Monday, December 10, 2007

အရှုပ်တွေ လုပ်တာမဟုတ်၊ အလုပ်တွေ ရှုပ်နေခြင်းပါ။

အလွမ်းအိမ် အခုတစ်လော တော်တော် စိတ်သောက များသည်။ နိုင်ငံပြောင်းတယ် ဆိုတော့ ဗွီဇာ လိုတာပေါ့နော့်။ ရှုံးပြင်ကမ်းနား သွားရမှာ ကြောက်တဲ့ လူတစ်ယောက်က ရှုံးပြင်ကမ်းနား တွေသွားရတာပေါ့။ မသွားလို.မှမရတာကို နော်။ အဲဒီ အထဲမှာ ကိုကိုရစ်တို. မမကြပ်တို.နဲ. တွေ.ရင် အလွမ်းအိမ် ထိုင်ငိုချင်စိတ် ပေါက်သည်။ ဗွီဇာ လျောက်တော့လည်း အင်တာဗျူးမဲ့ ကောင်စလာ မမကို မေတ္တာပို. ရတာ အမော။ မနက်မိုးလင်းထဲက ဗျူးမမ ကျန်းမာပါစေ၊ ပေါက်ကရ မေးခွန်းတွေ မမေးပါစေနဲ.၊ မမကြပ် မဟုတ်ပါစေ နဲ. ၀ှူး မောပါ့။ ရသမျှ ဘုရားစာတွေ လဲရွတ်ရတာ အာကိုပေါက်။ ဗျူးမမက ရစ်တယ်ဆိုပြီး နာမည်ကြီးသေး သကိုး။ ဒါနဲ. အလွမ်းအိမ် လဲအင်တာဗျူးမဲ့ နေ.ကိုရောက်လာပါတော့တယ်။ စာရွက်စာတမ်းတွေကို တစ်လလောက်ထဲက ကြိုလုပ်ထား။ ကော်ပီတွေ ကလဲ၃စောင် လောက်ကူးထားရသေးတယ်။ ထပ်ခါထပ်ခါ လိုတယ်ဆိုပြီး ပြန်မလုပ်ရအောင်ပါ။ ဒါတောင် မမရစ်က ရစ်ဖြစ်အောင်ရစ်လိုက်သေးတယ်။ သူနဲ. ၂ခါတွေ.ပြီး တတိယနေ. မှာမှ ဗွီဇာလာယူ လို.ပြောလိုက်ပါတယ်။ အလွမ်းအိမ်လဲ ပတ်စပို.လေး ကိုထားခဲ့ပြီး ပြန်လာရတာပေါ့။ ဒါတောင် နောက်နေ.မှာ ပတ်စပို. သွားယူရင် reject တုံးကြီး ထုထားရင် ဒုက္ခဆိုပြီး တွေးပူရသေးတယ်။ နောက်နေ. ပတ်စပို.လေး သွားယူတော့မှ ဗွီဇာလေး ရနေတော့ ဟင်းချနိုင်တော့တယ်။

လေယာဉ်လက်မှတ် ပြေးဝယ်ရတော့တာပေါ့။ အလွမ်းအိမ်ကို ခောတ်နောက်ကျတယ် ပဲပြောပြော၊ တုံးတယ်ပဲပြောပြော၊ အလွမ်းအိမ် e-ticket ဆိုတာကြီးကို တော်တော် မကြိုက်ပါဘူး။ ဘယ်လိုပြောရမှန်း တောင်မသိပါဘူး။ လက်မှတ်ကလေး ကိုယ့်လက်ထဲရှိ နေမှ စိတ်အေးတယ် ဆိုတဲ့ ရှေးရိုးစွဲ စိတ်က အလွမ်းအိမ်မှာ ရှိနေတုန်းပဲ။ e-ticket ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက် အဆင်ပြေပြေ အလွမ်းအိမ်က paper ticket လေးလို ချင်သေးတာ။ နောက်ဆို paper ticket တွေမသုံးတော့ပဲ e-ticket တွေပဲ ဖြစ်လာတော့ မဲ့ခောတ်ကို ရောက်ရင် အလွမ်းအိမ် ဘယ်လိုလုပ်ရပါ့။ ဒါတောင် အခု အလွမ်းအိမ် ရထားတာက e-ticket ကြီး။ ကဲမတတ်နိုင် e-ticket လေးကိုပဲ ကိုင်ထားရတော့ တာပေါ့။

အထုပ်အပိုးတွေ ပြင်တော့ သေတ္တာက မဆန်.နိုင်၊ ပေါင်ချိန် မပြည့်သေးပေမဲ့ သေတ္တာက မဆန်.။ လောဘကြီး ၍မဖြစ်။ သေတ္တာကြီး ကွဲထွက်သွားမှ ပြဿနာတက်မယ် ဆိုပြီး လောဘလေးကို အသာသတ်ထားလိုက် ရသည်။ ဒါတောင် ပစ္စည်းအသေးလေးတွေ ကိုထိုးထိုး ထည့်နေတတ်သေးသည်။ သြော် လောဘ၊ လောဘ အလွမ်းအိမ်လဲ ပုထုဇဉ် တစ်ယောက်ပေပဲ မဟုတ်ပါလား။

အလွမ်းအိမ် မသွားရသေးပါဘူး။ ၁၀ရက်ကျော်ကျော်လောက် တော့ကျန်သေးသည် ပေါ့။ ဘလော့သူငယ်ချင်း များကိုလွမ်းသည်ကတော့ မပြောပါနှင့်တော့။ မအားလွန်း၍သာ မလာနိုင်ခြင်းဖြစ်တာကို နားလည်ပေးကြပါ။

4 comments:

Chit Lay Pyay said...

ခရီးလမ်းပန်း အဆင်ပြေပါစေ၊ နေရာသစ်မှာ ပျော်ရွှင်နိုင်ပါစေလို ဆုတောင်းပေးတယ်နော်

လင်း said...

အားလုံးအဆငိပြေပါစေ။

P.Ti said...

အလွမ်းအိမ် … အားလုံးအဆင်ပြေပါစေ… ဘလော့ကိုလည်း အမြန်ဆုံးပြန်လာပြီး ရေးနိုင်ပါစေ။

Winkabar said...

အစ်မရေ ဘလော့ပြန်ရေးတာဝမ်းသာတယ်သိလား။သမီးစာတွေတအားများနေလို့မလာနိုင်ဖြစ်နေတာ။စိတ်ကဆယ်ခေါက်ရောက်တာတောင် ဒီကိုတစ်ခေါက်မရောက်နိုင်ဘူးဖြစ်နေတယ်ဆိုယုံမလားမသိဘူး။
နောက်ဆုံးစာမေးပွဲဆိုတော့လေ စာတွေပိနေတာ။သွားဖို့အစစအရာရာအားလုံးအဆင်ပြေပါစေ
နော်။အခက်အခဲမရှိပဲလုပ်ဆောင်နိုင်ပါစေ။ ပစ္စည်းတွေသိပ်အများကြီးမသယ်နဲ့နော်အစ်မ။
ပျော်ရွှင်ပါစေအစ်မရေ။ လိုအပ်တာရှိလည်းပြောနော်။ သမီးတတ်နိုင်ရင်ကူပေးပါ့မယ်။တနင်္လာဆိုစာမေးပွဲပြီးပြီ။အခုတော့အိမ်တွင်းအောင်းရဦးမယ်။ အားလုံးပြီးရင်တွေ့မယ်နော်။