
အခုလာမယ့် ၂၂ဒီဇင်ဘာမှာ ကျရောက်မှာကတော့ ဘာသာတရားကိုင်းရှိုင်း၊ ပျော်ပျော်နေတတ်ပြီး ခင်ဖို.တစ် အားကောင်းတဲ့ ဘလော့ဂါတစ်ယောက်ရဲ. မွေးနေ.ပါ။ ၁၀ရက်စောနေသေး ပေမဲ့ ချစ်မရဲ. မွေးနေ.နီးမှ အလွမ်းအိမ် ခရီးထွက်ရမှာ ဆိုတော့ ကြိုပြီး ဆုတောင်းထားပေးတာပါ။ ဒီကြားထဲ ဘလော့အိမ်လေး ကိုမရောက်ဖြစ်ရင် ဆုမတောင်းဖြစ် လိုက်မှာစိုးလို.။ မွေးနေ.ရှင် ဘယ်သူလဲဆိုတာ သိချင်ကြပြီလား။ ပြောပြမှာပေါ့။ မွေးနေ.ရှင်ကလေ မုန်.ဟင်းခါးကို ငပျောအူ မထည့်တာကို ကြိုက်တတ်တယ်။ ၀တ်ရွတ်အဖွဲ့ဝင် တစ်ယောက်လဲဖြစ်တယ်။ ကထိန်ခင်းတဲ့ အကြောင်းကိုလဲ အလွမ်းအိမ် မေးသမျှ စိတ်ရှည်လက် ရှည်ရှင်းပြတတ်သေးတယ်။ မြွေဆိုလဲ ကြောက်လိုက်တာ တုန်လို.။ ပျော်စရာတွေကို ရေးတတ်ပြီး ပျော်စရာ ကမ္ဘာထဲမှာ နေတယ်ရှင့်။ ကဲ အခုလောက်ဆို မွေးနေ.ရှင် ဘယ်သူလဲဆိုတာသိ လောက်ရောပေါ့။ ချစ်မ မီးလေး ပျော်စရာတွေကိုပဲ ဘ၀တစ်လျောက် ကြုံတွေ.ရပါစေ။ ဘ၀ကို မပင်မပန်းပဲ ပျော်ပျော်ရွှင်ရွှင်နဲ. ချစ်တဲ့သူတွေ နဲ.အတူ ဖြတ်သန်းနိုင်ပါစေ။ အသက်ရာကျော် ရှည်ပါစေ။
1 comment:
ချစ်ညလေးအလွမ်းအိမ်ရေ မအတွက် အမှတ်တရ မွေးနေ့ပွဲကို တကူးတကစီစဉ်ပေးထားလို့ ကြည်နူးဝမ်းသာမဆုံးဖြစ်မိပါတယ်။ ပျော်မလွန်းလို့ မျက်ရည်ကျမတတ်ပါဘဲ။ ကျေးဇူးလည်း အရမ်းတင်တယ်။ မမွေးနေ့က Decemberမဟုတ်ဘူးကွဲ့။ September... ဘာပဲဖြစ်ဖြစ် ချစ်ညလေးစိတ်ထဲမှာ ရှိတာကိုပဲ ၀မ်းသာလှပါပြီ။ မီးလေးရဲ့ မွေးနေ့ပွဲမှာ မနွဲလိုက်ရတဲ့ ချစ်ညလေးအတွက်
http://kyellay.blogspot.com/2007/09/blog-post_1212.htmlကိုသွားပြီး မွေးနေ့ပွဲပြန်နွှဲကြတာပေါ့.... ချစ်ညလေး ခရီးလမ်းသာယာဖြောင့်ဖြူးပြီး ဘေးမသီ ရန်မခဘဲ လိုရာခရီးလျှောက်လှမ်းနိုင်ပါစေကွယ်။
New Yearအတွက် ကြိုဖိတ်ထားမယ်နော်။ လာခဲ့ တိလား။
မီးလေး
Post a Comment