Tuesday, December 18, 2007

ရောက်တတ်ရာရာ

ခရီးထွက်ရန် ၅ရက်သာ လိုတော့သည်။ စဉ်းစားကြည့်ရင် ၃နှစ်လောက် ကြိုးစားပမ်းစား မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုက အကောင်အထည် ပေါ်တော့မယ်။ ဒီအတွက် ရင်ခုန်သလား ဆိုရင်တော့ ဟုတ်ကဲ့ မခုန်ဘူး လို.ပြောရင် လိမ်လည်ပြောရာ ရောက်မှာပေါ့။ ခုန်တာပေါ့ရှင်။ နေရာသစ် ဒေသသစ် လူသစ်တွေ နဲ.တွေ. ရမှာကိုး။ ဘယ်သူ.ကိုမှလဲ မသိလို. တော်တော်တော့ ရုန်းကန်ရဦးမယ်။ အိမ်မက်ဆိုလို. ပြောရဦးမယ်။ ကျွန်မက အိမ်မက်တွေကို သိပ်ယုံတတ်တဲ့သူပါ။ အိမ်မက်တွေကလဲ ခဏခဏ မက်တတ်တယ်။ မြန်မာပြည်တုန်းကဆို အိမ်မက်အတိတ်ကောက်ကျမ်း တစ်အုပ်နဲ. မနက်ခင်းဆို အလုပ်အမြဲ ရှုပ်တတ်ပါတယ်။ ခုတော့ အိမ်မက် အတိတ်ကောက် ကျမ်း စာအုပ်လေး ကျန်နေရစ်လို. အိမ်မက် အတိတ်ကောက်ခြင်း အလုပ်ကို ရပ်ဆိုင်းထားရ ပါတယ်။

အခုတစ်လော ရာသီဥတုကလဲ ပူလိုက်တာ အရမ်းပဲ။ နွေရာသီကြီး ကိုး။ မိုးရွာရင် များသောအားဖြင့် နွေရာသီမှာ သာရွာတတ်တဲ့ ဒေသလဲဖြစ်လို. မိုးကိုသာ မျှော်မိပါတယ်။ မိုးကလဲ ခဏခဏတော့ ရွာပေးရှာပါတယ်။ ဒါပေမဲ့ နွေနေပြင်းရဲ. အပူကို မိုးကမငြှိမ်း သတ်နိုင်ပါဘူး။ ခဏလောက်အေး သွားပြီးတာနဲ. ပြန်ပူတတ်ပါတယ်။ ခုလဲ မိုးတွေတော့ အုံ.နေတာပါပဲ။ အပူကတော့ မလျော့နိုင်သေးပါဘူး။

အရမ်းပူနေတဲ့ နေရာကနေ အရမ်းချမ်းနေတဲ့ နေရာကို ချက်ခြင်းကြီးသွားရမှာ ဆိုတော့ တော်တော် အူကြောင်ကြောင် နိုင်ပါတယ်။ အနွေးထည် အထူကြီးတွေကို ဒီဘက်လေဆိပ်မှာ ၀တ်လို.ကလဲ မဖြစ်၊ ပူလွန်းလို. အရေပျော်သွားနိုင်ပါတယ်။ ဟိုဖက်လေဆိပ်ရောက်မှ ၀တ်ဖို.ပြင်ရပါတယ်။ အဲတော့ အနွေးထည် အထူတွေက ကျွန်မရဲ. ကျောပိုးအိတ်ကလေးကို မနိုင်ဝန်ကို ထမ်းစေပြန်ပါတယ်။ ပြည့်သိတ်နေတဲ့ ကျောပိုးအိတ် တစ်လုံးရယ်၊ လေးလံလွန်းတဲ့ လွယ်အိတ်တစ်လုံးရယ်၊ ဒီကြားထဲ တိုလီမုတ်စ တွေထည့်တဲ့ ဘာဘာညာညာ အိတ်ကလေးရယ်နဲ. ဒီ့အပြင် သေတ္တာကြီး နှစ်လုံးကိုဆွဲလို. နိုင်ပါ့မလားလို. အစမ်းသယ်ကြည့် လိုက်တဲ့အခါမှာတော့ ကျွန်မက တော်တော်ကို တူသွားပါပြီ။ ဘာနဲ.တူသွား တာလဲသိလား။ အရူးမနဲ.။ တစ်ယောက်ထဲ ရှုပ်ယှက်တွေ ခပ်နေတဲ့ အခါမှာတော့ တော်တော်လေး စိတ်ပျက်သွားမိတယ်။ လွယ်အိတ်ကြိုးနဲ. ကျောပိုးအိတ်ကြိုးက ငြိတာကငြိ။ အိတ်အသေးလေးနဲ. လွယ်အိတ်နဲ.ကို ကြက်ခြေခတ်လွယ် ထားလို. လည်ပင်းအစ်တာက တစ်မျိုး ဟိုသေတ္တာကြီး နှစ်လုံးကို ဆွဲရတာက လက်နှစ်ဖက်ကို ကုန်ရော။ ဒါတောင် အစမ်းလုပ်ကြည့်တာပဲ ရှိပါသေးတယ်။ လက်တွေ.ကျရင် လက်အံသေလိုက်မဲ့ ဖြစ်ခြင်း။ ပစ္စည်းတွေကို လျော့ဖို.ကျတော့လဲ မလျော့ရက်၊ စာအုပ်ဆိုလဲ ပါအောင်သယ်ချင်သေးတာ၊ ဟိုဟာဆိုလဲ မထားခဲ့ရက်၊ ဒီဟာဆိုလဲ အမှတ်တရလေးမို.နဲ. ကဲ! ဒေါ်ရွှေအလွမ်းအိမ် မယ်လောဘရေ သယ်ပေဦးတော့။ သေတ္တာ နှစ်လုံးက အပ်လိုက်ပြီးရင် ကိစ္စမရှိပေမဲ့ လွယ်ကြိုးတွေနဲ. ရှုပ်ယှက်ခပ်ပြီး လည်ပင်းတွေ အစ်လို. အလွမ်းအိမ်တို. ဆာဒန်ဟူစိန် လိုအဖြစ်မျိုးနဲ.ဆို ဒွတ်ခ။ ကဲပါလေ စစ်မရောက်ခင် မျှားမကုန်တော့ပါဘူး။ ကိစ္စမရှိ အချိန်တန်တော့ အဆင်ချော သွားလိမ့်မည်။

