Sunday, December 14, 2008

ကင်မချီ (kimchi) လုပ်နည်း



ဟိုတစ်လောက ဒေါ်လွမ်းလွမ်း တို. လျှာရှည်တော်မူပြီး အခန်းဖေါ်ကိုရီးယားမ နဲ.အတူ ကင်မချီ လုပ်ကြပါတယ်။ အဲဒါ ကင်မချီ လုပ်နည်းကို ဖေါက်သည် ချလိုက်ပါတယ်။


၁။ မုန်ညှင်းဖြူ ထုပ်ကို အခုလို ထက်ခြမ်းခြမ်းပါ။

၃။ ဆားပွင့် အကြီးကြီး တွေကို ခုလို မျိုးဆားနဲ.အလွှာတွေ ကြားထဲကို ထည့်ပေးပါ။
၎။ ပြီးရင်ခုလိုမျိုး ဇလုံထဲမှာ ၈နာရီလောက် ပစ်ထားလိုက်ပါ။
၅။ ၈နာရီလောက် ကြာရင် ခုလိုမျိုး မုန်ညှင်းရွက် တွေနွမ်းသွားပါလိမ့်မယ်။ အဲဒီအခါကျရင် ရေနဲ. သေချာဆေးပစ်ပါ။ မဟုတ်ရင် တစ်အားငံပါလိမ့်မယ်။
၆။ ကောက်ညှင်းမှုန်.တွေကိုရေနည်းနည်း ထည့်ပြီး ပြစ်လာတဲ့ အထိ ကြိုပါ။
၇။ ဂျင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို အခုလိုမျိုး ခြစ်ပေးပါ။ ထောင်းလို.လဲရပါတယ်။
၈။ ကြက်သွန်နီကိုလဲ လှီးထားပါ။
၉။ ကြက်သွန်မြိတ် အဖြူနဲ.အနီလဲ ထည့်ရပါတယ်။
၁၀။ ငြုတ်သီးမှုန်. ကို ၁ခွက် ချင်ပြီး အစောနက ကြက်သွန် နီ၊ ဖြူ မြိတ်တွေနဲ. ရောပါ။ ကြက်သွန်နီ လှီးထားတာတွေလဲထည့်ပါ။ ကြက်သွန်နီ၊ဖြူထောင်းထားတာတွေလဲထည့်ပါ။
၁၁။ ငံပြာရည်၊ ဆားနဲနဲ၊ သကြားနဲ. ကြိုထားတဲ့ ကောက်ညှင်းမှုန်. ရည်တွေပါရောပြီးအားလုံးကို နယ်ပါ။


၁၂။ ပြီးရင် မုန်ညှင်းတွေထဲကို တစ်လွှာချင်းဆီ ပွတ်ပြီး သိပ်ပေးပါ။

၁၃။ ပြီးတာနဲ. ပုလင်းထဲကို အခုလိုပဲ အပြည့်သိပ်ထည့်ပေးပါ။

၁ရက်လောက်နေရင် အရည်တွေထွက်ပြီး ပုလင်းထဲက လျှံထွက်တတ်တာမှို. သတိထားစောင့်ကြည့်ပေးပါ။ ပူတဲ့ရာသီမှာဆို ရင် လုပ်ပြီးတာနဲ. ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ အချဉ်ကြိုက်တတ်ရင်တော့ အပြင်မှာ နေ.၀က်လောက်ထားပါ။ အလွမ်းအိမ်ကတော့ အချဉ်ကြိုက်တာရယ် အလွမ်းအိမ် နေတဲ့နေရာက အေးတာရယ်၊ မေ့သွားတာရယ် အားလုံးပေါင်းပြီး အပြင်မှာ ၃ရက်လောက် ကြာသွားလို. ချဉ်မှချဉ် ဖြစ်သွားပါတယ်။





Monday, October 13, 2008

ယခုစာသင် ရာသီ သတင်းအကျဉ်းချုပ်

ကျန်းမာတော်မူ စပါကြရှင်။ ယနေ. သီတင်းကျွတ်လဆန်း ၁၄ရက် အောက်တိုဘာလ ၁၃ရက် သတင်းများကို ကြေငြာပါတော့မယ် ရှင်။
သတင်းခေါင်းစဉ်.... ဒေါ် အလွမ်းအိမ်တို. အိုးဖုတ်နေသည်။ ဟုတ်ကဲ့... ယခုစာသင်ရာသီတွင် အိုးဖုတ်သင်တန်း တက်ဖို. အကြောင်းဖန် လာပါသည်။ အနုပညာ အလွန်.အလွန် ကျွမ်းကျင်သော မရွှေလွမ်းသည် လျှာတစ်တောင်လောက် ရှည်ကာ အိုးဖုတ်သင်တန်း ကိုစာရင်းပေးမိသည်။ ပင်ဂွင်းလုပ်လျှင် ဘဲရုပ်ဖြစ်သည်။ ဒိုင်နိုဆော လုပ်ပါက လိပ်ပြာဖြစ်သည်။ အိုးလုပ်ပါက ပန်းကန်ဖြစ်သည်။ အလွန်တော်ပါသည်။ အဆင့် ၁ထက် ကောင်းသော အဆင့် 0 နှင့်ပင် ထိုက်တန်ပါသည်။
အလွန်.အလွန်မှ အရှက်သည်းလှသော ဒေါ်ရွှေလွမ်းသည် လူမှုဆက်ဆံရေး ဘာသာရပ်ကို ယူမိပါသည်။ ထိုဘာသာ အချိန်ရောက်လျှင် အာစေးထည့် ထားသကဲ့သို. ပါးစပ်မှာ ဖွင့်၍မရပါ။ ဆရာမက ပါးစပ်ကို ဆောက်နှင့်လာထွင်း တောင်ပွင့်မဲ့ပုံ မပေါ်သော အလွမ်းအိမ်ကို လက်ကောခြေထောက်ရော မြောက်သွားသည်။
ယခုဆက်လက်ပြီး ကောလိပ်အတွင်းမှ ရာသီဥတု ခြေနေများကို အစီအရင်ခံပါဦးမည်။
အရှေ.အရပ် ကားပါကင်တွင် မုတ်သုံ မုန်တိုင်းတိုင်ခတ်သွားပါ သဖြင့် ပါကင်တစ်ခုလုံး ချိုင့်များ ခွက်များနှင့်ပြည့် နှက်နေပါသည်။ ထိုမုတ်သုံ မုန်တိုင်းကြီးသည် တောင်အရပ် ကျောင်းကောင်စီ ရှိရာသို. ဆက်လက် ဦးတည်နေပြီး ကားပါကင်ပြင်ရန် ဘတ်ဂျက် ဥသြောသံပေးနေပါသည်။ အလှူငွေ မရှိသောကြောင့် ချိုင့်များ ခွက်များကို သဲများဖြင့်ဖို. ရန်စီစဉ်နေပါသည်။
ကောလိပ်၏ Sociology ဌာန အရပ်၌ မိုးခေါင် ရေရှားနေပါသောကြောင့် ဆရာ၊ဆရာမ များရေရှာနေပါသည်။ Sociology ဌာန အရပ်ကို ရှောင်ကျဉ်ကြပါရန် သက်ဆိုင်ရာမှ သတိပေးနှိုးဆော်ထားပါသည်။
အင်္ဂလိပ်စာ ဌာန၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေများကြီးကာ ၀မ်းပျက် ၀မ်းလျှော ရောဂါများ ဖြစ်ပွားနေပါသော ကြောင့် နဂိုကမှ ချောင်ချင်နေသော ဆရာ/မ များသည် သွက်သွက်ခါသွားပါသည်။ ထို.ကြောင့် သင်ချင်သည်များကို သင်ကာ မသင်ချင်သည်များ ကို မသင်ပါ။
ဤတွင် သတင်းများကို ကြေညာလို. ပြီးပါပြီ။ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာတော် မူကြပါစေရှင်။

