်သေးသေးလေးတွေ။ ရဲတွတ်နေတာပဲ။ လက်ကလေးတွေဆို ဖေါင်းဖေါင်းလေးတွေ။ မျက်စိတောင် မဖွင့်သေးဘူး။ လှုပ်တုပ်လှုပ်တုပ် နဲ.သနားစရာ လေးတွေပေါ့။ ကျွန်မလဲ မွေးချင်တယ် ဆိုပြီးသူငယ်ချင်း ကိုပူဆာပါတော့တယ်။ သူက အဖွားတွေ.ရင် ဆူလိမ့်မယ်တဲ့။ အဖွားက မွေးကာစ နီတာရဲလေးတွေ ဆိုသိပ်ကြောက် တတ်တာ။ အဲဒါနဲ. အဖွားမတွေ.အောင်မွေးမယ် ကူညီပါဆိုပြီး မွေးဖို.လုပ်ကြပါတယ်။ ခက်တာက ကြွက်ပေါက်စတွေ ဘာစားလဲ မသိဘူးဖြစ်နေတယ်။ အဲတော့ ကြွက်ကလေးတွေကို စာကြည့်စားပွဲပေါ်တင်ပြီး ဆော့နေတုန်းရှိသေးတယ် အဖွားက ဗြုံး ဆိုပြီး အခန်းထဲကို ၀င်လာပါရော။ ပြီးတော့ ကြွက်ကလေးတွေကို စားပွဲပေါ်မှာ ရဲရဲလှုပ်နေတာလဲ မြင်ရော အမလေးဆိုပြီး ထွက်ပြေးပါလေရော။ ပြီးတော့ ဆူခံလိုက်ရတာ။ သူငယ်ချင်း လဲအဆူခံရ၊ လျှာရှည်တဲ့ အလွမ်းအိမ်လဲ အဆူခံရ။ ဟီး ကြွက်ကြောက်တဲ့ အဖွားလဲ နှလုံးရော သွေးတိုးရော ထပြီးအိပ်ရာထဲ လဲ။ ကောင်းရော။ အဲဒီနောက်ပိုင်းတော့ ဒေါ်အလွမ်းအိမ်တို. ကြွက်ကလေးတွေ ပူးလေးတွေဆို ကျူရှင်သွားတိုင်း ဆိုင်တွေမှာ ပဲလိုက်ကြည့်ဖြစ်တော့တယ်။ မွေးလို.မှမဖြစ်တာနော်။ ကြောက်စရာ သတ္တ၀ါပါ ဆိုနေနော် ဘာတွေ ရေးမိမှန်း တောင်မသိဘူး။ ရေဘ၀ဲလဲ ကြောက်တာပဲ။ ရေဘ၀ဲဆို ပြည်ကြီးငါးတောင် လက်တွေဆိုမစားဘူး။ စုပ်ခွက်ကြီးတွေ ကိုကြောက်လို.။ ဘာအရူးထမှန်းတော့ မသိဘူး။ တော်ကြာစုပ်ခွက်တွေ လျှာမှာကပ်ရင် ပြန်ဖြုတ်လို.မရ မှာကြောက်လို.။ ပေါကြောင်ကြောင်နဲ.နော်။ ဒါလဲစိတ်ရောဂါပဲ။ ဆက်တက်လိုက်ဦးမယ်။ ဘယ်သူ.ကိုတက်ရင်ကောင်းမလဲ။ သိပီ။

၁။ ချစ်မ မိုးရေထဲကကောင်မလေး။ ခုခဏဝေးမယ်လို.ပြောထားလို. အကြွေးမှတ်ထားမယ်နော်။ ပြန်လာရင်တော့ ရေးပေး။

၂။အိပ်ချင်မူးတူး နဲ.ဆိုရင် ရေထဲတောင်ခုန်ချ သွားနိုင်တဲ့ သယ်ရင်းလေး မိုးသောက်ယံ။

၃။သဘောကောင်းတဲ့ ဓါးမြ ကြီးနဲ.တွေ.နေတဲ့ ညီမလေးနှင်းသဇင်။

Thursday, November 8, 2007

ကျေးဇူးတင်ရှိခြင်း

ဘလော့မွေးနေ.ပွဲလေး ကိုလာလည်ကြတဲ့ ဘလော့မိသားစု မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးကြတဲ့သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

