Sunday, January 6, 2008

ခရီးစဉ်

အလွမ်းအိမ်တို. ဘလော့လောကနဲ. အဆက်ပြတ်သွားတာ တော်တော်ကြာပြီ။ ရေးမယ် ရေးမယ်နဲ. ဘယ်လိုမှ ရေးလို.မရဘူး။ စိတ်က အိမ်လွမ်းတာရော၊ နေရာအသစ်ကို ရောက်စမှာ ဒုက္ခတွေရောက်တာ ရောနဲ. ဆိုတော့ ဘယ်လိုမှကို ရေးလို.မရတာ။ ဘလော့ သယ်ရင်းတွေအားလုံး ကိုတောင်းပန်ပါတယ်။ ခရီးထွက် တုန်းကအတွေ. အကြုံတွေ ဒုက္ခတွေအများ ကြီးရောက်လိုက်တယ်။
ပထမဆုံး အာဖရိကကနေ Delta airline ကိုစီးပြီးတော့ ၂၅ရက်နေ.မှာ ထွက်လာခဲ့တယ်။ ၁၀ နာရီလောက် စီးပြီးသကာလမှာ အာဖရိက ထိပ်ဖျားက Senegal နိုင်ငံ Dakar မြို.မှာ ခရီးသယ် တစ်ချို.ကို တင်ပါတယ်။ ပြီးတော့ လေယာဉ်ဆီဖြည့် ပါတယ်။ ခရီးသည်တင် တော့ cargo door ဖွင့်ရတော့တာပေါ့နော်။ ပြီးတော့ ပြန်ပိတ်လို. မရတော့ဘူး။ ပြင်တယ် ပြင်တယ်၊ ၁နာရီလောက် ပြင်ကြည့်တာကို လေယာဉ်ပေါ် မှာထိုင်စောင့်နေပြီးတော့ လုံးဝပြင်လို. မရတော့ပါဘူးတဲ့။ အသစ်လဲမှ ရတော့မယ်တဲ့။ အသစ်ကလဲ စပါယ်ယာ မရှိတော့ နောက်ထွက်လာမဲ့ လေယာဉ်နဲ. တောင်အာဖရိက နိုင်ငံကိုပြန်မှာရပါတယ်။ ဒါပေမဲ့ ၁ရက် Senegal မှာနေရပါမယ်တဲ့။ ဟော်တယ် တွေဘာတွေ လေယာဉ် ကုမ္ပဏီက စီစဉ်ပေးပါမယ်တဲ့။ လေဆိပ်ကနေ ကူပွန်လေးတွေ ထုပ်ပေးတယ်။ မနက်ဖြန်ပြန်ထွက်ဖို. အတွက်ပေါ့။ ကူပွန်လေးတွေ ကိုင်ပြီး immegration ကို ပတ်စပို.နဲ. လေယာဉ်လက်မှတ်ကလေး ပြပြီးဖြတ်ရပါတယ်။ အရှေ.ကလူတွေ ဖြတ်တော့ ပတ်စပို.လေး ကြည့်ပြီးသွားတော့ သွားတော့နဲ. အလွမ်းအိမ်လဲ ကိုယ့်ပတ်စပို.လေး ကိုယ်ကိုင်ပြီး အလှည့်ရောက်ဖို. တန်းစီရပါတယ်။ အလွမ်းအိမ်အလှည့်လဲရောက်ကော immegration officer ကအလွမ်းအိမ် ပတ်စပို.ကိုကြည့်ပြီး မြန်မာပတ်စပို. ဒီမှာဆိုပြီး သူ.အထက်အရာရှိကို အော်ပြောပါတယ်။ ပြီးတော့အလွမ်းအိမ်ကို ပတ်စပို. ရဲစခန်းမှာ ထားခဲ့ရမယ်တဲ့ မနက်ဖြန် လေဆိပ်ဆင်းတော့မှာ ပတ်စပို.ပြန်ပေးမယ် ဆိုပြီးသိမ်းထားလိုက်ပါတယ်။ အဲတော့ အလွမ်းအိမ်နောက်မှာ ရပ်နေတဲ့ အဖြူမကြီးတွေက နင်တို.ဒီလို သူများပတ်စပို.ကို သိမ်းလို. ဘယ်ရမလဲ၊ ပတ်စပို.ဆိုတာ ခရီးသွားတဲ့သူနဲ. ခွဲပြီးသိမ်းထားလို. ဘယ်ရမလဲဆိုပြီး immegration ကလူတွေကို ၀ိုင်းရန်တွေ.ပါတော့တယ်။ အလွမ်းအိမ်မှာလဲ တစ်ခါမှ ဒီလိုမကြုံဖူးတော့ မျက်နှာဆိုတာ ဇီးရွက်ကတောင် အမေခေါ်ရမယ်။ ဒါပေမဲ့ ရဲတွေက ပတ်စပို.