အမေ

အမေ...
ကျွန်မ တို.မောင်နှမ နှစ်ယောက် အမေ့ထက် လူလုံးနှစ်ဆ လောက်ကြီးလာတဲ့အထိ အမေဘယ်လိုများ ပင်ပင်ပန်းပန်း ကျွေးမွေးလာပါ လိမ့်လဲနော်။ အမေ ကျွန်မမှတ်မိသေးတယ်၊ ကျွန်မတို.ငယ်ငယ် တုံးကပေါ့ ကျွန်မတို. မိသားစု စားနိုင်သောက်နိုင်လောက်ပဲ ပိုက်ဆံရှိခဲ့တယ်လေ။ ကျပ်ကျပ်တည်းတည်း နဲ.ရုန်းကန်ခဲ့ ရတုန်းက အမေက ကျွန်မတို. မောင်နှမကို "သားတို. သမီးတို. အားမငယ်နဲ. အမေရှိရင် ငွေရှိတယ်။ အမေ မင်းတို.ကို ပိုပိုလျှံလျှံမ ထောက်ပံနိုင်ပေမဲ့ မျက်နှာမငယ် စေရဘူး။" အမေ... မောင်လေးငယ်ငယ် တုံးက အမေနို. မထွက်လို. ပိုက်ဆံမရှိမဲ့ ရှိမဲ့နဲ. ၀ယ်ထားတဲ့ နို.မှုန်. ဘူးတွေ အတုမိလို. အမေ နို.မှုန်. ဘူးတွေ ဘေးမှာ ထိုင်ငိုနေခဲ့ တာကို သမီးလှေကား ထောင့်ကနေ ချောင်းကြည့်ခဲ့ဖူးတယ်။ သနားစရာကောင်းလိုက် တဲ့အမေရယ်။ အမေ... ကျွန်မတို. အတန်းကြီးလာတာနဲ. အမျှကြီးလာတဲ့ ကုန်ဈေးနှုန်းနဲ. အမှီ၊ ကျူရှင်ဖိုး ဘာဖိုးညာဖို.တွေ အတွက် အမေ မနက် ၄နာရီကနေ ည၉နာရီလောက် အထိ အလုပ်လုပ် ပြီးသားတွေသမီးတွေ အတွက် ရုန်းကန်လှုပ်ရှားခဲ့တယ်။ ဘစ်စကား ကြပ်ကြပ်တွေထဲမှာ ငါ့အမေ မွန်းကြပ်နေရှာရော့မယ်။ အမေ ဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ အမေ ကျွန်မ အရွယ်ရောက်လာတော့ အမေ့ရှေ.မှာ မားမားမတ်မတ်ရပ် ပြီးအမေ့ကို ကာကွယ်မယ်မှ မရှိသေးဘူး၊ ကျွန်မ ရေကြည်ရာ မြက်နုရာကို ရှာခဲ့တယ် အမေ။ အမေ ပြုံးပြီးလက်ခံခဲ့တယ်။ အမေ ကျွန်မဆီ ငွေပို.မပျက်ခဲ့ဘူး။ အမေ... ကျွန်မ အမေ့ကို လွမ်းတယ်။ အမေ... ကျွန်မအပေါ် နားအလည် တတ်ဆုံးအမေ... မနက်ဖြန် သီတင်းကျွတ်လပြည့်နေ. မှာကျွန်မ အမေ့ကို ဦးချလို. ကန်တော့လိုက်ပါတယ်။

Tuesday, May 6, 2008

မုန်တိုင်း

မိုးလေတွေက သည်းထန်နေသည်။ လှိုင်းလုံးကြီးတွေက ဝေါကနဲ ဝေါကနဲ နှင့် သင်္ဘော၏ ကိုယ်ထည် အတွင်းသို. ၀င်ရောက်လာသည်။
ရေငံတွေဝင်လာတိုင်း ကုန်းပတ်ပေါ်တွင် မိရာကို လှမ်းဆွဲ ထားသော သဘောင်္သားများ၏ ပါးစပ်အတွင်းသို. ငံကျိကျိ။ သဘောင်္ဦးခန်း အတွင်းမှ May Day အော်နေသံတွေက မိုးသံတွေကြားမှာ ကွယ်ပျောက်နေသည်။ သဘောင်္ စက်ခန်းအတွင်း မှာလဲ ရေချိန်သည့် သူများက ပျားများလို အလုပ်လုပ်နေကြသည်။ အော်ကြ ဟစ်ကြ ပြေးကြလွှားကြနှင့်။ သဘောင်္က စစ်ရေယာဉ် တစ်စီးဖြစ်တဲ့ အလျောက် ခိုင်ခံသည်။
ဘယ်လောက်ပင် ခိုင်ခံ သန်မာသည့် သဘောင်္ ဖြစ်ဦးတော့ ပင်လယ်ကြီး၏ ကြမ်းတမ်းမှုကို တောင့်ခံမထားနိုင်။ ကူသူကယ်သူမဲ့ သဘောင်္တစ်စင်း ပင်လယ်ထဲမှာ လူးလူးလွန်.လွန်.။ သဘောင်္တွင်းမှ လူများကတော့ ဇကောထဲ ဇီးဖြူသီး ထည့်လှိမ့်သလို တစ်လူးလူး တစ်လိမ့်လိမ့်။ နောက်ဆုံး သေဘာၤသားမ်ား သေဘာၤ ကိုမနစ်အောင် သဘာဝအန္တရာယ်တွေကြားမှ ကျားကန်ကန် နေမှုကို ရပ်လိုက်ကြသည်။ လှိုင်းကြီးသည်။ လူအင်အားနှင့် ဘယ်လိုမှ ဆန်.ကျင်ကြိုးစား၍ မရနိုင် လက်လျော့လိုက်ကြသည်။ မှီရာကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နစ်နေသည့် သဘောင်္အတွင်းမှ ဘုရားကိုသာတနေကြသည်။ သဘောင်္သား ၁၁ ယောက် လုံးသေမင်းကို
ခပ်ရွံရွံလေး စောင့်နေကြသည်။
ထိုအချိန်မှာ စစ်ရဟတ်ယာဉ်တစ်စင်း ကိုမြင်လိုက်ကြသည်။ ရဟတ်ယာဉ်မှာ လေဒါဏ်ကြောင့် နောက်ကို ပြန်ပြန်ရွေ.သွားသည်။ လေယာဉ်မှူး၂ဦးမှ နစ်နေသော သဘောင်္ဆီသို. အချိန်မှီရောက်အောင် ကြိုးစားနေကြသည်။ သဘောင်္သားများ၏ မျှော်လင့်ချက်ရောင် ခြည်သန်းသော မျက်ဝန်းများက လေယာဉ်မှူးများ၏ ကြိုးစားမှုကို အဆုံးစွန်ထိ ကြိုးစားဖို. တိုက်တွန်းနေသယောင်ယောင်။ နောက်ဆုံးတွင် နစ်နေတဲ့ သဘောင်္ဝမ်းထဲသို. Co Pilot ကကယ်ဆယ်ရေး ကြိုးချပေးသည်။ လေကြီးလွန်းသောကြောင့် ရဟတ်ယာဉ်ကို ငြိမ်အောင် ဘယ်လိုမှ ထိန်းမထားနိုင် သို.သော် ကျွမ်းကျင်၍ ၀ါရင့်လှသော လေယာဉ်မှူးများ၏ ကြိုးစားမှုများကြောင့် သဘောင်္သား ၁၁ဦးလုံး အန္တရာယ် ကင်းခဲ့သည်။

