Wednesday, December 12, 2007

ဘာလဲ နိုင်ငံခြား?

ကနေ. အကိုစေးထူး ဆီကိုသွားလည် မိတော့ နိုင်ငံခြားသွားမယ်ဆိုရင် ဆိုတဲ့ ပိုစ့်လေးကို ဖတ်မိပါတယ်။ အဲဒါနဲ. ဒီပိုစ့်လေးကို ရေးဖို. အကြံရပါတယ်။ အလွမ်းအိမ် တို.ရန်ကုန်မှာတုန်းက လာချင်လိုက်တဲ့ နိုင်ငံခြား ဆိုတာ တစ်ပိုင်းကို သေနေတာပဲ။ ဟိုစာမေးပွဲလေး ဖြေလိုက်၊ ဒီစာမေးပွဲလေး ဖြေလိုက်နဲ.ပေါ့။ နိုင်ငံခြားဆိုတော့ အဓိက အင်္ဂလိပ်လိုပဲ ပြောရတော့မှာလေ။ အင်္ဂလိပ်လိုက နဂိုထဲကမှ သိပ်ပြောခဲ့ဘူးတာ မဟုတ်တော့ အင်္ဂလိပ်စာ သင်တန်း ဘာသင်တန်း ညာသင်တန်း၊ ကွန်ပြူတာ ဆိုတာကလည်း နိုင်ငံတကာမှာ သူမရှိရင် မဖြစ်တော့ လောက်အောင်ပဲ အရေးပါလှတာ ကလား။ အဲတော့ ကွန်ပြူတာ လဲတက်ပေါ့။ အင်္ဂလိပ်စကား လေးမှ မတတ်ရင် မျက်နှာ အတော်ကို ငယ်ရတာပါ။ အလွမ်းအိမ် ဒီကို စရောက်တော့ အင်္ဂလိပ်လိုက သိပ်မပြောရဲဘူးလေ။ ပါးစပ်က မရဲတာရော၊ မှားလို. အရီခံရမှာ ကိုရှက်တာရောနဲ. ဆိုတော့ ကျောင်းမှာဆို အနှိမ်ခံရပါတယ်။ ဆရာတွေ ဆရာမတွေ ကအတော် ကူညီပေမဲ့ ကျောင်းနေဖက် တွေက ငေါ့ချင်သလိုလို၊ မခေါ်ချင်သလိုလို နဲ.ဆိုတော့ အလွမ်းအိမ် ကျိတ်မျက်ရည်ကျ ရပါတယ်။ ဒါပေမဲ့ ငါမြန်မာကွ၊ သူတို.ထက် တော်ရမယ်၊ ၁ နဲ. ၁ တောင် ဂဏန်းပေါင်းစက်နဲ. ပေါင်းတတ်တဲ့ သူတွေကို သာကိုသာရ မယ်ဆိုပြီး ကြိုးစားရပါတယ်။ သူတို.က ဖတ်စာကို ၁ခေါက်လောက် ဖတ်ပြီး နားလည်ရင် အလွမ်းအိမ်က ၅ခါလောက် ဖတ်ပြီး Dictionary တစ်လုံးနဲ. အလုပ်လုပ်ရပါတယ်။ မအိပ်ရတဲ့နေ. တွေရှိသလို တစ်နေ.ကို ၄နာရီလောက်ပဲ အိပ်ရတဲ့ အချိန်တွေရှိပါတယ်။ မသိတာတွေကို မျဉ်းတားထားပြီး ဆရာတွေ အားတဲ့ အချိန်လေးမှာ သွားမေးရပါတယ်။ ဒီလိုမျိုး အခက်အခဲရှိတဲ့ အချိန်က အများဆုံး ၁နှစ်ပါပဲ။ ပထမဆုံး ၁နှစ်မှာတော့ ငွေကြေးအရ အခြေမခိုင်သေးတာ တစ်ကြောင်း၊ အိမ်လွမ်းတာ၊ နေသားမကျတာ၊ အားငယ်တာတွေနဲ. ပေါ့။ ရောက်စ ၁လ၊ ၂လ လောက်မှာဆိုရင် အလွမ်းအိမ်တို. အမေက လခကလဲမရ သေးဘူးလေ။ လကုန်မှရမှာကိုး။ ပါလာတဲ့ ပိုက်ဆံလေးကို မနည်းချွေတာ ပြီးတော့ နေရပါတယ်။ တော်ကြာ လကုန်လို. မှကိုယ်က လူသစ်ဆိုတော့ လခပေးစာရင်း ထဲမပါလာရင် သူတို.က process တွေဘာတွေ ပြန်လုပ်ရင် ကြာတတ်ပါတယ်။ အဲတော့ ကိုယ့်မှာရှိတာ လေးကိုချွေတာထားရပါတယ်။ အဲဒီ ပထမ လတွေတုန်းက အလွမ်းအိမ်တို. အိမ်အတွက် ဈေးဝယ်ထွက် ရင်တောင်မှ ဈေးအပေါဆုံး ဆိုတာကို ရှာဝယ်ရပါတယ်။ ပစ္စည်းအမျိုးအစား သာကြည့်ပြီး Brand ကိုမကြည့်နိုင်ပါဘူး။ လခလေး ရရင်တော့ အဲဒီ အကောင်းစားလေး စားကြည့်ဦးမယ်၊ ဟိုဟာလေးလဲ ၀ယ်ကြည့်မယ် ဆိုပြီးတော့ သာအားခဲထား နိုင်တာပါ။ လခရတော့မှ ဟင်းချနိုင်ပါတယ်။ ဒါတောင်မှ ကိုယ်က အဝေးမှာ နေရတာမဟုတ်လား။ အရေးဟယ် အကြောင်းဟယ် ဆိုသုံးဖို. ပိုက်ပိုက်လေးကို ကျစ်ကျစ်ပါအောင် စုရပါသေးတယ်။ ကျောင်းစရိတ် တွေကလည်း ဈေးကကြီး၊ နေမကောင်းဖြစ် ရင်လဲ ဈေးက ခေါင်ခိုက်နေအောင် ကြီးပါတယ်။ အဲတော့ အာမခံဆိုတာ ထားရပါတယ်။ များသောအားဖြင့် ထားကြပေမဲ့ အလွမ်းအိမ်ကတော့ မထားပါဘူး။ သံချောင်းလို ဒေါင်ဒေါင်မြည် တတ်တဲ့ ရွှေကျန်းမာရေး လေးကို ကျေးဇူးတင်ပါတယ်။ ၁နှစ်လောက် အကြာမှာတော့ နေသားက တော်တော် လေးကျလာပြီလေ။ အင်္ဂလိပ်လို လေးကလဲ တော်တော် လေးပြောနိုင်နေပြီဆို တော့အတော့်ကို အဆင်ပြေနေပါပြီ။ နိုင်ငံခြားမှာ ဘယ်အရာမှ အလကား မရပါဘူး။ မြန်မာအချင်းချင်း ကူညီချင်ကြပေမဲ့ သိပ်မကူညီနိုင်ကြပါဘူး။ သူတို.ရတဲ့ လခကလဲ သူတို.မိသားစုနဲ. လုံးခြာလည်လိုက် နေတယ်ဆိုတာ ကိုနားလည်ရပါတယ်။ မြန်မာအသစ်တွေ ရောက်လာရင် ကိုယ်က တင်ကျွေးထားချင် ပေမဲ့ လူတစ်ယောက်ကို ဘယ်လောက်ကောင်းတဲ့ မြန်မာမိသားစုပဲ ဖြစ်ဖြစ် လပေါင်းများစွာ ခေါ်တင် မကျွေးနိုင်ပါဘူး။ အဲတော့ အတတ်နိုင်ဆုံး ကိုယ့်အားသာ ကိုယ်ကိုးရပါတယ်။ အချိန်တိုင်းမှာ အလုပ်လုပ် နေရတဲ့ လူတွေသာ များပါတယ်။ အဲတော့ စိတ်ရှိတိုင်း မကူညီနိုင်တာကို ကိုယ်ကသိရပါတယ်။ အလုပ်ဝင်တဲ့ နေရာမှာလဲ လူမျိုးပေါင်းစုံ၊ လူ.စရိုက်ပေါင်းစုံကို ကြုံရပါပြီ။ ကိုယ်က အားလုံးကို သတိထားနေရပါတယ်။ အလွမ်းအိမ် ပထမဆုံး စအလုပ်ဝင်တော့ ဖိလစ်ပိုင် မလေးတစ်ယောက်နဲ. အလုပ်လုပ်ရပါတယ်။ သူကတစ်နေ.တော့ ကွန်ပြူတာ တစ်လုံးရောင်းပါတယ်။ အလွမ်းအိမ် ကအစော ကထဲက ကီးဘုတ်ကို ဘယ်ဈေးနဲ.ပေး၊ မော်နီတာကို ဘယ်ဈေးနဲ. ပေးဆိုပြီးပြောထား ပြီးသားပါ။ အလွမ်းအိမ်က ပြောပြီးတော့ အလုပ် ဒိုင်ယာရီ စာအုပ်ထဲမှာ ရက်စွဲ နဲ.ဘာနဲ. ဘာဘယ်ဈေးဆိုပြီး မှတ်ထားလိုက်ပါတယ်။ သူက အလွမ်းအိမ် ပြောထားတဲ့ ဈေးနဲ.မပေးပဲ ဈေးတွေ လျော့ပြီးပေးလိုက်ပါတယ်။ သူဌေးက ဆူတော့ အလွမ်းအိမ်က အဲဒီဈေးနဲ. ပေးခိုင်းလို.ပါ ဆိုပြီးတော့ အလွမ်းအိမ်ကို လွှဲချပါတယ်။ အဲတော့မှ အလွမ်းအိမ်လဲ သူဌေးကို ကဲဟောဒီမှာ ကြည့်သူဌေး ကျွန်မက ဒီဈေးနဲ.ပေး ခိုင်းတာ ဆိုပြီး ဒိုင်ယာရီ စာအုပ်ကိုဖွင့် ပြတော့မှ သူဌေးလဲ ဟုတ်သားပဲ ဆိုပြီး သူ.ကိုဆူပါတော့တယ်။ သူအဆူခံရတော့ အလွမ်းအိမ်ကို မကြည်ပါဘူး။ အလွမ်းအိမ်လဲ ဘယ်တတ်နိုင်မလဲ နော်။ ကိုယ်မှ မလုပ်တာကို ဘယ်အလကား အဆူခံချင်ပါ့မလဲ။ အဲလို အဲလို ကိုယ့်ကို ချောက်တွန်းလွှဲချ ချင်တဲ့သူတွေကလဲ ၀ိုင်းဝိုင်းလည် စောင့်နေတာကလား။ အားလုံးကိုသတိထား ရပါတယ်။ မိန်းကလေးတွေ ကပိုသတိထားရပါတယ်။ ဘယ်သူ.ကိုမှ မယုံပါနဲ.။ အချစ်ဆုံးသူငယ်ချင်း ဖြစ်ရင်တောင်မှ မယုံပါနဲ.။ ကိုယ်က သူတို.နဲ. ယဉ်ကျေးမှုအရရော၊ မိဘသွန်သင်ဆုံးမ မှုအရပါ မတူကြပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ အရာကို တန်ဖိုးမထားတတ် တဲ့သူတွေကြားမှာ နေရပေမဲ့၊ ကိုယ်တန်ဖိုးထားတဲ့ အရာက တန်ဖိုးလျော့သွားတယ်လို. တော့မထင်လိုက်ပါနဲ.။ လေ့လာပါ၊ အတုယူသင့်တာကိုသာ ယူသင့်ပါတယ်။ ဆရာမကြီး လုပ်တာလဲ အတော်ရှည် သွားပြီ။ အဟီး။ ဖတ်တဲ့လူတွေလဲ မျက်စိတွေ ညောင်းရော့ပေါ့။ စိတ်ရှည်လက်ရှည် ဖတ်ပေးတာ ကျေးဇူးပါပဲ။


