Monday, November 19, 2007

သွားခဲ့တဲ့ အသုဘ

ဒီနေ. အသုဘ တစ်ခုကိုသွားတယ်။ မနေ.ကတော့ ပျော်ရွှင်တဲ့ မင်္ဂလာဆောင် ကိုတွေ.ရတယ်။ ကနေ.တော့ အချစ်ဆုံး သူငယ်ချင်း ကိုရီးယားမလေးရဲ. အဖေ ဆုံးသွားလို. အသုဘ။ ကြည့်ပါဦး ဘ၀ဆိုတာ ကြောက်စရာ။ အမြဲတော့ မင်္ဂလာချည်းပဲ ရှိမနေနိုင်ဘူးလေ နော်။ သူငယ်ချင်း ကိုရီးယားမလေး ရဲ.နာမည်က ကင်မ် တဲ့။ သူ.အဖေက လွန်ခဲ့တဲ့ အပတ်က အစာအိမ်ပေါက်ကာ အရေးပေါ်ဆေးရုံတင်ရပြီး ဆုံးပါးသွားပါတယ်။ ကင်မ်တို.က တော်တော် လေးကိုဆင်းရဲပါတယ်။ ကိုယ့်နိုင်ငံမဟုတ်တဲ့ အတွက်လဲ ပိုအားငယ်စရာ ကောင်းပါတယ်။ ဒီနိုင်ငံကို ရောက်စက ဒီလောက်မဆင်းရဲ ပါဘူး။ ကိုရီးယား အချင်းချင်း လိမ်ပြီးတော့ သူတို.မှာ ရှိသမျှပိုက်ဆံတွေ ကိုလူလိမ်ခံရအပြီးမှာ ကုန်းကောက်စရာ မရှိအောင်ကို ဆင်းရဲသွားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ. သူတို. ဘ၀ကြီးကို ပြန်ပြီးကြိုးစား တည်ဆောက်နေဆဲမှာ မမျှော်လင့်ပဲ သူ.အဖေက အခုလို ဆုံးပါးသွားခဲ့ပါတယ်။ ကင်မ်နဲ. ကျွန်မက ကျောင်းနေဘက်တွေပါ။ ကျောင်းမှာ ဆိုလဲ ကျောင်းလခ မပေးနိုင်လို. ခဏခဏ ကျောင်းဝိုင်းထဲက နေဆွဲထုပ်ခံရ ရှာတယ်။ ဒါပေမဲ့ သူဇွဲမလျော့ဘူး။ စိတ်ဓါတ်ကလဲ မာသလားမမေးနဲ. အဲလိုဖြစ်တာတောင်မှ လောကကြီးကို ပြုံးပြီး နှုတ်ဆက်တယ်။ ဘ၀နာတယ် စိတ်မာတဲ့ ကောင်မလေးပါ။ ဆရာတွေကလဲ ချစ်တော့ ကျောင်းပြီးမှ ကျောင်းလခ အကြွေးတွေကို အလုပ်လုပ်ပြီး ဆပ်ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ စာမေးပွဲကြေး မသွင်းနိုင်လို. အမှတ်စာရင်းကို ကျောင်းကထုပ်မပေးဘူးလို. ကြေညာခဲ့ပါတယ်။