Wednesday, November 7, 2007

ဘလော့မွေးနေ.ပွဲလေး

ဒီကနေ. နိုဝင်ဘာလ ၈ရက် ၂၀၀၇ ခုနှစ် တွင် ဒီဘလော့လေး မွေးဖွားလာတာ ၁လပြည့်ပါပြီ။ အစစ အရာရာ ကူညီအားပေး ခဲ့ကြသော ဘလော့ဂါမိသားစုလေးကြောင့်သာ ဒီဘလော့လေး အသက်ရှင်နေရတာဖြစ်လို. ကျေးဇူးအများကြီးတင်ပါတယ် ရှင်။ အချိုပွဲ အတွက် ဈေးမသွားလိုက်ရလို. ရှိတာလေးပဲ အချိုပွဲတည် ပေးပါဦး။ ချော့ကလက်နဲ. ဒိန်ချဉ်လေးပါ။
ရေမုန်.။ လုပ်သာလုပ်လိုက်တာ သိပ်မလုပ်တတ်တော့ ရေမုန်.က ဆိုင်ကရေမုန်.လိုမလှဘူးလေ။ မြည်းကြည့်ပါဦး။
ချိုချဉ်ကြော်
ဝက်သားလုံးကြော်
မာလာဟင်း
ပုဇွန်၊ရုံးပတီ၊အာလူးသီး ဟင်း
ထမင်းပွဲပြင်ပေးထာတာပါ။ ပဲနီလေးဟင်းချိုရယ်၊ မရမ်းသီးငပိထောင်းရယ်၊ ပုဇွန်နဲ. ရုံးပတီသီး နဲ. အာလူးသီး ရယ်၊ အာပြဲခြောက်ကျော်လေးရယ်၊ တို.စရာ သခွားသီးလေးရယ်ပါ။
ပုဇွန်ကြော်

