Wednesday, November 14, 2007

မိသက်ဖြစ်ပုံအကြောင်းစုံ

ငါနော် မပြောချင်ဘူး။ ဟွန်. မိန်းကလေးဆို ပြီးအိန္ဒြရေ လေးနဲ.နေပါလို. ပြောတာ ခုလုပ်ချလိုက်ပြန်ပြီ။ ဒီဒေါက်ဖိနပ် တွေကို မစီးပါနဲ. ညည်းအရပ်က နဂိုကမှ ဂလန်ဂလားကို မိုးထိုးပြီး ကြည့်ရဆိုးလွန်းလို့ပါ။ ညည်းပုံစံက ဟိုမော်ဒယ်ရှည်ရှည်ပိန်ပိန်လေးတွေ ဒေါက်စီးသလိုများလှမယ် လို့ထင်နေလား။ မစီးပါနဲ. မစီးပါနဲ. ဆိုတာကို အတင်းဇွတ် မစီးရရင်ပဲ သေတော့မတတ်ပူဆာပြီး ခုတော့ငါ့ကို လူလယ်ကောင်မှာ အရှက်ခွဲလိုက် တာပေါ့လေ ဟင်။ မိသက် နင်ဟာလေ ငါ့မျက်နှာကြီးခု ဘယ်နားသွားထားရတော့မလဲ။ ရှက်စရာကောင်းလိုက်တာ။ တယ် ငါလုပ်လိုက်ရ။ သွားစမ်းခု အဲဒီ ဖိနပ်ကို ခုချက်ချင်း လွှင့်ပစ်လိုက် ငါမမြင်ချင်ဘူး။

