အခုတစ်လော internet ကလည်းပျက်နေတော့ ကျမမှာလည်း တစ်နေ.တစ်နေ. ရောင်လည်လည်နဲ. ဖြစ်နေတယ်။ အလုပ်ကလည်းထွက်လိုက်၊ အိမ်ကလူတွေကလည်း မိုးလင်းတာနဲ. အလျှိုအလျှိုထွက်သွားကြ တော့ကျမတစ်ယောက်ထဲ ပဲရောင်လည်လည်နဲ. ကျန်ရစ်ဖြစ်နေရတယ်။ Internet ရနေတုန်းကတော့ သိပ်မသိသာဘူးပေါ့။ internet လဲပျက်ရော ကျမလဲ ခိုးလိုးခုလု ဖြစ်ကျန်ရစ်တာပေါ့။ အရင်က တော့ internet ကလေးရနေတုန်းကတော့ Blog လေးရေးလိုက် chat တက်လိုက်နဲ. ဟန်ကိုကျနေတာပဲ။ ပျင်းချိန်ကိုမရဘူး လေ။ နေ.လည် ၁၁ နာရီလောက်မှ ဟင်းလေးထချက် လိုက် ၁၂ နာရီဆို ရင် ရုံးသွားတဲ့သူတွေက ထမင်းစား ပြန်လာရော။ အဲတော့မှ ပူပူနွေးနွေး နဲ.အဆင်ပြေသတဲ့။ ခုတော့လဲ သီချင်းလေးနားထောင်လိုက်၊ ကြည့်ပြီးသား ရုပ်ရှင်တွေကိုပြန်ကြည့်လိုက်နဲ. တော်တော်ပျင်းဖို. ကောင်းတယ်။ အပြင်သိပ်မထွက်တတ်တဲ့ ကျမက အိမ်တွင်းပုန်းကုလားမ လုပ်နေပြီပေါ့။ဝိတ်တွေတက်လာတော့ မှငါတော့ တစ်ခုခု လုပ်ရတော့မယ်ဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။ ဒါပေမဲ့ လည်းအစားအသောက်လဲ မလျော့နိုင် exercise လဲမလုပ်နိုင်ဆိုတော့ ၀ ပြီးရင်း ၀နေတော့တာပါပဲ။ အိမ်ဘေးက construction ဆိုက်ထဲက ရေဆွဲတာတစ်အား များတော့အိမ်မှာရေမလာတော့ဘူး။ အိမ်သန်.ရှင်းရေးလုပ်ပြန်တော့လဲ ရေကပြတ်ပြတ်သွားတော့ ကြမ်းတိုက်နေရင်းတန်းလန်း ဆပ်ပြာရည်တွေ နဲ.ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ ဆိုးလိုက်တဲ့ကိုယ့်ဘ၀ ရယ်။ တော်ပါသေးရဲ.မီးမပျက်တတ်ပေလို.ပဲ။ မိုးတွေတစ် အားရွာလေတော့ မိုဒမ် လေးကျွမ်းသွားရှာတယ်။ ဒါနဲ.ပဲ internet မရတော့တာ။ ၅ရက်လောက်ကြာသွားတယ်။ company ကို ဖုန်းဆက်တော့လဲ လာမယ် လာမယ်နဲ. မလာပါဘူး။ မောပါရဲ.။ တစ်နေ.ကို ၁၀ ခေါက်လောက်ဆက်ခေါ်တော့လဲ မလာ။ ဘယ်လိုဟာတွေမှန်းကိုမသိပါဘူး။ အခုမှပဲ ပြန်ရလို. စိတ်ချမ်းသာ သွားရတော့တယ်။ခုမှပဲ blog မှာရေးချင်သလိုပြန်ရေးလိုက်ရတယ်။
Tuesday, October 23, 2007
Subscribe to:
Post Comments (Atom)
3 comments:
ဆပ်ပြာရည်တွေကြားထဲ ချော်လဲမှ ဟုတ်ပေ့ဖြစ်နေဦး မယ်မမလွဲ .. အဲ .. မမလွမ်းရယ် ..... လွဲတာလေးတွေ ရေးပါဦး ... တစ်ယောက်တည်းမကြောက်ဘူးလား .. သရဲကြီးလာလိမ်မယ် .. ဟား ဟား ဟား ။
`အဲဒါရှိဒုက္ခပဲ´ လို့ သူငယ်ချင်းတစ်ယောက်မှတ်ချက်ပေးဖူးပါတယ်။ မရှိတုန်းကတော့ ဘာမှမဟုတ်ဘူး။ ရှိခဲ့ဖူးပြီး ပျောက်သွားတော့ (ခဏပဲဖြစ်ဖြစ်) မနေတတ်တော့ဘူး။ ကျွန်တော်တို့လည်း ဒီလိုပါပဲဗျာ။ သူ့ရဲ့ ဖမ်းစားမှုအောက်မှာ ကလည်ကလည်နဲ့။
လွဲတာလေးတွေရေးဖို.အတွက် အခုတစ်လော ထူးထူးဆန်းဆန်း မလွဲဘူးဖြစ်နေတယ်။ အလွဲကြီးလွဲ ပြီးကျောင်းမှားလျောက်မိတဲ့ အဖြစ်လေးကိုရေးပါ့မယ်။
ကိုပီကေပြောတာမှန်ပါတယ်။ အရင်က internet ဆိုတာ မရှိဘဲနေခဲ့ရတုန်းက ဘာမှမဖြစ်ဘူး။ ရှိလာပြန်တော့လဲ blog လေးတစ်ခုပိုင်လာပြန်တော့လဲ ဒီ ဘလော့လေးအတွက် ရေးချင်လာပြန်ရော။
Post a Comment