အလွမ်းအိမ် ပိုစ့်အစသစ် မတင်နိုင်တာကို တောင်းပန်ပါသည်။ လာလည်သည့် မိတ်ဆွေများနှင့် စာဖတ်သူများကို လဲအားနာလှပါတယ်။ ခုလို လာရောက်အားပေးတာ ကိုကျေးဇူးအထူးတင်ပါတယ်။

Saturday, December 15, 2007

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။

အခုတစ်လော လဲသွားခါနီး လာခါနီး ဆိုတော့ စိတ်လှုပ်ရှားတာရော၊ အလုပ်ရှုပ်တာရော ပေါင်းပြီး ဘလော့အိမ်လေး ကိုတောင်ပစ်ထား ရတာကြာပေါ့။ သွားလို.ရှိလို. ရှိရင်လဲ ကွန်ပြူတာ မရှိတာရော အင်တာနက် မဆင်ရသေးတာရော နဲ.ဆိုရင်တော့ ၁လလောက်များ ကြာမလားမသိ။ အဲတော့လဲ အလွမ်းတွေဝေ ရဦးတော့မှာပေါ့။ မသွားခင်လေး အားလုံးကို မင်္ဂလာနှစ်သစ် ဖြစ်ပါစေလို. ဆုတောင်းပေးပါတယ်။ ချစ်သူငယ်ချင်း တို.နဲ. မကြာခင် ပြန်တွေ.ကြတာပေါ့ နော့်။ နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ် လူသစ်နဲ. ကြိုးစားလိုက်ကြပါဦးစို.။


Happy New Year 2008

Wednesday, December 12, 2007

ဘာလဲ နိုင်ငံခြား?