မွေးနေ.ကိတ်မုန်.။ တစ်လပြည့်ပြီကွယ်။

ကဲဘယ်လိုလုပ်ကြမတုံး


ဟိုးရှေးရှေးတုန်းက တဲ့ပေါ့ကွယ်။ ဘုရင်ကြီးတစ်ပါးမှာ အရမ်းချောမော လှပတဲ့ သမီးတော်လေး တစ်ပါးရှိသတဲ့။ အဲဒီသမီးတော်လေး ကိုဘုရင်ကြီးက ချစ်ရှာလွန်းလို. ဘယ်မင်းသားနဲ.မှ လက်ဆက်မပေး ဘူးတဲ့။ ဒါပေသည့် နဖူးစာရွာလည် ဆိုသလို မင်းသမီးလေး ဟာအရမ်း ဆင်းရဲတဲ့ စစ်သားလေးတစ်ယောက်နဲ. ကြိုက်သွားရောတဲ့ကွယ်။ သူတို.နှစ်ယောက်က သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ.နေလာလိုက်တာ တစ်နေ.တော့ ဘုရင်ကြီးက သူ.သမီးနဲ. စစ်သားလေး ကြိုက်နေတာကိုသိ သွားသတဲ့။ ဒဲဒီခောတ် တုံးက တရားစီရင် တဲ့ပုံက တံခါးကြီးနှစ်ပေါက်ရှိတဲ့ ကွင်းကြီးထဲကို ရာဇ၀တ်သား ကိုထည့်ထားသတဲ့။ ကွင်းကြီးက ဘာနဲ.တူသလဲဆိုတော့ ဘောလုံးကွင်းကြီးလို၊ နွားရိုင်းသတ်ကွင်းကြီးလို ကွင်းကြီးမျိုးပေါ့။ တံခါးကြီးတွေရဲ.နောက် မှာတော့ အရမ်းချောတဲ့ ကောင်မလေးတစ် ယောက်ရယ်၊ နောက်တစ်ဖက်က တံခါးကြီးနောက်မှာတော့ အရမ်းဆိုးတဲ့ နဂါးကြီးတစ်ကောင် ကိုထည့်ထားသတဲ့။ အကယ်၍များ ရာဇ၀တ်သားက ကောင်မလေးရှိတဲ့ တံခါးကို ဖွင့်မိရင် အဲဒီရာဇ၀တ်သားကို ကောင်မလေးနဲ.ပေးစားပြီး နယ်နှင်ဒါဏ်ပေးသတဲ့။ အကယ်၍များ နဂါးကြီးရှိတဲ့ တံခါးကို ဖွင့်မိရင်တော့ နဂါးကြီးက တစ်ခါထဲသတ်စား လိုက်သတဲ့။ အဲတော့ ဘုရင်ကြီးက စစ်သားလေးကို အဲဒီအတိုင်း တရားစီရင်မယ်ဆိုပြီး မိုးလင်းတာနဲ. ကွင်းထဲဝင် ပြီးတရားစီရင်ခံစေ လို.အမိန်.ချသတဲ့။ အဲတော့ မင်းသမီးလေးလဲ သူ.လက်အောက်ငယ်သား သစ္စာခံတွေကို ပိုက်ဆံပေးပြီး ဘယ်တံခါးထဲမှာ နဂါးကြီး ရှိလဲဆိုတာကို စုံစမ်းခိုင်းတယ်တဲ့။ အဲတော့ မင်းသမီးလေးလဲ ဘယ်တံခါးနောက် မှာနဂါးကြီးရှိလဲ ဆိုတာသိသွားသတဲ့။ ဒါပေမဲ့ မင်းသမီးလေး ကစစ်သားလေးကို ဘယ်တံခါးနောက်မှာ နဂါးကြီးရှိတယ် ဆိုတာကိုပြောပြလိုက်လို. စစ်သားလေးက ကောင်မလေးတစ်ယောက်ရှိတဲ့ တံခါးပေါက်ဘက်ကို ရွေးသွားရင် တစ်သက်လုံးချစ်ရတဲ့သူနဲ. ရှင်ကွဲကွဲ ရမယ့်အပြင် စစ်သားလေးက တစ်ခြားမိန်းကလေးတစ်ယောက် နဲ.လက်ထပ်ပြီး အဝေးကြီးကိုထွက်သွား ရင်မင်းသမီးလေးက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးတဲ့။ အကယ်၍ မပြောပြပဲ နေပြီး စစ်သားလေးက နဂါးကြီးအစာ ဖြစ်ပြီးသေသွား ရင်လဲ မင်းသမီးလေးက ငါပြောပြခဲ့ ရင်ငါ့ချစ်သူ သေရမှာ မဟုတ်ဘူးဆိုပြီး တစ်သက်လုံး ယူကြုံးမရ ဖြစ်သွားမယ်တဲ့။ အဲတော့ စာဖတ်သူအပေါင်းတို.ရေ သင်သာမင်းသမီးလေးဆို ဘယ်လိုဆုံးဖြတ်မလဲ? ရှင်ကွဲအကွဲခံပြီး တစစ်သက်လုံး ကိုယ့်ချစ်သူကိုသူများ ရင်ခွင်မှာ ပေးနေလိုက်မလား? သေကွဲအကွဲခံ ပြီးတစ်သက်လုံး ယူကြုံးမရ နောင်တနဲ.ပဲ နေသွားမလားကွယ်? အကယ်၍ စစ်သားလေးနေရာမှာဆိုရင်ရော? ချစ်သူမင်းသမီးလေးက ဘယ်တံခါးကြီးနောက်မှာ နဂါးကြီးရှိတယ် လို.ပြောခဲ့ရင် ကိုယ့်ချစ်သူကို ပြစ်ပြီး တစ်ခြားမိန်းကလေး တစ်ယောက်ရဲ.ရင်ခွင်မှာ တစ်သက်လုံးပျော်နိုင်ပါ့မလား? ခုချိန်ဆိုရင် ဖြင့်ငါ့ကို ကယ်ခဲ့တဲ့ ငါ့ချစ်သူမင်းသမီးလေးဟာ ရင်ကွဲပက်လက်နဲ.ငိုနေရှာရော့မယ် လို.တွေးမိတဲ့ အခါတိုင်း ကိုယ့်လိပ်ပြာကိုယ် သန်.နိုင်ပါတော့မလား? အကယ်၍ မင်းသမီးလေးကဘယ်တံခါးကြီးနောက်မှာ နဂါးကြီးရှိတယ် လို.ပြောပြခဲ့ပေမဲ့လဲ နဂါးကြီးရှိတဲ့ အပေါက်ကိုပဲ ဖွင့်ပြီး အသက်အသေခံ ရင်ရော? ပြန်ဆုံဖို.ဆိုတဲ့ မျှော်လင့်ချက်လေးတောင် ရှိမှာမဟုတ်တော့ဘူးပေါ့။ အသက်ရှင်နေရင် တစ်နေ.တော့ မျက်နှာလေးဖြစ်ဖြစ် ပြန်မြင်ရမယ်ဆို သေပျော်ပါပြီ ဆိုပြီး မျှော်လင့်ချက်လေးတောင်ရှိတော့မှာ မဟုတ်ဘူးနော်။ မင်းသမီးလေး ဟာလဲစစ်သားလေး သေသွားရင် အဲဒီမျှော်လင့်ချက်လေးတောင် မရှိရတော့လို. အသက်ရှင်လျှက် ဘ၀သေတဲ့ သူတစ်ယောက်ဖြစ်ကျန်ရစ်မယ်နော်။ အဲတော့ အကယ်၍ စာဖတ်သူသာ စစ်သားလေးဆိုရင်ရော? ဘယ်လိုလုပ် မလဲကွယ်။