Sunday, May 4, 2008

သွေးအုပ်စု VS ကိုယ်ရည်ကိုယ်သွေး

"O" သွေးအုပ်စု

သွေးအုပ်စု O သမားများဟာ ခင်မင်ရင်းနှီး စရာကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ လူမှု ဆက်ဆံရေးကောင်းတဲ့ သူများလဲဖြစ်ကြပါတယ်။ သူတို.ဟာ စဦးတည်ထောင် သူများလဲဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်စထားတဲ့ အလုပ်ကိုအဆုံးသတ်တဲ့ သူများတော့ မဟုတ်ကြပါဘူး။ သူတို.ဟာ စိတ်ကူးစိတ်သန်းကောင်း ကြပါတယ်။ ပေါ်ပြူလာဖြစ်ကြ တဲ့သူများလဲဖြစ်ပါတယ်။ လူတွေရဲ. ဂရုစိုက်မှုကို ခံချင်ကြတဲ့ သူများလဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အလွန်ယုံကြည် စိတ်ချကြသူများလဲ ဖြစ်ပါတယ်။

A" သွေးအုပ်စု

သွေးအုပ်စု A သမားများဟာ အလွန်ပဲ တည်ငြိမ်ကြတဲ့ သူများဖြစ်ပါတယ်။ သူတို.ဟာ ရည်မှန်းချက်ကြီးမားတဲ့ သူများဖြစ်တဲ့ အတွက် အပြင်ပန်းမှာ ဘယ်လိုပဲ တည်ငြိမ်မှုကို ပြနေပါစေ စိတ်ထဲမှာ အရမ်းစိတ်ပူ လွယ်ပါတယ်။ A သမားများဟာ အကောင်းဆုံးသော အနုပညာ သဘာဝစွမ်းရည် ရှိကြသူများ ဖြစ်ပါတယ်။ ရှက်တတ်သူများဖြစ်သလို အလွယ်တစ်ကူ စိတ်ဆိုး စိတ်နာတတ်ပါတယ်။ သူတို.ဟာ ယုံကြည်ထိုက်တဲ့ သူများဖြစ်ပါတယ်။

"B" သွေးအုပ်စု

ရည်ရွယ်ချက်ကို သေသေချာချာ ဦးတည်တတ်တဲ့ သူများဖြစ်ပါတယ်။ အလုပ်တစ်ခုကို စလုပ်မိပြီ ဆိုရင် စွဲစွဲမြဲမြဲ နဲ. ဆုံးခန်းတိုင်အောင်လုပ်တတ်ကြပါတယ်။ တစ်ဦးချင်း လွတ်လပ်စွာ လုပ်ကိုင်ခြင်းကို နှစ်သက်တဲ့ လူများဖြစ်ပြီး၊ ကိုယ့်လမ်းကို လျောက်တတ်ကြပါတယ်။

"AB" သွေးအုပ်စု

ဤသွေးအုပ်စု သမားများဟာ လူတစ်ကိုယ် စိတ်နှစ်မျိုးရှိတတ်ကြပါတယ်။ သူတို.ဟာ လူမှုဆက်ဆံ ရေးကောင်းတဲ့သူများဖြစ်သလို တစ်ချိန်ထဲမှာပဲ အလွန်ရှက်တတ်တဲ့ သူများလဲဖြစ်တတ်ကြပါသေးတယ်။ တာဝန်ယူတတ်တဲ့ သူများဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ တာဝန်ယူလွန်း တတ်တာကြောင့် ပြဿနာများ ဖြစ်တတ်ပါသေးတယ်။ သူတို.ဟာ ယုံကြည်စိတ်ချ ထိုက်တဲ့ သူများဖြစ်တဲ့အပြင် သူတစ်ပါးကိုလဲ အလွန်ကူညီတတ်ပါတယ်။

ပူးတွဲလို. ကောင်းတဲ့ သွေးအုပ်စု သမားများကတော့

A ဟာ A နဲ. AB သများများနဲ. တွဲဖက်လို. အသင့်လျော်ဆုံးပါ။B ဟာ B နဲ. AB သများများနဲ. တွဲဖက်လို. အသင့်လျော်ဆုံးပါ။AB ဟာ သွေးအုပ် စု အားလုံးနဲ. တွဲဖက်လို. သင့်လျော်ပါတယ်။O ဟာ O နဲ. AB သများများနဲ. တွဲဖက်လို. အသင့်လျော်ဆုံးပါ။

Sunday, March 30, 2008

လွမ်းတယ် ဘလော့လေးရယ်။

ပြတ်သွားပါတယ်။ ဘလော့ လောကနဲ. တော်တော် အဆက်ပြတ်သွားပါတယ်။ တော်တော် လေးကိုကြာပါပြီ။ ဘာတွေလုပ်နေသလဲတဲ့ ဘလော့သူငယ်ချင်းတွေက မေးကြပါတယ်။ အဟဲ ဘာတွေလုပ်နေမှန်း မသိအောင်ကို တော်တော်လေး အလုပ်တွေရှုပ်နေပါတယ်။ စာမေးပွဲရော၊ ခရီးထွက်နေတာရောနဲ. တော်တော် လေးရှုပ်ပါတယ်။ ဒီနေ.တနင်္ဂနွေနေ. မှာပျင်းပျင်းရှိတာနဲ. ၉နာရီကျော်မှ အိပ်ရာကထပြီး ထမင်းဟင်း မချက်မပြုတ် အွန်လိုင်းမှာပဲ ဟိုကြည့်ဒီကြည့် ဟိုချက် ဒီချက် လုပ်နေပါတယ်။ ဆောင်းနှောင်းရောက် သွားလို. အရင်ကလောက် မအေးတော့ပါဘူး။ နှင်းတွေ အကုန်အရေပျော်သွား ပါပြီ။ အေးတော့အေးပါသေးတယ်။ အနွေးထည် တော့ဝတ်ရပါသေးတယ်။ Semester တစ်ဝက်ရောက်ပြီး တော့နောက် semester တစ်ဝက်ကို စနေပါပြီ။ ကျောင်းပိတ်ရက် တွေတုန်းက အိမ်စာတွေကို ပစ်ထားခဲ့သမျှ ကျောင်းဖွင့်တော့မှ ကုန်းလုပ်ရပါတော့တယ်။ အလွမ်းအိမ် ထုံးစံအတိုင်း နောက်ဆုံး အချိန်ရောက်မှ အသေကုန်းလုပ်၊ မစားမသောက်၊ မအိပ်ပဲနဲ.လေ။ အဟဲ။ ခေါက်ဆွဲပြုတ်ကို နေ.ရောညပါ စားနေသမျှ အခုတော့ ခေါက်ဆွဲထုပ်တွေ ၀ယ်ထားတာ ကုန်သွားလို. ထမင်းချက်စား နေရပါပြီ။ အလွမ်းအိမ် အပျင်းကြီး တာကတော့ ၂ရက်စာထမင်း ကိုတစ်ခါထဲချက်ပြီး ရေခဲသေတ္တာထဲထည့်ထား တတ်ပါတယ်။
နွေရာသီကျောင်းပိတ်ရက် ဆိုပြီး အရင်က တက္ကသိုလ်ကနေ မခွာချင်တာတို. ချစ်သူနဲ.ခွဲရမှာမို.လို.လွမ်းတာတွေ တော့မရှိပါဘူး။ ကျောင်းပိတ်ရင် နောက်ထပ်ကျောင်းလခ ထပ်ပေးရတော့မယ် အိမ်လခ ထပ်ပေးရတော့မှာ မို.လို. စိတ်ညစ်တာတော့ရှိတာပေါ့။ ဟဲဟဲ အလွမ်းအိမ် က ၁နှစ်မှာ ၁၂လလောက် မွဲနေတော့လဲ ဒီလောက်တော့ရှိမှာပေါ့။ သယ်ရင်းတို.ရေ မတွေ.ရတာကြာတော့ ပြောစရာတွေကတော့ များသား။ ဒါပေမဲ့ အချိန်ကမရတော့ ဒီနေ.တော့ ဒီလောက်ပါပဲကွယ်။ အဟဲ နောက်မှ ဆုံကြသေးတာပေါ့။