ကနေ. အကိုစေးထူး ဆီကိုသွားလည် မိတော့ နိုင်ငံခြားသွားမယ်ဆိုရင် ဆိုတဲ့ ပိုစ့်လေးကို ဖတ်မိပါတယ်။ အဲဒါနဲ. ဒီပိုစ့်လေးကို ရေးဖို. အကြံရပါတယ်။ အလွမ်းအိမ် တို.ရန်ကုန်မှာတုန်းက လာချင်လိုက်တဲ့ နိုင်ငံခြား ဆိုတာ တစ်ပိုင်းကို သေနေတာပဲ။ ဟိုစာမေးပွဲလေး ဖြေလိုက်၊ ဒီစာမေးပွဲလေး ဖြေလိုက်နဲ.ပေါ့။ နိုင်ငံခြားဆိုတော့ အဓိက အင်္ဂလိပ်လိုပဲ ပြောရတော့မှာလေ။ အင်္ဂလိပ်လိုက နဂိုထဲကမှ သိပ်ပြောခဲ့ဘူးတာ မဟုတ်တော့ အင်္ဂလိပ်စာ သင်တန်း ဘာသင်တန်း ညာသင်တန်း၊ ကွန်ပြူတာ ဆိုတာကလည်း နိုင်ငံတကာမှာ သူမရှိရင် မဖြစ်တော့ လောက်အောင်ပဲ အရေးပါလှတာ ကလား။ အဲတော့ ကွန်ပြူတာ လဲတက်ပေါ့။ အင်္ဂလိပ်စကား လေးမှ မတတ်ရင် မျက်နှာ အတော်ကို ငယ်ရတာပါ။ အလွမ်းအိမ် ဒီကို စရောက်တော့ အင်္ဂလိပ်လိုက သိပ်မပြောရဲဘူးလေ။ ပါးစပ်က မရဲတာရော၊ မှားလို. အရီခံရမှာ ကိုရှက်တာရောနဲ. ဆိုတော့ ကျောင်းမှာဆို အနှိမ်ခံရပါတယ်။ ဆရာတွေ ဆရာမတွေ ကအတော် ကူညီပေမဲ့ ကျောင်းနေဖက် တွေက ငေါ့ချင်သလိုလို၊ မခေါ်ချင်သလိုလို နဲ.ဆိုတော့ အလွမ်းအိမ် ကျိတ်မျက်ရည်ကျ ရပါတယ်။ ဒါပေမဲ့ ငါမြန်မာကွ၊ သူတို.ထက် တော်ရမယ်၊ ၁ နဲ. ၁ တောင် ဂဏန်းပေါင်းစက်နဲ. ပေါင်းတတ်တဲ့ သူတွေကို သာကိုသာရ မယ်ဆိုပြီး ကြိုးစားရပါတယ်။ သူတို.က ဖတ်စာကို ၁ခေါက်လောက် ဖတ်ပြီး နားလည်ရင် အလွမ်းအိမ်က ၅ခါလောက် ဖတ်ပြီး Dictionary တစ်လုံးနဲ. အလုပ်လုပ်ရပါတယ်။ မအိပ်ရတဲ့နေ. တွေရှိသလို တစ်နေ.ကို ၄နာရီလောက်ပဲ အိပ်ရတဲ့ အချိန်တွေရှိပါတယ်။ မသိတာတွေကို မျဉ်းတားထားပြီး ဆရာတွေ အားတဲ့ အချိန်လေးမှာ သွားမေးရပါတယ်။ ဒီလိုမျိုး အခက်အခဲရှိတဲ့ အချိန်က အများဆုံး ၁နှစ်ပါပဲ။ ပထမဆုံး ၁နှစ်မှာတော့ ငွေကြေးအရ အခြေမခိုင်သေးတာ တစ်ကြောင်း၊ အိမ်လွမ်းတာ၊ နေသားမကျတာ၊ အားငယ်တာတွေနဲ. ပေါ့။ ရောက်စ ၁လ၊ ၂လ လောက်မှာဆိုရင် အလွမ်းအိမ်တို. အမေက လခကလဲမရ သေးဘူးလေ။ လကုန်မှရမှာကိုး။ ပါလာတဲ့ ပိုက်ဆံလေးကို မနည်းချွေတာ ပြီးတော့ နေရပါတယ်။ တော်ကြာ လကုန်လို. မှကိုယ်က လူသစ်ဆိုတော့ လခပေးစာရင်း ထဲမပါလာရင် သူတို.က process တွေဘာတွေ ပြန်လုပ်ရင် ကြာတတ်ပါတယ်။ အဲတော့ ကိုယ့်မှာရှိတာ လေးကိုချွေတာထားရပါတယ်။ အဲဒီ ပထမ လတွေတုန်းက အလွမ်းအိမ်တို. အိမ်အတွက် ဈေးဝယ်ထွက် ရင်တောင်မှ ဈေးအပေါဆုံး ဆိုတာကို ရှာဝယ်ရပါတယ်။ ပစ္စည်းအမျိုးအစား သာကြည့်ပြီး Brand ကိုမကြည့်နိုင်ပါဘူး။ လခလေး ရရင်တော့ အဲဒီ အကောင်းစားလေး စားကြည့်ဦးမယ်၊ ဟိုဟာလေးလဲ ၀ယ်ကြည့်မယ် ဆိုပြီးတော့ သာအားခဲထား နိုင်တာပါ။ လခရတော့မှ ဟင်းချနိုင်ပါတယ်။ ဒါတောင်မှ ကိုယ်က အဝေးမှာ နေရတာမဟုတ်လား။ အရေးဟယ် အကြောင်းဟယ် ဆိုသုံးဖို. ပိုက်ပိုက်လေးကို ကျစ်ကျစ်ပါအောင် စုရပါသေးတယ်။ ကျောင်းစရိတ် တွေကလည်း ဈေးကကြီး၊ နေမကောင်းဖြစ် ရင်လဲ ဈေးက ခေါင်ခိုက်နေအောင် ကြီးပါတယ်။ အဲတော့ အာမခံဆိုတာ ထားရပါတယ်။ များသောအားဖြင့် ထားကြပေမဲ့ အလွမ်းအိမ်ကတော့ မထားပါဘူး။ သံချောင်းလို ဒေါင်ဒေါင်မြည် တတ်တဲ့ ရွှေကျန်းမာရေး လေးကို ကျေးဇူးတင်ပါတယ်။ ၁နှစ်လောက် အကြာမှာတော့ နေသားက တော်တော် လေးကျလာပြီလေ။ အင်္ဂလိပ်လို လေးကလဲ တော်တော် လေးပြောနိုင်နေပြီဆို တော့အတော့်ကို အဆင်ပြေနေပါပြီ။ နိုင်ငံခြားမှာ ဘယ်အရာမှ အလကား မရပါဘူး။ မြန်မာအချင်းချင်း ကူညီချင်ကြပေမဲ့ သိပ်မကူညီနိုင်ကြပါဘူး။ သူတို.ရတဲ့ လခကလဲ သူတို.မိသားစုနဲ. လုံးခြာလည်လိုက် နေတယ်ဆိုတာ ကိုနားလည်ရပါတယ်။ မြန်မာအသစ်တွေ ရောက်လာရင် ကိုယ်က တင်ကျွေးထားချင် ပေမဲ့ လူတစ်ယောက်ကို ဘယ်လောက်ကောင်းတဲ့ မြန်မာမိသားစုပဲ ဖြစ်ဖြစ် လပေါင်းများစွာ ခေါ်တင် မကျွေးနိုင်ပါဘူး။ အဲတော့ အတတ်နိုင်ဆုံး ကိုယ့်အားသာ ကိုယ်ကိုးရပါတယ်။ အချိန်တိုင်းမှာ အလုပ်လုပ် နေရတဲ့ လူတွေသာ များပါတယ်။ အဲတော့ စိတ်ရှိတိုင်း မကူညီနိုင်တာကို ကိုယ်ကသိရပါတယ်။ အလုပ်ဝင်တဲ့ နေရာမှာလဲ လူမျိုးပေါင်းစုံ၊ လူ.စရိုက်ပေါင်းစုံကို ကြုံရပါပြီ။ ကိုယ်က အားလုံးကို သတိထားနေရပါတယ်။ အလွမ်းအိမ် ပထမဆုံး စအလုပ်ဝင်တော့ ဖိလစ်ပိုင် မလေးတစ်ယောက်နဲ. အလုပ်လုပ်ရပါတယ်။ သူကတစ်နေ.တော့ ကွန်ပြူတာ တစ်လုံးရောင်းပါတယ်။ အလွမ်းအိမ် ကအစော ကထဲက ကီးဘုတ်ကို ဘယ်ဈေးနဲ.ပေး၊ မော်နီတာကို ဘယ်ဈေးနဲ. ပေးဆိုပြီးပြောထား ပြီးသားပါ။ အလွမ်းအိမ်က ပြောပြီးတော့ အလုပ် ဒိုင်ယာရီ စာအုပ်ထဲမှာ ရက်စွဲ နဲ.ဘာနဲ. ဘာဘယ်ဈေးဆိုပြီး မှတ်ထားလိုက်ပါတယ်။ သူက အလွမ်းအိမ် ပြောထားတဲ့ ဈေးနဲ.မပေးပဲ ဈေးတွေ လျော့ပြီးပေးလိုက်ပါတယ်။ သူဌေးက ဆူတော့ အလွမ်းအိမ်က အဲဒီဈေးနဲ. ပေးခိုင်းလို.ပါ ဆိုပြီးတော့ အလွမ်းအိမ်ကို လွှဲချပါတယ်။ အဲတော့မှ အလွမ်းအိမ်လဲ သူဌေးကို ကဲဟောဒီမှာ ကြည့်သူဌေး ကျွန်မက ဒီဈေးနဲ.ပေး ခိုင်းတာ ဆိုပြီး ဒိုင်ယာရီ စာအုပ်ကိုဖွင့် ပြတော့မှ သူဌေးလဲ ဟုတ်သားပဲ ဆိုပြီး သူ.ကိုဆူပါတော့တယ်။ သူအဆူခံရတော့ အလွမ်းအိမ်ကို မကြည်ပါဘူး။ အလွမ်းအိမ်လဲ ဘယ်တတ်နိုင်မလဲ နော်။ ကိုယ်မှ မလုပ်တာကို ဘယ်အလကား အဆူခံချင်ပါ့မလဲ။ အဲလို အဲလို ကိုယ့်ကို ချောက်တွန်းလွှဲချ ချင်တဲ့သူတွေကလဲ ၀ိုင်းဝိုင်းလည် စောင့်နေတာကလား။ အားလုံးကိုသတိထား ရပါတယ်။ မိန်းကလေးတွေ ကပိုသတိထားရပါတယ်။ ဘယ်သူ.ကိုမှ မယုံပါနဲ.။ အချစ်ဆုံးသူငယ်ချင်း ဖြစ်ရင်တောင်မှ မယုံပါနဲ.။ ကိုယ်က သူတို.နဲ. ယဉ်ကျေးမှုအရရော၊ မိဘသွန်သင်ဆုံးမ မှုအရပါ မတူကြပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ အရာကို တန်ဖိုးမထားတတ် တဲ့သူတွေကြားမှာ နေရပေမဲ့၊ ကိုယ်တန်ဖိုးထားတဲ့ အရာက တန်ဖိုးလျော့သွားတယ်လို. တော့မထင်လိုက်ပါနဲ.။ လေ့လာပါ၊ အတုယူသင့်တာကိုသာ ယူသင့်ပါတယ်။ ဆရာမကြီး လုပ်တာလဲ အတော်ရှည် သွားပြီ။ အဟီး။ ဖတ်တဲ့လူတွေလဲ မျက်စိတွေ ညောင်းရော့ပေါ့။ စိတ်ရှည်လက်ရှည် ဖတ်ပေးတာ ကျေးဇူးပါပဲ။


