ဒီကနေ. နိုဝင်ဘာလ ၈ရက် ၂၀၀၇ ခုနှစ် တွင် ဒီဘလော့လေး မွေးဖွားလာတာ ၁လပြည့်ပါပြီ။ အစစ အရာရာ ကူညီအားပေး ခဲ့ကြသော ဘလော့ဂါမိသားစုလေးကြောင့်သာ ဒီဘလော့လေး အသက်ရှင်နေရတာဖြစ်လို. ကျေးဇူးအများကြီးတင်ပါတယ် ရှင်။ 
အချိုပွဲ အတွက် ဈေးမသွားလိုက်ရလို. ရှိတာလေးပဲ အချိုပွဲတည် ပေးပါဦး။ ချော့ကလက်နဲ. ဒိန်ချဉ်လေးပါ။

ရေမုန်.။ လုပ်သာလုပ်လိုက်တာ သိပ်မလုပ်တတ်တော့ ရေမုန်.က ဆိုင်ကရေမုန်.လိုမလှဘူးလေ။ မြည်းကြည့်ပါဦး။

ချိုချဉ်ကြော်

ဝက်သားလုံးကြော်

မာလာဟင်း

ပုဇွန်၊ရုံးပတီ၊အာလူးသီး ဟင်း

ထမင်းပွဲပြင်ပေးထာတာပါ။ ပဲနီလေးဟင်းချိုရယ်၊ မရမ်းသီးငပိထောင်းရယ်၊ ပုဇွန်နဲ. ရုံးပတီသီး နဲ. အာလူးသီး ရယ်၊ အာပြဲခြောက်ကျော်လေးရယ်၊ တို.စရာ သခွားသီးလေးရယ်ပါ။