Tuesday, November 6, 2007

သင်မည်သူ.ကိုရွေးမည်နည်း?

ပုံပြောပြမယ်ကွယ်။ ဘာရေးရမယ်မသိလို.။ ကြားဖူးနေခဲ့တဲ့ပုံလေးတွေပါ။ မှတ်မိသလောက်လေးပြောပြမယ်နော်။

ဟိုးရှေးရှေးတုန်းက ထီးနန်းတက်ခါစမင်းတစ်ပါးရှိသတဲ့။ သူကမင်းသစ်ဆိုတော့ ပုန်ကန်ထကြွတဲ့ ရန်သူများကိုနှိမ်နင်း ဖို.စစ်ထွက်ရပါသတဲ့။ အဲတော့ သူစစ်ထွက်ဖို.အသွား မြို.ပြင်မှာ ညောင်ပင်ကြီးတစ်ပင်က နတ်ကွန်းကြီးက ရုက္ခစိုးကြီးကို ဆုတောင်းပါသတဲ့။ အရှင်ရုက္ခစိုးနတ်မင်းကြီး ကျွန်တော့်သားလေးကိုဗွေ မယူပါနဲ. အဲမှားလို. မှားလို. မင်းကြီးဆုတောင်းတာက ဂလို ဂလို အရှင်ရုက္ခစိုးကြီး စစ်ပွဲမှာ အောင်မြင်ခဲ့ရင် အရှင့်ကို ပွဲပေးပါ့မယ် ဆိုပြီး ဆုတောင်းခဲ့သတဲ့။ ဆုတောင်းသလိုပဲ မင်းကြီးလဲ စစ်ကိုအောင်မြင်ခဲ့သတဲ့ကွယ်။ ဒါပေမဲ့ မင်းကြီးက ရုက္ခစိုးကြီးကို သူစစ်မထွက်ခင်က ဆုတောင်းခဲ့ဖူးတာကို မေ့နေသတဲ့။ ဒါပေမဲ့ ရုက္ခစိုးကြီးကတော့ မမေ့ဘူးတဲ့ကွယ်။ ဒါနဲ.မင်းကြီးလဲ မိန်းမယူတော့မယ်ပေါ့၊ လူပြို မင်းကြီးဘ၀ကျွတ်ချင်ပြီဆိုပြီး အလွန်.အလွန် ကိုချောမောလှပတဲ့ မင်းသမီးလေးနဲ. လက်ဆက်ပါသတဲ့။ဘုရင်ကြီး မင်္ဂလာဆောင်ကို အကြီးအကျယ်လုပ်တာပေါ့ကွယ်။ မင်္ဂလာဆောင်ပြီးတော့ ရုပ်ရှင်တွေထဲကလို မြင်းဖြူကြီးတွေဆွဲတဲ့ မြင်းရထားကြီးကိုစီးလို. သတို.သမီးဘယ်လောက် လှကြောင်းကြွားဖို. မြို.ကိုတစ်ပတ် ပတ်ပါသတဲ့။ အဲဒီလိုနဲ.ရုက္ခစိုးကြီး နတ်နန်းရှေ.ကို ရောက်လာပါလေရော။ အဲတော့ ရုက္ခစိုးကြီးလဲ နဂိုကမှ အစာမကြေဖြစ်နေတာမှတ်လား။ ဒီဘုရင်ဟာ ဘုရင်လုပ်နေပြီး ကိုယ့်ဂတိကို ကိုယ်မေ့ရကောင်းလား မှတ်လောက်သားလောက်အောင်ဆုံးမမှ ဖြစ်မယ်ဆိုပြီး ဘုရင်ကြီးနဲ. ကြင်ယာတော်စီးလာတဲ့ မြင်းဖြူကြီးတွေဆွဲတဲ့ ရထားကို မောင်းနေတဲ့ ရထားမောင်းသမားလေးရဲ. ခေါင်းနဲ. ဘုရင်ကြီးကိုယ် ၊ ဘုရင်ကြီးခေါင်းနဲ. ရထားမောင်းသမားလေးရဲ. ကိုယ်ကိုပြောင်းတပ်ပေးလိုက်ပါသတဲ့။ ပြီးတော့ မင်းသမီးလေး ကိုရွေးခိုင်းပါတယ်။ ဘုရင်ခေါင်းနဲ. မြင်းလှည်းမောင်းသမား ကိုယ် ကိုယူမလား? မြင်းလှည်းမောင်းသမား ခေါင်းနဲ. ဘုရင်ကြီးကိုယ်ကိုယူမလားတဲ့။ မင်းသမီးရွေးတဲ့ သူသာဘုရင်ဖြစ်စေ လို.ပြောပြီး ရုက္ခစိုးကြီးပျောက်သွားပါသတဲ့။ ပုံပြင်လေးကတော့ဒါပါပဲကွယ်။
အကယ်၍ သင်သာမင်းသမီးလေးဖြစ်နေခဲ့ သည်ရှိသော်၊ သင်ရောမည်သူကိုရွေးမည်နည်း တဲ့။