Tuesday, December 11, 2007

မွေးနေ.ဆုတောင်း


အခုလာမယ့် ၂၂ဒီဇင်ဘာမှာ ကျရောက်မှာကတော့ ဘာသာတရားကိုင်းရှိုင်း၊ ပျော်ပျော်နေတတ်ပြီး ခင်ဖို.တစ် အားကောင်းတဲ့ ဘလော့ဂါတစ်ယောက်ရဲ. မွေးနေ.ပါ။ ၁၀ရက်စောနေသေး ပေမဲ့ ချစ်မရဲ. မွေးနေ.နီးမှ အလွမ်းအိမ် ခရီးထွက်ရမှာ ဆိုတော့ ကြိုပြီး ဆုတောင်းထားပေးတာပါ။ ဒီကြားထဲ ဘလော့အိမ်လေး ကိုမရောက်ဖြစ်ရင် ဆုမတောင်းဖြစ် လိုက်မှာစိုးလို.။ မွေးနေ.ရှင် ဘယ်သူလဲဆိုတာ သိချင်ကြပြီလား။ ပြောပြမှာပေါ့။ မွေးနေ.ရှင်ကလေ မုန်.ဟင်းခါးကို ငပျောအူ မထည့်တာကို ကြိုက်တတ်တယ်။ ၀တ်ရွတ်အဖွဲ့ဝင် တစ်ယောက်လဲဖြစ်တယ်။ ကထိန်ခင်းတဲ့ အကြောင်းကိုလဲ အလွမ်းအိမ် မေးသမျှ စိတ်ရှည်လက် ရှည်ရှင်းပြတတ်သေးတယ်။ မြွေဆိုလဲ ကြောက်လိုက်တာ တုန်လို.။ ပျော်စရာတွေကို ရေးတတ်ပြီး ပျော်စရာ ကမ္ဘာထဲမှာ နေတယ်ရှင့်။ ကဲ အခုလောက်ဆို မွေးနေ.ရှင် ဘယ်သူလဲဆိုတာသိ လောက်ရောပေါ့။ ချစ်မ မီးလေး ပျော်စရာတွေကိုပဲ ဘ၀တစ်လျောက် ကြုံတွေ.ရပါစေ။ ဘ၀ကို မပင်မပန်းပဲ ပျော်ပျော်ရွှင်ရွှင်နဲ. ချစ်တဲ့သူတွေ နဲ.အတူ ဖြတ်သန်းနိုင်ပါစေ။ အသက်ရာကျော် ရှည်ပါစေ။