ဘကြီးက ဗျစ်တောက် ဗျစ်တောက် ပြော၍မဆုံးတော့။ မိသက် လဲမျက်နှာငယ်လေး နှင့် ကြောက်ကြောက် ရွံရွံ။ အမေ့မှာ နဂိုကမှ သူ့အကိုကြီးကို ကြောက်ရသည့်အထဲ ခုတော့အသံ ပင်မထွက်ဝံ့။ သမီးကို သာကြည့်ပြီး သက်ပြင်းခိုးချ ရသည်။ ဘကြီး ဆူမည်ဆိုက ဆူချင်စရာ။ ဒီကနေ. မနက် ရပ်ကွက်ထဲ ဘကြီးသူငယ်ချင်း အရင်းခေါက်ခေါက် တယောက်၏ သမီးမင်္ဂလာဆောင်။ ဆောင်သည့်နေရာကလဲ မျက်နှာကြီးတို. မင်္ဂလာဆောင်ရာ ထုံးစံအတိုင်း ဆီဒိုးနားမှာ။ လူဂုဏ်ထန် အသိုင်းအ၀ိုင်းဆိုတော့ ဧည့်တွေက များမှများ။ ဒေါ်မိသက် တို.ပဲပေးချင် လွန်းလို. အမေနှင့်ဘကြီး အတင်းတား သည့်ကြားမှ ၀ယ်ထားသော ဒေါက်မြင့်ဖိနပ် ကိုပွဲထုပ်ဖို. အခွင့်သင့် လိုက်လေခြင်း။ ဒေါက်ဖိနပ် လေးတဂွပ်ဂွပ် စီးပြီးထွက်လာ သောမိသက် ကိုဘကြီး ကမျက်စောင်းတချက် ထိုးပြီး ကားထဲဝင်ထိုင်သည်။ အမေကတော့ နဂိုထဲက ခပ်အေးအေးဆိုတော့ မိသက်ကိုကားထဲ ၀င်ဖို.အချက်ပေးပြီး သူလဲဝင်ထိုင်သည်။ အားလုံးရှိုးစမိုး အပြည့်။ ဘကြီးကတော့ သူ.ပိုးလုံခြည် ရွှေရောင်ကြီး တရွှမ်းရွှမ်းနှင့် အမေကတော့ ပ၀ါနှစ်စ အသာချလို.။ မိသက် ကတော့ လူငယ်ထုံးစံအတိုင်း စကပ်အရှည်ကြီး ကိုဝတ်လို.၊ ဒေါက်ဖိနပ်လေး တဂွပ်ဂွပ်နှင့် မိတ်ကပ်အဖွေးသား နှင့်။ ရောက်ပါပြီ ဆီအိုးနား ဆိုလား ဆီဒိုးနား ဆိုလား ဆိုဒါကြီးကို။ ကားပေါ်က ဆင်းတော့ စကပ်က နည်းနည်းတုပ်နေသည်၊ စီးနေကျမဟုတ်တဲ့ ဒေါက်ဖိနပ် ကနည်းနည်း အစွမ်းပြချင်သည်။ ခြေထိပ်လေးတွေ နာလာသည်။ ကိစ္စမရှိ။ ရှိုးမပဲ့ဖို. ကအဓိက။ နာတာလောက်တော့ မိသက် အောင့်ခံနိုင်သည်။ အဲဒီမှာ ပြဿနာက စတာပဲ။ ဆီဒိုးနား အ၀င်က လှေကားလေး ၂ထစ် ၃ထစ် တက်ရသည့် နေရာလေးမှာပေါ့။ ဘကြီးက ရှေ့ကနေပြုံးပြုံး ပြုံးပြုံး နှင့်သွားနေသည်။ မိသက်နှင့် အမေက နောက်မှခပ် ကုတ်ကုတ်ပါ လာသည်။ စကပ်ကလဲ တုပ်တာ လွန်ပါလေရော။ လှေကား အတက်တွင်တော့ မိသက် စကပ်တုပ်သည်ကို မေ့ပြီး ခြေလှမ်း အကျယ်ကြီးလှမ်း လိုက်သည်။ ကြမ်းကချောချော ဒေါက်ဖိနပ် စီးထားလို. ယိုင်နဲ.နဲ. ဖြစ်နေတဲ့ ခြေထောက်က ဟတ်ထိုး ဟတ်ထိုး ရှေ.ကို မှောက်ရက်ကြီး အကျ၊ ရှေ့မှ ကားယား ကားယား သွားနေတဲ့ ဘကြီးက လှည့်အကြည့်၊ သူ.ပိုးပုဆိုး ခပုံစရှည်ရှည် ကြီးကို မိသက်တို့ ဆွဲပြီး မှောက်ရက်ကြီးကျ၊ ဘကြီးပိုးပုဆိုး ကချောနေတော့ ဘကြီး ပုဆိုးကြီးက မိသက်နဲ. အတူမှောက်ခုံကြီးကျ။ ဘကြီးမှာ ဘောင်းဘီတိုလေး နှင့်။ အားလုံးမှာ အကြောင်သား။ ဘကြီးလဲ စိတ်တွေတို၊ မျက်နှာကြီးနီလို. သူ.ပုဆိုးကြီး သူပြန်ဆွဲလို. ကားရှိရာကို ခေါင်းမဖေါ်တမ်း ပြေးပြီး အိမ်ကိုတန်းပြန် သွားရော။ မိသက်တို.မှာ တက္ကစီ ငှားပြန်လာရတယ်။ အမေကတော့ အိမ်မှာ မိုးမီးလောင်နေပြီ ဆိုတာသိတော့ ဘုရားစာတွေကို တက္ကစီ ပေါ်ထဲက တတွတ်တွတ်။ မိသက် လဲကြောက်လိုက်တာ တုန်လို.။ အဲဒါနဲ. အခုတော့ အခုလို အခုလို...........


ဝန်ခံချက်။ ။ စိတ်ကူးယဉ် ထားခြင်းမျှသာ။ မည်သူ တဦးတယောက်ကို မျှမရည်ရွယ်ပါ။

2 comments:

Red's Rose Dream said...

ဒီပိုစ့်လေးဖတ်ပြီး ငယ်ငယ်ကအကြောင်းသတိရသွားလို့။
ငယ်ငယ်တုန်းက ကျွန်မလည်း အဲ့ဒီလိုဖြစ်ဖူးတယ်။
ကောင်းအောင်ရေးတက်တယ်နော်။

မိုးသောက်ယံ said...

ဘကြီးနေရာကဆိုရင်တော့ ခင်ဗျားလေး အသက်ထွက်မှာပဲ ဒေါသထွက်လိုက်မဲ့ဖြစ်ချင်း ဘောင်းဘောင်းတိုတိုလေးနဲ့
=))
ဖတ်လို့ကောင်းအောင်ရေးနိုင်လိုက်တာ နောက်လဲရေးဦးနော် ...