Wednesday, November 7, 2007

ကဲဘယ်လိုလုပ်ကြမတုံး


ဟိုးရှေးရှေးတုန်းက တဲ့ပေါ့ကွယ်။ ဘုရင်ကြီးတစ်ပါးမှာ အရမ်းချောမော လှပတဲ့ သမီးတော်လေး တစ်ပါးရှိသတဲ့။ အဲဒီသမီးတော်လေး ကိုဘုရင်ကြီးက ချစ်ရှာလွန်းလို. ဘယ်မင်းသားနဲ.မှ လက်ဆက်မပေး ဘူးတဲ့။ ဒါပေသည့် နဖူးစာရွာလည် ဆိုသလို မင်းသမီးလေး ဟာအရမ်း ဆင်းရဲတဲ့ စစ်သားလေးတစ်ယောက်နဲ. ကြိုက်သွားရောတဲ့ကွယ်။ သူတို.နှစ်ယောက်က သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ.နေလာလိုက်တာ တစ်နေ.တော့ ဘုရင်ကြီးက သူ.သမီးနဲ. စစ်သားလေး ကြိုက်နေတာကိုသိ သွားသတဲ့။ ဒဲဒီခောတ် တုံးက တရားစီရင် တဲ့ပုံက တံခါးကြီးနှစ်ပေါက်ရှိတဲ့ ကွင်းကြီးထဲကို ရာဇ၀တ်သား ကိုထည့်ထားသတဲ့။ ကွင်းကြီးက ဘာနဲ.တူသလဲဆိုတော့ ဘောလုံးကွင်းကြီးလို၊ နွားရိုင်းသတ်ကွင်းကြီးလို ကွင်းကြီးမျိုးပေါ့။ တံခါးကြီးတွေရဲ.နောက် မှာတော့ အရမ်းချောတဲ့ ကောင်မလေးတစ် ယောက်ရယ်၊ နောက်တစ်ဖက်က တံခါးကြီးနောက်မှာတော့ အရမ်းဆိုးတဲ့ နဂါးကြီးတစ်ကောင် ကိုထည့်ထားသတဲ့။ အကယ်၍များ ရာဇ၀တ်သားက ကောင်မလေးရှိတဲ့ တံခါးကို ဖွင့်မိရင် အဲဒီရာဇ၀တ်သားကို ကောင်မလေးနဲ.ပေးစားပြီး နယ်နှင်ဒါဏ်ပေးသတဲ့။ အကယ်၍များ နဂါးကြီးရှိတဲ့ တံခါးကို ဖွင့်မိရင်တော့ နဂါးကြီးက တစ်ခါထဲသတ်စား လိုက်သတဲ့။ အဲတော့ ဘုရင်ကြီးက စစ်သားလေးကို အဲဒီအတိုင်း တရားစီရင်မယ်ဆိုပြီး မိုးလင်းတာနဲ. ကွင်းထဲဝင် ပြီးတရားစီရင်ခံစေ လို.အမိန်.ချသတဲ့။ အဲတော့ မင်းသမီးလေးလဲ သူ.လက်အောက်ငယ်သား သစ္စာခံတွေကို ပိုက်ဆံပေးပြီး ဘယ်တံခါးထဲမှာ နဂါးကြီး ရှိလဲဆိုတာကို စုံစမ်းခိုင်းတယ်တဲ့။ အဲတော့ မင်းသမီးလေးလဲ ဘယ်တံခါးနောက် မှာနဂါးကြီးရှိလဲ ဆိုတာသိသွားသတဲ့။ ဒါပေမဲ့ မင်းသမီးလေး ကစစ်သားလေးကို ဘယ်တံခါးနောက်မှာ နဂါးကြီးရှိတယ် ဆိုတာကိုပြောပြလိုက်လို. စစ်သားလေးက ကောင်မလေးတစ်ယောက်ရှိတဲ့ တံခါးပေါက်ဘက်ကို ရွေးသွားရင် တစ်သက်လုံးချစ်ရတဲ့သူနဲ. ရှင်ကွဲကွဲ ရမယ့်အပြင် စစ်သားလေးက တစ်ခြားမိန်းကလေးတစ်ယောက် နဲ.လက်ထပ်ပြီး အဝေးကြီးကိုထွက်သွား ရင်မင်းသမီးလေးက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးတဲ့။ အကယ်၍ မပြောပြပဲ နေပြီး စစ်သားလေးက နဂါးကြီးအစာ ဖြစ်ပြီးသေသွား ရင်လဲ မင်းသမီးလေးက ငါပြောပြခဲ့ ရင်ငါ့ချစ်သူ သေရမှာ မဟုတ်ဘူးဆိုပြီး တစ်သက်လုံး ယူကြုံးမရ ဖြစ်သွားမယ်တဲ့။ အဲတော့ စာဖတ်သူအပေါင်းတို.ရေ သင်သာမင်းသမီးလေးဆို ဘယ်လိုဆုံးဖြတ်မလဲ? ရှင်ကွဲအကွဲခံပြီး တစစ်သက်လုံး ကိုယ့်ချစ်သူကိုသူများ ရင်ခွင်မှာ ပေးနေလိုက်မလား? သေကွဲအကွဲခံ ပြီးတစ်သက်လုံး ယူကြုံးမရ နောင်တနဲ.ပဲ နေသွားမလားကွယ်? အကယ်၍ စစ်သားလေးနေရာမှာဆိုရင်ရော? ချစ်သူမင်းသမီးလေးက ဘယ်တံခါးကြီးနောက်မှာ နဂါးကြီးရှိတယ် လို.ပြောခဲ့ရင် ကိုယ့်ချစ်သူကို ပြစ်ပြီး တစ်ခြားမိန်းကလေး တစ်ယောက်ရဲ.ရင်ခွင်မှာ တစ်သက်လုံးပျော်နိုင်ပါ့မလား? ခုချိန်ဆိုရင် ဖြင့်ငါ့ကို ကယ်ခဲ့တဲ့ ငါ့ချစ်သူမင်းသမီးလေးဟာ ရင်ကွဲပက်လက်နဲ.ငိုနေရှာရော့မယ် လို.တွေးမိတဲ့ အခါတိုင်း ကိုယ့်လိပ်ပြာကိုယ် သန်.နိုင်ပါတော့မလား? အကယ်၍ မင်းသမီးလေးကဘယ်တံခါးကြီးနောက်မှာ နဂါးကြီးရှိတယ် လို.ပြောပြခဲ့ပေမဲ့လဲ နဂါးကြီးရှိတဲ့ အပေါက်ကိုပဲ ဖွင့်ပြီး အသက်အသေခံ ရင်ရော? ပြန်ဆုံဖို.ဆိုတဲ့ မျှော်လင့်ချက်လေးတောင် ရှိမှာမဟုတ်တော့ဘူးပေါ့။ အသက်ရှင်နေရင် တစ်နေ.တော့ မျက်နှာလေးဖြစ်ဖြစ် ပြန်မြင်ရမယ်ဆို သေပျော်ပါပြီ ဆိုပြီး မျှော်လင့်ချက်လေးတောင်ရှိတော့မှာ မဟုတ်ဘူးနော်။ မင်းသမီးလေး ဟာလဲစစ်သားလေး သေသွားရင် အဲဒီမျှော်လင့်ချက်လေးတောင် မရှိရတော့လို. အသက်ရှင်လျှက် ဘ၀သေတဲ့ သူတစ်ယောက်ဖြစ်ကျန်ရစ်မယ်နော်။ အဲတော့ အကယ်၍ စာဖတ်သူသာ စစ်သားလေးဆိုရင်ရော? ဘယ်လိုလုပ် မလဲကွယ်။