Monday, December 10, 2007

အရှုပ်တွေ လုပ်တာမဟုတ်၊ အလုပ်တွေ ရှုပ်နေခြင်းပါ။

အလွမ်းအိမ် အခုတစ်လော တော်တော် စိတ်သောက များသည်။ နိုင်ငံပြောင်းတယ် ဆိုတော့ ဗွီဇာ လိုတာပေါ့နော့်။ ရှုံးပြင်ကမ်းနား သွားရမှာ ကြောက်တဲ့ လူတစ်ယောက်က ရှုံးပြင်ကမ်းနား တွေသွားရတာပေါ့။ မသွားလို.မှမရတာကို နော်။ အဲဒီ အထဲမှာ ကိုကိုရစ်တို. မမကြပ်တို.နဲ. တွေ.ရင် အလွမ်းအိမ် ထိုင်ငိုချင်စိတ် ပေါက်သည်။ ဗွီဇာ လျောက်တော့လည်း အင်တာဗျူးမဲ့ ကောင်စလာ မမကို မေတ္တာပို. ရတာ အမော။ မနက်မိုးလင်းထဲက ဗျူးမမ ကျန်းမာပါစေ၊ ပေါက်ကရ မေးခွန်းတွေ မမေးပါစေနဲ.၊ မမကြပ် မဟုတ်ပါစေ နဲ. ၀ှူး မောပါ့။ ရသမျှ ဘုရားစာတွေ လဲရွတ်ရတာ အာကိုပေါက်။ ဗျူးမမက ရစ်တယ်ဆိုပြီး နာမည်ကြီးသေး သကိုး။ ဒါနဲ. အလွမ်းအိမ် လဲအင်တာဗျူးမဲ့ နေ.ကိုရောက်လာပါတော့တယ်။ စာရွက်စာတမ်းတွေကို တစ်လလောက်ထဲက ကြိုလုပ်ထား။ ကော်ပီတွေ ကလဲ၃စောင် လောက်ကူးထားရသေးတယ်။ ထပ်ခါထပ်ခါ လိုတယ်ဆိုပြီး ပြန်မလုပ်ရအောင်ပါ။ ဒါတောင် မမရစ်က ရစ်ဖြစ်အောင်ရစ်လိုက်သေးတယ်။ သူနဲ. ၂ခါတွေ.ပြီး တတိယနေ. မှာမှ ဗွီဇာလာယူ လို.ပြောလိုက်ပါတယ်။ အလွမ်းအိမ်လဲ ပတ်စပို.လေး ကိုထားခဲ့ပြီး ပြန်လာရတာပေါ့။ ဒါတောင် နောက်နေ.မှာ ပတ်စပို. သွားယူရင် reject တုံးကြီး ထုထားရင် ဒုက္ခဆိုပြီး တွေးပူရသေးတယ်။ နောက်နေ. ပတ်စပို.လေး သွားယူတော့မှ ဗွီဇာလေး ရနေတော့ ဟင်းချနိုင်တော့တယ်။

လေယာဉ်လက်မှတ် ပြေးဝယ်ရတော့တာပေါ့။ အလွမ်းအိမ်ကို ခောတ်နောက်ကျတယ် ပဲပြောပြော၊ တုံးတယ်ပဲပြောပြော၊ အလွမ်းအိမ် e-ticket ဆိုတာကြီးကို တော်တော် မကြိုက်ပါဘူး။ ဘယ်လိုပြောရမှန်း တောင်မသိပါဘူး။ လက်မှတ်ကလေး ကိုယ့်လက်ထဲရှိ နေမှ စိတ်အေးတယ် ဆိုတဲ့ ရှေးရိုးစွဲ စိတ်က အလွမ်းအိမ်မှာ ရှိနေတုန်းပဲ။ e-ticket ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက် အဆင်ပြေပြေ အလွမ်းအိမ်က paper ticket လေးလို ချင်သေးတာ။ နောက်ဆို paper ticket တွေမသုံးတော့ပဲ e-ticket တွေပဲ ဖြစ်လာတော့ မဲ့ခောတ်ကို ရောက်ရင် အလွမ်းအိမ် ဘယ်လိုလုပ်ရပါ့။ ဒါတောင် အခု အလွမ်းအိမ် ရထားတာက e-ticket ကြီး။ ကဲမတတ်နိုင် e-ticket လေးကိုပဲ ကိုင်ထားရတော့ တာပေါ့။

အထုပ်အပိုးတွေ ပြင်တော့ သေတ္တာက မဆန်.နိုင်၊ ပေါင်ချိန် မပြည့်သေးပေမဲ့ သေတ္တာက မဆန်.။ လောဘကြီး ၍မဖြစ်။ သေတ္တာကြီး ကွဲထွက်သွားမှ ပြဿနာတက်မယ် ဆိုပြီး လောဘလေးကို အသာသတ်ထားလိုက် ရသည်။ ဒါတောင် ပစ္စည်းအသေးလေးတွေ ကိုထိုးထိုး ထည့်နေတတ်သေးသည်။ သြော် လောဘ၊ လောဘ အလွမ်းအိမ်လဲ ပုထုဇဉ် တစ်ယောက်ပေပဲ မဟုတ်ပါလား။

အလွမ်းအိမ် မသွားရသေးပါဘူး။ ၁၀ရက်ကျော်ကျော်လောက် တော့ကျန်သေးသည် ပေါ့။ ဘလော့သူငယ်ချင်း များကိုလွမ်းသည်ကတော့ မပြောပါနှင့်တော့။ မအားလွန်း၍သာ မလာနိုင်ခြင်းဖြစ်တာကို နားလည်ပေးကြပါ။

Tuesday, December 4, 2007

နှုတ်ဆက်ခြင်း

အကြောင်း အမျိုးမျိုးကြောင့် အလွမ်းအိမ် ဘလော့လောက မှခေတ္တ အနားယူမည် ဖြစ်ပါသည်။ လာရောက် အားပေးကြ သောချစ်သူငယ်ချင်း များအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။ ဘယ်တော့ပြန်လာ နိုင်မလဲဆိုတာ မသိသေးလို. ဘယ်အချိန်မှာ ပြန်လည်ဆုံတွေ. ကြပါစို.လို. နှုတ်မဆက်နိုင်တာ တောင်းပန်အပ် ပါတယ်။ ဘလော့ဆက် မရေးနိုင် အားပေမဲ့လဲ ဘလော့ဖတ် ခြင်းကိုတော့ ဆက်လက် ပြုလုပ်မည်ဖြစ် ပါသည်။
ကျေးဇူး အထူးတင်ရှိပါတယ်။


Monday, December 3, 2007

မေတ္တာ၊ဂရုဏာ

ခင်သက်ဝေ တို.အဖွဲ.၏ ဒီဇိုင်းမှာ စကာတင် ရွေးခြယ်သော ဒီဇိုင်း၅ ခုတွင် တစ်ခုအဖြစ် ရွေးခြယ်ခြင်း ခံရသည်။ ထိုမှ တစ်ဆင့် နောက်ဆုံးတစ်ခေါက် ပြင်ဆင်မှု များပြုလုပ် ပြီးလျှင် ထပ်၍ ရှင်းလင်းတင်ပြ ရဦးမည်။ ခင်သက်ဝေ တို. အဖွဲ. အလုပ်တွေ ရှုပ်ယှက်ခပ် နေကြတုန်း ဖုန်းလာသည်။

