ဂျေရေ ကျွန်မက မုန်.ပျားသလက် သိပ်မလုပ်တတ်ဘူးနော်။ ကြိုပြောထားတာ။ အဟီး ပျက်သွားရင် တာဝန်မယူပါ။ မုန့်များသလက်ကို ရေမုန်.လုပ်သလိုပဲ ဆန်မှုန်.နဲ. လုပ်ပါ။ ဆား၊ အချိုမှုန်. သင့်တော်သလို ထည့်ပါ။ ရေကိုပျစ်ပျစ်လေး ဖျော်ပေါ့နော်။ ရေမုန်.လိုတော့ ရေကျဲကြီး မဖျော်နဲ.ပေါ့။ ဆိုဒါလဲ နည်းနည်းထည့်။ ပြီးတော့ non stick ဒယ်အိုးမှာပဲ ဆီသုတ်ပြီး မုန်.နှစ် ခပ်များများလေး ထည့်ပေးပေါ့နော်။ ပြီးရင် အဖုံးလေး အုပ်ထားပေးပါ။ မုန်.ပျားသလက်ရဲ. မျက်နှာပြင်လေးတွေ အရေတင်းလာ၊ ကျက်လာပြီဆိုတဲ့ အထိ တည်ပေးပါနော်။ မုန်.ပျားသလက်ရဲ. မျက်နှာပြင်လေး ကိုလဲဆီလေး သုတ်သုတ်ပေးပါနော်။ အဲဒါဆို မုန်.ပျားသလက် ရပါပြီ။
Friday, November 16, 2007
Subscribe to:
Post Comments (Atom)
5 comments:
အလွမ်းအိမ်လေး
ကိုယ်တိုင်လုပ်ထားတဲ့ဟာလေးပဲ
စားတော့မယ်
လုပ်ရမှာပျင်းလို့
လာပို့မယ်မဟုတ်လား
ချစ်ညီမ
ပို.မှာပေါ့ချစ်မ ရဲ့
အော်..မုန့်ပြားသလက် မုန့်ပြားသလက်…အတော် တိုက်ဆိုင်တယ်ဗျာ။ လာလည်ရင် ဒါနဲ့ပဲ တိုးနေတယ်။ ဘာပဲပြောပြော မြန်မာအစားအစာဆိုတာ လွမ်းစရာလေးပါဗျာ။
မုန်ပျားသလက်ကို မြေအိုးနဲ့ပဲလုပ်လို့ရတယ်ထင်ထားတာ။ လုပ်ကြည့်ဦးမှပဲ။ ကောင်းရင် စားဖို့ မခေါ်တော့ဘူးနော်။ :P
အလွန်ကျေးဇူးတင်ပါတယ် လွမ်းလွမ်းရေ.. မနက်ဖြန်တော့ လုပ်စားကြည့်မယ် garden pea စည်သွပ်ဘူးက ပဲပြုတ်နဲ့ အရသာတူလို့  ကြက်သွန်မိတ်လဲရှိတာနဲ့ ဟန်ကျတာဘဲ။
Post a Comment