Thursday, November 29, 2007

မေတ္တာ၊ ဂရုဏာ

"မမ အိမ်မပြန် သေးဘူးလား။"

ခင်သက်ဝေရဲ့ လက်ထောက် ရဲလင်း သတိပေးမှ အတွေးစများ ပြတ်တောက်သွား ခဲ့သည်။

"အေးအေး မင်းပြန်နှင့် မောင်ရဲလင်း။ မမလဲ အခုပဲပြန်မှာ။"

ခင်သက်ဝေ တစ်ယောက် လက်ဆွဲ အိတ်ကလေးကို ကိုင်ကာကားရှိရာ သို.လျောက်လာခဲ့သည်။ လူနှင့်စိတ် သိပ်မကပ်ချင်တော့ ကားကိုဖြေးဖြေးပဲ မောင်းလာခဲ့သည်။ တစ်နေရာ အရောက်တွင်တော့ ခုဏက သူ.ရုံးခန်းကို လာသွားသည့် ကောင်မလေး ခေါင်းလေးစိုက်တိုက် စိုက်တိုက်နှင့် လမ်းလျောက်နေသည်။ ဘယ်လောက်ပင် သူ.အမေကို နာကျည်းပါစေ ခင်သက်ဝေ စိတ်က ကလေးအပေါ်တွင်တော့ လက်လွတ်စပါယ် မထားရက်။

သက်ဝေ။ ။ ကလေး ဘာလို. အခုအချိန် အထိအိမ်မပြန်ပဲ လမ်းပေါ်မှာ လျောက်သွားနေရတာလဲ?
ကလေး။ ။ သမီး အရမ်းဗိုက်ဆာလို. ဗယာကျော်ဝယ် စားလိုက်လို့ပါ။
သက်ဝေ။ ။ ဗယာကျော် ၀ယ်စားတာနဲ. အိမ်မပြန်စရာ ရှိလို့လား။
ကလေး။ ။ သမီးမှာ ဘတ်စကား ခပဲပါတာပါ။ ဗယာကျော် ၀ယ်စားလိုက်တော့ ဘတ်စကားခ မကျန်တော့လို.ပါ ဒေါ်လေး။

ခင်သက်ဝေ ရင်ထဲအောင့်ကနဲ ဖြစ်သွားသည်။ ကလေးလေးကို ကြည့်ရင်းသူ. ရင်ထဲမှာ မချိ။ ထို.ကြောင့်ပင်ကား ပေါ်တက်ဖို. ပြောပြီး ကားကို စားသောက်ဆိုင် တစ်ဆိုင်ရှိရာ သို.မောင်းလာခဲ့သည်။ တစ်လမ်းလုံး ဘယ်သူမျှစကား မပြောဖြစ်။ စားသောက်ဆိုင် ရောက်တော့ ခေါက်ဆွဲကြော် ၂ပွဲမှာပြီး စားကြသည်။ စားနေရင်းက ခင်သက်ဝေ မော့ကြည့်လိုက်တော့ သူ.ကိုကြည့်ပြီး ခေါက်ဆွဲကြော်စားနေသော သန်.စင်ဝင်းလေးက သွားလေးတွေ ပေါ်အောင်ပြုံးပြသည်။ သွေးက စကားပြောသည် ပဲလားတော့မသိ ခင်သက်ဝေတစ်ယောက် သန်.စင်ဝင်းလေး နှင့် ခဏတာလေး အတွင်းရင်းနှီးသွား သလိုပင်။ စားသောက်ပြီး တော့ကလေးကို အိမ်ပြန်ပို.ပေးသည်။ စိုးသီတာ ၏အိမ်ထဲမှို. မ၀င်ချင်သော်လည်း သန်.စင်ဝင်း လေးကအတင်း ၀င်ဖို.ခေါ်၍ ကလေးစိတ်မကောင်း ဖြစ်မည်စိုးသော ကြောင့် ဒါမှမဟုတ် အတွင်းစိတ် တစ်ခုရဲ. အတင်းလှုံ. ဆော်မှုကြောင့် အိမ်ထဲဝင်ဖြစ်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဘယ်လောက်ပင် စိတ်နာပါတယ် စိတ်မာပါတယ် ဆိုတဲ့ ခင်သက်ဝေတစ်ယောက် ကျိတ်ပြီး စိတ်မကောင်းဖြစ်မိသည်။ စုတ်ပြတ်နေသည့် အိမ်လေးထဲမှာ အသုံးအဆောင်ဆို၍ ဖျာလိပ်လေး တစ်လိပ်နှင့် ဖုံအလိမ်းလိမ်း ပင့်ကူမျှင် အတန်းတန်းနှင့် ဘုရားစင်လေး ဒါလောက်ပင်ရှိသည်။ အတွင်းခန်း ထဲမှချောင်းဆိုးသံ တဟွတ်ဟွတ်ကြားလိုက်သည်။ ဒါ စိုးသီတာပဲ ဖြစ်ရမည်။ သူထွက် လာတာပဲဖြစ်မည်။ ခင်သက်ဝေ မှာစိုးသီတာကို သဘောထားကြီးကြီး နှင့်ခွင့်လွှတ်ပြီး အေးအေးလူလူ စကားပြော ဖို.အင်အားမရှိပါ။ ခင်သက်ဝေ အမုန်းတွေ မပြေနိုင်သေးပါ။ အိမ်ထဲမှ ပြေးဆင်းလာခဲ့သည်။ သန့်စင်ဝင်း ၏ "ဒေါ်လေး ရေနွေးလေးတောင် မသောက်တော့ဘူးလား" ဆိုတဲ့ အော်ခေါ်သံ သဲ့သဲ့ကြောင့် ခင်သက်ဝေ တစ်ချက်လှည့်ကြည့် လိုက်ပြီး သန်.စင်ဝင်းကို ခင်သက်ဝေ၏ လိပ်စာကဒ် ကလေးထုပ်ပေးရင်း "သမီးမှာ အရေးအကြောင်းရှိ ရင်ဒေါ်လေးကို အချိန်မရွေး ဖုံးဆက်လိုက်။ ဒေါ်လေးလာခဲ့မယ်။" လို.ပြောရင်း ကားမောင်းထွက် လာခဲ့သည်။ နောက်ကြည့်မှန် ထဲတွင် စိုးသီတာ နှင့် သန်.စင်ဝင်း တို.အိမ်တိုင် မှာမှီရပ်နေ ရင်း သူ့ကားနောက်မြီးကို ကြည့်ကျန်ရစ် သည်ကို ခင်သက်ဝေ မြင်လိုက်သည်။