Sunday, February 24, 2008

မြန်မာပြည်ဖွားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှင့်ပြပွဲ။


မနေ့က မြန်မာပွဲတစ်ခုကို ရောက်သွားတယ်။ ဓါတ်ပုံရိုက်ပြီးယူလာခဲ့ ပါတယ်။

Sunday, January 27, 2008

ကျေးဇူးတင်ပါတယ်။

အလည်လာကြတဲ့ သူငယ်ချင်း မောင်နှမ မိတ်ဆွေတွေအား လုံးကိုကျေးဇူးတင်ပါတယ်။ အလွမ်းအိမ်တို. ခုတစ်လော ကျောင်းစာတွေနဲ. အလုပ်ရှုပ်၊ အိမ်အသစ်မှာ နေသားကျအောင် လုပ်ရတာရယ်၊ နောက်အရာအားလုံး အမေ့နောက် ကနေအီးလေးခို လိုက်တတ်တဲ့ အလွမ်းအိမ်၊ ရုံးပြင်ကမ်းနား သွားရတာကြောက်တဲ့ အလွမ်းအိမ် ခုတော့ တစ်ယောက်ထဲ၊ တစ်ယောက်ထဲကတဲ့ ဇာတ်မှာ ကိုယ်ပဲ မင်းသမီး၊ ကိုယ်ပဲ လူရွှင်တော်၊ ကိုယ်ပဲ ကားလိပ်ဆွဲ အဟဲ မပျင်းရတော့ဘူးပေါ့။
ဆီဗုံးလေးမှာ လာအော်ပေး၊ comment လေးမှာ လာအားပေးကြတဲ့ ချစ်မိတ်ဆွေ အားလုံးကိုကျေးဇူး အထူးတင်ပါတယ်။

ဓါးတစ်စင်းနဲ.ထီးတစ်လက်

ကြမ်းတမ်းတဲ့ဘ၀လမ်း
ဖြတ်သန်းဖို.အတွက်
ဓါးလေးတစ်စင်းရှိပြီမှို.
အဖေ့မှာအားတွေရှိခဲ့။

ကြမ်းတမ်းတဲ့ဘ၀လမ်း
ဖြတ်သန်းဖို.အတွက်
ထီးလေးတစ်လက်ရှိပြီမှို.
အဖေ့မှာအားတွေရှိခဲ့။

ဓါးနဲ.တူတဲ့အဖေ့သားနဲ.
ထီးနဲ.တူနဲ.အဖေ့သမီးရှိနေမှတော့
အဖေဘာမှမကြောက်
ဘ၀လမ်းကိုလျောက်လှမ်းဖို.
အားရှိပြီပေါ့။

ဖေဖေ

#ကျွန်မဖေဖေ ပို.ပေးလာတဲ့ ကဗျာငယ်လေးပါ။ ကျွန်မဖေဖေ ကိုယ်တိုင်စပ်ထားပေးတာပါ။

Thursday, January 24, 2008

ဒီကနေ.

ကျောင်းသွားရတော့မယ်။ ဒီနေ. တက်ရမဲ့ အတန်းကို အလွမ်းအိမ် မုန်းပါတယ်။ အင်္ဂလိပ်စာပါ။ ဆရာမက သဘောကောင်းပေမဲ့ တွေတွေဝေေ၀ နဲ.သိပ်မပြတ်သားပါဘူး။ စာရှင်းပြတာတို. ဘာတို.ဆို နားမလည်ကြပါဘူး။ သူတို. အမေရိကန် အချင်းချင်းတောင် နားမလည်တာ အလွမ်းအိမ် ဆိုဝေးရောပေါ့။ ၁နာရီမှ တက်ရမဲ့ အတန်းဆိုတော့ အလွမ်းအိမ် အိပ်ရာက စောစောထစရာမလိုပါဘူး။ အေးဆေးမှထပြီး ကျောင်းသွားဖို.ပြင်ရပါတယ်။ ၁၀း၃၀လောက် မှအိပ်ရာထ မျက်နှာသစ်၊ သွားတိုက် ထုံးစံ အတိုင်း ခေါက်ဆွဲပြုတ်စား၊ ကော်ဖီသောက်၊ အမေနဲ. online မှာစကားလေး ဘာပြော ပြီးတော့ ရေချိုး ကျောင်းသွားဖို.ပြင်ရပါတယ်။ တစ်ယောက်ထဲ နေရပြီဆိုတော့ အရာအားလုံးကို ကိုယ့်ဟာကိုယ်ပဲ လုပ်ရပါတော့တယ်။ ဈေးကလဲ လိုက်ပို.မဲ့ သူရှိမှ သွားရတာဆိုတော့ ဒီကြားထဲလို အပ်တာတွေကို စာရွက် ထဲမှာချရေးထားပြီးတော့ မှဈေးသွားတော့မှ လိုတာလေး တွေဝယ်ရပါတယ်။ အခုဈေးပို.ပေးမဲ့ သူမရှိလို. စာရင်းစာရွက်ကြီးက အရှည်ကြီးကို ဖြစ်နေပါပြီ။ အဟဲ။ ကဲကဲ လေရှည်နေတာ ကျောင်းနောက်ကျတော့မယ်။ အလွမ်းအိမ်ကို ခွင့်ပြုကြပါဦး။

Wednesday, January 23, 2008

ကြုံရာ ဆုံရာ

ဒီနေ.မနက် ကျောင်းကပြန်ရောက်တော့ ကျွန်မ အ၀တ်လျှော်ဖို. အ၀တ်တောင်းလေးကို ဆွဲလို. အ၀တ်လျှော်ခန်း ကိုထွက်လာခဲ့ပါတယ်။ အ၀တ်လျှော်ရင် ကြာတတ်တာမှို.လို. အလွမ်းအိမ်လဲ စားစရာ ဘီစကွတ်၊ ဖတ်စရာ စာအုပ်လေးရယ် ယူပြီး ရိက္ခာ အပြည့်နဲ. အ၀တ်လျှော်ဖို. ချီတက်ခဲ့ပါတယ်။ ဒီရက်ပိုင်းအတော အတွင်း ရာသီဥတု ကလဲအေးအေး လာတော့ တော်တော်လေးကို ချမ်းနေပါတယ်။ အ၀တ်လျှော်ထားတုန်း ဟိုဟိုဒီဒီလျောက် ကြည့်တော့ အရမ်း လှတဲ့နေရာလေး တစ်ခုကို တွေ.လိုက်ပါတယ်။ တွေ.မိနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ ဒီနေ.မှ ကင်မရာလေးကလဲ အဆင်သင့် ပါလာတော့ ဓါတ်ပုံရိုက်ပြီး ဘလော့တင်ချင်စိတ် တွေတဖွားဖွား ပေါ်လာပါတယ်။ ရုတ်တရက်ကြည့်ရင် ပန်းချီကားလေးလိုပဲ အရမ်းလှပါတယ်။


