Friday, January 11, 2008

ဆရာမအိမ်ကို အလည်သွားမယ်။

အလွမ်းအိမ် အမေရိက ကိုရောက်ပါပြီ။ နောက်ဆုံးလေဆိပ်မှာ အထုပ်တွေ ယူပြီး လာကြိုမဲ့ သူတွေနဲ. နောက်ဆုံးမှာ ဆုံပြီးတော့ ကျောင်းကိုရောက်သွားပါတယ်။ ခုတော့ အခန်းလေးထဲ မှာကိုယ်တစ်ယောက်ထဲပါပဲ။ တစ်နေ.လာလဲ ခေါက်ဆွဲပြုတ်၊ နောက်တစ်နေ.လာလဲ ခေါက်ဆွဲ ရေနွေးစိမ်နဲ.ပါ။ အခန်းကျဉ်းလေးထဲက အပြင်ထွက်ဖို.၊ လူတွေနဲ.တွေ.ဖို. ကြောက်တတ်တဲ့ အလွမ်းအိမ်မှာ အပြင်ကို သိပ်မထွက်ပါဘူး။ ကျောင်းသွားရတော့မှ၊ ဘဏ်တွေ ဘာတွေ သွားရတော့မှပဲ၊ ကားကြုံရှိတော့ မှဈေးဝယ် တစ်ခါတစ်လေ လိုက်ဖြစ်ပါတယ်။ ကျောင်းက လာမဲ့တနင်္လာနေ. မှဖွင့်မှာဆိုတော့ ဒီကြားထဲမှာ အလွမ်းအိမ် ၁ပတ်လောက် အားနေပါတယ်။
ဒီနေ.တော့ နိုင်ငံတစ်ကာ ကျောင်းသားတွေ စုပြီးတော့ ဆရာမအိမ်မှာ သွားစုကြတယ်။ စုစုပေါင်း ၁၀ယောက်လောက် ရှိလိမ့်မယ်။ အလွမ်းအိမ်ဆီကို ဖုန်းဆက်ပြီး ခေါ်တော့ အလွမ်းအိမ် နေမကောင်း ဖြစ်တယ်ဆိုပြီး ငြင်းလိုက်ပါတယ်။ အပြင်မထွက် ချင်တဲ့ အလွမ်းအိမ် အိမ်တွင်းပုန်းပေါ့။ ဒါပေမဲ့ ညနေစောင်းတော့ ဆရာမကိုယ်တိုင် အလွမ်းအိမ် အခန်းကို ရောက်ချလာပါတယ်။ နေမကောင်းတဲ့သူက ရုပ်ရှင်ကို မုန်.ပေါင်းများစွာစားပြီး ထိုင်ကြည့်နေပါတယ် အဟဲ။ ဆရာမကိုယ်တိုင် လာခေါ်တော့မှ အားနာတာနဲ. အလွမ်းအိမ်လဲ လိုက်သွားရပါတော့တယ်။ ဆရာမရဲ. သားနဲ. သမီးနှစ်ယောက် ကလဲ လာချင်တယ် ဆိုလို.တူတူလာ ဆော့ကြတယ်။ အားလုံးက အသက် ၂၀-၂၅ ပတ်ဝန်းကျင် မှာရှိကြတော့ ရွယ်တူတွေ စုပြီးစကားပြောကြ တော့ကြဆိုတော့ ပျော်စရာတော့ အကောင်းသား။ ဆရာမကလဲ သဘောကောင်း တော့လုပ်ချင်တိုင်း ကိုလုပ်နေကြတော့ တာပေါ့။ ဆရာမ အိမ်က တောထဲမှာ အပန်းဖြေအိမ်အတွင်း မှာနေကြတယ်။ တောထဲမှာ ဒရယ်တွေ၊ ခွေးအတွေ အရမ်းများပါတယ်။ ဆရာမ အပန်းဖြေအိမ်က တောထဲမှဖြစ်တဲ့ အပြင် ဒီအနားမှာ အိမ်တစ်အိမ်ပဲ ရှိပါတယ်။ ဒါတောင်မှ အဲဒီအိမ်ကို ၅မိနစ် လောက်ကားမောင်းရပါတယ်။ အဲတော့ မြေခွေးတွေများ အုပ်စုဖွဲ.ပြီးလာ တိုက်ခိုက်ရင် အနီးဆုံးအိမ် ကိုအမြန်ပြေးပါလို. ဆရာမက မှာထားပါတယ်။ တစ်ကယ်ကတော့ ခြောက်တာပါ။ နှင်းတွေကလဲ အထူကြီး ကျနေပါတယ်။ အေးလွန်းလို. အုပ်စုဖွဲ.ပြီး ဆော့ပြီးတဲ့ အချိန်မှာ အလွမ်းအိမ် တို.တစ်ယောက်ထဲ မီးလင်းဖို နားမှာ ထိုင်ပြီး ဘလော့ ရေးနေပါတယ်။ ကျန်တဲ့လူတွေ ကတော့ မီးဖိုထဲမှာ အရက် အပျော့စား သောက်နေကြတယ် ဆိုပါတော့။ ဆရာမ အိမ်လေးက သစ်လုံးအိမ်လေးပါ။ ဒါပေမဲ့ ၃ထပ်ရှိပါတယ်။ မြေတိုက်ထဲမှာ တစ်ထပ်ရှိပါတယ်။ လူဖြူတွေဆိုတော့ အပန်းဖြေအိမ်ကို အပျံစား ပြင်ထားပါတယ်။ အိမ်က ကနေဒါနယ်စပ်နားက တောထဲမှာ ဆိုတော့ ဖုန်းတွေလဲ Signal မမိပါဘူး။ အင်တာနက်လဲ မမိပါဘူး။ ဒါပေမဲ့ ကွန်ပြူတာလေးပါလာ တော့ရသမျှ အချိန်လေးမှာ ဘလော့လေး ရေးနေပါတယ်။
ခုတော့ အလွမ်းအိမ် အိပ်ငိုက်နေပါပြီ။ အားလုံးစုပြီးစကား ပြောနေတဲ့ အချိန်မှာ အလွမ်းအိမ်က ထိုင်ငိုက်နေတယ်။ ကနေဒါ နဲ. အမေရိက နယ်စပ်တစ်နေက တိုက်ရိုက် ဘလော့ရေးနေပါတယ်။ စာဖတ်သူများ ကျန်းမာတော်မူစပါကြရှင်။ အဟီး။ ဆက်ငိုက်လိုက်ဦးမယ်။ မနက်ဖြန် ဒီပိုစ့်ကို တင်မယ်နော်။ ခုတော့ အင်တာနက်မရှိလို. အလွမ်းအိမ် မီးလင်းဖိုဘေးမှာ နွေးနွေးနဲ. အိပ်ငိုက်လိုက်ပါဦးမယ်။

2 comments:

Chit Lay Pyay said...

အလွမ်းရေ ဘလော့ဂ် ပြန်ရေးပြီလား၊ ၀မ်းသာလိုက်တာ၊ အလွမ်းတစ်ယောက် နေရာသစ် မှာ မြန်မြန် အဆင်ပြေ ပါစေကွယ်၊

ကလိုစေးထူး said...

အမေရိကန်နဲ့ ကနေဒါနယ်စပ်ဆိုတော့ မဟုတ်မှလွဲရော... ကယ်လီဖိုးနီးယားတို့ အရီဇိုးနားတို့ပဲ ဖြစ်ရမယ်။ :P ဟားဟား။ စတာပါ။ အလွမ်းအိမ် အားလုံး အဆင်ပြေချောမွေ့ပါစေဗျာ။ Welcome to the United States :)