ပုံပြင်လေးကိုကြားဖူးပြီးသားရှိချင်လဲရှိကြမပေါ့။ ကျွန်မမှတ်မိသလောက်ကိုတင်ထားပေးတာပါ။ ပုံပြင်လေးက နဂိုပုံပြင်နဲ.များ နည်းနည်း လွဲခဲ့သည်ရှိသော် ခွင့်လွတ်ပေးကြပါလို. ကြိုတင်တောင်းပန်အပ်ပါတယ်။ နောက်တစ်ပုံရှိသေးတယ်။ နောက်နေ.တွေမှ ပြောပြမယ်နော်။

Monday, November 5, 2007

things in my bag


ချစ်ညီမလေး မိုး ကလှမ်း tagလိုက်တော့ အဟီး ရေးချင်နေတဲ့သူပီပီ ရေးပြန်ပြီပေါ့။ အိတ်ထဲက တိုလီမုတ်စတွေကို ထုပ်ပြပါတဲ့။ ကဲ ထုပ်ပြီနော်။

အပေါ်မှအောက်ကို ပြောရရင်တော့.....

၁။ တိုလီမုတ်စများထည့်တဲ့ တစ်ခုတည်းသော အိတ်ကလေး။
၂။ နေရာတကာ သူမပါရင် မဖြစ်တဲ့ ပိုက်ပိုက်။
၃။ အင်္ဂလိပ်စာ ပါမောက္ခကြီး ဖြစ်တဲ့အလျောက် အင်္ဂလိပ်-မြန်မာ Dictionary တစ်လုံး။
၎။ နေရာတစ်ကာ ပေသီးခေါက်လွန်း လို. သွားလေရာ သယ်ရတဲ့ ဂဏန်းပေါင်းစက်။
၅။ ရေးချင်လွန်းလို. သွားလေရာ သယ်တဲ့ ကွန်ပါဗူး။ (ကိုရီးယားမင်းသား ချစ်လေး ဘေးယွန်ဂျွန်း ပုံကို သေချာကြည့်ပါ။) ကျွန်မ ချစ်သူပုံမဟုတ်။
၆။တစ်ချိန်လုံးပျောက်ပျောက်နေတတ်တဲ့ ဖုန်းစုတ်တစ်လုံး။
၇။ အဟဲ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကျင်စက်တစ်လုံး။
၆။ နောက် ဆုံး diary စာအုပ်တစ်အုပ်။