နှင်းတွေက အလွမ်းအိမ် အရပ်ဒီလောက် ဂလန်ဂလား ဆိုတာတောင် မှဒူးလောက် ရှိပါတယ်။ ဟိုနေ.က အလွမ်းအိမ် လမ်းလျောက်ပြီး အပြင်သွားမိတော့ လေကမျက်လုံးထဲကို တိုက်တော့ မျက်ရည်ထွက်ပါတယ်။ အေးလွန်းလို.ပါ။ အဲတော့ ထွက်လာတဲ့မျက်ရည်က မျက်တောင် မွှေးမှာကပ်ပြီးတော့ အချောင်းလိုက် အောက်မကျခင်ခဲ သွားပါတယ်။ အဟဲ အဲတော့ မျက်ခွံနှစ်ခုက ကပ်နေပါတော့တယ်။ အဲတော့ ကိုရီးယားမလေးက ရေခဲတွေကို ဖြေးဖြေးချင်းကူခွာပေးတော့မှ မျက်လုံးဖွင့်လို. ရသွားပါတော့တယ်။ အဲလောက်တောင် ဆိုးပါလားလို. အပြောမစောလိုက်ပါနဲ.ဦး။ ခုအစပဲရှိသေးတယ် လို.ပြောကြပါသေးတယ်။

Sunday, January 20, 2008

ဆူရှီး




ဒီကနေ. မနက်အိပ်ရာက နိုးတော့ ရေမိုးချိုးပြီး မီးဖိုထဲကိုဝင်လိုက်တယ်။ အခန်းဖေါ်သူငယ်ချင်း ကိုရီးယားမလေးက ဆူရှီးတွေ လိပ်ထားပေးတယ်။ ပြီးတော့ အလွမ်းအိမ်တဲ့ ဒီနေ. ထမင်းမချက်နဲ.တဲ့ သူနဲ.တူတူ ဆူရှီးလိပ်စားမယ်တဲ့။ အဟဲ အလွမ်းအိမ်လဲ ကူပြီးလိပ်ပေးတယ် ၁လိပ်။ အဟီး ပြီးတော့ စားတယ်။ စားကောင်းမှကောင်း။ ရေညှိဖတ် (နိုရီ) ရယ်၊ တူနာ ငါးသေတ္တာရယ်၊ သခွားသီးရယ်၊ ကြက်သွန်နီလေး နည်းနည်းရယ်၊ ထမင်း စည်းစည်းပျော့ပျော့ရယ်၊ ကြက်ဥကြော်ရယ်၊ ထည့်ပြီးလိပ်ထားတာပါ။ စားကောင်းကောင်းနဲ. စားပြီးတော့ ဘလော့မိသားစုလေး ကိုသတိရလို. ဓါတ်ပုံရိုက်ထားပါတယ်။ အမှတ်တရလေးပေါ့။ အခုတော့ အလွမ်းအိမ် အခန်းဖေါ် ၅ယောက်နဲ.နေပါတယ်။ အိပ်ခန်းဖေါ်က ကိုရီးယားမလေးပါ။ အလွမ်းအိမ်တို. တစ်လှည့်စီချက်စားကြပါတယ်။ အစားအသောက်က အာရှတိုက်သားအချင်းချင်း ဆိုတော့ သိပ်အကွာလှကြီး မဟုတ်တော့ တွဲစားလို.ရပါတယ်။ ထမင်းနဲ. ဟင်းစားတဲ့ လူချင်းဆိုတော့ အထူးအထွေ သိပ်လုပ်နေစရာမလိုဘူးလေ။ အလွမ်းအိမ် မြန်မာစာ ချက်တာကို သူကြိုက်သလို သူ. ကိုရီးယားစာ ကိုလဲအလွမ်းအိမ် နှစ်သက်ပါတယ်။ အခုတော့ အလွမ်းအိမ် ညီမတစ်ယောက် ကောက်ရလိုက်သလို ပါပဲ။ ၂လ ၃လလောက် သူကငယ်ပေမဲ့ တစ်ခါတစ်လေမှာတော့ အမကြီးတစ်ယောက်လို ပါပဲ။ တစ်ခါတစ်လေတော့လဲ ကလေးလေးလိုပါပဲ။ ကောင်းတဲ့ အခန်းဖေါ်နဲ.နေရလို. အလွမ်းအိမ် သိပ်စိတ်မဆင်းရဲတော့ပါဘူး။ ဘေးအခန်းက အမေရိကန် အဖြူမတွေကလဲ မဆိုးပါဘူး။
ကဲ စာဖတ်သူ အပေါင်းရေ စာဖတ်သူအပေါင်းရဲ. ဇာတ်လိုက်လျှော်ကြီး အလွမ်းအိမ် ညနေစာ ချက်ဖို.တာဝန် ကျရောက်လာပါပြီ။ လက်စွဲတော် ဒယ်အိုးကြီးကို ကိုင်လို. မီးဖိုကြီးနဲ. စစ်ဖြစ်လိုက်ပါဦးမယ်။