အခုလို အဖေကဆုံး ကိုရီးယားပြန်ဖို.တောင် ပိုက်ဆံမရှိ။ ပြီးတော့လဲ အသုဘကိုတောင်မှ တခြားကိုရီးယား တွေအကူအညီ၊ အကူငွေတွေ နဲ.အကျဉ်းရုံးလိုက်ရပါတယ်။ အဲတော့ ကျောင်းက ဆရာတွေက အရမ်းသနားသွားပြီး အမှတ်စာရင်းတွေကို ထုပ်ပေးလိုက်ပါတယ်။ မာစီးဒီး ကားတစ်စီးစာ တင်နေတဲ့ ကျောင်းလခ အကြွေးတွေကို လဲလျှော်ပစ်လိုက်ပါတယ်။ ပိုက်ဆံရှိလာရင်တော့ ပြန်ဆပ်ပေါ့လေ။ အတင်း ကြီးဆပ်ရမယ် တော့မဟုတ်တော့ပါဘူး။ သူ.မှာ လူမမယ် အရွယ် မောင်လေးတစ်ယောက်နဲ. အင်္ဂလိပ်လို လုံးဝမတတ်တဲ့ အမေရှိပါတယ်။ အခုလို သူ.အဖေ ရုတ်တရက်ဆုံးပါးသွား တဲ့အခါမှာ အိမ်မှာ ဦးစီးဦးဆောင် လယ်လယ်ဝယ်ဝယ် နဲ့ပြောတတ်ဆိုတတ် တာဆိုလို. သူတစ်ယောက်ပဲ ရှိပါတော့တယ်။ သူ.အဖေ မဆုံးခင် ညရောက်တော့ မှခရီးလွန် နေတဲ့ သူတို.သားအမိတွေ သူ.အဖေအသက် မှီရုံလေးရောက်သွားပေမဲ့ သူ.အဖေကို နောက်ဆုံး ပိတ်ဖြူကြီး အုပ်ပြီးထုပ် လာတော့မှ သာတွေ.ခွင့်ရခဲ့ လို.ဖြေမဆည်နိုင်ဖြစ်နေတဲ့ သူငယ်ချင်းကိုကြည့်ပြီး အလွမ်းအိမ် စိတ်အရမ်းထိခိုက်သွားတယ်။ အမေကလဲ အိမ်ရှင်မ အလုပ်ကလွဲလို. ဘာမှမလုပ်တတ်၊ မောင်လေးကလဲ ၅နှစ်လောက်ပဲ ရှိသေးတယ် ဆိုတော့ သမီးအကြီးဆုံးဖြစ်တဲ့ ကင်မ်ဟာ သူ့ရဲ့ ၀မ်းနည်းကြေကွဲတာတွေကို လက်ထဲက လက်ကိုင်ပ၀ါ အဖြူလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးတော့ အမေ နဲ. မောင်လေး ပိုကြေကွဲရမှာ စိုးလို. ငါမငိုဖူးလို. အံကိုကြိတ်ရင်း ပြောရှာတယ်။ အလွမ်းအိမ် ကတော့ ရုပ်ရှင်ကြည့်ရင်တောင် မင်းသမီးက မငိုရသေးဘူး အရင်ဦးအောင် ငိုတတ်တာ ကလား။ အဲတော့ သူမငိုတော့ အလွမ်းအိမ်ငိုတာပေါ့။ အီးအဲ ရွတ်ရွတ် တောင်ဖြစ်နေပြီ။ နောက်အခေါင်းကို ပိတ်ပြီး ကားပေါ် အတင်မှာတော့ တင်းထားတဲ့ ကင်မ်လဲ မနေနိုင်တော့ပါဘူး။ ငိုပြီလေ။ သူ့လက်ထဲကို သူ့အဖေက ဒီမိသားစုကြီးကို ပုံအပ်သွားခဲ့ ပါပြီ။ ကင်မ်လဲငို၊ သူ.အမေလဲ ငို၊ သူ.မောင်လေးကိုတော့ အရမ်းငယ်သေးလို. တစ်နေရာကို ပို.ထားပါတယ်။ သားအမိနှစ်ယောက် ဖက်ငိုကြတော့ အလွမ်းအိမ်လဲ ငိုတာပေါ့။ အလွမ်းအိမ် အမေက ဆွဲဆိတ်ကော။ အသုဘရှင်တွေ ငိုပါစေဦးပေါ့။ အဲဒါနဲ. အလွမ်းအိမ်လဲ အစ်အစ်အစ် ဆိုပြီး ကြိတ်ရှိုက်ရတယ်။ နောက်တော့ အသုဘကားတွေ ထွက်သွားပြီး အသုဘလဲ ပြီးသွားပါတော့တယ်။ အလွမ်းအိမ်တို.ပြန်လာတော့ ကင်မ်က ကနေ.ညနေ အလွမ်းအိမ် ဆီလာခဲ့မယ် လို.ပြောလိုက်ပါသေးတယ်။ သူ့မှာ သတ္တိတွေ အပြည့်ရှိတယ်။ သူ.မှာ မလဲကျနိုင်တဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ရှိတယ်။ သူဟာ ဘာပဲဖြစ်လာ ဖြစ်လာ လောကကြီးကို ပြုံးပြုံးကြီး ရင်ဆိုင်ရဲတယ်။ အခါခါ လဲပြိုကျတဲ့ သူ့ဘ၀ကြီးကို ဖုန်ခါပြီး ပြန်လည်ရပ်တည်ဖို. သူကြိုးစားတယ်။ အားမာန်တွေဟာ အရှိန်ပြင်းတဲ့ မီးတောက်တွေလို သူ.ဆီမှာ တောက်လောင်နေတယ်။ ကင်မ်ရေ နင့်ဘ၀ကြီးကို နင့်အဖေ မရှိတော့ပေမဲ့ နင်ပြန်လည်တည်ဆောက်နိုင်တယ် ဆိုတာ ငါယုံကြည်တယ်။
ချစ်သူငယ်ချင်းလေးရဲ. အဖေ (အသက် ၄၉နှစ်) သည် ကောင်းရာသုဂတိ လားပါစေ။

5 comments:

P.Ti said...

အလွမ်အိမ်ရဲ့ သူငယ်ချင်းလေးကို ကိုယ်ချင်းစာပြီးသနားပါတယ်။ သူ့ရဲ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဘ၀ကို ဆက်လက် တည်ဆောက်သွားနိုင်ပါစေ။
ရေးတာလေးကလည်း တကယ့်ကိုကောင်းပါတယ်။

lwansay said...

အလွမ်းအိမ်ရေးတာရော သူငယ်ချင်းရဲ့အဖြစ်ရော တော်တော်လေးထိရောက်ပါတယ်.. ကျနော်လည်း သူ့အတွက် ဆုတောင်းပေးလိုက်ပါတယ်....

ရွှေဂျမ်း said...

ဖတ်ရတာတောင် စိတ်မကောင်းပါဘူး။ အလွမ်းအိမ် သူငယ်ချင်းလေးရော သူ့မိသားစုအတွက်ပါ ဆုတောင်းပေးပါတယ်နော်။

Winkabar said...

ဟုတ်ပါ့အစ်မရယ် မနေ့က မင်္ဂလာဆောင်ဒီနေ့ကျတော့အသုဘဖြစ်နေတယ်။
အားပေးနေပါတယ်လို့ သူငယ်ချင်းကိုပြောပေးနော်။
ဆုတောင်းပေးပါတယ်။ အစစ အရာရာ အဆင်ပြေပါစေ။

Red's Rose Dream said...

မင်္ဂလာဆောင်ရေ အသုဘရောဖတ်သွားပါတယ်။
တစ်ယောက်အတွက် စိတ်မကောင်ပါဘူး။
တစ်ယောက် အတွက်တော့ သက်ဆုံးတိုင်
ပေါင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။