4 comments:

နှင်းပွင့်ဖြူ said...

ဟုတ်တယ် မအလွမ်းအိမ်ရဲ.
ကျွန်မလည်း ရောက်စက မပြောရဲ မဆိုရဲ..အသံ တောင် မထွက်လို့ ရဲတဲ့ ကြားထဲ မန်နေဂျာ ခန ခန ဟိုဟာစစ် ၊ ဒီဟာ စစ်နဲ့ အရမ်း စိတ်အားငယ်ခဲ့ ရတယ်..
ဒီမှာက အင်္ဂလိပ်ထက် တရုတ်ကို ပိုပြောရတော့ တရုတ်တော့ တော်တော်လေး တိုးတက်လာပြီး အင်္ဂလိပ်စာ ကတော့ ရပ်ပီးရင်း ရပ်နေရော မတက်တော့ဘူး :P :P
အခုတော့ အားလုံးအဆင်ပြောသွားပါပီ။
အလွမ်းအိမ်လေးလည်း ရှေ.လျှောက် အဆင်ပြေပါစေရှင်..

ခင်တဲ့
နှင်းပွင့်ဖြူလေး

Chit Lay Pyay said...

အလွမ်းရေ အမလဲ တူတူပါပဲ ၊ ရောက်စ တစ်နှစ် ဆို စိတ်ဆင်းရဲ လွန်းလို့ ၁၀ပေါင် လောက် ကျသွားတယ်၊ အခုတော့ အဆင်ပြေလွန်းလို့ပေါ့င်ချိန်တွေ ပြန်တက်လာ ပြီ၊ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ၊

nu-san said...

ဟုတ်တယ် ညီမလေးရေ.. နိုင်ငံခြားက ပြောတော့သာ စကားလုံး ၃ လုံးထဲနော်.. ရောက်စမှာ ရုန်းကန်ရတာတွေက တယောက်နဲ့ တယောက် မတူပေမယ့် ခံစားရတာချင်းတွေက တူတယ်.. ညီမ အတွေ့အကြုံလေး သိရတော့လည်း စိတ်မကောင်းဖြစ်မိတယ်..အခုလို မျှဝေပေးတာ ကျေးဇူးပါ အလွမ်းအိမ်ရေ..

pandora said...

မှတ်သားစရာပို့စ်လေးပဲ