Tuesday, December 18, 2007

ရောက်တတ်ရာရာ

ခရီးထွက်ရန် ၅ရက်သာ လိုတော့သည်။ စဉ်းစားကြည့်ရင် ၃နှစ်လောက် ကြိုးစားပမ်းစား မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုက အကောင်အထည် ပေါ်တော့မယ်။ ဒီအတွက် ရင်ခုန်သလား ဆိုရင်တော့ ဟုတ်ကဲ့ မခုန်ဘူး လို.ပြောရင် လိမ်လည်ပြောရာ ရောက်မှာပေါ့။ ခုန်တာပေါ့ရှင်။ နေရာသစ် ဒေသသစ် လူသစ်တွေ နဲ.တွေ. ရမှာကိုး။ ဘယ်သူ.ကိုမှလဲ မသိလို. တော်တော်တော့ ရုန်းကန်ရဦးမယ်။ အိမ်မက်ဆိုလို. ပြောရဦးမယ်။ ကျွန်မက အိမ်မက်တွေကို သိပ်ယုံတတ်တဲ့သူပါ။ အိမ်မက်တွေကလဲ ခဏခဏ မက်တတ်တယ်။ မြန်မာပြည်တုန်းကဆို အိမ်မက်အတိတ်ကောက်ကျမ်း တစ်အုပ်နဲ. မနက်ခင်းဆို အလုပ်အမြဲ ရှုပ်တတ်ပါတယ်။ ခုတော့ အိမ်မက် အတိတ်ကောက် ကျမ်း စာအုပ်လေး ကျန်နေရစ်လို. အိမ်မက် အတိတ်ကောက်ခြင်း အလုပ်ကို ရပ်ဆိုင်းထားရ ပါတယ်။

အခုတစ်လော ရာသီဥတုကလဲ ပူလိုက်တာ အရမ်းပဲ။ နွေရာသီကြီး ကိုး။ မိုးရွာရင် များသောအားဖြင့် နွေရာသီမှာ သာရွာတတ်တဲ့ ဒေသလဲဖြစ်လို. မိုးကိုသာ မျှော်မိပါတယ်။ မိုးကလဲ ခဏခဏတော့ ရွာပေးရှာပါတယ်။ ဒါပေမဲ့ နွေနေပြင်းရဲ. အပူကို မိုးကမငြှိမ်း သတ်နိုင်ပါဘူး။ ခဏလောက်အေး သွားပြီးတာနဲ. ပြန်ပူတတ်ပါတယ်။ ခုလဲ မိုးတွေတော့ အုံ.နေတာပါပဲ။ အပူကတော့ မလျော့နိုင်သေးပါဘူး။

