ချစ်ညီမလေး မိုး ကလှမ်း tagလိုက်တော့ အဟီး ရေးချင်နေတဲ့သူပီပီ ရေးပြန်ပြီပေါ့။ အိတ်ထဲက တိုလီမုတ်စတွေကို ထုပ်ပြပါတဲ့။ ကဲ ထုပ်ပြီနော်။
အပေါ်မှအောက်ကို ပြောရရင်တော့.....
၁။ တိုလီမုတ်စများထည့်တဲ့ တစ်ခုတည်းသော အိတ်ကလေး။
၂။ နေရာတကာ သူမပါရင် မဖြစ်တဲ့ ပိုက်ပိုက်။
၃။ အင်္ဂလိပ်စာ ပါမောက္ခကြီး ဖြစ်တဲ့အလျောက် အင်္ဂလိပ်-မြန်မာ Dictionary တစ်လုံး။
၎။ နေရာတစ်ကာ ပေသီးခေါက်လွန်း လို. သွားလေရာ သယ်ရတဲ့ ဂဏန်းပေါင်းစက်။
၅။ ရေးချင်လွန်းလို. သွားလေရာ သယ်တဲ့ ကွန်ပါဗူး။ (ကိုရီးယားမင်းသား ချစ်လေး ဘေးယွန်ဂျွန်း ပုံကို သေချာကြည့်ပါ။) ကျွန်မ ချစ်သူပုံမဟုတ်။
၆။တစ်ချိန်လုံးပျောက်ပျောက်နေတတ်တဲ့ ဖုန်းစုတ်တစ်လုံး။
၇။ အဟဲ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကျင်စက်တစ်လုံး။
၆။ နောက် ဆုံး diary စာအုပ်တစ်အုပ်။
ဆက်တက်ရန်စဉ်းစားနေပါသည်။ အပြင်သွားလိုက်ဦးမယ်။
တက်မယ်နော်
၁။ မီးလေး
၂။ကိုလွမ်းစေ
၃။မိုးသောက်ယံရဲ.အခန်းငယ်
၎။ ကဗျာချစ်တဲ့ chaos
ထုပ်ကြပေတော့ အိပ်ထဲရှိသမျှ ဟီးဟီး
6 comments:
ရေလည် စေ့စပ်တယ်နော်။
ဂဏန်းတွက်စက်နဲ့ကို တွက်တာ။
ဘေယောင်ဂျွန်းက လဲပါသေး။
လန်ထွက်နေတာဘဲ။
ဟီး။ ကျင်စက်နဲ့တော့ မလုပ်လိုက်ပါနဲ့။
နဂိုတည်းက လူကသိပ်ကောင်းတာမဟုတ်ဘူး။
ကျင်သွားရင်တော့ ဟီး
ဟဲဟဲ ကျင်စက်က ခါးပိုက်နိုက် အတွက်ပါ ချစ်ရဲ.။ ချစ်ကို တို.၀ူး
အလွမ်းအိမ်ကို တွေ့ရင် ဝေးဝေးကနေအော်ခေါ်မယ်နော်။ ကျဉ်စက်နဲ့ တို့လိုက်မှဖြင့် တွန့်သွားမယ်။ တခြား မိန်းကလေးတွေရဲ့အိတ်တွေလို ခေါင်းဖီးတွေ မိတ်ကပ်တွေပါဘူးလား။
ခေါင်းက တစ်နေ.နေလို. တစ်ခါဖီးဖြစ်ရင် ကံကောင်း ဟက်ဟက်။
မိတ်ကပ်ဖိုးကို မုန်.၀ယ်စားလိုက်တာ ပြောင်သွားပြီ။
ကျင်စက်ထည့်တာတော့ ကောင်းပါတယ်...
အရမ်း စေ့စပ်တယ်နော်..
ကျင်စက်ထည့်တာတော့ ကောင်းပါတယ်...
အရမ်း စေ့စပ်တယ်နော်..
Post a Comment