Friday, January 11, 2008

ဆရာမအိမ်ကို အလည်သွားမယ်။

အလွမ်းအိမ် အမေရိက ကိုရောက်ပါပြီ။ နောက်ဆုံးလေဆိပ်မှာ အထုပ်တွေ ယူပြီး လာကြိုမဲ့ သူတွေနဲ. နောက်ဆုံးမှာ ဆုံပြီးတော့ ကျောင်းကိုရောက်သွားပါတယ်။ ခုတော့ အခန်းလေးထဲ မှာကိုယ်တစ်ယောက်ထဲပါပဲ။ တစ်နေ.လာလဲ ခေါက်ဆွဲပြုတ်၊ နောက်တစ်နေ.လာလဲ ခေါက်ဆွဲ ရေနွေးစိမ်နဲ.ပါ။ အခန်းကျဉ်းလေးထဲက အပြင်ထွက်ဖို.၊ လူတွေနဲ.တွေ.ဖို. ကြောက်တတ်တဲ့ အလွမ်းအိမ်မှာ အပြင်ကို သိပ်မထွက်ပါဘူး။ ကျောင်းသွားရတော့မှ၊ ဘဏ်တွေ ဘာတွေ သွားရတော့မှပဲ၊ ကားကြုံရှိတော့ မှဈေးဝယ် တစ်ခါတစ်လေ လိုက်ဖြစ်ပါတယ်။ ကျောင်းက လာမဲ့တနင်္လာနေ. မှဖွင့်မှာဆိုတော့ ဒီကြားထဲမှာ အလွမ်းအိမ် ၁ပတ်လောက် အားနေပါတယ်။
ဒီနေ.တော့ နိုင်ငံတစ်ကာ ကျောင်းသားတွေ စုပြီးတော့ ဆရာမအိမ်မှာ သွားစုကြတယ်။ စုစုပေါင်း ၁၀ယောက်လောက် ရှိလိမ့်မယ်။ အလွမ်းအိမ်ဆီကို ဖုန်းဆက်ပြီး ခေါ်တော့ အလွမ်းအိမ် နေမကောင်း ဖြစ်တယ်ဆိုပြီး ငြင်းလိုက်ပါတယ်။ အပြင်မထွက် ချင်တဲ့ အလွမ်းအိမ် အိမ်တွင်းပုန်းပေါ့။ ဒါပေမဲ့ ညနေစောင်းတော့ ဆရာမကိုယ်တိုင် အလွမ်းအိမ် အခန်းကို ရောက်ချလာပါတယ်။ နေမကောင်းတဲ့သူက ရုပ်ရှင်ကို မုန်.ပေါင်းများစွာစားပြီး ထိုင်ကြည့်နေပါတယ် အဟဲ။ ဆရာမကိုယ်တိုင် လာခေါ်တော့မှ အားနာတာနဲ. အလွမ်းအိမ်လဲ လိုက်သွားရပါတော့တယ်။ ဆရာမရဲ. သားနဲ. သမီးနှစ်ယောက် ကလဲ လာချင်တယ် ဆိုလို.တူတူလာ ဆော့ကြတယ်။ အားလုံးက အသက် ၂၀-၂၅ ပတ်ဝန်းကျင် မှာရှိကြတော့ ရွယ်တူတွေ စုပြီးစကားပြောကြ တော့ကြဆိုတော့ ပျော်စရာတော့ အကောင်းသား။ ဆရာမကလဲ သဘောကောင်း တော့လုပ်ချင်တိုင်း ကိုလုပ်နေကြတော့ တာပေါ့။ ဆရာမ အိမ်က တောထဲမှာ အပန်းဖြေအိမ်အတွင်း မှာနေကြတယ်။ တောထဲမှာ ဒရယ်တွေ၊ ခွေးအတွေ အရမ်းများပါတယ်။ ဆရာမ အပန်းဖြေအိမ်က တောထဲမှဖြစ်တဲ့ အပြင် ဒီအနားမှာ အိမ်တစ်အိမ်ပဲ ရှိပါတယ်။ ဒါတောင်မှ အဲဒီအိမ်ကို ၅မိနစ် လောက်ကားမောင်းရပါတယ်။ အဲတော့ မြေခွေးတွေများ အုပ်စုဖွဲ.ပြီးလာ တိုက်ခိုက်ရင် အနီးဆုံးအိမ် ကိုအမြန်ပြေးပါလို. ဆရာမက မှာထားပါတယ်။ တစ်ကယ်ကတော့ ခြောက်တာပါ။ နှင်းတွေကလဲ အထူကြီး ကျနေပါတယ်။ အေးလွန်းလို. အုပ်စုဖွဲ.ပြီး ဆော့ပြီးတဲ့ အချိန်မှာ အလွမ်းအိမ် တို.တစ်ယောက်ထဲ မီးလင်းဖို နားမှာ ထိုင်ပြီး ဘလော့ ရေးနေပါတယ်။ ကျန်တဲ့လူတွေ ကတော့ မီးဖိုထဲမှာ အရက် အပျော့စား သောက်နေကြတယ် ဆိုပါတော့။ ဆရာမ အိမ်လေးက သစ်လုံးအိမ်လေးပါ။ ဒါပေမဲ့ ၃ထပ်ရှိပါတယ်။ မြေတိုက်ထဲမှာ တစ်ထပ်ရှိပါတယ်။ လူဖြူတွေဆိုတော့ အပန်းဖြေအိမ်ကို အပျံစား ပြင်ထားပါတယ်။ အိမ်က ကနေဒါနယ်စပ်နားက တောထဲမှာ ဆိုတော့ ဖုန်းတွေလဲ Signal မမိပါဘူး။ အင်တာနက်လဲ မမိပါဘူး။ ဒါပေမဲ့ ကွန်ပြူတာလေးပါလာ တော့ရသမျှ အချိန်လေးမှာ ဘလော့လေး ရေးနေပါတယ်။
ခုတော့ အလွမ်းအိမ် အိပ်ငိုက်နေပါပြီ။ အားလုံးစုပြီးစကား ပြောနေတဲ့ အချိန်မှာ အလွမ်းအိမ်က ထိုင်ငိုက်နေတယ်။ ကနေဒါ နဲ. အမေရိက နယ်စပ်တစ်နေက တိုက်ရိုက် ဘလော့ရေးနေပါတယ်။ စာဖတ်သူများ ကျန်းမာတော်မူစပါကြရှင်။ အဟီး။ ဆက်ငိုက်လိုက်ဦးမယ်။ မနက်ဖြန် ဒီပိုစ့်ကို တင်မယ်နော်။ ခုတော့ အင်တာနက်မရှိလို. အလွမ်းအိမ် မီးလင်းဖိုဘေးမှာ နွေးနွေးနဲ. အိပ်ငိုက်လိုက်ပါဦးမယ်။

Wednesday, January 9, 2008

ခရီးစဉ်

ကျွန်မ ခရီးစဉ်က နယူးယောက်ကနေမှ Minneapolis ဆိုတဲ့မြို.ကို လေယာဉ်ထပ်စီး ရပါတယ်။ နယူးယောက် လေဆိပ်ကနေ ထွက်တော့ ပေါင်ပိုနေလို. အိတ်၁အိတ်ကို ဒေါ်လာ ၂၅ ပေးရပါတယ်။ ၂အိတ်ဆိုတော့ ၅၀ပေါ့။ လေယာဉ်လက်မှတ်ဝယ် တုန်းက Agent က အိတ်၂အိတ် ၁အိတ်ကို ၃၅ ကီလို ခရီးအဆုံးထိ သယ်ခွင့်ပေးမယ် လို.ပြောထားပြီးမှ ၁အိတ်ကို ၂၈ ကီလိုလောက်ပဲ ထည့်ထားတဲ့ ဟာပေါင်က ဘယ်လိုပိုသလဲပေါ့။ အလွမ်းအိမ်လဲ ဘာမှပြောချင်စိတ် မရှိတော့တာနဲ. တောင်းသလောက်သာပေးပြီး အိတ်ပါရင်ပြီးရော သဘောထားလိုက်ရပါတယ်။ Minneapolis ကို ၁နာရီ ခွဲ ၂နာရီလောက် လေယာဉ်စီးပြီးတော့ မှရောက်ပါတယ်။ အလွမ်းအိမ်သွား ချင်တဲ့မြို.နဲ. အနီးဆုံးမှာရှိတဲ့ လေယာဉ်ကွင်းကို Minneapolis ကနေမှ နောက်ထပ်လေယာဉ် အသေးနဲ. ၄၅မိနစ်လောက် ထပ်သွားရပါသေးတယ်။ Rochester Airport က အလွမ်းအိမ်နောက်ဆုံး ရောက်ရမဲ့ Airport ပါ။ Rochester ကိုရောက်တော့ အလွမ်းအိမ်ကို ကျောင်းကလာကြို ပေးမဲ့သူတွေ ရောက်ရမှာပါ။ ဒါပေမဲ့ ဘယ်သူမှ ရောက်မလာပါဘူး။ အလွမ်းအိမ်လဲ ငိုမဲ့မဲ့နဲ. ကျောင်းကို ဖုန်းဆက်ပြီး ဘယ်မှာတုန်းလာကြို မယ်ဆို ဘယ်သူမှလဲ မရှိဘူး ဆိုပြီး ငိုသံပါကြီးနဲ. ပြောပါတော့တယ်။ အဲတော့မှ ကျောင်းကလဲ ကြိုမဲ့သူတွေ ထွက်သွားကြပြီ၊ ရောက်တော့မှာပါ မပူပါနဲ. ဆိုပြီးပြောနေတုန်း ရှိသေးတယ် ကြိုမဲ့သူတွေက အလွမ်းအိမ်ကို ကျောင်းကလာကြိုခိုင်းလိုက် လို.ပါဆိုပြီး လာမိတ်ဆက်၊ အိတ်တွေ ကူသယ်ပေးကြပါတော့တယ်။ အဲတော့မှ အလွမ်းအိမ်လဲ သက်ပြင်းချနိုင်ပါတော့တယ်။ ကျောင်းကိုရောက် ပါပြီ။ ကျောင်းက အိမ်မှာ အခန်း ငှားထားပါတယ်။ ဒါပေမဲ့ အလွမ်းအိမ် နေမဲ့အိမ်က ဘယ်သူမှ ရှိမနေတာကြောင့် တံခါးဖွင့် လို.မရပါဘူး။ မန်နေဂျာ ကလဲသူ. အိမ်မှာ ရှိမနေပါဘူး။ အဲဒါနဲ. အလွမ်းအိမ်လဲ လာကြိုပေးတဲ့ ကိုရီးယားမလေး အိမ်မှာ ခဏနေရပါတယ်။ ညနေစောင်းလောက် မန်နေဂျာ ပြန်လာတော့မှ သတင်းပို.တော့ အိမ်သော့ ထုပ်ပေးလိုက်ပါတယ်။ အဲတော့မှပဲ အလွမ်းအိမ်လဲ ပစ္စည်းတွေ နေရာချ ဘာညာလုပ် ပြီးဟင်းချနိုင်ပါတော့တယ်။ ရာသီဥတု ဒီလောက်အေးခဲ နေတဲ့ ဒီနေရာကို စစရောက်လာတဲ့ညမှာ အလွမ်းအိမ်မှာ စောင်ပါးလေး ၁ထည်ပဲပါပါတယ်။ စောင်အထူမရှိပါဘူး။ ခေါင်းဦးလဲ မရှိပါဘူး။ ပါလာတဲ့ အကျီ င်္တွေကို ခေါင်းဦးလို. စောင်ပါးလေးကိုခြုံအိပ်ရပါတယ်။ ဒါတွေက ကိစ္စမရှိ၊ နောက်နေ.ရောက်တော့ ကျောင်းက ဈေးကို လိုက်ပို.ပေးသည်။ အဲတော့မှ အလွမ်းအိမ်လဲ ထမင်းစားရတော့ သည်။ အဲတော့မှ စားစရာ သောက်စရာ ၀ယ်၊ စောင်၊ခေါင်းဦး ၀ယ်၊ အိုးခွက်ပန်းကန်ဝယ် ရပါတော့တယ်။ ရောက်ထဲက မြန်မာတွေကို လိုက်ရှာပါတယ်။ တွေ.ချင်တာပေါ့ နော်။ မြန်မာရှိတယ် ဆိုတဲ့ အသိလေးကတင် အလွမ်းအိမ် အတွက် အားရှိစေပါတယ်။ ကဲ စာဖတ်သူအပေါင်းတို.ရေ ဟောဒီ Minnesota ပြည်နယ် Austin မြို.မှာ ရှိတဲ့ မြန်မာများ သိခဲ့ရင် ပြောပြကြပါဦးနော်။ ဟဲဟဲ။