အိမ်ရောက်တော့ အင်္ကျီ ပင်မလဲနိုင်။ ဆိုဖာပေါ်မှာ ထိုင်ရင်းအတွေးနယ် ချဲ့မိလေတော့သည်။

စိုးသီတာကို ခင်သက်ဝေ အိမ်ပေါ်ခေါ်တင်ထားခဲ့ ပြီးကတည်းက ကျော်စိုးနှင့် စိုးသီတာ၏ နေပုံထိုင်ပုံတွေကို ခင်သက်ဝေ သိပ်မကြိုက်လှ။ ဒါပေမဲ့ ချစ်လှစွာသော အမနဲ. ယောက်ျားမှို.လို. ခင်သက်ဝေ မမြင်ချင်ယောင်ဆောင် ပြီးမျက်စိမှိတ် ယုံကြည်ခဲ့သည်။ ခင်သက်ဝေမှာတော့ စိုးသီတာကို လိုသေးမရှိ တစ်ခုလပ်မ တစ်ယောက်အနေနှင့် အရပ်ထဲတွင် မျက်နှာမငယ်ရအောင် ခင်သက်ဝေ တတ်အားသမျှ အကုန်လုံးဖြင့် ကာကွယ်ပေးခဲ့သည်။ ငွေဆိုလျှင်လဲ အမလိုသလောက်၊ အင်္ကျီ၊ ထမီ၊ စားသောက်စရာ အစစ ကို မျက်နှာတစ်ချက် မညှိုးစေရထားပေးခဲ့ သည်။ ဟိုးအရင် မိဘတွေ ရှိစဉ်က ၀န်ထမ်းအငြိမ်းစား မိဘတွေနှင့် မှို.အရာရာကို စစ်စစ်စီစီ သုံးခဲ့ရသည်။ ခုတော့ ခင်သက်ဝေလဲ ရှာနိုင်ဖွေနိုင်၊ ကျော်စိုးကလဲ လခကောင်းလေးရ ဆိုတော့ ဟိုးအရင်က ခင်သက်ဝေတို. ညီအမ အရာရာကို ခြိုးခြံခဲ့ရသလို ခုအမကို မခံစားစေချင်တော့။ ခင်သက်ဝေ ဘက်က ဒီလောက် ပေးဆပ်ခဲ့ပေမဲ့ တစ်နေ.တော့.......