ဆက်တက်ရန်စဉ်းစားနေပါသည်။ အပြင်သွားလိုက်ဦးမယ်။

တက်မယ်နော်
၁။ မီးလေး
၂။ကိုလွမ်းစေ
၃။မိုးသောက်ယံရဲ.အခန်းငယ်
၎။ ကဗျာချစ်တဲ့ chaos

ထုပ်ကြပေတော့ အိပ်ထဲရှိသမျှ ဟီးဟီး

Saturday, November 3, 2007

ဘလော့သံယောဇာဉ်


ပိုစ့်အသစ်တွေကိုလျော့တင်ပြီး ဘလော့ရောဂါကိုကုစားရမယ်လို. မရွှေဂျမ်း ဘလော့လေးမှာ ဆေးကုပေးထားတဲ့အတိုင်း ပိုစ့်ကိုလျော့တင်နေတာ။ခုတော့ မနေနိုင်တော့ဘူး။ ရေးလိုက်ဦးမယ်။
ခုတစ်လော ဘလော့ဂါတွေ တော်တော်များများ မအားကြဘူး။ မြန်မာပြည်က ဘလော့ဂါတွေ ကတော့ အင်တာနက်ကြီး ကိုမြန်မြန်ကောင်းပါစေလို. ဆုတောင်းနေကြ မယ်ထင်ပါတယ်။ ဘလော့ဂါတွေ ငြိမ်ချက်သား ကောင်းနေကြတော့ ဘလော့စပေါ့ကြီး လဲခြောက်သွေ.နေသလိုပဲ။ ဘလော့ဂါ အသစ်လေး တစ်ယောက် နှစ်ယောက်ကိုလဲတွေ.မိ ပါတယ်။ တစ်ကယ်တော့ ကိုယ်လည်းပဲ ဘလော့ဂါ အသစ်လေး ပါပဲ။ ဒီဘလော့ လေးကိုစ လုပ်တာ ၁လတောင် မရှိသေးပါဘူး။ လာမယ့် ၈ရက်နေ.မှာ ၁လပြည့်ပါတော့မယ်။ မုန်.ကျွေးမယ်နော်။ အားလုံးပဲ လာစားကြပါဦး။ ဘလော့ဆိုတာ ကိုဘယ်ကစ သိခဲ့တာလဲ ဆိုတော့..... ကိုကျော်သူ(mmblues) မှာစတွေ.မိတာပါ။ အဲဒီတုန်းက ကျွန်မ multiply ဆိုတဲ့ ဆိုက်မှာ ဘလော့လေး မတောက်တစ်ခေါက် လျောက်ခြစ်နေပါပြီ။ ဒါပေမဲ့ စာတိုပေတိုလေးတွေ ပေါ့။ ဘလော့ဆို ပြီးတော့မခေါ် ရဲသေးပါဘူး။ ကိုကျော်သူရဲ. ဘလော့ကို ဖတ်မိတော့မှ အရမ်းကောင်းပါလား ဆိုပြီးဘလော့ ကိုသေချာရေး ဖို.ဆုံးဖြတ်လိုက်ပါတယ်။ ကိုကျော်သူဘလော့ မှတဆင့် တစ်ခြားလင့်ပေးထားတဲ့ ဘလော့တွေကို သွားလည်မိပါတယ်။ နောက်တော့ ဘလော့စပေါ့ ကိုမျက်စိလည်ရောက် လာပါတယ်။ အရောက်ကောင်းလို. ခေါ်ရမယ်။ ဘလော့စပေါ့မှာ ဘလော့ဂါတွေ အချင်းချင်းက ရွာကြီးတစ်ရွာ အလား ခင်ခင်မင်မင် နဲ.နှုတ်ဆက်၊ နေမကောင်းဘူးဆို ရင်သတင်းမေး၊ ဆုတောင်းပေးနဲ. ကျွန်မအရမ်း သဘောကျမိပါတယ်။ တကယ့်ကို မိသားစုဆန်ဆန်ပါ။ မြန်မာပြည် အသိုင်းအ၀န်းလေး တစ်ခုကို အင်တာနက် ပေါ်မှာပြန်ရလိုက် လို.အရမ်းဝမ်းသာမိပါတယ်။ အမေ့အိမ် နဲ.ဝေးတဲ့သူများ၊ တိုင်းတစ်ပါး ရပ်ဝေးမြေခြား မှာလာပြီး နေနေရတဲ့ သူများ အတွက်တော့ ကိုယ့်ယဉ်ကျေးမှု၊ မြန်မာလုမျိုးများ ရဲ.ဓလေ့စရိုက်များ အားလုံးကို ဒီမှာလာတွေ.ရတယ်။ ဥပမာ မုန်.လေးတစ်ခုစားရ ရင်တောင်မှ ဘလော့လေးပေါ် တင်ပေးကြတယ်။ မျှဝေတဲ့သဘော ပေါ့ရှင်။ မနေ.ကဆိုရင် ကျွန်မမုန်.ဟင်းခါးစားတယ်။ မီးလေးကိုသွား သတိရမိတယ်။ မီးလေးက ငှက်ပျောအူ မကြိုက်ဘူးလေ။ ကျွန်မ မုန်.ဟင်းခါးမှာလဲ ငှက်ပျောအူ မပါပါဘူး။ ဘလော့မှာ တင်ပေးမလို.ပါပဲ camera ကဘာဖြစ်မှန်းမသိဘူး။ ဒါနဲ. လက်လျော့လိုက်ရတယ်။ ကိုယ့်မှာစိတ်ညစ် နေရတယ်ဆိုကြပါစို.။ အားပေးမဲ့သူလဲ မရှိ၊ တစ်ယောက်ထဲနေနေ ရတဲ့ဘ၀ ဆိုပါတော့။ ဘလော့ဂါမောင်နှမတွေ ကမိသားစုလိုပဲ အားပေးကြ သတင်းမေးကြ နဲ.ဒီမောင်နှမတွေ နဲ.တွေ.နေရချိန်လေးမှာ အထီးကျန်မဆန်တော့ ပါဘူး။ အိမ်ကိုပြန်ရင်တောင် မှဆွေမျိုးတွေသိုက်သိုက် ၀န်းဝန်းနဲ.တွေ. ရတော့အားရှိတာပေါ့။ ကျွန်မလို ဘယ်သူတွေများ ခံစားမိကြ ပါသလဲရှင်? ခံစားချက်ခြင်း တူချင်မှ တူပေမဲ့ ဒီသံယောဇာဉ်တွေက တော့အတူတူဖြစ်မှာပါ။

