Monday, November 26, 2007

ခရီးသွားမှတ်တမ်း

အလွမ်းအိမ် ပြန်လာပါပြီ။ မနေ.က ပိုစ့်တင်မလို.ပါပဲ အိပ်ပျော်သွားလို့ ဂနေ.မှပဲ အသစ်တင်နိုင်တော့တယ်။ ခရီးသွားမှတ်တမ်းလေးပေါ့။ တကယ်တော့ ကျွန်မသွားတဲ့ မြို.လေးက ကျွန်မနေတဲ့ မြို.ကနေ ၁း၀၀ နာရီ လောက်ကားမောင်းချိန် ကြာပါတယ်။ အရမ်းမြန်မြန် မောင်းရင်တော့ ၄၅မိနစ် ပေါ့။ ဟိုဖက်မြို.က အိမ်ရှင်မြန်မာ အန်ကယ် တစ်ယောက် ရဲ.အလှူကို သွားကြတာပါ။ ဒီနိုင်ငံတွင်း ရှိသမျှ မြန်မာတွေ ကိုဖိတ်တဲ့ ထမင်းရည် ချောင်းစီး အလှူပေါ့နော်။ သူတို. နေတဲ့မြို.လေးမှာ မြန်မာ ၃ အိမ်ရှိပါတယ်။ အားလုံး အိမ်နီးနားချင်းတွေ ဆိုတော့ ကျွန်မတို. မြို.က မြန်မာတွေ ကညအိပ်သွားဖို. စီစဉ်ကြပါတယ်။ စနေတစ်ည အိပ်ပေါ့နော်။ ဧည့်သည် မြန်မာတွေက အိမ်ရှင်မြန်မာ တွေအိမ်တွေ မှာမျှအိပ်ကြပါတယ်။


ကဲကျွန်မတို. မြို.ထဲက စထွက်တယ် ဆိုရင်ပဲ ဘလော့ရေး ရအောင်ဆိုပြီး မှတ်တမ်းတင်ပါတော့တယ်။ မြို.ထဲက ထွက်ထွက်ခြင်းမှာ ယခုလို ချောင်းငယ်လေးတစ်ခု ပေါ်ကနေဖြတ်ရပါတယ်။ နောက်လာမယ့် မြင်ကွင်းတွေ ကတော့ လယ်ကွင်းပြင်ကြီးတွေ ကျောက်တောင်တွေပဲ ဖြစ်ပါတယ်။

အခုလို တစ်မျှော် တစ်ခေါ် လမ်းရှည်ကြီးကို သွားရပါတယ်။

လမ်းဘေးမြင်ကွင်းပါ။ မြက်ခင်းကြီး တွေအပြည့်ပါပဲ။ ကျွန်မတို. မြန်မာပြည် မှာသာဆိုရင် ရွှေဝါရောင် စပါးခင်းတွေ အပြည့်ဖြစ်နေမှာပေါ့။

ဒါကတော့ လမ်းခရီးက ကျောက်တောင်ကြီးတွေပါ။ မဆုံးနိုင်အောင် များလှတဲ့ ဒီကျောက်တောင်တန်း ကြီးတွေကို ကြည့်ရတာ အလွမ်းဓါတ်ခံ ရှိသူအဖို. ပိုလို.တောင် လွမ်းမိပါသေးတယ်။
ဒါကတော့ ကျွန်မပြောပြောနေတဲ့ တောင်ပြားပြားကြီးပါပဲ။ ဒီမှာက ဒီလိုတောင်မျိုးတွေ ချည်းပါပဲ။ ပြည်မြန်မာက တောင်ထိပ်ချွန်ချွန် လေးတွေမှာ ထုံးသုတ်ထားတဲ့ စေတီဖြူဖြူလေးတွေကို လွမ်းမိပါရဲ.။
လောကကြီးကို ခေါင်းပြူကြည့်နေတဲ့ ကျောက်တောင်ကြီးပါ။
သဘာဝ ဒါဏ်တွေကြောင့် ရေ၊လေ တို့ရဲ့တိုက်စားမှုဒါဏ်ကိုခံရပြီး တိတိရိရိ ပြတ်နေတဲ့တောင်ကြီးပါ။
ရောက်ပါပြီ။ ရောက်ပြီဆိုတော့ အလှူ.ရှင် အန်ကယ်ကျွေးတဲ့ အသားကင်ပါ။ ညရောက်မှ မီးဖိုပြီး ကင်ကြတဲ့ အသားကင် ကိုမုန်.မှာတဲ့ ဘလော့ဂါများ အတွက်လဲ သယ်လာရတာပေါ့။ ဘယ်မေ့လို. ဖြစ်ပါ့မလဲနော့်။ နွေရာသီ ရောက်ပြီဆိုပေမဲ့ ညရောက်တော့ အအေးဓါတ် တော်တော်လေး ရှိသေးတဲ့မြို.ပါ။ တောင်ပေါ်မှာ တည်ထားတာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အသားကင်လေး စားလိုက် မီးလေးလှုံ လိုက်နဲ. ပျော်စရာကောင်းပါတယ်။