Tuesday, January 8, 2008

ခရီးစဉ်

အမေရိက ကိုစ၀င်တော့ port of entry က Atlanta ပါ။ Boarding pass က Senegal မှာထဲက ထုပ်ပေးလိုက်တာ ဆိုတော့ လေယာဉ်ထွက်ခါနီးမှ လေယာဉ်ပေါ်တက်ဖို. ကိုယ့်ဂိတ်ရှေ.မှာ ထိုင်စောင့်ပါတယ်။ သိပ်မကြာပါဘူး နယူးယောက်ကိုသွားမဲ့ ဒီလေယာဉ်က ထွက်တော့မယ် လို.ခေါ်ပါတော့တယ်။ အဲတော့ အလွမ်းအိမ်လဲ ကိုယ့် Boarding pass လေးကိုယ် ကိုင်ပြီး Boarding pass ကိုဖြတ်ပါတော့တယ်။ ဖြတ်တော့ အလွမ်းအိမ်ရဲ. boarding pass ကသူတို. system ထဲမှာမပေါ်ဘူး လေယာဉ်လက်မှတ်ပေးပါတဲ့။ လေယာဉ်လက်မှတ် မရှိဘူး E-ticket ပါလို.ပြောတာကို လက်မခံပါဘူး။ Delta Airline ပါ။ ဒုက္ခတွေ တစ်လမ်းလုံးပေးတဲ့ Air-line ပါပဲ။ အဲဒါနဲ. ကောင်တာကို မြန်မြန်ပြေးပြီး တော့လက်မှတ် Print လုပ်ပေးပါလို. သွားပြောတော့ ကောင်တာက လူက ခင်ဗျားလက်မှတ်ကို Print ထုပ်ပေးပြီးသားတဲ့ ticket ပျောက် အနေနဲ. နောက်ထပ် ticket ထပ်ထုပ်ပေးရမယ်ဆိုရင် ဒေါ်လာ ၁၀၀ ပေးရမယ်တဲ့။ အဲတော့ ကျွန်မက ဘယ်တုန်းက ticket ရလို. ဘယ်က ticket ကိုပျောက်ရမှာ တုန်းလို.ပြောတော့ သူက system ထဲမှာ လက်မှတ် ထုပ်ပေးပြီးသားလို. ပေါ်နေလို.တဲ့ Penalty ပေးရမယ်တဲ့။ လေယာဉ်လက်မှတ် အသစ်တစ်ခု ထပ်ဝယ်ရင် ၇၅ ဒေါ်လာပဲပေးရမယ် အခု ဒေါ်လာ ၁၀၀ ဆိုတော့ ကျွန်မလဲ လေယာဉ်လက်မှတ် အသစ်ပဲဝယ်တော့မယ် ဆိုပြီးပြောတော့လဲ မရဘူး။ အဲဒါနဲ. လေယာဉ်လဲ လွတ်သွားရော။ နောက်လေယာဉ်နဲ.မှပဲ လိုက်ဖို. ဒေါ်လာ ၁၀၀ ကို နှမြောမြောနဲ. ပေးလိုက်ရပါတော့တယ်။ နယူးယောက်ကို ရောက်တော့ ကျွန်မရဲ. luggage နှစ်လုံးက ပါမလာပါဘူး။ အဲတော့လဲ baggage claim မှာပြေးလွှားသွား Claim လုပ်ရပါသေးတယ်။ ပြီးတော့မှ အိတ်တွေက ရှေ.ကလေယာဉ်နဲ.ပါသွားတာပါ။ အိတ်တွေက ကြိုရောက်နှင့်နေပါတယ်။
ဆက်ရန်