Thursday, November 1, 2007

ပျိုပျိုမေတို.သိကောင်းစရာများ

ဒီနေ.မနက်စာစောင်တစ်ခုကိုဖတ်မိတော့ ပျိုမေတို.သိကောင်းစရာအချက်လေးတွေကို ကျွန်မဖတ်မိတယ်။အဲတော့ အဲဒီထဲကကျွန်မမှတ်ထားမိတဲ့ဟာလေးတစ်ချို.ကို ပြောပြချင်လို.ပါ။
ယောက်ျားလေးတွေလဲအသုံးပြုလို.ရပါတယ်။

သံပရာသီးအသုံးဝင်ပုံများ

သံပရာသီးကို ထက်ခြမ်းခြမ်းပြီး အရည်နည်းနည်းကိုညှစ်ထုပ်လိုက်ပြီး ခြောက်သွေ.နေသော တံတောင်ဆစ်
တ၀ိုက်ကိုပွတ်ပေးရင် တံတောင်ဆစ်လေး ပြန်ချောမွတ်လာပါလိမ့်မယ်။

သံပရာသီးထဲမှာ အပျော့စား antibacterial ဓါတ်ပါပါသတဲ့။ အဲဒီဓါတ်က အမဲစက်တွေ ၀က်ခြံတွေကိုပျောက်
ကင်းစေတယ်လို.စာထဲမှာဆိုထားပါတယ်။သံပရာရည်ကိုရေလေးနဲနဲရောပြီးတို.ထားလိုက်ရင် အမည်းစက်နဲ. ၀က်ခြံတွေကိုသက်သာစေပါတယ်တဲ့။

ခေါင်းလျှော်တဲ့အခါမှာလည်းသံပရာသီးကို ခေါင်းကိုလောင်းမဲ့ရေထဲမှာထည့်ပြီး ခေါင်းလောင်းပါ။ ၁၀မိနစ်လောက်နေရင် သံပရာသီးမပါတဲ့ရေသန်.နဲ.ဆေးပစ်ခြင်းအားဖြင့် အဆီထွကိလွန်းအား ကြီးတဲ့ဆံကေသာ အဖြစ်မှကာကွယ်နိုင်ပါတယ်။

သံပရာရည်လဖက်ရည် ဇွန်းတစ်ဇွန်းကို ဟင်းသောက်ပန်းကန်လုံးတစ်လုံးစာရှိသော ရေနွေးနွေး နှင့်ရောပြီး ထိုရေထဲမှာလက်ကိုစိမ်ပေးခြင်းအားဖြင့်လည်း လက်သည်းများ လက်များကိုဖြူဖွေးလှပစေပါတယ်တဲ့။
ကော်ဖီဂျိုးများ ဆေးလိပ်ဂျိုးများ ရှိနေတဲ့ သွားများကိုလည်း သံပရာသီးနှင့်ပွတ်ပေးပါက ထိုဂျိုးများမှသက်သာ စေနိုင်တယ်လို.ဆိုထားပါတယ်။

