Sunday, November 11, 2007

ရေကြောက်တဲ့ ကျွန်မ

အလွမ်းအိမ်တို. အစားအသောက်တွေနဲ. နပန်းလုံးနေတာ တော်တော်ကြာပေါ့။ ဘလော့မွေးနေ.ထဲကပဲ။ ဘာပိုစ့် တင်ရမလဲလဲ မသိဘူး။ ခုတစ်လောကလဲ ရေကူးလဲသင်ရဦးမယ်။ ကားမောင်းလဲသင်နေပါတယ်။ ကားဝယ်တော့မယ် ပေါ့ဆိုပြီးအထင်ကြီး မသွားနဲ.ဦးနော်။ ဟဲဟဲ အမောင်းသာသင်တာ ကားဝယ်စီးဖို့ ပိုက်ပိုက်က ဘယ်ဆီများရောက်နေပါလိမ့်။ လေးဘီးကားတောင် မ၀ယ်နိုင်သေးတဲ့ ဘ၀။ အမယ် လေးဘီးကားက ဝေးလို. ဆိုက်ကားလေး ၀ယ်နိုင်ရင်တောင် မပြောပါဘူး။ ခုတော့ ပိုက်ဆံက ကွင်းကွင်းသွားတယ်။ ကဲ ရေကူးတာကလဲ အသက်ကဖြင့်ကြီး လှပြီ ရေကခုထိမကူးတတ်သေးဘူး။ အဖြစ်ကသိပ်မရှိဘူး ရေထဲများပြစ်ချလိုက် ပလုံဆို တစ်ချက်ပဲ၊ မြုတ်သွားတာကို ပြောတာပါ။ မြန်မာပြည်မှာ တုန်းကဆို ပင်လယ်ကမ်းစပ် တောင်ရောက်ဖူးတာ မဟုတ်ဘူးရယ်။ ကြွားတာ ကြွားတာ။ ရေဘ၀ဲ ကြောက်တာရော၊ ရေကြောက်တာရော ပေါင်းတော့ ရေကူးတတ်ဖို.ဝေးလို. ရေတောင်မှန်မှန်ချိုးတာ မဟုတ်ဘူး။ ဂျီးကလဲထူပါ့။ ကိုယ့်ဂုဏ်တွေကို ဖေါ်နေတာ။ ရေဆိုလို.ပြောရဦးမယ် ငယ်ငယ်ကပေါ့ ရွှေစက်တော် သွားကြတယ်။ ရေမကူးတတ်တဲ့ အလွမ်းအိမ်လဲ ရေစပ်မှာ ယက်ကန်ယက်ကန်နဲ.ပေါ့။ မန်းချောင်းဆိုတာ သိတဲ့အတိုင်း တိမ်တိမ်လေးရယ်။ ဒါတောင် ရေစပ်က မတက်ရဲဘူး။ အဲလိုယက်ကန် ယက်ကန်ဖြစ်နေတုန်း ဗြုံးဆို ၀ါးလုံးစိမ်းလေးမျောလာတယ်။ ရေလယ် ကိုဆင်းချင်လို. ခွင်စောင့်နေတဲ့ အလွမ်းအိမ်လဲ ပျော်သွားတာပေါ့။ ၀ါးလုံးလေးကို ထောက်ကာထောက်ကာ နဲ.ရေလယ်ကိုဆင်းလို.ရပြီကိုး။ အဲလိုနဲ. ထောက်ထောက်သွားတာ ရေစီးက လဲသန်တော့ ၀ါးလုံးကို အားနဲ.ဖိထောက်ချ လိုက်မှ ချောင်းအောက်ကို မိမိရရ ထောက်မိပြီး ရေထဲကို ရေစီးနဲ. မျောမျောမပါတာလေ။ အဲတော့ အားရပါးရထောက်တာပေါ့။ ကြောက်ကလဲကြောက်သေးတယ်လေ။ အဲလို ထောက်ထောက်သွားတာ အဆင်ပြေနေတုန်းရှိသေးတယ် တစ်ချက် ထောက်ချလိုက်တာ ရေစီးနဲ.၀ါးလုံးက ကိုယ်ထောက်ချင်တဲ့ နေရာကိုမရောက် ပဲကိုယ့်ခြေမကိုထောက်မိလို. ခြေမကြီးကွဲ ပါလေရောလား။ အမလေးလေး နာလိုက်တာဆိုတာ။ နာသွားတော့ ရေထဲမှာဆိုတာကို မေ့ပြီး ဆောင့်ကြောင့်ထိုင်ချ လိုက်တာ ရေမွန်းပြီး နစ်ပါတော့တယ်။ တော်ပါသေးရဲ. ဘေးနားမှာ ရှိတဲ့ အမ ၀မ်းကွဲရဲ. ထမီကို အတင်းဆွဲတာ။ သူကလဲ ရေအောက်က ဆွဲတယ်ဆိုပြီး ပြန်ဆွဲနဲ. တော်တော်ရုံးရင်းဆန်ခတ် ဖြစ်ပြီးမှ ရေပေါ်ပြန်ပေါ်တယ်။ အမ၀မ်းကွဲလဲ ကြောက်ပြီးနောက်ဆို ဒေါ်အလွမ်းအိမ်နား ရေလာမကူးတော့ဘူး။ မမရေ မမထမီကို ဆွဲချင်လို. ဆွဲတာ မဟုတ်ဘူးနော် ဟီး ရေနစ်သူ အတွက် မြက်ပင်လေးတစ်ပင် ဆိုလဲဆွဲမှာ ပဲလေ။ ဟီးဟီး စိတ်မဆိုးပါနဲ.လို.။

တော်သေးပြီ။

6 comments:

Nyein Chan Aung said...

စာအရေးအသားညက်ပါ့ဗျာ..။ စာတိုတိုလေးနဲ့ အလွမ်းအဆွေးဟာသရသ စုံအောင်ရေးနိုင်ပါပေရဲ့..။ ဒီလက်အတိုင်းဆို သေချာတယ် ဆရာမဖြစ်ဖို့..။

This is about... said...

ကျေးဇူးပါပဲ အကိုကြီး။ ဟီး ဂယ်ပြောတာလား စာရေးဆရာမ ဖြစ်မယ်ဆိုတာ။ ဟီးဟီး။

စိုးထက် - Soe Htet ! said...

တစ်ကယ်ဗျ ... :)

Winkabar said...

ဟုတ်တယ်အစ်မ တကယ်ကောင်းတယ်။

ဖြစ်မှဖြစ်ရလေအစ်မရယ်။ ရေတော်တော်ကြောက်သွားလား။

This is about... said...

ကျေးဇူးပါပဲရှင်

Chaos said...

ကောင်းတယ်ဗျာ