Tuesday, November 20, 2007

မိုးရွာတဲ့ နေ့လေးတစ်နေ.

မနေ့က အလွမ်းအိမ် ပက်လက်ကုလားထိုင် တစ်လုံးနဲ. ဇိမ်ကျနေတာ။ မှန်ပြတင်းပေါက်လေး ကိုအသာဖွင့်လို. လေအေးအေး လေးတွေက ပြတင်းပေါက်ကြားကနေ ၀င်လာပြီး ပူလောင်နေတဲ့ နေ.ကိုအပူ သက်သာအောင် ကူညီပေးတယ်။ ခဏနေတော့ အလွမ်းအိမ်လဲ မှေးကနဲ အိပ်ပျော်သွားတာပေါ့။ အဲဒီအချိန်မှာပဲ ဖတ်ကနဲ ထောက်ခနဲ မိုးစက်လေးတွေ ၀င်လာတယ်။ ပြတင်းပေါက် ကိုကျော်ပြီးတော့ အလွမ်းအိမ် မျက်နှာကို လာစင်တယ်။ အေးခနဲ အေးခနဲ ဖြစ်ဖြစ်သွားတာပေါ့။ အလွမ်းအိမ် လဲပြတင်းပေါက်ကို မပိတ်ပဲ မိုးနံ့ လေနံ့ လေးကိုရှူ မိုးစက်ကလေး တွေကျလာတာကို ကြည့်နေရင်း ဘလော့ရေးဖို့ စဉ်းစားတာပေါ့။ အလွမ်းအိမ် နေနေတဲ့ နေရာပေါ်မှာ ကယူကလစ်ပင်ကြီး ရှိတယ်။ အဲဒီအောက်မှာ အိပ်ပျော်နေတာ ဆိုတော့ မိုးရေစက်တွေက ယူကလစ်ရွက် ချွန်ချွန်လေးတွေ ပေါ်မှာ ဟီးလေးခိုပြီးမှ အောက်ကို ဒိုင်ဘင် ထိုးထိုးချတာ ကိုမော့ကြည့်နေဖြစ်တယ်။ အမှန်တော့ မော့စရာ မလိုပါဘူးလေ။ ပလက်ကုလားထိုင် မှာထိုင်နေတာပဲ။ မိုးက ၀ုန်းဒိုင်းကျဲ မရွာပဲ ခပ်ဖျောက်ဖျောက် ကျနေတယ်။ နေအရမ်း ပူနေရာက အခုလို မိုးလေးတွေရွာတော့ မိုးနံ့လေးဆိုတာ သင်းနေတာများ ပြောမနေပါနဲ.တော့။ နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုတာ နိုင်ငံ အတော်များများမှာ ဆောင်းဝင်ပြီပေါ့။ ဒါပေမဲ့ အာဖရိကတိုက်မှာတော့ အရိုးကွဲလု မတတ်အေးနေတဲ့ ဆောင်းက လွတ်မြောက်ပြီး နွေရာသီကို ၀င်ခဲ့ပြီပေါ့။ ဆောင်းတွင်းတတွင်းလုံး ပုန်းနေတဲ့ သစ်ရွက်ကလေးတွေလဲ ပြန်ထွက်ကြပြီ။ ပန်းတွေလဲ ပွင့်နေကြတဲ့ အချိန်ပေါ့။ နှင်းဆီ ဆိုတာ နေရာတကာမှာ အရောင်စုံပွင့်နေ လိုက်ကြတာ။ ခူးချင်တာ လက်ကိုယားနေတာပဲ။ ဒါပေမဲ့ ဒီမှာ လူတွေက ပန်းတွေ တအားပွင့်ပါရက်နဲ. ဘယ်သူမှ မခူးကြဘူး။ သူတို.က ဘုရားတင်ဖို. ဆိုပြီးလဲ မခူးဘူး။ ပန်ဖို.ဆိုတာ ဝေးရောပဲ။ ပန်းဆိုင်တွေ မှာဝယ်တော့လဲ ပန်းတွေဒီလောက် ပွင့်ပါရက်နဲ. ဈေးတွေက ခေါင်ခိုက်နေတာပဲ။ အဲဘယ်တွေရောက် ကုန်ပါလိမ့်။ ပြောနေတာက မိုးရွာတဲ့ ကိစ္စပါ။ အဲအဲ အဲဒါနဲ. ခဏနေတော့ မိုးတိတ်သွားတာပေါ့။ မိုးရွာပြီးစ ကောင်းကင်ကြီးက အုံ့မိုင်းမိုင်းပဲ။ သူငိုလို. မ၀သေးဘူးလို့ ပြောနေသယောင်။ အရာအားလုံး ဟာလဲ ရေထိထားလို. လန်းနေတယ်။ လူတွေကလဲ အပူလျော့သွားလို. ပြုံးနေကြတယ်။ မိုးရွာတဲ့ နေ့လေးတစ်နေ.ကို ဒီမှာပဲ အဆုံးသတ်လိုက် မယ်နော်။

1 comment:

နရစိုး said...

မိုး..မိုး ဘာလို့ ရွာ .မိုး ရွာလို့ ရွာတဲ့..
ငိုလို့ မ၀သေးတဲ့ ကောင်းကင် ကိုပြောလိုက်ပါ .. တိတ် တိတ် .လို့ =)