Saturday, November 10, 2007
ဟ လာပြန်ပြီ အစားအသောက်။
သူငယ်ချင်းတို.ရေ အလွမ်းအိမ် ကိုစိတ်တော့ မဆိုးကြနဲ.ဦး။ ပွဲတွေကဆက်နေတာ ဒီနေ.လေ ဒီက မြန်မာတွေ စုပြီး မုန်.လုပ်စားကြတယ်။ စနေနေ.ဆိုတော့လေ အဲဒါ ဓါတ်ပုံတွေ တင်ပေးလိုက်တယ်။ မုန်.တွေချည်းတင် နေရတာအားတောင်နာလာပြီ။ မုန်.ပျားသလက် စားချင်နေတဲ့ အလွမ်းအိမ် အတွက် ဒီက ချစ်အန်တီတွေ နဲ. အမေက အာသာပြေဆိုပြီး မုန်.ပျားသလက် လုပ်ပေးပါတယ်။ တစ်ယောက်ထဲ စားရတာ မျိုမကျ လို.ဘလော့မိသားစုလေး နဲ.ဝေစားလိုက်ပါတယ်။ အားရပါးရစားနော်။
မုန်.ပျားသလက်နဲ. ကြက်သွန်ကြော်။ ခရမ်းချဉ်သီး အချဉ်။
ပဲပြုတ်နဲ. ထမင်းကြော်။ သယ်ရင်း တစ်ယောက်နဲ. online မှာတွေ.တော့ သူက ပဲပြုတ်နဲ.ထမင်း စားချင်တယ်တဲ့။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ လူတော်တော်များများ ကပဲပြုတ် စားရဖို.ဆိုတာ မလွယ်ဘူးဆိုတာ သိလို.ပါ။ ဒီမှာတော့ ငှက်စာဆိုင်တွေ မှာဝယ်လို.ရတယ်။ ကောင်းမှကောင်းပဲ။ ကျွန်မတို.မြို.မှာ တော့မဟုတ်ဘူး။ နဲနဲဝေးတယ်။ ရှိတာလေးကို ချွေတာစားရတယ်။ သယ်ရင်းတို. ကိုကျွေးချင်လို.။ စားသွားကြပါနော်။
ဒါကတော့ ဟိုနေ.ကလုပ်စားတဲ့ ကြေးအိုးဆီချက်။
Subscribe to:
Post Comments (Atom)
5 comments:
အလွမ်းအိမ်တို့ လုပ်လိုက်မှဖြင့် အစားအသောက်ကြီးပဲ .. စားလည်းစားရပဲနဲ့ အဟင့်.... ဒါနဲ့ ကျနော့်gtalk ID ပေးလိုက်တယ်.. အပ်မှာလား ?
thannaingoo85@gmail.com
အဟား။ ဒါမှ အစစ်။ ကောင်းသဗျာ။ အညာမှာတော့ အဖြူလို့ ခေါ်တယ်။ ထန်းလျက်ရည်နဲ့က အနီလေ။ အကြော်နဲ့ အချဉ်နဲ့ မုန့်ပျားသလက်အဖြူနဲ့ သိပ်လိုက်။ ဟိုဘက်ပန်းကန်ထဲက ၆ခု, ဒီဘက်က ၄ခုတော့ တွေ့တယ်။ အမယ်လေးလေး… ကြက်သွန်မိတ်လေးတွေ ပဲပြုတ်လေးတွေလဲ ဖြူးလို့။ ဆီလေးတွေလဲ ဝေ့နေတာပဲ။ ရတယ် ရတယ်။ ဘာမှမပူနဲ့။ အကုန်စားမှာ။ အင်း မစားရတာ ဆယ်စုနှစ် တစ်ဝက်ကျိုးတော့မယ်ဗျာ။ ဓာတ်ပုံလေး မသွားမယ်နော။
မုန့်ပျားသလက်နဲ့ အကြော်စားချင်တယ်။ မုန့်ပျားသလက် ၊ အကြော် ကို ကတ်ကြေးနဲ့ကိုက်၊ စားတော်ပဲပြုတ် ထည့် နောက် ကြက်သွန်နီ၊ ကြက်သွန်မိတ်၊ နံနံပင် ဆီလေး ဆားလေးထဲ့ ပြီး သုတ်စားလိုက်ချင်တယ်။ နောက်တခါလုပ်ရင် ခေါ်လိုက်ပါဦးနော်။
မုန့်ပျားသလက် သိပ်ကြိုက်တာ ဘိန်းမုန့် မကြိုက်ဘူး မုန့်ပျားသလက် နဲ့  ပုစွန်ခွက်ကြော် ချက်နည်းလေးမျှပါအုန်း အကြော်ကြော်ဖို့  အစပ် အဟတ် မတဲ့လွန်းလို့  လေ.
ဒီဘလော့လာရင် တောက်တောက်ယို ပြန်ရတာချည့်ဘဲ မျက်ရည်ရော သွားရည်ရော.. တင်ပေးတဲ့ အတွက် ကျေးဇူးပါဘဲ...
Post a Comment