Friday, November 9, 2007

ရေမုန်.လုပ်စားကြမယ်။

j ကရေမုန်.လုပ်နည်းပြောပြပါဆိုလို.။ ကဲ ဂျေရေ ဟောဒီမှာ ရေမုန်.။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ---
၁။ဆန်မှုန်.
၂။ပဲပြုတ်
၃။ကြက်သွန်မြိတ် (သို.) နံနံပင်
၎။ဆား
၅။အချိုမှုန်.

ဆန်မှုန်.ကို ရေကျဲကျဲဖျော်။အင်း ဆန်မှုန်. တဆဆို ရေ၂ဆ လောက်ပေါ့။ ပြီးရင်ဆား၊ အချိုမှုန်.ထည့်၊ ကြက်သွန်မြိတ်ကို ပါးပါးလှီးထည့်။ ပဲပြုတ်ကိုပါထည့် ပြီးတော့ non stick ဒယ်အိုးပေါ်မှာ ဆီသုတ်
ရွှဲရွှဲလေးသုတ်ပေါ့။ ပြီးတော့ ဆီပူပြီဆိုတာနဲ. ယောက်ချို တစ်ဇွန်းစာ မုန်.နှစ်ထည့် ပြီးရင်ဒယ်အိုးကို လှည့်လိုက်။ အရည်တွေကို တစ်နေရာထဲ မှာစုမနေရအောင်လို.ပါ။ ပြီးတော့ရွှေအိုရောင် လေးသန်းလာရင်၊ ဘေးသားလေးတွေက လဲဒယ်အိုးကနေကွာ လာရင် ဆီလေးတွေကို ဘေးနားလေးတွေ ကိုသုတ်ပေးပါနော်။ ပြီးတော့မှ ဒယ်ဂေါ်နဲ. ထိုးပြီးခွာလိုက်ရင် ရေမုန်.ကြွပ်ကြွပ်လေး ရပါလိမ့်မယ်နော်။ စိတ်တော့ရှည်ရတယ်။ ကြွပ်လာအောင် အချိန်တော့ နည်းနည်းစောင့်ရတယ်။

No comments: