Sunday, December 2, 2007

ကျွန်မနှင့်ဘလော့

ကိုပီကေ က တက်ထားတယ်ဆိုလို. သူ.ဘလော့ကို အပြေးအလွှား သွားကြည့်မိတယ်။ ကျွန်တော် နှင့်ဘလော့ ဆိုတဲ့ ပိုစ့်လေးကို သူကတက်ထားပါတယ် တဲ့။ ရေးပြီပေါ့ ရေးချင် နေတဲ့သူပဲဟာကို။ ကျွန်မ ဘလော့လုပ်လိုက်တာ ကလေးတစ်ယောက် ရသလိုပါပဲ။ ကိုယ်က မွေးထားတာဆိုတော့ အရိပ်တကြည့်ကြည့် နဲ.ပေါ့။ တစ်နေ.လောက် များပိုစ့် အသစ်မ တင်ဖြစ်ရင် အပြစ်ရှိသလို လို။ ကိုယ့်ဒုက္ခ ကိုယ်ရှာတယ် ပဲပြောပြော ညာဥ့်နက်တဲ့ အထိ ဧည့်မျှော်ရတာ။ တစ်နေ. တစ်နေ. ဒီနေ.တော့ဖြင့် ဧည့်သည် ဘယ်နှစ်ယောက် လာတယ်ဆိုတာ ကိုမနေ.က စာရင်းနဲ. ယှဉ်ယှဉ်ကြည့်ရတယ်။ ဆီဗုံးမှာ များတစ်ခုခု ရေးခဲ့ရင် ပျော်လို.ကို မဆုံးဘူး။ ဆီဗုံးကို refresh လုပ်ကြည့် ရတာလဲ အမောပဲ။ comment လေးများ ရကြည့် အလွမ်းအိမ် တို.မျောက် အုံးသီးရသလိုပဲ။ အဟက်ဟက်။ ဒီဘလော့ လေးကိုစ လုပ်ဖြစ်တာ လာမဲ့ ၈ရက်နေ.ဆို ၂လတင်းတင်းပြည့်ပြီ။ စုစုပေါင်း ပိုစ့် ဒီတစ်ခုပါနဲ. ဆိုရင် ၆၃ခု ရှိပြီပေါ့။ အမေ ကတောင်မှ စာသာ ဒီလောက်ကြိုးစား ရင် The Whole Burma 1st တွေဘာတွေ ထွက်လောက်တယ် တဲ့။ အဲလောက်ထိ အောင်ပဲနော်။ မြန်မာစာ ရိုက်တာဆို လဲကျွမ်းလိုက်တာ ဆိုတာ အဟက်ဟက် အင်္ဂလိပ် လိုဆိုရင်တောင် သိပ်မရိုက် တတ်တော့ဘူး။ ဘလော့ ရေးခြင်းရဲ. ကောင်းကျိုးတွေ ပေါ့။ နောက်ပြီးတော့ တစ်ခုခု ဆိုဘလော့ ဖို. ကြိုးစားနေတော့ စိတ်မလေ ဘူးပေါ့လေ။ ဘလော့ရေးတာ ရောလိုက်ဖတ် တာရောက၊ အလွမ်းအိမ် မျက်နှာ မသစ်ခင် စပြီး လုပ်တဲ့ အလုပ်ပေါ့။ ညဆိုလဲ ၂နာရီ ၃ နာရီမှ အိပ်ဖြစ်တယ်။ ဘလော့တွေ လိုက်ဖတ်နေလို.။ ဘလော့ဂါတွေ ကလည်းလေ ဘာလို.များ ဖတ်မိပြီဆို ကွန်ပြူတာနဲ. မျက်နှာ ခွာလို.မရအောင် အရေးတွေ ကောင်းနေကြ တာလဲမသိဘူး။ ၁၁း၃၀ လောက်မှ ထမင်း၊ ဟင်းကို ဒုံးပျံ နှုန်းနဲ. အပြေးအလွားချက်။ ဒါတောင်မှ ဟင်းကို ရေထည့်တားပြီး တော့ဘလော့ပြန် လာဖတ်တတ်သေးတယ်။ ၁၂နာရီဆို အမြန်နှုန်းနဲ. ထမင်းစား ရတာ ဒိုင်နာ ဘစ်စကားက တောင် အမေခေါ် လောက်တယ်။ ပြီးတာနဲ. အမြန်မြန် ဆေးကြော၊ ဆပ်ပြာရည် စင်တာ မစင်တာ ကိစ္စမရှိ၊ ပန်းကန်တွေ ကိုမှောက်ထားလိုက် ရင်လေတိုက် ပြီးစင်သွားလိမ့် မယ်။ အရေးကြီးတာ ဘလော့ အဖတ်၊ အရေး မပျက်ဖို.ပဲ။ အမေ ဆိုလဲ အလွမ်းအိမ် ဘလော့ဂါ ဖြစ်ကတည်းက ကြက်ဥနဲ. နှစ်ပါးသွား နေတာ၊ ဟိုတစ်ခါ ဘလော့ တစ်လပြည့် မွေးနေ.ရောက်မှ ပဲကောင်းကောင်းစား ရတော့တယ်။ အမေက ထမင်းစားပြီး ရင်ရုံးပြန်ရင်တောင် လိုက်မပို.အားဘူး။ အမေရေ တံခါးကို အပြင်က ပိတ်ခဲ့ပါဆိုပြီး မှာရတယ်။ ပြီးတာနဲ. လေးနာရီ ဆိုတာ ခဏလေးနဲ. ထိုးသွားရော။ အမေတို. မောင်လေးတို. ပြန်လာကြရင် အလွမ်းအိမ်လဲ ထုံးစံအတိုင်း ဒုံးပျံနှုန်းနဲ. ဟင်းနွေး၊ ဟင်းချက်လုပ်။ ထမင်းကို စားချင်ချင် မစားချင်ချင် အတင်းကျွေး ပြီးတာနဲ. အလွမ်းအိမ်လဲ ကွန်ပြူတာ ရှေ.ပြန်ရောက်တာ ည၂နာရီ ၃နာရီမှ အိပ်ဖြစ်ရော။ ခရီးသွား ရရင်တောင်မှ ကင်မရာ တစ်လုံးနဲ. ဘလော့ဖို. ပြင်ရတာ အမော။ မလုပ်ဘူး ကွာဆိုပြီး တော့လဲ နေလို.မရဘူး။ တစ်အားလုပ်ချင်တာ။ ရေးချင်လွန်း လို. တစ်ပိုင်းကို သေနေတာပဲ။ အဲတော့လဲ ဘလော့ရေး ရတဲ့ဒုက္ခပေါ့။ စစခြင်း ဘလော့စပေါ့ နဲ.ဘလော့ တာသိပ်အဆင် မပြေဘူး။ ခေါင်းစဉ်တွေက ?? တွေပေါ်လို ပေါ်။ ရေးထားတဲ့ စာတွေက လဲဟိုတစ် ကြောင်းဒီ တစ်ကြောင်း ကွက်တိကွက် ကြား။ လုပ်ကြပါဦး ကယ်ကြပါဦးနဲ.။ ပထမဆုံး လာကူညီပေးတာ ကိုမှော်ဆရာ နဲ. ဆရာရန်အောင်။ နောက်တော့ အမ မိုးချစ်သူ။ အားလုံးဝိုင်းပြီး ဟိုလို လုပ်ကြည့်ပါလား ဒီလိုလုပ်ကြည့် ပါလားနဲ. အဆင်တွေ ပြေလာခဲ့တာပါ။ ခုတောင် သိပ်ပြီး မကလိရဲဘူး။ တော်ကြာ ပျက်သွားရင် ပြန်မပြင်တတ်လို. ခုလိုလေး အသာလေး ငြိမ်နေတာ။ ကျွန်မလဲ ဆက်တက်ချင်တာပေါ့။ ဒါပေမဲ့ ဘလော့ဂါ တော်တော်များများကို ကိုပီကေ တက်ထားပြီး ပြီဆိုတော့ ဆက်မတက် တော့ပါဘူးနော်။

3 comments:

Winkabar said...

အစ်မလောက်နီးနီးပါပဲသမီးကလည်း။ မဖတ်ရရင်မနေနိုင်သလို ခွဲဖို့ ခွာဖို့လည်းမဖြစ်နိုင်ဘူးဖြစ်နေတယ်။ တော်တော်တော့ထိန်းရဦးမယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ရင်းပျော်ရွှင်ပါစေနော်အစ်မ။

မျှားပြာ said...

ဘလော့တစ်ခုရတာ ကလေးတစ်ယောက်ရသလိုပဲတဲ့လား
ကျွန်တော်ရယ်ရလို့ အူတတ်တော့မယ်ဗျ ..။
အရေးတွေ အရမ်းကောင်းတယ်ဗျာ။

ပီကေ said...

ကိုယ်က တက်ထားပြီး ကိုယ်က နောက်ကျနေတယ်။ ဆောရီးနော်။ ၀င်္ကပါက ပြောမှ လာကြည့်ဖြစ်တယ်။ အဲဒီလို သတိပေးလို့ ရအောင် တက်ကို ဖြေထားတဲ့လူတွေ စာရင်းကို ပို့စ်ရဲ့ အောက်မှာ ချရေးထားတယ်လေ။ ၀င်္ကပါလေးက အလွမ်းအိမ်နာမည် မတွေ့လို့ လာသတိပေးတာ။ ဆောရီးပါနော်။ နောက်တစ်ခါတော့ ရေးပြီးရင် လာအော်ပေးပါနော်။ အခုတလောလည်း သိပ်မအားလို့ မလည်ဖြစ်တာ များတယ်။ အလွမ်းအိမ်ရဲ့ ဘလော့ဂ်ရောဂါက အတော်လေး အခြေနေ ဆိုးနေပြီပဲနော်။ သတိလည်းထားနော်။ တော်ကြာ ဘလော့ဂ်လို့ အိမ်က နှင်ချရင် ကျော်မကောင်း ကြားမကောင်း ဖြစ်နေဦးမယ်။ ဟတ်ဟတ်။ စတာနော်။