အထက်ပါအချက်အလက်များကို 15th August 2006 ထုပ် YOU မဂ္ဂဇင်း ထဲမှ တိုက်ရိုက်ဘာသာပြန်ဆိုပါတယ်။ ကျွန်မ အလွမ်းအိမ်၏ အာဘော်မပါရှိပါရှင်။

ဆံပင်အကြောင်းသိကောင်းစရာ

ဆံပင်တွေကို Dryer ဖြင့်မှုတ်ခြင်း ဆံပင်ဖြေင့်ခြင်း ဆံပင်ကောက်ခြင်းအစရှိတဲ့ လျှပ်စစ်ပစ္စည်းများအသုံးပြု ပုံသွင်းခြင်းဟာ ဆံပင်သားတွေကို နီကြောင်ကြောင်ဖြစ်စေခြင်း၊ခြောက်သွေ.ခြင်းနှင့် အဖျားနှစ်ခွကွဲခြင်းများကိုဖြစ်စေ ပါတယ်။
ဆံပင်များဟာ ငါးကြေးခွံများကဲ့သို. အထပ်လိုက်အထပ်လိုက်တည်ရှိပါတယ်။ထိုအထပ်ကလေးများက တစ်ခုနဲ. တစ်ခုချပ်ချပ်ရပ်ရပ်ထပ်နေတော့မှ ဆံပင်ဟာ တောက်ပနိုင်မှာဖြစ်ပါတယ်။ဆံပင်တွေကို အပူကြောင့်ပျက်စီးမှုအနည်းဆုံးဖြစ်စေအောင် အောက်ပါအတိုင်းပြုလုပ်ပေးနိုင်ပါတယ်။

Dryer ကို အအေးဆုံး အပူချိန်မှာထားပေးပါ။ Dryer ကိုအမြဲဦးရေမှ ဆံဖျားဖက်သို.ဦးစိုက်၍ထားပါ။ ထိုမှသာ ဆံသားအထပ်လေးများမှာ လန်မသွားပဲ ကပ်လျက်အနေအထားမှာ ရှိနိုင်မှာဖြစ်ပါတယ်။ ဆံပင်ကိုလေမှုတ်အခြောက်ခံရာတွင် Dryer ကိုဆံပင်နှင့်လက်မ အနည်းငယ်ကွာ၍ထားပါ။

ဆံပင်အမြစ်များကိုအရင်ခြေက်သွေ.အောင်လုပ်ပြီးမှ အဖျားပိုင်းကိုဆက်ပြီးအခြောက်ခံပါ။

Dryer အကောင်းစားကိုဝယ်ပါတဲ့ရှင်။ ၁၆၀၀ ဗို. လောက်ရှိတဲ့ဟာကိုဝယ်ပါတဲ့။ ပါဝါနဲတဲ့ dryer များရဲ.လေပူတွေဟာ ဆံပင်တွေကြားထဲမှာ ခိုအောင်းနေတော့ ဆံပင်ပျက်စီးခြင်းကိုပိုဖြစ်စေနိုင်ပါသတဲ့။

ခေါင်းလျှော်ရည် အပျော့စားတွေဟာ ဆံပင်မှာရှိတဲ့ သဘာဝအဆီတွေကို အကုန်လုံးဆေးကြောမပြစ်လိုက်ပါဘူးတဲ့။အဲတော့ဆံပင်ပျက်စီးခြင်းကို လျော့နည်းစေပါတယ်။
ခေါင်းလျော်ရင် ဦးရေပြားကိုနှိပ်နယ်ပေးပါ။ သွေးလည်ပတ်မှုကောင်းပြီး ဆံပင်သန်စေပါတယ်တဲ့။

ဆံပင်လျော်ပြီးတိုင်းပျော့ဆေးအသုံးပြုပါ။ပျော့ဆေးသုံးရာမှာလည်း ဆံပင်အမြစ်မှအဖျား အထိရောက်အောင်လို. ဘီးနဲ.ဖီးပေးပါတဲ့။

အဖျားကိုမကြာခဏတိပေးရမယ်လို.လဲဆိုထားပါသေးတယ်။

(You မဂ္ဂဇင်း 5th September 1996)