Friday, November 16, 2007

ကြားဖူး၊ကြုံဖူး အူကြောင်ကြောင် အဖြစ်အပျက်များ

အလွမ်းအိမ် ငယ်ငယ်က ကျောင်းကားစီးပါတယ်။ အလွမ်းအိမ် ၇တန်းလောက် ကပေါ့။ အဲဒီ အမကြီးက ၉တန်း။ သူက အလွမ်းအိမ်တို. ကျောင်းကားမှာ တူတူစီးတာ။ သူက အရမ်း ရီစရာတွေ ပြောပြတတ်တယ်။ သူတို.အိမ်နားမှာ ကောင်မလေးတယောက် ရှိတယ်တဲ့။ အဲဒီကောင်မလေးက တနေ.တော့ အပြင်က ပြန်အလာမှာ ကောင်လေးတစ်ယောက် ကစာလိုက်ပေးတယ်တဲ့။ ကောင်မလေးလဲ ရှက်ကလဲရှက် ပဲကလဲနည်းနည်း လေးတော့ပေးလိုက်တာပေါ့။ ခေါင်းလေးငုံ. လို.။ မိန်းမတို. အိန္ဒြရေ ရွှေပေးလို.မရ ဆိုတဲ့ပုံနဲ. ငိုက်စိုက် ငိုက်စိုက် လျောက်လာတာပေါ့။ ကောင်လေးကလဲ ထုံးစံအတိုင်း ဒီစာလေး ယူသွားပေးပါ ဆိုပြီးနောက် ကနေ တတွတ်တွတ် လိုက်ပြောတယ်။ အဲဒီမှာ မထင်မှတ်တဲ့ အဖြစ် အပျက်တခု ကြုံလိုက်ရတယ်။ ကောင်မလေးက အောက်တအားငုံ့ သွားနေတော့ ရှေ့က ဓါတ်တိုင် ကိုမမြင်ပဲ နဖူးနဲ့ ၀င်တိုက်လိုက်တာ ဖင်ထိုင်ရက်လဲ ရော။ ကောင်လေးလဲ အံအားသင့် ပြီးတောင့်မခံနိုင်ပဲ ခွီးခွီးခွီး ဆိုပြီး ရီပြီး တချက်ထဲနောက်လှည့်ပြေးရော။ နောက်ဘယ်တော့ မှအဲဒီကောင်မလေးကို စာလိုက်မပေးတော့ ဘူးဆိုပဲ။

နောက်တခါ အလွမ်းအိမ်တို. ကျောင်းကားက မိန်းကလေးတွေ ချည်းပါပဲ။ အဲတော့ တနေ.မှာ စက်ဘီးစီးလာတဲ့ ကောင်လေးတယောက်က အလွမ်းအိမ်တို. မိန်းကလေးတွေ ချည်းကားပေါ်ပါ တာကို တွေ.တော့ ပဲပေးပြီး လက်တွေဘာတွေ လွှတ်ပြီး စက်ဘီးကို စတိုင်နဲ. စီးပြပါတယ်။ ကားကလဲ လမ်းသွယ်လေးထဲ သွားနေတာ ဆိုတော့ ဖြေးဖြေးသွားတာပေါ့။ အဲဒီမှာ ဖွင့်ထားတဲ့ ခြံတံခါး တခုထဲက ခွေးက စက်ဘီးစီး နေတဲ့ ကောင်လေးနောက်ကို တအားလိုက်တာ။ သူလဲ တချိုးထဲနင်းပြေးတာ အလွမ်းအိမ်တို. ကျောင်းကားထက်တောင် အရှေ့ရောက်သွားသေးတယ်။ ပါးစပ်ကလဲ ဟဲ့ခွေး ဟဲ့ခွေး ဆိုပြီး အော်သေးတယ်။ ရီလိုက်ရတာဆိုတာ။ သူ.ကိုလှောင်ချင် လို.တော့မဟုတ်ပါဘူး ဖြစ်သွားပုံလေးက ရီစရာကောင်းလို.ပါ။