ရဲလင်း။ ။ မမ ဖုန်းလာနေတယ်။
သက်ဝေ။ ။ မရှိဘူးလို. ပြောလိုက် မောင်ရဲလင်း။ ဒီမှာ မအားရတဲ့ ကြားထဲ။
ရဲလင်း။ ။ မမ အရေးကြီး လို.လို. ပြောနေတယ်။ ကလေးတစ်ယောက် ဆက်တာ မမ။

ခင်သက်ဝေ တစ်ချက်တွေဝေ သွားသည်။

သက်ဝေ။ ။ အေးအေး လာပြီ။.................................ဟဲလို
သန်.စင်ဝင်း။ ။ ဒေါ်လေး သမီးတို. ကိုအိမ်လခ ပေးတာ နောက်ကျလို. ဆိုပြီးတော့ အိမ်ပေါ်က ဆွဲချနေတယ်။ ပစ္စည်းတွေ လဲလမ်းပေါ်မှာ ပုံနေပြီ ဒေါ်လေး။ တောင်းပန်လို.လဲ မရဘူး။ ကူညီပါဦး ဒေါ်လေး။

ခင်သက်ဝေ မှင်သက်သွား မိသည်။ ပြီးတော့ သွားကြည့်ဖို. ဆုံးဖြတ်လိုက်သည်။

သက်ဝေ။ ။ ဒေါ်လေး အခုလာခဲ့မယ်။

ခင်သက်ဝေ ချက်ခြင်းဆိုသလို လုပ်နေသည့် အလုပ်များကို ပစ်ထားခဲ့သည်။ ရဲလင်းက မော့တော့ လေးကျန်နေရစ် သည်။ ခင်သက်ဝေ စိုးသီတာ အိမ်သို. ဒုတိယ တစ်ခေါက် ရောက်ခဲ့ပြန်ပြီ။ မလာချင်ပါ ဘူးဆိုသော်လည်း သံယောဇာဉ် တစ်ချောင်းက ထပ်ရစ်ပတ် လာပြန်လေပြီ။ စိုးသီတာ အိမ်ရှေ.မှာ ပုံပုံလေး ထိုင်လို. မျက်ရည်တွေ ကျနေသည်။ လူကနဂိုထဲကမှ နေမကောင်းတဲ့ သူဆိုတော့ အရမ်းကိုကျ သွားသည်။ အရင်က စိုးသီတာ နှင့်လားလားမျှ မဆိုင်။ သန့်စင်ဝင်းလေးက မအေ အနားမှာ မျက်စိမျက် နှာတွေကို ပျက်လို.။ ခင်သက်ဝေ တူမလေးကို တော့ပစ်မထားနိုင်။ ဘာပဲပြောပြော သူ.သွေးပင် မဟုတ်ပါလား။ အိမ်ထဲမှ ပစ္စည်းများ ကိုဆွဲထုပ်နေ သောယောက်ျားကြီး တစ်ယောက်ကိုလဲတွေ.သည်။ ခင်သက်ဝေ အချိန်မဆိုင်း တော့ပဲ အိမ်ထဲကိုဝင် သွားသည်။ ထိုလူကြီးက အိမ်ရှင်ပင် ဖြစ်ရမည်။

သက်ဝေ။ ။ ဒီမှာရှင့် ကျွန်မ ဒီအိမ်လခကို ပေးပါ့မယ်။ ဒီလောက်တောင် ရက်ရက်စက်စက် ဆွဲမထုပ်ပါနဲ.။
အိမ်ရှင်။ ။ မရဘူး ကလေးမ။ ဦးလေး သူတို.ကို သတိပေးတာ ၄၊ ၅ ခါမကဘူး။ ခုတော့ ဒီအိမ်ကို အိမ်ငှား အသစ်တင် တော့မယ်။ ကလေးမ ဦးလေးကို ၃ဆ ပိုပေးပါမယ် ဆိုရင်တောင် ဦးလေးမငှား နိုင်ဘူး။

ခင်သက်ဝေ တင်းသွားသည်။ သူ.တူမလေး ကိုခေါ်ပြီး ပြောလိုက်သည်။ "သမီး ကားထဲကို သမီးတို. ပစ္စည်းတွေ သွားတင်ချေ။" ခင်သက်ဝေ ပြောသည်ကို စိုးသီတာ ကြားလိုက်သည်။ စိုးသီတာမှ မယုံနိုင် သလို ကြည့်နေသည်။ ပြီးတော့ စိုးသီတာ မျက်ရည်တွေ ကျလာသည်။ ဘာတစ်ခွန်းမျှတော့ မပြောသေး။ သူလုပ်ခဲ့သည် များအပေါ် ရှိန်နေခြင်း ဖြစ်နိုင်သည်။ ခင်သက်ဝေ တို.ပစ္စည်းများ ကိုတင်ပြီးသည့် အခါတွင် ခင်သက်ဝေ ကပဲ စိုးသီတာကို သွားခေါ်လိုက်သည်။ "မမ လာ သွားမယ်။"

ခင်သက်ဝေ အိမ်ကိုရောက် သည်အထိ ဘယ်သူ.ဘယ်သူ မျှစကားမပြော ကြ။ အိမ်ထဲကို ၀င်တော့ သန်.ရှင်းတောက်ပြောင် နေသည့် ကြွေပြားကပ်ထား သောကြမ်းခင်းကို သဘောကျနေသော သန်.စင်ဝင်းက ခင်သက်ဝေ ၏ လယ်သာ ဆက်တီ ဆင်စွယ်ရောင် ပေါ်သို. အထုပ်တွေ တင်မလို.လုပ်နေသည်။ ခင်သက်ဝေ လှမ်းဟန်.လိုက်သည်။ "ဟဲ့ဟဲ့ အဲဒီပေါ် မတင်နဲ.။ အဲဒီဟာ စွန်းသွားမယ်။ အဲဒါကဈေးကြီးတယ်။" သန်.စင်ဝင်း မှာ မျက်နှာလေး တစ်ချက်ညှိုးသွားသည်။ မတတ်နိုင်။ သူ.အိမ်မှာ ခဏပေး နေမည်ဆိုတော့ သူ.စည်းကမ်း တွေကိုတော့ ပြောပြရမည်။

