Thursday, November 22, 2007

အာဖရိက












အာဖရိက အာဖရိက။ လူတွေက အာဖရိက ဆိုရင် လူရိုင်းတွေ၊ ဆင်းရဲ ငတ်ပြတ် နေကြတယ် လို.ထင်ကြတယ်။ အလွမ်းအိမ် ကိုယ်တိုင်လဲ အဲလို ထင်တာပါပဲ။ ခုတော့ ကြည့်ပါဦး ဓါတ်ပုံတွေကို။ ဆင်းရဲ ငတ်ပြတ်မှုတွေ အာဖရိကမှာ မရှိဘူးလားဆိုတော့ ရှိတာပေါ့။ နေရာတိုင်းမှာ တချို.က ဆင်းရဲတယ်၊ တစ်ချို.က ချမ်းသာတာပဲ မဟုတ်လား။ ခုလဲအဲလို နေမှာပေါ့ နော့်။ ပုံတွေကတော့ အာဖရိက ရဲ.မြို.တစ်ချို.ပုံတွေပါ။ အလွမ်းအိမ် လဲအစက အာဖရိက လူရိုင်းတွေ ရှိမှာပဲ ဆိုပြီးတော့ ထင်ထားတာ။ God must be crazy ရုပ်ရှင်ကို ကြည့်ပြီးတော့ နောက်လဲ ရုပ်ရှင်တွေ တော်တော်များများ မှာအာဖရိက ကိုရောက်လာရင် တိရိစ္ဆာန် အရိုင်းတွေပြေး နေတာရယ်၊ လူရိုင်းတွေ ကလူသားစား ဖို.အိုးကြီးတွေ နဲ.ရေနွေးကြိုတာတွေ ဘာတွေတွေ.တွေ. နေတာဆိုတော့ ခပ်လန်.လန်.ပေါ့ နော်။ ရောက်လာတော့လဲ အဲလိုမျိုး မဟုတ်ကြောင်း တဖြည်းဖြည်း သိသွားတာပေါ့။ ကဲ မိတ်ဆွေတို.ရေ အာဖရိက ဆိုရင် မကြောက်ကြနဲ. တော့နော်။ ဟဲဟဲ လူသားစား လူရိုင်းတွေ မရှိပါဘူး။ ပူလောင် အိုက်စပ်တဲ့ ရာသီကလဲ တစ်နှစ်မှာ ၃လ ၄လ လောက်ပဲ။ ကျန်တဲ့ လတွေက အေးမှ အေး။ အရိုးတောင် ကွဲတော့မယ်။ အဲလို အဲလို ပါလို...........

3 comments:

ကလိုစေးထူး said...

မေ့ဆေးစိုးမြင့် ဆိုတဲ့ ဆရာဝန်ကတော့ `အာဖရိကရောက် မြန်မာတယောက်´ ဆိုတဲ့ စာတွေရေးတာ ဖတ်ဖူးတယ်။ အခု အလွမ်းအိမ်လဲ `အာဖရိကက မြန်မာအလွမ်းအိမ်´ ဆိုတဲ့ စာတွေရေးပေါ့။ :)

ရွှေဂျမ်း said...

သူများတွေ တိုးတက်နေတာတွေ မြင်လေ၊ ကိုယ့်တိုင်းပြည် နောက်ကျကျန်ခဲ့တာ သိသာလေ။ အင်း ပြေးလိုက်ရင်တောင် တော်တော်ကျန်ခဲ့ပြီထင်ပါ့။

P.Ti said...

ဟုတ်တယ်နော်။ ကျွန်တော်လည်း ဒီလိုပဲထင်ခဲ့တာ။ အီသီရိုပီးယားဆိုရင် တချိန်လုံးငတ်နေတော့ ဆင်းရဲတယ်လို့ထင်တာ သူတို့ရဲ့ infrastructure က မြန်မာပြည်ထက်ကောင်းတယ်လို့ သိလိုက်တော့ အံ့သြသွားတယ်။ ပြေးလိုက်ရင်တောင် မှီပါဦးမလား… ၈၈ ကပြောင်းခဲရင် မြန်မာဟာ အာရှမှာ ကျားဖြစ်နေပါပြီ။ အခုတော့ ကျားတော့ကျားပါပဲ ဒါပေမယ် ဖွတ်ကျား…