နောက်အဖြစ်အပျက် တခုကတော့ အလွမ်းအိမ် သူငယ်ချင်းတယောက် ပြောပြတာပါ။ ကာယကံရှင်ကို ထိခိုက်နစ်နာ စေလိုတဲ့ ဆန္ဒ အလွမ်းအိမ်မှာ မရှိပါဘူး။ အကယ်၍ ကာယကံရှင်က ဒီပိုစ့်ကို ဖျက်ပေးပါဆိုပါက ချက်ချင်းဖျက်ပေးမည် ဖြစ်ပါတယ်။ အမကြီးတယောက် ရှိပါတယ်တဲ့။ သူက ဘတ်စကားပေါ်မှာ မိန်းကလေးတွေကို ခဏခဏ ထိပါး စော်ကားတဲ့ ကိစ္စတွေကို ကြားဖူးနေပါသတဲ့။ အဲတော့ သူလဲကြောက်ပြီး တွယ်ချိတ်အကြီးကြီးကို ဆောင်ထားပါတယ်တဲ့။ တနေ.တော့ ဘတ်စကား ပေါ်မှာ သူ.ကျောဘက်ကနေ ကုလားကြီးလာရပ်ပြီး တင်ပါးမှာ ပူပူနွေးနွေးကြီး လာထိပါတယ်တဲ့။ အဲတော့ အမကြီးလဲ ကဲငါတော့ ခံရလို. မဖြစ်ဘူးပေါ့။ ဒီလိုမျိုး လာစော်ကားရင် ငြိမ်တော့ မခံနိုင်ဘူး ဆိုပြီး သူ.တွယ်ချိတ်ကြီးနဲ. ပူပူကြီးကို ထိုးလိုက်ပါတယ်တဲ့။ ထိုးလိုက်တာနဲ. ဗွမ်းဆို ...................... မုန်.ဟင်းခါး အရည်တွေ ......။ ကုလားကြီးလဲ နာ့မုန်.ဟင်းခါးရည် တွေကုန်ပြီ ဆိုပြီးထအော်ပါတော့တယ်။ အမကြီးလဲ ခြေမကိုင်မိလက်မကိုင်မိ နဲ. မုန်.ဟင်းခါး အလျော်ပေးလိုက် ရလား မပေးလိုက်ရဘူးလား ဆိုတာတော့ အလွမ်းအိမ် လဲမသိပါဘူးရှင်။

ကဲအဲဒီ အဖြစ်အပျက်လေးတွေက တော့ တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ အဖြစ်အပျက်လေးတွေပါ။ အလွမ်းအိမ်လဲ ရီစရာကောင်းလို. ပြောပြတာပါ။ ဘယ်သူ.ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။
ငယ်ငယ်က ဂျောက်ဂျက် ကာတွန်းတွေ ထဲကလို တချက်ပြုံးရင် တရက်အသက် ပိုရှည်မှာပါ။

5 comments:

Winkabar said...

အစားစားရင်းဖတ်နေတာ ရယ်လိုက်တာ အစားတောင်ထွက်တော့မယ်။ ရေသောက်နေရင်တော့ အစ်မလာရှင်းပေးရမယ်။ ဟီးဟီး။
စတာနော်။ စိတ်မဆိုးနဲ့။ အရမ်းရယ်ရတယ်အစ်မရယ်။

This is about... said...

ဟားဟား ငါ့ညီမရီရတယ်ဆို အမ ရေးရကျိုးနပ်ပါတယ်ကွယ်။

Red's Rose Dream said...

ရယ်သွားတယ် ခွီးခွီးခွီး။
ရယ်သွားတယ် ဟားဟားဟား။
ရယ်သွားတယ် ဟင်းဟင်းဟင်း၊ ဟဲဟဲဟဲ။
ရယ်ရလွန်းလို့ မောနေတာဘဲ စကားမစပ် အအေးလေး
တစ်ခွက်လောက်တိုက်ပါလာရှင်။
(မနောက်ဘူး တကယ်ရယ်သွားတာ။ တကယ် ယုံ။)

P.Ti said...

ဟားဟား… အကြောင်းအရာက ရီစရာကောင်း.. ရေးထားတာကလည်း ကွင်းကွင်းကွက်ကွက် ဆိုတော့ ရီလိုက်ရတာ အသံတောင်ထွက်တယ်။
ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မနက်ပိုင်းဆိုရင် ထမင်းတွေ ဟင်းတွေပူနေတဲ့ ထမင်းချိုင့်တွေက လာထိရင်တတ်တယ်လေ။

phoe thu taw said...

အေးဟရီရတယ်...မဆိုးဘူး..ကောင်းတယ်