ခင်သက်ဝေ မှ သန်.စင်ဝင်းကို ပြောနေတုန်းရှိ သေးတယ် တံခါးဝမှ စိုးသီတာ မူးလဲသွားသည်။ ချက်ချင်းဆိုသလို ခင်သက်ဝေ တို. ဆေးရုံကို ပြန်ပြေးရပြန်သည်။ ဆေးရုံရောက်တော့ ဆရာဝန်မလေး ကခင်သက်ဝေ ကိုတိုးတိုးပြောသည်။ စိုးသီတာကို ဆေးရုံတင်ထား ခဲ့ရမည်တဲ့။ ခင်သက်ဝေ တစ်ယောက် သန်.စင်ဝင်းလေး လက်ကိုဆွဲကာ စိုးသီတာကို နှုတ်ဆက်စကားပြော၊ day nurse နဲ. night nurse တွေဘာတွေ ငှားပေးခဲ့သည်။ ခင်သက်ဝေက အခုတစ်လော အလုပ်ရှုပ်နေသည် မဟုတ်လား ခဏခဏ တော့လာမကြည့် နိုင်။ စောင့်၍လည်း အိပ်မပေးနိုင် ချေ။ သန်.စင်ဝင်းလေးက ကလေးဆိုတော့ ဆေးရုံမှာ သူ.အမေနှင့် မထားခဲ့ချင်။ ဒါ့ကြောင့် ခင်သက်ဝေ လုပ်ပေးနိုင်တာ လေးကို လုပ်ပေးခြင်းပါ။

အိမ်ပြန်ရောက်တော့ တူဝရီးနှစ်ယောက် ဘာမှ မစားရသေးတာကို သတိရသည်။ ခင်သက်ဝေမှာ ဘာမျှ စားချင်စိတ်မရှိသော်လည်း ကလေးကို တော့တစ်ခုခု ကျွေးဦးမှ ဆိုပြီး ရေခဲသေတ္တာထဲ မှာရှာကြည့်တော့ ပေါင်မုန်.တစ်ထုပ် ထွက်လာသည်။ ကြက်ဥကြော်၊ ham ကိုကြော်ပြီး သန်.စင်ဝင်း ကိုကျွေးသည်။ ခင်သက်ဝေက တော့ သစ်သီးဖျော်ရည် တစ်ခွက်သောက်ပြီး အလုပ်ဆက်လုပ် ဖို.ပြင်တော့သည်။

ဟူး.....ခင်သက်ဝေ တစ်ယောက်ထဲ နေလာခြင်းမှာ ကြာလှပြီ ဖြစ်သောကြောင့် အခုလို ကလေးတစ်ယောက် နှင့် နေရခြင်းမှာ အသားမကျ။ သို.သော် မတတ်နိုင်။ သူ.တူမလေးပဲ မဟုတ်ပါလား။


ဆက်ရန်
(အလွမ်းအိမ် ကြိုးစားပြီး ဘလော့ ပိုစ့်လေးများ တင်နိုင်အောင် ကြိုးစားပါမယ်။ အလွမ်းအိမ် အခုတစ်လော နိုင်ငံပြောင်း၊ အိမ်ပြောင်း၊ ကျောင်းပြောင်း ပြောင်းခြင်းတွေများ နေလို. ပိုစ့်အသစ် တင်ဖို. နည်းနည်း အခက် အခဲရှိခြင်း ကိုနားလည် ပေးပါ။ လာလည်ပေးကြ တဲ့ချစ်သူငယ်ချင်း များကို ကျေးဇူးအထူးတင်ပါတယ်။