7 comments:

မိုးသောက်ယံ said...

ကျနော်ဆိုရင်တော့ ကောင်မလေးရှိတဲ့ တံခါးကို ရွေးမယ် ပီးတော့မှ ကောင်မလေးကို နားလည်အောင်ပြောပီး မုန့်ဖိုးလေးဘာလေး ပေးပီး ပြန်လွှတ်လိုက်မယ် .. အကြံကောင်းဘူးလား
နာ လူလည်ပါကွ :P

MgThaJan said...

တံခါးနောက်က ကောင်မလေး သနားပါတယ်

Winkabar said...

ရွေးခိုင်းပြန်ပြီနောက်တစ်ခု။ သမီးကတော့ ပြောပြပြီးတော့ကောင်မလေးနဲ့စစ်သားလေးနဲ့
လက်မထပ်ဖြစ်အောင်နားချပြီးတော့ ပေါင်းစပ်ခိုင်းလိုက်မယ်။ အဲလောက်လွယ်မယ်ဆိုရင်ပေါ့။
ဒါမှမဟုတ်ရင်လည်း ကောင်မလေးရှိတဲ့အခန်းထဲမှာမင်းသမီးလေးကိုသွားထည့်
ထားလိုက်မယ်။

ပီကေ said...

ဟိုက် ရှားလပတ် ..။ အတော် ဖြေရခက်မယ့် မေးခွန်းပဲ။ စာမေးပွဲဆို ဒါမျိုး အမြဲရှောင်သွားတယ်။ ကိုယ်တော်ချောက မချောကို ရွေးရင် အသီးကွဲပြီး ကျန်ရစ်မယ်။ ဒီတော့ ရွှေမင်းသမီးက စိတ်နာနာနဲ့ ချစ်နေမိတယ်ပေါ့။ ဟော ကိုယ်တော်က နဂါးပေါက်ရွေးရင် အသေကလေး ကွဲရမယ်။ ချစ်တဲ့သူနဲ့ မနေရတာထက် ပိုမြတ်တယ်ပေါ့။ ဒါကိုလည်း ရွှေမင်းသမီးက မကြည့်ရက်ဘူး။ ဘာရွေးမလဲ ဘာရွေးမလဲ။ ရွေးစရာ နှစ်ခုပဲရှိတယ်။ အချစ်အတွက် အသေခံမလား။ ရတာလေးပဲ ယူတော့မယ်ဆိုပြီး မချောကို ရွေးပြီး အခွင့်အရေး ထပ်စောင့်မလား။ ဒါဆို ဟိုမမ ရင်ကွဲပြီ။ အားလုံးကို ရှုတ်နေတာပဲ။ အော် ရွေးစရာ နောက်တစ်ခုတွေ့ပြီ။ မဖြေဘဲ နေလို့ရတာပဲနော့။ တော်ပြီ။ မဖြေတော့ဘူး။ အစကတည်းက ဟိုရွှေမင်းသမီးက ဘယ်အပေါက်က ဘာလဲဆိုတာ ကြိုမစုံစမ်းထားသင့်ဘူး။ အခုတော့ စိတ်ဆင်းရဲရပြီလေ။ ကံကြမ္မာဆိုတာ ကြိုးစားကြည့်လို့ပဲ ရတာပါ။ သက်မှတ်ကြည့်လို့ မရပါဘူး။ သူ့ဖာသာ ကြိုးစားပစေပေါ့။

မျှားပြာ said...

အနော်ဆိုရင်တော့ ကွင်းလယ်မှာရပ်နေမှာဗျာ ..
ဘာမှလုပ်ဝူးးးးးးး ...

Anonymous said...

နဂါးပေါ့။ ရှင်းပါတယ်။

MCK

Anonymous said...

ဟူး အလွမ်းအိမ်ရယ် နင့် ပို့စ်ကို ဖတ်ပြီး တော်တော် အုန်းစားသွားတယ်ဟာ ခုမှ ဖတ်မိလို့ တော်သေးတယ် ငယ်ငယ်တုန်းကသာ ဖတ်ရင် ငါ ရူးသွားမလားပဲ ငါ စာမေးပွဲတွေ သူငယ်တန်းကတည်းက ဖြေလာတာ ခုထိပဲ အဲလောက်ခက်တဲ့ မေးခွန်းမျိုး တစ်ခါမှ မဖြေဘူးသေးဘူး ။ ငါလည်း မျှားပြာလိုပဲ ဘာမှ လုပ်ဖူး ကွင်းလယ်မှာ ရပ်နေမှာ ဟီးဟီး ငါ့ အဖြေမိုက်တယ်မလား