မပေးခဲ့ရင် ထောင်ထဲမှာ တစ်ညသိပ်မဲ့ ပုံနဲ.ဆိုတော့ ပတ်စပို.လေး ထားခဲ့ရပါတယ်။ လေကြောင်းလိုင်း ကလူတွေက သူတို.ပတ်စပို.ကို နောက်နေ. မနက်အစော ရရပါစေ့မယ်တဲ့။ အဲတော့ ဂျာမန်မကြီးတစ်ယောက် ကသူနဲ. အတူတူနေတဲ့ ၊ တော်ကြာ ဒီကောင်တွေက အလွမ်းအိမ် အူကြောင်ကြားကို တစ်ပတ်မဟုတ်ဘူး ၃၊၄ပတ်လောက် လှည့်ပြီး ပတ်စပို. ပြန်မပေးရင် ဒုက္ခရောက်မှာ စိုးလို.တဲ့။ ကျန်တဲ့ ခရီးသည်တွေ ကလဲ အလွမ်းအိမ် မနက်ဖြန် လေယာဉ်ပေါ်မှာ မပါရင် လေယာဉ်ပေါ်မတက်ဘူး ဆိုပြီး ဆန္ဒတွေပြကြပါတယ်။ တော်ပါသေးရဲ. ဒီအူကြောင်ကြား အလွမ်းအိမ်ကို ကူညီမဲ့သူတွေ တွေ.လို.။ ဘယ်လိုပဲပြောပြော အလွမ်းအိမ်က ကိုယ့် ပတ်စပို.ဆိုတော့ စိတ်ကတော့ ပူရတာပေါ့နော်။ Dakar မြို.က ကမ်းခြေမြို.လေးဆိုတော့ လည်စရာတွေများ မှများ၊ ဒါပေမဲ့ အလွမ်းအိမ်လဲ ကိုယ့်အပူနဲ. ကိုယ်ဆိုတော့ အခန်းထဲကကိုမထွက်ဘူး။ ၂၆ရက်နေ. ရောက်မယ်ဆိုပြီးတော့ လာကြိုမဲ့သူတွေ ကိုပြောထားတာဆိုတော့ အမြန်ပြန်ပြီး ဖုန်းတွေခေါ်၊ အိမ်ကိုလဲ ဆီနီဂေါ မှာရောက်နေတယ်ဆိုပြီး အကြောင်းကြား ဖို.လုပ်ရတော့တာပေါ့။ ဖုန်းက တစ်ယောက်ကို တစ်ခါပဲ ခေါ်ခွင့်ပေးတယ်။ ၁၀မိနစ်တဲ့။ ပိုက်ဆံပေးပြီးခေါ် မယ်ဆိုတော့ တစ်ခါခေါ် ဒေါ်လာ၂၀တဲ့။ အဲတော့ ခရီးသည်တွေထဲက ဟန်းဖုန်းကို international roaming လုပ်လာတဲ့ သူတွေက ကျန်တဲ့ ခရီးသည်တွေကို ဖုန်းပေးသုံးပါတယ်။ သုံးတဲ့သူတွေက လဲအလိုက်သိသိနဲ. မြန်မြန်သုံးကြပါတယ်။ ဒီခရီးလေး တစ်ရက်အတွင်း အသိတွေ အများကြီးရလာသလို ခရီးသည်အချင်းချင်း လဲရိုင်းပင်းကူညီကြပါတယ်။
အလွမ်းအိမ်ကတော့ နောက်နေ.မြန်မြန်ရောက်ချင်လို. အိပ်ပြီးတော့သာ နေပါတော့တယ်။ နောက်နေ. မနက်အစောကြီး လေဆိပ်ဆင်းရပါတယ်။ ပြောထားတဲ့ အတိုင်း အလွမ်းအိမ်ရဲ. ပတ်စပို.လေးကို ယူလာပေးကြပါတယ်။ ပတ်စပို.လေး လက်ထဲမှာ ရတော့မှ သက်ပြင်းချနိုင်ပါတော့တယ်။
ဆက်ရန်

1 comment:

Chit Lay Pyay said...

ခရီးအဝေးကြီးကို တစ်ယောက်ထဲ ဒုက္ခ အမျိုးမျိုးနဲ့ အောင်မြင်စွာ ဖြတ်ကျော်လာနိုင်တာ ချီးကျူးပါတယ်ကွယ်၊ တစ်ယောက်တည်း ဘယ်လောက် အားငယ်မယ် ဆိုတာ တွေးကြည့်တာနဲ့ သိနိုင်ပါတယ်၊ ဒါပေမယ့် ညီမလေး ဘာမှ စိတ်မပျက်နဲ့နော်၊ အားတင်းထား ကိုယ့် ဘ၀ တိုးတက်ရေး အတွက် နောင်ဆိုရင် ဒါတွေက အသေးအဖွဲ ဖြစ်သွားမှာ ကျန်းမာရေးသာ ဂရုစိုက်၊ အလွမ်းအိမ်လေး ပိုလွမ်း နေတော့မှာပေါ့၊