Sunday, January 6, 2008

ခရီးစဉ်

အလွမ်းအိမ်တို. ဘလော့လောကနဲ. အဆက်ပြတ်သွားတာ တော်တော်ကြာပြီ။ ရေးမယ် ရေးမယ်နဲ. ဘယ်လိုမှ ရေးလို.မရဘူး။ စိတ်က အိမ်လွမ်းတာရော၊ နေရာအသစ်ကို ရောက်စမှာ ဒုက္ခတွေရောက်တာ ရောနဲ. ဆိုတော့ ဘယ်လိုမှကို ရေးလို.မရတာ။ ဘလော့ သယ်ရင်းတွေအားလုံး ကိုတောင်းပန်ပါတယ်။ ခရီးထွက် တုန်းကအတွေ. အကြုံတွေ ဒုက္ခတွေအများ ကြီးရောက်လိုက်တယ်။
ပထမဆုံး အာဖရိကကနေ Delta airline ကိုစီးပြီးတော့ ၂၅ရက်နေ.မှာ ထွက်လာခဲ့တယ်။ ၁၀ နာရီလောက် စီးပြီးသကာလမှာ အာဖရိက ထိပ်ဖျားက Senegal နိုင်ငံ Dakar မြို.မှာ ခရီးသယ် တစ်ချို.ကို တင်ပါတယ်။ ပြီးတော့ လေယာဉ်ဆီဖြည့် ပါတယ်။ ခရီးသည်တင် တော့ cargo door ဖွင့်ရတော့တာပေါ့နော်။ ပြီးတော့ ပြန်ပိတ်လို. မရတော့ဘူး။ ပြင်တယ် ပြင်တယ်၊ ၁နာရီလောက် ပြင်ကြည့်တာကို လေယာဉ်ပေါ် မှာထိုင်စောင့်နေပြီးတော့ လုံးဝပြင်လို. မရတော့ပါဘူးတဲ့။ အသစ်လဲမှ ရတော့မယ်တဲ့။ အသစ်ကလဲ စပါယ်ယာ မရှိတော့ နောက်ထွက်လာမဲ့ လေယာဉ်နဲ. တောင်အာဖရိက နိုင်ငံကိုပြန်မှာရပါတယ်။ ဒါပေမဲ့ ၁ရက် Senegal မှာနေရပါမယ်တဲ့။ ဟော်တယ် တွေဘာတွေ လေယာဉ် ကုမ္ပဏီက စီစဉ်ပေးပါမယ်တဲ့။ လေဆိပ်ကနေ ကူပွန်လေးတွေ ထုပ်ပေးတယ်။ မနက်ဖြန်ပြန်ထွက်ဖို. အတွက်ပေါ့။ ကူပွန်လေးတွေ ကိုင်ပြီး immegration ကို ပတ်စပို.နဲ. လေယာဉ်လက်မှတ်ကလေး ပြပြီးဖြတ်ရပါတယ်။ အရှေ.ကလူတွေ ဖြတ်တော့ ပတ်စပို.လေး ကြည့်ပြီးသွားတော့ သွားတော့နဲ. အလွမ်းအိမ်လဲ ကိုယ့်ပတ်စပို.လေး ကိုယ်ကိုင်ပြီး အလှည့်ရောက်ဖို. တန်းစီရပါတယ်။ အလွမ်းအိမ်အလှည့်လဲရောက်ကော immegration officer ကအလွမ်းအိမ် ပတ်စပို.ကိုကြည့်ပြီး မြန်မာပတ်စပို. ဒီမှာဆိုပြီး သူ.အထက်အရာရှိကို အော်ပြောပါတယ်။ ပြီးတော့အလွမ်းအိမ်ကို ပတ်စပို. ရဲစခန်းမှာ ထားခဲ့ရမယ်တဲ့ မနက်ဖြန် လေဆိပ်ဆင်းတော့မှာ ပတ်စပို.ပြန်ပေးမယ် ဆိုပြီးသိမ်းထားလိုက်ပါတယ်။ အဲတော့ အလွမ်းအိမ်နောက်မှာ ရပ်နေတဲ့ အဖြူမကြီးတွေက နင်တို.ဒီလို သူများပတ်စပို.ကို သိမ်းလို. ဘယ်ရမလဲ၊ ပတ်စပို.ဆိုတာ ခရီးသွားတဲ့သူနဲ. ခွဲပြီးသိမ်းထားလို. ဘယ်ရမလဲဆိုပြီး immegration ကလူတွေကို ၀ိုင်းရန်တွေ.ပါတော့တယ်။ အလွမ်းအိမ်မှာလဲ တစ်ခါမှ ဒီလိုမကြုံဖူးတော့ မျက်နှာဆိုတာ ဇီးရွက်ကတောင် အမေခေါ်ရမယ်။ ဒါပေမဲ့ ရဲတွေက ပတ်စပို.မပေးခဲ့ရင် ထောင်ထဲမှာ တစ်ညသိပ်မဲ့ ပုံနဲ.ဆိုတော့ ပတ်စပို.လေး ထားခဲ့ရပါတယ်။ လေကြောင်းလိုင်း ကလူတွေက သူတို.ပတ်စပို.ကို နောက်နေ. မနက်အစော ရရပါစေ့မယ်တဲ့။ အဲတော့ ဂျာမန်မကြီးတစ်ယောက် ကသူနဲ. အတူတူနေတဲ့ ၊ တော်ကြာ ဒီကောင်တွေက အလွမ်းအိမ် အူကြောင်ကြားကို တစ်ပတ်မဟုတ်ဘူး ၃၊၄ပတ်လောက် လှည့်ပြီး ပတ်စပို. ပြန်မပေးရင် ဒုက္ခရောက်မှာ စိုးလို.တဲ့။ ကျန်တဲ့ ခရီးသည်တွေ ကလဲ အလွမ်းအိမ် မနက်ဖြန် လေယာဉ်ပေါ်မှာ မပါရင် လေယာဉ်ပေါ်မတက်ဘူး ဆိုပြီး ဆန္ဒတွေပြကြပါတယ်။ တော်ပါသေးရဲ. ဒီအူကြောင်ကြား အလွမ်းအိမ်ကို ကူညီမဲ့သူတွေ တွေ.လို.။ ဘယ်လိုပဲပြောပြော အလွမ်းအိမ်က ကိုယ့် ပတ်စပို.ဆိုတော့ စိတ်ကတော့ ပူရတာပေါ့နော်။ Dakar မြို.က ကမ်းခြေမြို.လေးဆိုတော့ လည်စရာတွေများ မှများ၊ ဒါပေမဲ့ အလွမ်းအိမ်လဲ ကိုယ့်အပူနဲ. ကိုယ်ဆိုတော့ အခန်းထဲကကိုမထွက်ဘူး။ ၂၆ရက်နေ. ရောက်မယ်ဆိုပြီးတော့ လာကြိုမဲ့သူတွေ ကိုပြောထားတာဆိုတော့ အမြန်ပြန်ပြီး ဖုန်းတွေခေါ်၊ အိမ်ကိုလဲ ဆီနီဂေါ မှာရောက်နေတယ်ဆိုပြီး အကြောင်းကြား ဖို.လုပ်ရတော့တာပေါ့။ ဖုန်းက တစ်ယောက်ကို တစ်ခါပဲ ခေါ်ခွင့်ပေးတယ်။ ၁၀မိနစ်တဲ့။ ပိုက်ဆံပေးပြီးခေါ် မယ်ဆိုတော့ တစ်ခါခေါ် ဒေါ်လာ၂၀တဲ့။ အဲတော့ ခရီးသည်တွေထဲက ဟန်းဖုန်းကို international roaming လုပ်လာတဲ့ သူတွေက ကျန်တဲ့ ခရီးသည်တွေကို ဖုန်းပေးသုံးပါတယ်။ သုံးတဲ့သူတွေက လဲအလိုက်သိသိနဲ. မြန်မြန်သုံးကြပါတယ်။ ဒီခရီးလေး တစ်ရက်အတွင်း အသိတွေ အများကြီးရလာသလို ခရီးသည်အချင်းချင်း လဲရိုင်းပင်းကူညီကြပါတယ်။
အလွမ်းအိမ်ကတော့ နောက်နေ.မြန်မြန်ရောက်ချင်လို. အိပ်ပြီးတော့သာ နေပါတော့တယ်။ နောက်နေ. မနက်အစောကြီး လေဆိပ်ဆင်းရပါတယ်။ ပြောထားတဲ့ အတိုင်း အလွမ်းအိမ်ရဲ. ပတ်စပို.လေးကို ယူလာပေးကြပါတယ်။ ပတ်စပို.လေး လက်ထဲမှာ ရတော့မှ သက်ပြင်းချနိုင်ပါတော့တယ်။
ဆက်ရန်