Saturday, November 3, 2007

ဘလော့သံယောဇာဉ်


ပိုစ့်အသစ်တွေကိုလျော့တင်ပြီး ဘလော့ရောဂါကိုကုစားရမယ်လို. မရွှေဂျမ်း ဘလော့လေးမှာ ဆေးကုပေးထားတဲ့အတိုင်း ပိုစ့်ကိုလျော့တင်နေတာ။ခုတော့ မနေနိုင်တော့ဘူး။ ရေးလိုက်ဦးမယ်။
ခုတစ်လော ဘလော့ဂါတွေ တော်တော်များများ မအားကြဘူး။ မြန်မာပြည်က ဘလော့ဂါတွေ ကတော့ အင်တာနက်ကြီး ကိုမြန်မြန်ကောင်းပါစေလို. ဆုတောင်းနေကြ မယ်ထင်ပါတယ်။ ဘလော့ဂါတွေ ငြိမ်ချက်သား ကောင်းနေကြတော့ ဘလော့စပေါ့ကြီး လဲခြောက်သွေ.နေသလိုပဲ။ ဘလော့ဂါ အသစ်လေး တစ်ယောက် နှစ်ယောက်ကိုလဲတွေ.မိ ပါတယ်။ တစ်ကယ်တော့ ကိုယ်လည်းပဲ ဘလော့ဂါ အသစ်လေး ပါပဲ။ ဒီဘလော့ လေးကိုစ လုပ်တာ ၁လတောင် မရှိသေးပါဘူး။ လာမယ့် ၈ရက်နေ.မှာ ၁လပြည့်ပါတော့မယ်။ မုန်.ကျွေးမယ်နော်။ အားလုံးပဲ လာစားကြပါဦး။ ဘလော့ဆိုတာ ကိုဘယ်ကစ သိခဲ့တာလဲ ဆိုတော့..... ကိုကျော်သူ(mmblues) မှာစတွေ.မိတာပါ။ အဲဒီတုန်းက ကျွန်မ multiply ဆိုတဲ့ ဆိုက်မှာ ဘလော့လေး မတောက်တစ်ခေါက် လျောက်ခြစ်နေပါပြီ။ ဒါပေမဲ့ စာတိုပေတိုလေးတွေ ပေါ့။ ဘလော့ဆို ပြီးတော့မခေါ် ရဲသေးပါဘူး။ ကိုကျော်သူရဲ. ဘလော့ကို ဖတ်မိတော့မှ အရမ်းကောင်းပါလား ဆိုပြီးဘလော့ ကိုသေချာရေး ဖို.ဆုံးဖြတ်လိုက်ပါတယ်။ ကိုကျော်သူဘလော့ မှတဆင့် တစ်ခြားလင့်ပေးထားတဲ့ ဘလော့တွေကို သွားလည်မိပါတယ်။ နောက်တော့ ဘလော့စပေါ့ ကိုမျက်စိလည်ရောက် လာပါတယ်။ အရောက်ကောင်းလို. ခေါ်ရမယ်။ ဘလော့စပေါ့မှာ ဘလော့ဂါတွေ အချင်းချင်းက ရွာကြီးတစ်ရွာ အလား ခင်ခင်မင်မင် နဲ.နှုတ်ဆက်၊ နေမကောင်းဘူးဆို ရင်သတင်းမေး၊ ဆုတောင်းပေးနဲ. ကျွန်မအရမ်း သဘောကျမိပါတယ်။ တကယ့်ကို မိသားစုဆန်ဆန်ပါ။ မြန်မာပြည် အသိုင်းအ၀န်းလေး တစ်ခုကို အင်တာနက် ပေါ်မှာပြန်ရလိုက် လို.အရမ်းဝမ်းသာမိပါတယ်။ အမေ့အိမ် နဲ.ဝေးတဲ့သူများ၊ တိုင်းတစ်ပါး ရပ်ဝေးမြေခြား မှာလာပြီး နေနေရတဲ့ သူများ အတွက်တော့ ကိုယ့်ယဉ်ကျေးမှု၊ မြန်မာလုမျိုးများ ရဲ.ဓလေ့စရိုက်များ အားလုံးကို ဒီမှာလာတွေ.ရတယ်။ ဥပမာ မုန်.လေးတစ်ခုစားရ ရင်တောင်မှ ဘလော့လေးပေါ် တင်ပေးကြတယ်။ မျှဝေတဲ့သဘော ပေါ့ရှင်။ မနေ.ကဆိုရင် ကျွန်မမုန်.ဟင်းခါးစားတယ်။ မီးလေးကိုသွား သတိရမိတယ်။ မီးလေးက ငှက်ပျောအူ မကြိုက်ဘူးလေ။ ကျွန်မ မုန်.ဟင်းခါးမှာလဲ ငှက်ပျောအူ မပါပါဘူး။ ဘလော့မှာ တင်ပေးမလို.ပါပဲ camera ကဘာဖြစ်မှန်းမသိဘူး။ ဒါနဲ. လက်လျော့လိုက်ရတယ်။ ကိုယ့်မှာစိတ်ညစ် နေရတယ်ဆိုကြပါစို.။ အားပေးမဲ့သူလဲ မရှိ၊ တစ်ယောက်ထဲနေနေ ရတဲ့ဘ၀ ဆိုပါတော့။ ဘလော့ဂါမောင်နှမတွေ ကမိသားစုလိုပဲ အားပေးကြ သတင်းမေးကြ နဲ.ဒီမောင်နှမတွေ နဲ.တွေ.နေရချိန်လေးမှာ အထီးကျန်မဆန်တော့ ပါဘူး။ အိမ်ကိုပြန်ရင်တောင် မှဆွေမျိုးတွေသိုက်သိုက် ၀န်းဝန်းနဲ.တွေ. ရတော့အားရှိတာပေါ့။ ကျွန်မလို ဘယ်သူတွေများ ခံစားမိကြ ပါသလဲရှင်? ခံစားချက်ခြင်း တူချင်မှ တူပေမဲ့ ဒီသံယောဇာဉ်တွေက တော့အတူတူဖြစ်မှာပါ။

5 comments:

Anonymous said...

ဟုတ်တယ်.. ဟုတ်တယ်.. 100% ထောက်ခံပါကြောင်း.

Unknown said...

မအလွမ်းအိမ်ရဲ့ ခံစားချက်ကို ကျနော်လည်း ထပ်တူထပ်မျှခံစားမိပါတယ်။ ကျနော်လည်း အားလုံးနဲ့ခွဲပြီးတော့ နေခဲ့ရသူပါ။ အရာအားလုံးဟာ အိမ်မက်တွေသာဖြစ်လိုက်ချင်ပါတယ်။

Winkabar said...

အစ်မလိုပါပဲ။
သမီးတို့တစ်ယောက်တစ်ယောက်အားပေးနေရင်
အထီးမကျန်ပါဘူး။

metta campaign said...

ဘလောဂ့်သံယောဇဉ်ကို blog-bondလို့ ဆိုနိုင်မလား မသိ။ အနှောင်အဖွဲ့တစ်ခုလို့ မထင်ဘဲ အတွယ်အတာ တစ်ခုလို့ ခံစားမိပါတယ်။

မျှားပြာ said...

သံယောစဉ်တွေကတော့ တကယ်ကိုပဲဗျာ ..