ကျော်စိုးက ခင်သက်ဝေ ကိုကွာရှင်းခွင့်တောင်းသည်။

ကျော်။ ။ သက် ကို ကိုယ် ပြော စရာ ရှိလို.။
သက်ဝေ။ ။ ပြောလေ ကိုယ်ရဲ. ဘာများလဲ။
ကျော်။ ။ ကိုယ်တို. ကွာရှင်းကြရအောင်။
သက်ဝေ။ ။ ဟင်....... နောက်နေတာလား။ အဲလို မျိုးလာမနောက်နဲ.နော်။
ကျော်။ ။ ကိုယ် အတည်ပြောတာ ပါသက်။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ.။ ကိုယ် စည်းဖေါက် ခဲ့မိလို. အခုဆိုရင် စိုးသီတာမှာ ကိုယ့်ရင်သွေးလေး ရှိနေပြီ။ ကိုယ် သက်ကို ကလေးမရ နိုင်လို့ ကွာရှင်းခွင့် တောင်းတာ မဟုတ်ပါဘူး။ ကိုယ်လုပ်ခဲ့ တဲ့ဟာကို ကိုယ်တာဝန် ယူချင်လို.ပါ။ သက်မှာက ကိုယ့်ဟာကိုယ် ရှာစားနိုင်တယ်။ ပညာအရလဲ နှိမ်မဲ့သူမရှိဘူး။ စိုးသီတာ ကတော့ ကလေးတစ်ယောက်နဲ. နောက်ပြီးတော့ အဲဒီကလေးကလဲ ကိုယ့်ရင်သွေးလေးလေ။ ဒုက္ခရောက်မှာ ကိုယ်မမြင်ရက်ဘူး သက်ရယ်။ ကိုယ်တောင်းပန်တာပါ။ ကိုယ့်ကို ရိုက်ပစ်လိုက်ပါ။

ခင်သက်ဝေ ဘာစကားမှ ပါးစပ်မှ ထွက်မလာခဲ့။ ရင်ထဲမှာတော့ ပြောနေမိသည်။ "ကိုယ်ရယ် ရှင်မြုံနေတာ လို.ကျွန်မ မပြောရက်လို. ကျွန်မ မြုံတာပါလို. ပြောခဲ့တာပါ။ စိုးသီတာ မှာလွယ်ထားရ တဲ့ကလေးက ရှင့်ရင်သွေး ဖြစ်နိုင်မတဲ့လား။" ခင်သက်ဝေ ရင်ထဲမှာ ငိုနေခဲ့သည်။ မျက်နှာမှာတော့ ဘာခံစားချက်မှ မထင်။ စိုးသီတာ မှာတရှုံ.ရှုံ. လာငိုပြနေသည်။ ကျော်စိုးမှာလဲ အံကျိတ်ပြီး မျက်ရည်တွေကျ နေသည်။ ခင်သက်ဝေ ချက်ခြင်းဆိုသလို ကွာရှင်းစာချုပ်ကို ထွက်ဝယ်ခဲ့သည်။ ခင်သက်ဝေ ချက်ချင်း လက်မှတ်ထိုးပေးလိုက်သည်။

သက်ဝေ။ ။ အတွင်းပစ္စည်း အကုန်လုံး နဲ. ကား၊ ဘဏ်ထဲမှာ ကျွန်မ တစ်လစာ စားဖို.ငွေ ၁သိန်းလောက်ချန်ပြီး ကျန်တဲ့ငွေ အားလုံးကို ရှင်တို.ထုပ် ယူသွားပါ။ တိုက်ခန်း ကိုလည်း ရှင်တို.ပဲ ယူလိုက်ပါ။ ကျွန်မဖို. အခုနေနေ တဲ့အိမ်က လွဲလို. ဘာမှမလိုချင်ဘူး။ ဒါဆို ကျေနပ်တယ် မဟုတ်လား။

ခင်သက်ဝေ အံကိုတင်းတင်း ကျိတ်ရင်း တည်တည်ငြိမ်ငြိမ် ခွဲဝေပေးခဲ့သည်။

ဆက်ရန်




1 comment:

Winkabar said...

ဇာတ်လမ်းက ကောင်းခန်းရောက်နေပြီ။ မြန်မြန်ဆက်နော်အစ်မ။