ပုဇွန်ကြော်
မွေးနေ.ကိတ်မုန်.။ တစ်လပြည့်ပြီကွယ်။
16 comments:
အလွမ်းရေ ... မွေးနေ့ရှင် သဒါလားမသိ မသဒါလားမသိ ကျနော်ကတော့
ကျနော် ကြိုက်တာတွေပဲ ရွေးစားသွားတယ်ဗျာ...
ချော့ကလက် ကတော့ အကြိုက်ဆုံးမို့ ထမင်း မစားခင်ကိုစားသွားတယ်ဗျ..
ထမင်းပွဲကတော့ ပဲနီလေး၊ မရမ်းသီးထောင်း၊ ပုဇွန်ခွက်ထဲက ရုံးပတီသီး၊ ၀က်သားလုံးကြော် ၅လုံး
ချိုချဉ်ကြော် စားသွားတယ်ဗျာ .. မြိန်လိုက်တာ... ပုဇွန်ကတော့ အခွံမနွှာထားလို့
ကြောက်တယ်... :P ထမင်းစားပီးတော့ .. အချိုတည်းတဲ့အနေနဲ့ ရေမုန့်စားလိုက်တယ်နော်..
အရမ်းကြိုက်တယ်ဗျ ရေမုန့်ကို ...
ကိတ်မုန့်လေးက လှပါရဲ့ဗျာ ... ဒါပေမဲ့ အပေါ်က စတော်ဘယ်ရီသီးလေးတွေပဲ ရွေးစားသွားတယ်
(ဘယ်လိုလူလဲမသိဘူး မပြောနဲ့နော် ... ကရင်မ်တွေ မကြိုက်လို့ဗျ) :P
ကဲ စားလို့သောက်လို့ပီးတော့ မွေးနေ့ရှင်လေးကို ဆုတောင်းပေးရမှာပေါ့ ...
တလတောင် ပြည့်ခဲ့ပီနော် ...
အလွမ်းအိမ်ဆိုတဲ့ ဘလောဂ့်လေး ပိုင်ရှင် နဲ့တကွ နောက်နှစ်ပေါင်း ၁၀၀ ကျော် တိုင်အောင်
အဓွန့်ရှည်ပါစေ ... ကောင်းခြင်းများနဲ့ ကျော်ဇော နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ...
ပေးတဲ့ဆုနဲ.ပြည့်ပါရစေရှင်။
မာလာဟင်း အရမ်းကြိုက်တယ်။
မရမ်းသီးငါးပိထောင်းလဲစားတယ်။
ပုဇွန်ဆို အသေအလဲစား။
ဝက်ဆိုလဲ လာထား။
ရုံးပတီသီးကတော့ vege မို့စား။
ပဲကအသားဓါတ်တဲ့။
ချိချဉ်ကြော်ကလဲစွဲဆောင်တယ်။
ကိတ်မုန့်ပေါ်က်စတော်ဘယ်ရီတွေ
၂လုံးလောက်စားပြီး ကိတ်မုန့်တခုလုံး
စားမလို့ပဲ။အားနာလို့ တ၀က်စား။
ရေမုန့်ကမလှလဲစားတယ်။ အရေးကြီးတာစားကောင်း
ဖို့လေ။ချောကလက်က မရှိတဲ့ကောင်လေးကိုပေးမလို့
မသွားတယ်။
တလပြည့်သွားတဲ့အလွမ်းအိမ်လေး
နှစ်ပေါင်းများစွာဘလော့ဂ်တွေရေး
အမြဲပျော်ရွှင်ပါစေလေး
ဆုမွန်ခြွေတယ်မနှေး။
မိုးချစ်သူ
မိုးရေ ကျေးဇူးပဲ။ ပေးတဲ့ဆုနဲ.ပြည့်ပါစေရှင်
ရေမုန့် နဲ့ ကိတ်မုန့် ပေါ်က စတော်ဘယ်ရီသီးတွေ အကုန်းစားသွားတယ်...
ကောင်းလိုက်တာ ......
တစ်လပြည့်မွေးနေ့မှ.. နောက် နှစ် ၁၀၀ ပြည့်တဲ့ အထိ ပျော်ရွင်စွာ ဘလော့ဂင်းနိုင်ပါစေ
Happy Birthday မအလွမ်းအိမ်......
ခင်တဲ့
ှနှင်းပွင့်ဖြူလေး
မာလာဟင်းကိုမြင်တော့ ဘီယာဆိုင်တွေကို လွမ်းတယ်
ဒိန်ချဉ်နဲ့ ချောကလက်ကို မြင်တော့ ချစ်သူကို လွမ်းတယ်
ရေမုန့်ကိုမြင်တော့ ငယ်ငယ်က ကလေးဘ၀ကိုလွမ်းတယ်
ခိုချဉ်ကြော်နဲ့ ၀က်သားလုံးောက်ာမြင်တော့ ၀ီစကီလေးကို
လွမ်းတယ် ...
ထမင်းပွဲကို မြင်တော့ အမေကိုလွမ်းတယ် ...
မွေးနေ့ကိတ်ကို မြင်တော့ .... သြော်
ကျွန်တော် အလွမ်းအိမ်ထဲရောက်နေတာကိုးးးးးး
ဘလော့လေးတစ်လ ပြည့်မှသည် နောင်နှစ်များစွာတိုင်
အဆင်ပြေပြေ ဘလော့နိုင်ပါစေဗျာ ...။
နှင်းပွင့်လေးနဲ. ကိုမျှားပြာကို ကျေးဇူးတင်ပါတယ်ရှင့်။ ပေးတဲ့ဆုနဲ.ပြည့်ပါရစေ။
တစ်လပြည့်မှသည် အသင်္ချေတိုင်အောင် အလွမ်းအိမ်လေး တည်မြဲပါစေကြောင်း…။
(မွေးနေ့မင်္ဂလာမှာ ရေမုန့်ကို ရွေးလုပ်ထားတဲ့ အကြောင်းလေး သိချင်လိုက်တာ)
အစ်မရေ တစ်လပြည့်မှသည်နောက်အကြာကြီးဆက်လက်ဘလော့နိုင်
ပါစေနော်။ ပျော်ရွှင်ပါစေ။ ရေမုန့်ပဲစားချင်တယ်အားလုံးထဲမှာ။
တစ်လပြည့်မွေးနေ့မှသည် အလွမ်းအိမ်ဘလော့ဂ်လေး ထာဝရ တည်တံ့အောင်မြင်နိုင်ပါစေဗျာ…
ဗိုက်ဆာပြီဗျာ. ကိတ်မုန့်လှီးတော့…
:D
ခင်မင်လေးစားလျက်
ရန်အောင်
ရေမုန့် လုပ်နည်း လေး တင်ပေးပါလား ရေမုန့် စားချင်တာ ကြာပြီ ကျေးဇူးပါဘဲ
မာလာဟင်းကိုလဲ ကြိုက်၊ ပုဇွန် ရုံးပတေသီးနဲ့ အားလူချက် ကလေးကလဲ ဆွဲဆောင်မှု အပြည့်နဲ့ ၀က်သားလုံးကြော် နဲ့ ထမင်းကို ပဲနီလေးဟင်းဆန်းပြီး မရမ်းသီးထောင်းလေးမြုပ်ပြီး စားလိုက်တာ ထမင်းအိုးထဲ မှာ ထမင်းတောင် ကျန်ပါ့မလားပဲ၊ ပုဇွန်ကျော်နဲ့ အာပြဲချောက်ကျော်ကို ထမင်းကုန်သွားလို့ ဒီတိုင်းပဲ စားပြီး၊ ရေမုန့်ကိုလဲ တဖက်က သွပ်ရသေးတယ်၊ အားပါး ကောင်းမှကောင်းပဲ၊ မာလာဟင်းချက်တာနဲ့ ပုဇွန် ရုံးပတေသီးနဲ့ အားလူး ချက်တာ စိတ်ဝင်စားတယ်၊ ချက်နည်းလေး ရေးပေးပါအုံးနော်၊ ဘလော့ဂ် မွေးနေ့ တလပြည့်မှသည် နောက် နှစ်ပေါင်း ၁၂၀ ရှည်ပါစေသော်၊
comment လေးတွေဖတ်ရတာ ကျွန်မအရမ်းကို အားတက်မိပါတယ်။ နောင်နှစ်ပေါင်းများစွာ ဒီဘလော့မိသား စုလေးနဲ. ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း နေသွားနိုင်ပါစေ လို.ကျွန်မဆုတောင်းပါတယ်။ ညီအစ်ကို မောင်နှမ များအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ အလွမ်းအိမ် ကြိုးစားပါဦးမယ်။
ပုစွန်ကြီးတွေ စားချင်လိုက်တာဗျာ
ဝက်သားလုံးတွေကစားချင်စရာကြီး..........
Post a Comment