Friday, November 9, 2007

လွမ်းသောအရာ


လင်းက လွမ်းသောအရာတဲ့ တက်တယ်။ ဟီး ဒီမှာလဲ လွမ်းတတ်လွန်း လို. အလွမ်းအိမ် ဖြစ်နေတာပါလင်း ရေ။ ဟီးဟီး။ ပြောပြချင်လွန်းလို.။ ပြောပြချင်လွန်းလို.။ ပထမဆုံးလွမ်းတာက လင်း လိုပဲ ၀က်သားဒုတ်ထိုး။ လင်းလိုပဲ အူပိတ်ကြိုက်တာ တစ်အားပဲ။ ၀က်သားဒုတ်ထိုးဆိုင် သွားရင်အူပိတ်ပဲ စားတယ်။ တစ်ခြားဘာမှ မစားဘူး။ ဟိုးအရင်က မိန်းထဲမှာ IT တက်တုန်းက ရာမညဆောင် နားမှာ ၀က်သားဒုတ်ထိုးဆိုင် တစ်ဆိုင်ရှိပါတယ်။ အပင်ကြီးအောက်မှာပါ။ သူ.ဘေးနားမှာ ကုက္ကိုပင်ကြီးတွေ အောက်မှာ ဆိုင်းထမ်းနဲ.ရောင်းတဲ့ မန်ကျီးဖျော်ရည်ဆိုင် နဲ. အကြော်စုံဆိုင်ရှိပါတယ်။ အဲဒီ အပင်ကြီးတွေအောက်မှာ လေလေးတစ်ဖြူးဖြူးနဲ. မန်ကျီးရည်လေးသောက် လိုက် ၀က်သားဒုတ်ထိုးလေးစား လိုက် အလွမ်းအိမ်တို. ဇိမ်ကျခဲ့တာပေါ့။ မိုးရွာရင်လဲ အပင်ကြီးတွေက အရမ်းကြီးပြီးအုပ်နေတော့ မိုးက တော်တော်နဲ. မဖေါက်နိုင်ဘူးလေ။ မိုးရွာလဲ မိုးရည်တွေ တစ်စက်စက်ကျနေ တဲ့အပင်ကြီးတွေအောက် မှာဆက်စားတာပဲ။ ငြိမ်းချမ်းလိုက်တာ။ စဉ်းစားရင်းနဲ.တောင် ပြန်ရောက်သွားသလိုပဲ။ နောက်တစ်ခုက တော့မုန်.ပစ်သလက်။ အရမ်းစားချင်တာပဲ။ ရေမုန်.လုပ်စားဖြစ်သွား တာကလေ မုန်.ပစ်သလက်စမ်း လုပ်တာ၊ ရေမုန်.ထွက် လာလို. ဟီး အဲလောက်ထိတော်တာ။ နောက်စားချင်တာက နန်းကြီးသုတ်။ နန်းကြီး အကြီးကြီးတွေနဲ. ပဲမှုန်.များများ နဲ. ငါးဖယ်ကြော်လေးရယ်။ အိုးစားချင် လိုက်တာနော်။ ရှမ်းခေါက်ဆွဲလဲ စားချင်တာပဲ။ ပဲပလာတာလဲ စားချင်တယ်။ ညနေခင်း ၇ နာရီလောက်ဆို အဖေ တို. ဦးလေးတို. မောင်တွေ နဲ. မိန်းကလေးတန်မဲ့ လဘက်ရည် ဆိုင်လိုက်စားတာ။ အတင်းပဲ။ ဟီး ငတ်လိုက်တာ လို.မပြောနဲ.ဦး။ စောသေးတယ်။ လာဦးမှာ။ အလွမ်းအိမ် တို.က အားရင် အစားအသောက် ပဲထိုင်ထိုင်လွမ်းတာ။ ရန်ကုန် မှာချစ်ရတဲ့ သူမကျန်ဘူးဆိုတော့ လွမ်းစရာဆိုလို. ဒီမုန်.လေးတွေပဲ ရှိတာ ပေးလွမ်းကြပါနော်။ အင်း ချစ်သူကို လွမ်းတာမှ တော်သေးတယ် မုန်.ကိုလွမ်းတော့ ဗိုက်ဆာလာတယ်။ ပြီးတော့ ထန်းလျက်လေးနဲ. မုန်.လုံးရေပေါ်။ စားချင်လိုက်တာနော်။ သင်္ကြန်ကိုတောင် သတိရလာပြီ။ ပြောရင်နဲ. လွမ်းတာတွေက များလာပြီ။ ဒွတ်ခ ပဲ။ ညတောင်အိပ်လို. ပျော်မှာ မဟုတ်တော့ဘူး။ ဟီး။ ကန်ဘောင်ကိုလဲ သတိရတယ်။ မနက်ခင်းကျောင်းသွားရင် ကန်ဘောင်မှာ ဆင်းပြီး အဖေါ်မပါ တစ်ယောက်ထဲ သွားသွားထိုင်တတ် တဲ့ကန်ဘောင်က ခုံလေးတွေကို လွမ်းတယ်။ ငါ့နှယ်နော် ဆိုးလိုက်တဲ့ ဘ၀။ ခုံကိုပဲ လွမ်းရတယ်။ ကြိုက်မဲ့သူမရှိလို. ဟီးဟီး။ အဲဒါလဲခပ်ကောင်းကောင်းပဲ။ ပြောပြရဦးမယ်။ တစ်နေ.တော့ မနက်စောစော ခါတိုင်းလိုပဲ ကျောင်းကိုအလာ ကန်ဘောင်မှာ ထိုင်ပြီး ကျောင်းကိုသွားတော့ ဘယ်သူ.ကို တွေ.တယ်မှတ်လဲ။ အောင်အောင်ဦး ကိုတွေ.တယ်။ သိတယ်ဟုတ်။ ဂိုးသမား အောင်အောင်ဦး ဟီးဟီး ဘယ်ရ မလဲ အပြတ်ငမ်း အဲလေ ယောင်လို. အပြတ်ကြည့်ပစ် လိုက်တာပေါ့။ ဟီးဟီး အဲဒီတစ်ခါ ပဲမြင်ဖူးတာကိုး။သူတို.က အပြေးလာကျင့်ကြတာ ထင်တယ်။ အားကစား သမားတွေ အများကြီးပဲ။ တော်ပုံက အောင်အောင်ဦး တစ်ယောက်ပဲ သိတယ်။ ကဲကဲ ပြောရင်းနဲ. တော်တော်ရှည်သွားပြီ။ အမလေး မေ့တော့မလို. တော်ပါသေးရဲ. လွမ်းတဲ့ အထဲမှာ အဖေ့ကို အလွမ်းဆုံးပါပဲ။ (တော်ကြာ သူ.ကိုမလွမ်းဘူး ဆိုပြီး အလွမ်းအိမ် ကိုထောက်ပံ့ကြေး ပေးဘူးကွာ ဆိုမှ ပြဿနာ တက်မယ်။ ကျန်ခဲ့တာ သွားမပြောနဲ.နော်။ တိတ်တိတ်နေ။ ဟီးဟီး) ဆက်တက်ရရင်ကောင်း မလား။ ကောင်းပါတယ်။ တက်မယ်နော်။