လူကြီးတွေ အသားကင်ဖို. မီးမွှေးနေတုန်း အလွမ်းအိမ် တောင်ပေါ်ကနေ လှမ်းရိုက်ထားတာပါ။

နောက်နေ. နေ.လယ်မှာ အန်ကယ်က ဟော့ပေါ့ ထပ်လုပ်ကျွေးပါသေးတယ်။ ဟော့ပေါ့ အိုးကြီးကို ဓါတ်ပုံရိုက် ဖို.မေ့သွားလို. မပါလာပါဘူး။ အလွမ်းအိမ် လဲတစ်မနက်လုံး မြို.ထဲမှာ လျောက်လည်နေပြီး ပြန်လာတော့ ဆာဆာနဲ. ဟော့ပေါ့တွေ တစ်အားတွယ် ပြီးဗိုက်လေးနေတာနဲ. ထမင်းလုံးစီ နေတော့တာပေါ့။ ကဲ စားလို.လဲကောင်း ၀ါးလို.လဲကောင်း ကျေးဇူးတင်ပါတော့မယ်။

၁။ အလှူ.ရှင် အန်ကယ်စန်း နောင်လဲ အလွမ်းအိမ်လို အ၀အပြဲ တွယ်တတ်တဲ့ ဧည့်သည်ကို အ၀အပြဲ ကျွေးမွေးနိုင်ပါစေ။ ကျွေးမွေးနိုင်ဖို. လော်တို ဆုကြီးကြီး များလဲ ထပ်ခါ ထပ်ခါ ထိုးတိုင်းပေါက်ပါစေ။ ကြံတိုင်းအောင်လို. ဆောင်တိုင်းမြောက်ပါစေ။

၂။ ချက်ပြုတ်ရေးတာဝန်ခံများဖြစ်တဲ့ အန်တီအေး၊ အန်တီစု၊ အန်တီမြ တို.လဲ ဟင်းချက်တိုင်းမှာ စားတဲ့သူတိုင်း လျှာလည်ပြီး နောင်အမြဲတမ်းစွဲတဲ့ လက်ရာပိုင်ရှင်များ ဖြစ်ပါစေ။ ထမင်းဆိုင်ကြီးများ ဖွင့်ခဲ့ရင်လဲ ၀က်ဝက်ကွဲ ရောင်းရပါစေ။ ထမင်းဆိုင် မဖွင့်ခဲ့ရင်လဲ အိမ်အကြီးကြီး မှာမီးဖိုချောင် အကြီးကြီးနဲ. နေရပါစေ။

၃။ အလွမ်းအိမ် လမ်းမှာ ဓါတ်ပုံရိုက်ဖို. ကားကို ဖြေးဖြေးမောင်းပေးသော အန်တီဌေး နဲ. အန်ကယ်လင်း တို.လဲ ကားအကောင်းစားကြီး များ ၁၀စီးမက ပိုင်ပါစေ။

၎။ မြို.ထဲမှာ လျောက်လည်ဖို. ကားနဲ.လိုက်ပို.ပေးတဲ့ အမ၀ိုင်းနဲ. အန်ကယ်ထွန်း တို့လဲ လက်ဖျားငွေသီးပါစေ။ စီးတော်ယာဉ်များလဲ ထည်လဲစီးနိုင်ပါစေ။ ကားတွေ အများကြီးဝယ်နိုင်ပါစေ။

၅။ လည်လည်လာတဲ့ သယ်ရင်းများ အားလုံးလဲ အစားကောင်း အသောက်ကောင်းများ အများကြီးစားရပါစေ။ စားချင်တဲ့ အရာကို စားချင်တဲ့ အချိန်မှာ အချိန် မဆိုင်းပဲစားရပါစေ။


1 comment:

Winkabar said...

အစ်မရေ တော်တော်ပျော်ခဲ့တယ်ပေါ့နော်။ ၀မ်းသာပါတယ်အစ်မရေ။