အရမ်းပူနေတဲ့ နေရာကနေ အရမ်းချမ်းနေတဲ့ နေရာကို ချက်ခြင်းကြီးသွားရမှာ ဆိုတော့ တော်တော် အူကြောင်ကြောင် နိုင်ပါတယ်။ အနွေးထည် အထူကြီးတွေကို ဒီဘက်လေဆိပ်မှာ ၀တ်လို.ကလဲ မဖြစ်၊ ပူလွန်းလို. အရေပျော်သွားနိုင်ပါတယ်။ ဟိုဖက်လေဆိပ်ရောက်မှ ၀တ်ဖို.ပြင်ရပါတယ်။ အဲတော့ အနွေးထည် အထူတွေက ကျွန်မရဲ. ကျောပိုးအိတ်ကလေးကို မနိုင်ဝန်ကို ထမ်းစေပြန်ပါတယ်။ ပြည့်သိတ်နေတဲ့ ကျောပိုးအိတ် တစ်လုံးရယ်၊ လေးလံလွန်းတဲ့ လွယ်အိတ်တစ်လုံးရယ်၊ ဒီကြားထဲ တိုလီမုတ်စ တွေထည့်တဲ့ ဘာဘာညာညာ အိတ်ကလေးရယ်နဲ. ဒီ့အပြင် သေတ္တာကြီး နှစ်လုံးကိုဆွဲလို. နိုင်ပါ့မလားလို. အစမ်းသယ်ကြည့် လိုက်တဲ့အခါမှာတော့ ကျွန်မက တော်တော်ကို တူသွားပါပြီ။ ဘာနဲ.တူသွား တာလဲသိလား။ အရူးမနဲ.။ တစ်ယောက်ထဲ ရှုပ်ယှက်တွေ ခပ်နေတဲ့ အခါမှာတော့ တော်တော်လေး စိတ်ပျက်သွားမိတယ်။ လွယ်အိတ်ကြိုးနဲ. ကျောပိုးအိတ်ကြိုးက ငြိတာကငြိ။ အိတ်အသေးလေးနဲ. လွယ်အိတ်နဲ.ကို ကြက်ခြေခတ်လွယ် ထားလို. လည်ပင်းအစ်တာက တစ်မျိုး ဟိုသေတ္တာကြီး နှစ်လုံးကို ဆွဲရတာက လက်နှစ်ဖက်ကို ကုန်ရော။ ဒါတောင် အစမ်းလုပ်ကြည့်တာပဲ ရှိပါသေးတယ်။ လက်တွေ.ကျရင် လက်အံသေလိုက်မဲ့ ဖြစ်ခြင်း။ ပစ္စည်းတွေကို လျော့ဖို.ကျတော့လဲ မလျော့ရက်၊ စာအုပ်ဆိုလဲ ပါအောင်သယ်ချင်သေးတာ၊ ဟိုဟာဆိုလဲ မထားခဲ့ရက်၊ ဒီဟာဆိုလဲ အမှတ်တရလေးမို.နဲ. ကဲ! ဒေါ်ရွှေအလွမ်းအိမ် မယ်လောဘရေ သယ်ပေဦးတော့။ သေတ္တာ နှစ်လုံးက အပ်လိုက်ပြီးရင် ကိစ္စမရှိပေမဲ့ လွယ်ကြိုးတွေနဲ. ရှုပ်ယှက်ခပ်ပြီး လည်ပင်းတွေ အစ်လို. အလွမ်းအိမ်တို. ဆာဒန်ဟူစိန် လိုအဖြစ်မျိုးနဲ.ဆို ဒွတ်ခ။ ကဲပါလေ စစ်မရောက်ခင် မျှားမကုန်တော့ပါဘူး။ ကိစ္စမရှိ အချိန်တန်တော့ အဆင်ချော သွားလိမ့်မည်။

အလွမ်းအိမ် ပိုစ့်အစသစ် မတင်နိုင်တာကို တောင်းပန်ပါသည်။ လာလည်သည့် မိတ်ဆွေများနှင့် စာဖတ်သူများကို လဲအားနာလှပါတယ်။ ခုလို လာရောက်အားပေးတာ ကိုကျေးဇူးအထူးတင်ပါတယ်။

2 comments:

Sophie said...

မမရေ . .. . အစစအရာရာ အဆင်ပြေပါစေနော် . . . သုံးနှစ်လောက်မက်ခဲ့ရတဲ့ အိပ်မက်ကလေး လှလှပပလေးနဲ့ ပြည့်စုံသွားပါစေ . . . .ရတနာ သေသေချာချာလေး ဆုတောင်းပေးလိုက်ပါတယ်
:-)

Anonymous said...

သုံးနှစ်လောက်မက်ခဲ့တဲ့ အိပ်မက်လေးတစ်ခု အကောင်အထည်ဖော်ဖြစ်တာ ၀မ်းသာပါတယ် မအလွမ်းရေ။ ခရီးစဉ်တစ်ခုလုံး ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပြီး နှစ်သစ်မှာလဲ ပျော်ရွှင်ခြင်းတွေ ရရှိနိုင်ပါစေနော် :)