၁။ လွမ်းသောအရာ ကိုတက်ပါမယ်ဆိုမှ အမိမြေကို လွမ်းနေတဲ့ ကိုလွမ်းစေ
၂။ ရေမုန်.လုပ် စားဖို. နပန်းလုံးနေတဲ့ J
၃။ သေတ္တာတွေ တစ်လုံးပြီး တစ်လုံးဖွင့်နေတဲ့ မPandora Box

6 comments:

စိုးထက် - Soe Htet ! said...

ဒုတ်ထိုး ကြိုက်တဲ့လူ များနေ တယ် ... :)

လင်း said...

အားးးးးးးးးး သူ့ ဟာဖတ်မှပိုဆိုးသွားပြီ။မျက်စိထဲမှာမြင်
ယောင်ပြီးအားလုံးစားချင်လာပြီ

ရွှေဂျမ်း said...

ဟုတ်ပါ့ လင်းရေ။ ရွှေဂျမ်းတို့ ဗမာစာလွမ်းတဲ့ အသင်းဝင်ခိုင်းလိုက်မှနဲ့တူတယ်။ အလွမ်းအိမ်ဆို အမာခံ အသင်းဝင် ဖြစ်မယ့် ပုံပဲ။

metta campaign said...

တလပြည့်မွေးနေ့မှာ ရေမုန့်လုပ်တာတွေ့ထဲက ထူးတဲ့ သဘောရှိတယ်လို့ ထင်တော့ ထင်သား။ ကိုယ်တိုင်လဲ စမ်းကြည့်ဖူးတယ်။ အညာရောက်တုန်းက မုန့်ပစ်သလက်ကို ကြိုက်လွန်းလို့ ကိုယ်တိုင်လုပ်ကြည့်ဖူးတယ်။ ဆိုင်က မုန့်လုပ်တဲ့ ပစ္စည်း အစုံအလင် ငှားပြီးလုပ်တာ။ ဒယ်အိုးက မြေအိုးကင်းဗျ။ အဆီကို ၀နေတာပဲ။ မုန့်နှစ်စပ်တဲ့ နည်းကိုလဲ မေးလာတာပဲ။ အင်း…စမ်းတ၀ါးဝါးနဲ့ လုပ်တာဗျာ။ ဘာရုပ်မှ မပေါက်ဘူး။ သူငယ်ချင်းတွေက မုန့်နှစ်တွေ သွန်ပစ်မယ်လုပ်တာ နှမြောတာနဲ့ အကုန်လုံးရောပြီး ဒန်အိုးထဲ ထည့်ချက်လိုက်တာ ရောသမမွှေ ဖြစ်သွားရော။ အဟား…လွမ်းမိတယ်ဗျာ။

Anonymous said...

အစားပုတ်တဲ့ညီမလေး
ဘေးအိမ်က ကောင်လေးကို
လွမ်းတာကျထားခဲ့တယ်။
အမ ထုတ်ပြောလိုက်ရမလား။
မပြောစေချင်ရင် တုတ်ထိုး ၁ပွဲ၊
မုန့်ပစ်သလက် တထုပ်၊
မုန်လုံးရေပေါ်နည်းနည်းနဲ့
လာလာဘ်ထိုးပါ။
ကျန်တာတွေလျော်လိုက်တော့မယ်။
ချစ်ညီမလေးမို့။
စာလေးတွေလှသွားပြီနော် :)

မိုးချစ်သူ

မီးလေး said...

အိမ်ကိုလွမ်းသယ်ဗျာ....
ရန်ကုန်မှာဆို ဒုတ်ထိုးတွေက ဈေးကြီးတယ်ဗျ....