Sunday, December 2, 2007

ကျွန်မနှင့်ဘလော့

ကိုပီကေ က တက်ထားတယ်ဆိုလို. သူ.ဘလော့ကို အပြေးအလွှား သွားကြည့်မိတယ်။ ကျွန်တော် နှင့်ဘလော့ ဆိုတဲ့ ပိုစ့်လေးကို သူကတက်ထားပါတယ် တဲ့။ ရေးပြီပေါ့ ရေးချင် နေတဲ့သူပဲဟာကို။ ကျွန်မ ဘလော့လုပ်လိုက်တာ ကလေးတစ်ယောက် ရသလိုပါပဲ။ ကိုယ်က မွေးထားတာဆိုတော့ အရိပ်တကြည့်ကြည့် နဲ.ပေါ့။ တစ်နေ.လောက် များပိုစ့် အသစ်မ တင်ဖြစ်ရင် အပြစ်ရှိသလို လို။ ကိုယ့်ဒုက္ခ ကိုယ်ရှာတယ် ပဲပြောပြော ညာဥ့်နက်တဲ့ အထိ ဧည့်မျှော်ရတာ။ တစ်နေ. တစ်နေ. ဒီနေ.တော့ဖြင့် ဧည့်သည် ဘယ်နှစ်ယောက် လာတယ်ဆိုတာ ကိုမနေ.က စာရင်းနဲ. ယှဉ်ယှဉ်ကြည့်ရတယ်။ ဆီဗုံးမှာ များတစ်ခုခု ရေးခဲ့ရင် ပျော်လို.ကို မဆုံးဘူး။ ဆီဗုံးကို refresh လုပ်ကြည့် ရတာလဲ အမောပဲ။ comment လေးများ ရကြည့် အလွမ်းအိမ် တို.မျောက် အုံးသီးရသလိုပဲ။ အဟက်ဟက်။ ဒီဘလော့ လေးကိုစ လုပ်ဖြစ်တာ လာမဲ့ ၈ရက်နေ.ဆို ၂လတင်းတင်းပြည့်ပြီ။ စုစုပေါင်း ပိုစ့် ဒီတစ်ခုပါနဲ. ဆိုရင် ၆၃ခု ရှိပြီပေါ့။ အမေ ကတောင်မှ စာသာ ဒီလောက်ကြိုးစား ရင် The Whole Burma 1st တွေဘာတွေ ထွက်လောက်တယ် တဲ့။ အဲလောက်ထိ အောင်ပဲနော်။ မြန်မာစာ ရိုက်တာဆို လဲကျွမ်းလိုက်တာ ဆိုတာ အဟက်ဟက် အင်္ဂလိပ် လိုဆိုရင်တောင် သိပ်မရိုက် တတ်တော့ဘူး။ ဘလော့ ရေးခြင်းရဲ. ကောင်းကျိုးတွေ ပေါ့။ နောက်ပြီးတော့ တစ်ခုခု ဆိုဘလော့ ဖို. ကြိုးစားနေတော့ စိတ်မလေ ဘူးပေါ့လေ။ ဘလော့ရေးတာ ရောလိုက်ဖတ် တာရောက၊ အလွမ်းအိမ် မျက်နှာ မသစ်ခင် စပြီး လုပ်တဲ့ အလုပ်ပေါ့။ ညဆိုလဲ ၂နာရီ ၃ နာရီမှ အိပ်ဖြစ်တယ်။ ဘလော့တွေ လိုက်ဖတ်နေလို.။ ဘလော့ဂါတွေ ကလည်းလေ ဘာလို.များ ဖတ်မိပြီဆို ကွန်ပြူတာနဲ. မျက်နှာ ခွာလို.မရအောင် အရေးတွေ ကောင်းနေကြ တာလဲမသိဘူး။ ၁၁း၃၀ လောက်မှ ထမင်း၊ ဟင်းကို ဒုံးပျံ နှုန်းနဲ. အပြေးအလွားချက်။ ဒါတောင်မှ ဟင်းကို ရေထည့်တားပြီး တော့ဘလော့ပြန် လာဖတ်တတ်သေးတယ်။ ၁၂နာရီဆို အမြန်နှုန်းနဲ. ထမင်းစား ရတာ ဒိုင်နာ ဘစ်စကားက တောင် အမေခေါ် လောက်တယ်။ ပြီးတာနဲ. အမြန်မြန် ဆေးကြော၊ ဆပ်ပြာရည် စင်တာ မစင်တာ ကိစ္စမရှိ၊ ပန်းကန်တွေ ကိုမှောက်ထားလိုက် ရင်လေတိုက် ပြီးစင်သွားလိမ့် မယ်။ အရေးကြီးတာ ဘလော့ အဖတ်၊ အရေး မပျက်ဖို.ပဲ။ အမေ ဆိုလဲ အလွမ်းအိမ် ဘလော့ဂါ ဖြစ်ကတည်းက ကြက်ဥနဲ. နှစ်ပါးသွား နေတာ၊ ဟိုတစ်ခါ ဘလော့ တစ်လပြည့် မွေးနေ.ရောက်မှ ပဲကောင်းကောင်းစား ရတော့တယ်။ အမေက ထမင်းစားပြီး ရင်ရုံးပြန်ရင်တောင် လိုက်မပို.အားဘူး။ အမေရေ တံခါးကို အပြင်က ပိတ်ခဲ့ပါဆိုပြီး မှာရတယ်။ ပြီးတာနဲ. လေးနာရီ ဆိုတာ ခဏလေးနဲ. ထိုးသွားရော။ အမေတို. မောင်လေးတို. ပြန်လာကြရင် အလွမ်းအိမ်လဲ ထုံးစံအတိုင်း ဒုံးပျံနှုန်းနဲ. ဟင်းနွေး၊ ဟင်းချက်လုပ်။ ထမင်းကို စားချင်ချင် မစားချင်ချင် အတင်းကျွေး ပြီးတာနဲ. အလွမ်းအိမ်လဲ ကွန်ပြူတာ ရှေ.ပြန်ရောက်တာ ည၂နာရီ ၃နာရီမှ အိပ်ဖြစ်ရော။ ခရီးသွား ရရင်တောင်မှ ကင်မရာ တစ်လုံးနဲ. ဘလော့ဖို. ပြင်ရတာ အမော။ မလုပ်ဘူး ကွာဆိုပြီး တော့လဲ နေလို.မရဘူး။ တစ်အားလုပ်ချင်တာ။ ရေးချင်လွန်း လို. တစ်ပိုင်းကို သေနေတာပဲ။ အဲတော့လဲ ဘလော့ရေး ရတဲ့ဒုက္ခပေါ့။ စစခြင်း ဘလော့စပေါ့ နဲ.ဘလော့ တာသိပ်အဆင် မပြေဘူး။ ခေါင်းစဉ်တွေက ?? တွေပေါ်လို ပေါ်။ ရေးထားတဲ့ စာတွေက လဲဟိုတစ် ကြောင်းဒီ တစ်ကြောင်း ကွက်တိကွက် ကြား။ လုပ်ကြပါဦး ကယ်ကြပါဦးနဲ.။ ပထမဆုံး လာကူညီပေးတာ ကိုမှော်ဆရာ နဲ. ဆရာရန်အောင်။ နောက်တော့ အမ မိုးချစ်သူ။ အားလုံးဝိုင်းပြီး ဟိုလို လုပ်ကြည့်ပါလား ဒီလိုလုပ်ကြည့် ပါလားနဲ. အဆင်တွေ ပြေလာခဲ့တာပါ။ ခုတောင် သိပ်ပြီး မကလိရဲဘူး။ တော်ကြာ ပျက်သွားရင် ပြန်မပြင်တတ်လို. ခုလိုလေး အသာလေး ငြိမ်နေတာ။ ကျွန်မလဲ ဆက်တက်ချင်တာပေါ့။ ဒါပေမဲ့ ဘလော့ဂါ တော်တော်များများကို ကိုပီကေ တက်ထားပြီး ပြီဆိုတော့ ဆက်မတက် တော့ပါဘူးနော်။